ယောကျာ်းဖြစ်သူက တန်ဖိုးကြီး နားကပ်နဲ့လက်စွပ် ဆင်တူလေး ဝယ်ပြီး ကလေးမွေးခါနီး စပရိုက်လုပ်ခဲ့တာကြောင့် ပျော်ရွှင်ကြည်နူးနေတဲ့ အိအိတုန်






Read in UNICODE

သရုပ်ဆောင်ကောင်းပြီး ပွင့်လင်းကာ ချစ်စရာလည်းကောင်းကြတဲ့ ဇာတ်ပို့အနုပညာရှင်တွေထဲမှာ အိအိတုန်ကလည်း အပါအဝင်ပါပဲနော်..။ အိအိတုန်ကတော့ အနုပညာလောကမှာ ပရိသတ်အချစ်တွေကို အခိုင်အမာရရှိထားသလို

အမြဲပျော်အောင်ထားတဲ့ခင်ပွန်းဖြစ်သူအပြင် ချစ်စရာသမီးလေးကိုလည်း ပိုင်ဆိုင်ထားကာ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။ ဒုတိယရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့

အိအိတုန်ကတော့ ကလေးမွေးခါနီးအချိန်မှာတောင် ခင်ပွန်းဖြစ်သူရဲ့ အလိုက်သိမှုလေးတွေကြောင့် ပျော်ရွှင်နေရပါတယ်နော်..။ အခုတစ်ခါမှာလည်း မဗိုက်တစ်ယောက် လက်စွပ်နဲ့နားကပ်လေး ဆင်တူဝယ်ကာ

ကလေးမွေးခါနီး Surprise လုပ်တဲ့ ခင်ပွန်းဖြစ်သူကြောင့် ကြည်နူးပျော်ရွှင်နေရပြန်ပါတယ်နော်..။ “ကျေးဇူးပါ ကျားကျား.. မွေးခါနီး surprise..” ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ Surprise လေးကြောင့် ကြည်နူးပျော်ရွှင်နေရတဲ့အကြောင်းလေးကို

ဝေမျှထားတာဖြစ်ပါတယ်နော်..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း မဗိုက်တို့ရဲ့ ပျော်စရာမိးသားစုပုံရိပ်လေးတွေကို အားပေးချစ်ခင်နေကြတဲ့အကြောင်းလေးတွေကိုလည်း ရေးသားပြောထားကြတာ တွေ့ရပါတယ်နော်..။

Source : Ei Tone’s Facebook

Add a Comment

Your email address will not be published. Required fields are marked *