သူဆိုးသြမ္းၿပီး လူမွဳေရးေဖာက္ျပန္ခဲ့တာေတြကို မိန္းမျဖစ္သူက ခြင့္လႊတ္ေပးလို႔ အရမ္းေက်းဇူးတင္ပါတယ္ဆိုတဲ့ ညီနႏၵ

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ညီနႏၵကေတာ့ ေခ်ာေမာခန႔္ညားၿပီး ေယာက္်ားပီသတဲ့႐ုပ္ရည္ကို ပိုင္ဆိုင္ထားတာေၾကာင့္ မိန္းကေလးပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ညီနႏၵက လက္ရွိအခ်ိန္မွာလည္း ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနတာျဖစ္ပါတယ္ေနာ္။ညီနႏၵက ကိုယ္ပိုင္မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၿပီး ေအးခ်မ္းေပ်ာ္႐ႊင္စြာ ေနထိုင္ေနတာျဖစ္ပါတယ္။ လက္ရွိမွာဆိုရင္ ညီနႏၵရဲ႕ ေထာပတ္ထမင္းကလည္း ပရိသတ္ေတြၾကားမွာ အရမ္းေအာင္ျမင္ေနတာျဖစ္ပါတယ္။ညီနႏၵကလည္း ေစတနာပါပါနဲ႔ ကိုယ္တိုင္ခ်က္ျပဳတ္တာေၾကာင့္ အရသာနဲ႔သန႔္ရွင္းမႈကလည္း ေကာင္းမြန္ပါတယ္ေနာ္။ညီနႏၵတို႔မိသားစုသုံးေယာက္က လက္ရွိစီးပြားေရးေလးကို တက္ညီလက္ညီနဲ႔ ႀကိဳးစားလုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ညီနႏၵကအေႂကြးေတြေက်မွမဂၤလာႏွစ္ပတ္လည္က်င္းပမယ္လို႔ေျပာခဲ့ပါတယ္။ ညီနႏၵက ဒီကာလက အေတာ္ေလးကိုစိတ္ခ်မ္းသာစရာေတြရွိလာတယ္ မဂၤလာရွိလာတယ္လို႔ဆိုပါတယ္။ သီတင္းကြၽတ္ကာလဆို အၿမဲပိုက္ဆံျပတ္လို႔ ကန္ေတာ့ခ်င္တဲ့သူေတြကိုလည္းမကန္ေတာ့ႏိုင္ဘူး။ဒီႏွစ္မွာေတာ့ညီနႏၵကသီတင္းကြၽတ္မွာ သူရည္႐ြယ္ထားတဲ့လူႀကီးေတြနဲ႔ သူငယ္ခ်င္းအေပါင္းအသင္းေတြကို ေထာပတ္ထမင္းေက်းဇူးနဲ႔ လက္ေဆာင္ပစၥည္းေပးရတဲ့အတြက္ ေတာ္ေတာ္ဂုဏ္ယူတယ္လို႔ေျပာပါတယ္။

ညီနႏၵနဲ႔ ဇနီးသည္ရဲ႕ ႏွစ္ပတ္လည္ေန႔ေလးက၁၁ရက္ ၁၁လမွာ၁၁ျပည့္ခဲ့တာပဲျဖစ္ပါတယ္။ ”သတ္မွတ္တဲ့ရက္ကေလးက ေနာက္တစ္ႀကိမ္ ဘယ္ေတာ့မွျဖစ္မလာႏိုင္ေတာ့ဘူးေပါ့ေနာ္။ေနာက္တစ္ႀကိမ္လည္း ျဖစ္မလာေတာ့တဲ့အတြက္ တစ္သက္မွာတစ္ႀကိမ္ပဲႀကဳံရတဲ့ ေန႔ေကာင္းရက္ျမတ္ကေလး ေန႔ထူးေန႔ျမတ္ေလး ျဖစ္လို႔အရမ္းကိုေက်နပ္တယ္။” ညီနႏၵက ဒီေန႔ထူးေန႔ျမတ္ကေလးအတြက္ အလႉလုပ္ဖို႔စဥ္းစားထားတယ္လို႔ ေျပာပါတယ္။ကိုနႏၵေထာပတ္ထမင္းမိသားစုအေနနဲ႔ ၉လပြဲမွာပြဲ၃၀၊၁၀လပိုင္းမွာပြဲမွာ၅၀ Q Center ေတြကိုေယာက္ဖမ်ားနဲ႔အတူလႉခဲ့တယ္လို႔ေဝမွ်ပါတယ္။ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ႏွစ္ပတ္လည္၁၁ႏွစ္ျပည့္အေနနဲ႔ ေထာပတ္ထမင္းပြဲ၁၁၀လႉဒါန္းခဲ့တယ္လို႔ေျပာပါတယ္။

ညီနႏၵဟာ အခုလိုေခ်ာင္ေခ်ာင္လည္လည္ျဖစ္လာေပမဲ့ ေပးရမယ္အေႂကြးေတြကိုေတာ့ မေမ့ပါဘူးလို႔ ထည့္သြင္းေျပာပါတယ္။တင္ေနတဲ့အ ေႂကြးေတြကိုလည္း လစဥ္ဖဲ့ဖဲ့ၿပီးဆပ္ေနတယ္လို႔ ေျပာပါတယ္။ မႏၲေလးမွာရွိေနတဲ့ အမႈသုံးခုထဲကတစ္ခုကိုဆိုလည္း ေျဖရွင္းၿပီးေတာ့မွာျဖစ္တယ္လို႔ အသိေပးပါတယ္။ညီနႏၵဟာလႉလည္းလႉမယ္ အေႂကြးလည္းဆပ္မယ္လို႔ေျပာၾကားပါတယ္။ ညီနႏၵဟာ”အခုဆိုအိမ္ငွားၿပီးေနရင္း ေကာင္းေကာင္းလည္းႀကိဳးစားတဲ့အတြက္ အဆင္ေျပတဲ့အေနအထားမဟုတ္ေတာငၤေတာ္ေတာ္ေလးေခ်ာင္ေခ်ာင္လည္လည္ျဖစ္လာၿပီ”လို႔ဆိုပါတယ္။ “ေပးစရာရွိတယ္လို႔သာ ကိုယ္ကေျပာလိုက္တယ္ မေပးႏိုင္ခဲ့ဘူး။မိသားစုတစ္စုလုံးကို တာဝန္ယူၿပီးျပန္ထူေထာင္တဲ့အခ်ိန္က်ေတာ္ေတာ္ခက္တယ္။ရန္ကုန္မွာေနေတာ့ အိမ္ငွားခ၊စားဝတ္ေနေရး၊ သမီးေလးရဲ႕ပညာေရး ကအစလုပ္ရတဲ့အတြက္ အႏုပညာတစ္ခုတည္းနဲ႔ရပ္တည္တဲ့အခါ အပိုဝင္ေငြမရွိခဲ့ဘူး။ဘုရားရွိခိုးတိုင္း အ ေႂကြးကင္းစင္တဲ့ဘဝကို အျမန္ဆုံးေရာက္ရပါလို၏လို႔ အၿမဲဆုေတာင္းသစၥာဆိုတယ့္အတြက္ ကိုဗစ္ ကာလမွာဘုရားက ကိုနႏၵေထာပတ္ထမင္းအလုပ္ေလးခ်ေပးလိုက္တယ္လို႔ယူဆတယ္”

သ႐ုပ္ေဆာင္ညီနႏၵဟာ မနက္တိုင္းေစာေစာထၿပီးဘုရားရွိခိုးတာ အခုႏွစ္ဒီဇင္ဘာ၇ရက္မွာ၃ႏွစ္ျပည့္သြားၿပီပဲ ျဖစ္ပါတယ္။ အရင္ပုံမွန္အခ်ိန္မွာေတာ့ အေပါင္းအသင္းေတြနဲ႔ အေပ်ာ္အပါးအေတာ္မက္ေပမဲ့ အခုလိုအိပ္ထဲမွာပဲေနရတဲ့ အေျခအေနမွာလည္း အရာရာကိုေက်နပ္တယ္လို႔ရတယ္ လို႔ဆိုပါတယ္။ ညီနႏၵဟာ၂၅ႏွစ္ျပည့္ ႏွစ္ပတ္လည္ေငြရတုမွာ အေႂကြးေတြလည္းေၾကသြားရင္ ပြဲအႀကီးႀကီးနဲ႔ ခမ္းခမ္းနားနားက်င္းပမယ္လို႔ဆိုပါတယ္။

ညီနႏၵဟာ အခုလိုတစ္ေက်ာ့ျပန္ၿပီး ဒီအ ေျခအေနထိအဆင္ေျပလာတာဟာ ဇနီးျဖစ္သူထူးခြၽန္ထက္ျမတ္တာလည္း အဓိကပါတယ္လိုေျပာျပပါတယ္။ “အကိုအရမ္းဆိုးသြမ္းၿပီး လူမႈရေဖာက္ျပန္တာေတြ၊ လူသားတစ္ေယာက္အေနနဲ႔ ခြင့္လြတ္လို႔မရတဲ့ အေျခအေနမ်ိဳးေတြမွာသူကိုယ့္ကို ခြင့္လႊတ္ေပးခဲ့တယ္။အကိုကေတာ့ အကို႔အမ်ိဳးသမီးကို အရမ္းေက်းဇူးတင္တယ္။ သူအကို႔နားမွာ အၿမဲရွိေနေပးလို႔ အကိုတို႔မိသားစုမၿပိဳကြဲပဲ အခုခ်ိန္ထိ တည္တည္တံ့တံ့ရွိေနခြင့္ရတယ္။ အဲ့ဒီအတြက္ အကိုသူ႔ကိုအရမ္းေက်းဇူးတင္ပါတယ္”

သ႐ုပ္ေဆာင္ညီနႏၵက သူ႔ပန္းတိုင္ဟာအေႂကြးေတြေက်ဖို႔ျဖစ္တယ္ လို႔လည္းေျပာၾကားခဲ့ပါတယ္။ “ဒီအေျခအေနကို ေက်နပ္ေပမဲ့ ရပ္ေတာ့ရပ္မေနဘူး။ ကိုဗစ္ ၿပီးရင္ အကိုတို႔လုပ္ငန္းဘယ္လိုခ်ဲ႕မလဲဆိုတဲ့ plan ေလးေတြအမ်ားႀကီးစဥ္းစားထားတာ ရွိတယ္” မိသားစုနဲ႔ပတ္သတ္လို႔ အေႂကြးေတြေၾကသြားရင္ သမီးေလးဆႏၵရွိတဲ့အတိုင္း ေရကူးကန္ပါတဲ့အိမ္ေလး အျမန္ ဆုံးေဆာက္ႏိုင္ဖို႔ က သ႐ုပ္ေဆာင္ညီနႏၵတို႔မိသားစုရဲ႕အိမ္မက္ပဲျဖစ္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

ပရိသတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒကတော့ ချောမောခန့်ညားပြီး ယောက်ျားပီသတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ညီနန္ဒက လက်ရှိအချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ညီနန္ဒက ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ညီနန္ဒရဲ့ ထောပတ်ထမင်းကလည်း ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်နေတာဖြစ်ပါတယ်။ညီနန္ဒကလည်း စေတနာပါပါနဲ့ ကိုယ်တိုင်ချက်ပြုတ်တာကြောင့် အရသာနဲ့သန့်ရှင်းမှုကလည်း ကောင်းမွန်ပါတယ်နော်။ညီနန္ဒတို့မိသားစုသုံးယောက်က လက်ရှိစီးပွားရေးလေးကို တက်ညီလက်ညီနဲ့ ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ညီနန္ဒကအကြွေးတွေကျေမှမင်္ဂလာနှစ်ပတ်လည်ကျင်းပမယ်လို့ပြောခဲ့ပါတယ်။ ညီနန္ဒက ဒီကာလက အတော်လေးကိုစိတ်ချမ်းသာစရာတွေရှိလာတယ် မင်္ဂလာရှိလာတယ်လို့ဆိုပါတယ်။ သီတင်းကျွတ်ကာလဆို အမြဲပိုက်ဆံပြတ်လို့ ကန်တော့ချင်တဲ့သူတွေကိုလည်းမကန်တော့နိုင်ဘူး။ဒီနှစ်မှာတော့ညီနန္ဒကသီတင်းကျွတ်မှာ သူရည်ရွယ်ထားတဲ့လူကြီးတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ထောပတ်ထမင်းကျေးဇူးနဲ့ လက်ဆောင်ပစ္စည်းပေးရတဲ့အတွက် တော်တော်ဂုဏ်ယူတယ်လို့ပြောပါတယ်။

ညီနန္ဒနဲ့ ဇနီးသည်ရဲ့ နှစ်ပတ်လည်နေ့လေးက၁၁ရက် ၁၁လမှာ၁၁ပြည့်ခဲ့တာပဲဖြစ်ပါတယ်။ ”သတ်မှတ်တဲ့ရက်ကလေးက နောက်တစ်ကြိမ် ဘယ်တော့မှဖြစ်မလာနိုင်တော့ဘူးပေါ့နော်။နောက်တစ်ကြိမ်လည်း ဖြစ်မလာတော့တဲ့အတွက် တစ်သက်မှာတစ်ကြိမ်ပဲကြုံရတဲ့ နေ့ကောင်းရက်မြတ်ကလေး နေ့ထူးနေ့မြတ်လေး ဖြစ်လို့အရမ်းကိုကျေနပ်တယ်။” ညီနန္ဒက ဒီနေ့ထူးနေ့မြတ်ကလေးအတွက် အလှူလုပ်ဖို့စဉ်းစားထားတယ်လို့ ပြောပါတယ်။ကိုနန္ဒထောပတ်ထမင်းမိသားစုအနေနဲ့ ၉လပွဲမှာပွဲ၃၀၊၁၀လပိုင်းမှာပွဲမှာ၅၀ Q Center တွေကိုယောက်ဖများနဲ့အတူလှူခဲ့တယ်လို့ဝေမျှပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့နှစ်ပတ်လည်၁၁နှစ်ပြည့်အနေနဲ့ ထောပတ်ထမင်းပွဲ၁၁၀လှူဒါန်းခဲ့တယ်လို့ပြောပါတယ်။

ညီနန္ဒဟာ အခုလိုချောင်ချောင်လည်လည်ဖြစ်လာပေမဲ့ ပေးရမယ်အကြွေးတွေကိုတော့ မမေ့ပါဘူးလို့ ထည့်သွင်းပြောပါတယ်။တင်နေတဲ့အ ကြွေးတွေကိုလည်း လစဉ်ဖဲ့ဖဲ့ပြီးဆပ်နေတယ်လို့ ပြောပါတယ်။ မန္တလေးမှာရှိနေတဲ့ အမှုသုံးခုထဲကတစ်ခုကိုဆိုလည်း ဖြေရှင်းပြီးတော့မှာဖြစ်တယ်လို့ အသိပေးပါတယ်။ညီနန္ဒဟာလှူလည်းလှူမယ် အကြွေးလည်းဆပ်မယ်လို့ပြောကြားပါတယ်။ ညီနန္ဒဟာ”အခုဆိုအိမ်ငှားပြီးနေရင်း ကောင်းကောင်းလည်းကြိုးစားတဲ့အတွက် အဆင်ပြေတဲ့အနေအထားမဟုတ်တောင်္ငတော်တော်လေးချောင်ချောင်လည်လည်ဖြစ်လာပြီ”လို့ဆိုပါတယ်။ “ပေးစရာရှိတယ်လို့သာ ကိုယ်ကပြောလိုက်တယ် မပေးနိုင်ခဲ့ဘူး။မိသားစုတစ်စုလုံးကို တာဝန်ယူပြီးပြန်ထူထောင်တဲ့အချိန်ကျတော်တော်ခက်တယ်။ရန်ကုန်မှာနေတော့ အိမ်ငှားခ၊စားဝတ်နေရေး၊ သမီးလေးရဲ့ပညာရေး ကအစလုပ်ရတဲ့အတွက် အနုပညာတစ်ခုတည်းနဲ့ရပ်တည်တဲ့အခါ အပိုဝင်ငွေမရှိခဲ့ဘူး။ဘုရားရှိခိုးတိုင်း အ ကြွေးကင်းစင်တဲ့ဘဝကို အမြန်ဆုံးရောက်ရပါလို၏လို့ အမြဲဆုတောင်းသစ္စာဆိုတယ့်အတွက် ကိုဗစ် ကာလမှာဘုရားက ကိုနန္ဒထောပတ်ထမင်းအလုပ်လေးချပေးလိုက်တယ်လို့ယူဆတယ်”

သရုပ်ဆောင်ညီနန္ဒဟာ မနက်တိုင်းစောစောထပြီးဘုရားရှိခိုးတာ အခုနှစ်ဒီဇင်ဘာ၇ရက်မှာ၃နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ အရင်ပုံမှန်အချိန်မှာတော့ အပေါင်းအသင်းတွေနဲ့ အပျော်အပါးအတော်မက်ပေမဲ့ အခုလိုအိပ်ထဲမှာပဲနေရတဲ့ အခြေအနေမှာလည်း အရာရာကိုကျေနပ်တယ်လို့ရတယ် လို့ဆိုပါတယ်။ ညီနန္ဒဟာ၂၅နှစ်ပြည့် နှစ်ပတ်လည်ငွေရတုမှာ အကြွေးတွေလည်းကြေသွားရင် ပွဲအကြီးကြီးနဲ့ ခမ်းခမ်းနားနားကျင်းပမယ်လို့ဆိုပါတယ်။

ညီနန္ဒဟာ အခုလိုတစ်ကျော့ပြန်ပြီး ဒီအ ခြေအနေထိအဆင်ပြေလာတာဟာ ဇနီးဖြစ်သူထူးချွန်ထက်မြတ်တာလည်း အဓိကပါတယ်လိုပြောပြပါတယ်။ “အကိုအရမ်းဆိုးသွမ်းပြီး လူမှုရဖောက်ပြန်တာတွေ၊ လူသားတစ်ယောက်အနေနဲ့ ခွင့်လွတ်လို့မရတဲ့ အခြေအနေမျိုးတွေမှာသူကိုယ့်ကို ခွင့်လွှတ်ပေးခဲ့တယ်။အကိုကတော့ အကို့အမျိုးသမီးကို အရမ်းကျေးဇူးတင်တယ်။ သူအကို့နားမှာ အမြဲရှိနေပေးလို့ အကိုတို့မိသားစုမပြိုကွဲပဲ အခုချိန်ထိ တည်တည်တံ့တံ့ရှိနေခွင့်ရတယ်။ အဲ့ဒီအတွက် အကိုသူ့ကိုအရမ်းကျေးဇူးတင်ပါတယ်”

သရုပ်ဆောင်ညီနန္ဒက သူ့ပန်းတိုင်ဟာအကြွေးတွေကျေဖို့ဖြစ်တယ် လို့လည်းပြောကြားခဲ့ပါတယ်။ “ဒီအခြေအနေကို ကျေနပ်ပေမဲ့ ရပ်တော့ရပ်မနေဘူး။ ကိုဗစ် ပြီးရင် အကိုတို့လုပ်ငန်းဘယ်လိုချဲ့မလဲဆိုတဲ့ plan လေးတွေအများကြီးစဉ်းစားထားတာ ရှိတယ်” မိသားစုနဲ့ပတ်သတ်လို့ အကြွေးတွေကြေသွားရင် သမီးလေးဆန္ဒရှိတဲ့အတိုင်း ရေကူးကန်ပါတဲ့အိမ်လေး အမြန် ဆုံးဆောက်နိုင်ဖို့ က သရုပ်ဆောင်ညီနန္ဒတို့မိသားစုရဲ့အိမ်မက်ပဲဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *