စည်ဖြိုးရဲ့ အမေဖြစ်သူက မိခင်ကောင်းတစ်ယောက် ပီသကြောင်း ဝေဖန်ချီးကျူးခဲ့တဲ့ ခိုင်နှင်းဝေ





Read in UNICODE
ခိုင်နှင်းဝေကတော့ သရုပ်ဆောင်မင်းသမီးဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းနည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါ စည်ဖြိုးရဲ့မိခင်ဒေါ်သီသီဝင်းကတော့ မိခင်ကောင်းပီသသူတစ်ဦးအဖြစ် လူမှုကွန်ယက်မှာ ကျော်ကြားနေခဲ့တာဖြစ်ပြီး ဒေါ်သီသီဝင်းအပေါ် သူမရဲ့ အမြင်လေးကို ခိုင်နှင်းဝေကအခုလိုပြောကြားလာခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေက ” အခုခေတ်ကိုဗစ်ကာလဆိုတော့

မင်္ဂလာဆောင်ရတာခက်ခဲတာမျိုးရှိတယ် ဒါပေမယ့် သေချာလေးလုပ်ထားတာတွေ့တော့ ချီးကျူးပါတယ်။ကိုဗစ်ဖြစ်နေတော့လည်း မင်္ဂလာဆောင်တာက နောက်ကျသွားတာပေါ့ အမှန်တကယ်က သူတို့ဆောင်ဖို့ရည်ရွယ်ချက်ရှိပါတယ် အန်တီဒေါ်သီသီဝင်းကိုလည်းချီးကျူးတယ် ဒီသတင်းလေးဖတ်လိုက်ရတဲ့အချိန်မှာလေ ချွေးမကိုနွေးနွေးထွေးထွေးနဲ့ ကြိုဆိုတယ်ဆိုတော့ မိဘတွေအရမ်းချီးကျူးဖို့ကောင်းတယ် အန်တီတို့နဲ့ကအစောကြီးတည်းကခင်တာဆိုတော့ စိတ်သဘောထားပြည့်ဝတယ်ဆိုတာ

အရင်ကတည်းကသိတယ်လေ အခုကိစ္စမှာလည်းတကယ်ကို ချီးကျူးပါတယ်” “အန်တီကအစကတည်းက ချစ်ဖို့ကောင်းတာလေ စိတ်ထားလည်း အရမ်းပြည့်ဝတယ် စည်ဖြိုးမဖြစ်ခင် သူငယ်ငယ်လေးကတည်းကခင်တာ အန်တီတို့က သဘောထားအကုန်ပြည့်ဝတယ် သူတို့တမျိုးလုံးပေါ့နော် အခုလိုမျိုး ယောက္ခမနဲ့ချွေးမကချစ်ချစ်ခင်ခင်နေနေတာဆိုတော့ အမတို့ ဆိုရင်တွေ့ခဲ့သမျှက

သိတဲ့အတိုင်းပဲ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ စံချိန်တင်ပါတယ် ” ” တကယ်က ခင်လွှမ်းကလည်း မိခင်ကောင်းပီသတယ် အန်တီသီသီဝင်းကလည်း မိခင်စိတ်ရှိတယ် ကိုယ်ဘာပဲဖြစ်ဖြစ် အခက်အခဲ ကိစ္စတစ်ခုခုဆိုရင် မိဘတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်တယ် အမတို့ တွေ့ကြုံခဲ့ရတဲ့ လူငယ်တွေဆိုရင်

အကြောက်တရားများပြီးတော့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဘဝမှာအမှားတွေနဲ့ ကြုံတွေ့ရတတ်တယ် ဘယ်လိုပဲဖြစ်ဖြစ်အချစ်ကို အခြေခံထားတဲ့ အိမ်ထောင်ရေးတစ်ခုဖွဲ့စည်းတော့မယ်ဆိုရင် ဘယ်ပြဿနာကိုမဆို သတ္တိရှိရှိရင်ဆိုင်ရမယ် မိဘကိုလည်း အရင်ဆုံးချပြပြီးတော့ မိသားစုအကုန်လုံး

ဆွေးနွေးတိုင်ပင်သင့်တယ်လို့ အမကတော့ မြင်ပါတယ် မှားရင်လည်းမှားတဲ့ အလျောက်ပေါ့နော် ပြဿနာကို ရဲရဲရင်ဆိုင်ရဲတဲ့ သတ္တိမွေးစေချင်တယ် အခုခေတ်ကလေးတွေကို ပြောတာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ် ခိုင်နှင်းဝေကတော့ စည်ဖြိုးရဲ့မိခင် ဒေါ်သီသီဝင်းရဲ့ မိခင်ပီသမှုနဲ့ စိတ်ထားပြည့်ဝမှုကို ချီးကျူးသွားခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
Source : SY Myanmar