ညီအမလိုခင်ရတဲ့ အသိတစ်ယောက်ဆီကနေ (၆)သိန်းနီးပါးတန်ဖိုးရှိ စိန်နားကပ်ကြီး လက်ဆောင်ရခဲ့တာကြောင့် ပျော်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်





Read in UNICODE

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပီပီ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အဓိကဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကို အရှိန်အဟုန်မြင့်စေဖို့ ပံ့ပိုးကူညီပေးရသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေကို ရပ်နားထားတဲ့ နှိုင်းယှဉ်မြင့်မိုရ်က ဖေ့စ်ဘုတ်ကနေ နာမည်ကြီး စိန်ရွှေရတနာဆိုင်နဲ့ အခြားသော ကုန်ပစ္စည်းတွေကို Live လွှင့်ပြီး

ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ စကားပြောဆိုတတ်ပြီး ရောင်းတတ်ဝယ်တတ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေသာမက ဝယ်သူတွေရဲ့ အချစ်တွေကိုပါ ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က သူမနဲ့ သွေးသားမတော်စပ်တဲ့ ဝယ်သူတစ်ယောက်ဆီက သီတင်းကျွတ်လက်ဆောင်အဖြစ် စိန်ဆွဲသီးတစ်ခုကို

လက်ဆောင်ရရှိခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ဘယ်မှမသွားပဲ အိမ်ထဲမှာနေနေတုန်း တီးတောင် သံကြားလို့ထွက်ကြည့်‌တော့ ကိုယ့်ဆီကစိန်တွေ အမြဲ အားပေးနေတဲ့ ချစ်သော အစ်မတစ်ယောက်ကပို့ပေးလိုက်တာတဲ့။ ဖုန်းဆက်မေးကြည့်တော့ သီတင်းကျွတ်လက်ဆောင်ပါ ညီမလေးတဲ့။ သမီးကို ချစ်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ မကြီးအရမ်းလည်းချစ်တယ် 🙏❣️🙏❣️” ဆိုပြီး

ဝမ်းသာစွာနဲ့ မျှဝေပေးလာခဲ့ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ သွေးသားမတော်စပ်သူတစ်ယောက်ဆီက အခုလိုပဲ တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ရရှိခဲ့လို့ ဝမ်းသာတာထက် ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှိုင်းယှဉ်မြင့်မိုရ်အစား ပီတိတွေဖြစ်နေကြမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nhying Shin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *