မိဘေတြဆီက လက္ဖြဲ႕အျဖစ္ရထားတဲ့ အေကာင္းစား အိမ္ႀကီးမွာမေနဘူးလို႔ ထုတ္ေျပာခဲ့တဲ့ စည္ၿဖိဳး

မိဘေတြက အိမ္လက္ဖြဲ႕ေပးေပမယ့္ မိဘေတြနဲ႔ပဲဆက္ေနသြားမယ္ဆိုတဲ့အေၾကာင္းကိုေတာ့ စည္ၿဖိဳးက “ကြၽန္ေတာ္တို႔အဆင္ေျပသြားတယ္ဆိုတာ အေမနဲ႔အေဖက ကြၽန္ေတာ္တို႔တည္မယ့္ မီနီမတ္အေရွ႕က အခန္းကိုေပးခဲ့တာ အဲ့တာေၾကာင္လည္းအတိုင္းထက္အလြန္ျဖစ္သြားတာေပါ့ လုပ္ငန္းကိုလည္းၾကည့္ရင္းေနလို႔ရမယ္ေပါ့ တစ္ပတ္တစ္ခါ ႏွစ္ပတ္တစ္ခါေပါ့ေနျဖစ္မယ္ မိဘနဲ႔ေတာ့မခြဲပါဘူး ” လို႔ အတင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။အေဖအေမ လက္ဖြဲ႕တဲ့ အိမ္ေလးနဲ႔ပတ္သတ္ၿပီး

စည္ၿဖိဳးကေတာ့“တစ္ေယာက္လက္တစ္ေယာက္ကိုင္ၿပီး ပုလဲခရတဲ့အခိုက္အတန္႔ေပါ့ အဲ့ဒီ့မတိုင္ခင္ညမွာကတည္းက အေဖနဲ႔အေမက Suprise လုပ္တာေပါ့ ေနာက္တစ္ရက္မွ wedding ဓာတ္ပုံေတြခ်ိတ္ဖို႔ အဲဒီ့အိမ္သြားၿပီး ဓာတ္ပုံ႐ိုက္ျဖစ္တာေပါ့ ၂ေယာက္လုံးပုလဲခရတယ္ဆိုၿပီး ေက်းဇူးတင္တဲ့ဆိုတဲ့သေဘာလည္းျဖစ္တာေပါ့မေမွ်ာ္လင့္ထားဘူးေပါ့ မလုပ္ေပးလည္းရတယ္ေပါ့ ေက်းဇူးလည္းတင္ပါတယ္ “လို႔ ဆိုပါတယ္။ “အစ္ကို႔အေနနဲ႔ေတာ့ သားေလးလိုခ်င္တယ္ သားေလးမျဖစ္လာရင္လည္း

ဟင္ခနဲျဖစ္မွာမဟုတ္ဘူး ဘာေလးျဖစ္ျဖစ္ ကိုယ္ကေတာ့ ခ်စ္မွာေပါ့ ကေလးဆိုတဲ့စိတ္ပဲေပါ့ ဒါေပမဲ့ စိတ္ကေတာ့ေယာင္ေယာင္ၿပီးသားေလးလို႔ ဗိုက္ေလးပြတ္ေျပာတာရွိတာေပါ့ စီးမ်ားစီးသြားမလားေပါ့ သည္းသည္းလႈပ္ရတဲ့အေၾကာင္းရင္းကေတာ့ ကိုယ္က နေမာ္နမဲ့ေနခဲ့တဲ့လူမ်ိဳးေပါ့ ကိုယ့္ရဲ႕ေအးေပးေနတတ္တဲ့ဟာက ကေလးအတြက္လစ္ဟာသြားတာေတြရွိမလား ကေလးျဖစ္ျဖစ္ေျမာက္ေျမာက္ျဖစ္လာပါ့မလားေပါ့ေနာ္ ဉာဏ္ရည္မွီပါ့မလား ေျခလက္အဂၤါစုံပါ့မလား အဲဒီ့လိုၾကားဖူးေနတာဆိုေတာ့ အဲဒီ့အတြက္ အမွားတတ္ႏိုင္သေလာက္နည္းေအာင္ႀကိဳးစားရင္း ဗ်ာမ်ားသလိုျဖစ္သြားတာေပါ့”

စီးပြားေရးအေနနဲ႔ ကြၽန္ေတာ္ေက်ာက္မ်က္ရတနာလုပ္ငန္းလည္းလုပ္တယ္ တျခားစီးပြားေရးေတြလည္းလုပ္တယ္ အဲ့တာကလည္းအဓိကေပါ့ ခန္႔မွန္းစိုးရိမ္တဲ့ဟာတစ္ခုအေနနဲ႔ တကယ္ျဖစ္လာတာေပါ့ ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္ေကာင္မေလးအတူတူရွိေနေတာ့ ဒီလိုျဖစ္လာရင္ အႏုပညာအလုပ္နဲ႔ပဲေလထဲတိုက္အိမ္ေဆာက္ေနလို႔မျဖစ္ဘူးဆိုၿပီး လုပ္ထားတာေလးေတြကခံသာသြားတာေပါ့ က်န္တာကေတာ့ ကေလးေပါ့ ကေလးအတြက္ေငြေရးေၾကးေရးစိုေျပမႈရွိရမယ္

သူျဖတ္သန္းရမယ့္စာရိတၱေတြလူမႈက်င့္ဝတ္ေတြကို ကိုယ္ေတြကဘယ္လိုသြန္သင္ရမလဲ ေျပာျပရမလဲေပါ့ ပုံသြင္းမယ္ေတာ့ ကြၽန္ေတာ္မေျပာဘူးေပါ့ ကိုယ္တိုင္လည္းေနခ်င္သလိုေနခဲ့တာေလ ပင္လုံvillage အိမ္ရာမွာကိုပဲ block တိုင္း blockတိုင္း အားထားရမယ့္ မီနီမတ္ကတ္ေလးတစ္ခုတည္ဖို႔ကြၽန္ေတာ္ႀကိဳးစားေနတာ ေနာက္၃ပတ္၄ပတ္က်ရင္ေတာ့ေပၚလာမွာေပါ့ လက္ဖြဲ႕ေပးတဲ့အိမ္ကလည္း အဲဒီ့မီနီမတ္ရဲ႕ေရွ႕မွာပဲ” ဇနီးျဖစ္သူနဲ႔ပတ္သတ္ၿပီးေတာ့ စည္ၿဖိဳးက“ကြၽန္ေတာ္တို႔ စီးပြားေရးနယ္ပယ္လုပ္ငန္းခြင္မွာ သူကကိုယ့္ထက္ အေတြ႕အႀကဳံလည္းပိုရွိတယ္ ကိုယ့္ကိုလည္းခ်စ္ေတာ့ ကို ဟိုဟာေလးေမ့မယ္ ဒီဟာလည္းေမ့မယ္ဆိုၿပီး အဲဒီ့လိုေတြေျပာရင္ လုပ္ငန္းနဲပတ္သတ္ၿပီးသူပြားတာေပါ့

က်န္တဲ့ကိစၥနဲ႔ပတ္သတ္ရင္ေတာ့ ေတာ္ေတာ္ကိုနားေအးပါးေအးႏိုင္တယ္ အဓိကေတာ့ ကြၽန္ေတာ္မကြၽမ္းတဲ့စီးပြားေရးနယ္ပယ္မွာ လြဲေခ်ာ္မွာစိုးလို႔ျဖစ္မွာပါ သူနဲ႔စႀကိဳက္ေတာ့မွ ကြၽန္ေတာ္အေဖတို႔အေမတို႔ကို ပိုဂ႐ုစိုက္ရမွန္းသိလာတယ္ အေမကိုေဆးဖိုးေတြဘာေတြေထာက္ဖို႔သိလာတယ္” လို႔ဆိုထားပါတယ္။ စည္ၿဖိဳးကေတာ့ “သမၼာေဒဝနတ္ေကာင္းနတ္ျမတ္ေတြ ပုဂၢိဳလ္ထူးပုဂၢိဳလ္ျမတ္ေတြ အေစာင့္အေရွာက္ ပရိသတ္ေတြအျပင္ မိသားစုအလိုက္အားေပးတဲ့သူေတြကိုလည္း ကြၽန္ေတာ္ေန႔စဥ္ေမတၱာပို႔ေနပါတယ္လို႔ အျပန္အလွန္ေမတၱာခံယူၾကတာေပါ့ဗ်ာ အဲ့တာကေတာ့ က်က္သေရမဂၤလာ အသက္ထက္ဆုံးရွိတာေပါ့” လို႔ အားေပးတဲ့ပရိသတ္ေတြကို ေမတၱာပို႔ေပးတယ္ဆိုတဲ့အေၾကာင္းေလးလည္း ေျပာျပထားပါေသးတယ္။

Read in UNICODE

မိဘတွေက အိမ်လက်ဖွဲ့ပေးပေမယ့် မိဘတွေနဲ့ပဲဆက်နေသွားမယ်ဆိုတဲ့အကြောင်းကိုတော့ စည်ဖြိုးက “ကျွန်တော်တို့အဆင်ပြေသွားတယ်ဆိုတာ အမေနဲ့အဖေက ကျွန်တော်တို့တည်မယ့် မီနီမတ်အရှေ့က အခန်းကိုပေးခဲ့တာ အဲ့တာကြောင်လည်းအတိုင်းထက်အလွန်ဖြစ်သွားတာပေါ့ လုပ်ငန်းကိုလည်းကြည့်ရင်းနေလို့ရမယ်ပေါ့ တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါပေါ့နေဖြစ်မယ် မိဘနဲ့တော့မခွဲပါဘူး ” လို့ အတင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။အဖေအမေ လက်ဖွဲ့တဲ့ အိမ်လေးနဲ့ပတ်သတ်ပြီး

စည်ဖြိုးကတော့“တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ပုလဲခရတဲ့အခိုက်အတန့်ပေါ့ အဲ့ဒီ့မတိုင်ခင်ညမှာကတည်းက အဖေနဲ့အမေက Suprise လုပ်တာပေါ့ နောက်တစ်ရက်မှ wedding ဓာတ်ပုံတွေချိတ်ဖို့ အဲဒီ့အိမ်သွားပြီး ဓာတ်ပုံရိုက်ဖြစ်တာပေါ့ ၂ယောက်လုံးပုလဲခရတယ်ဆိုပြီး ကျေးဇူးတင်တဲ့ဆိုတဲ့သဘောလည်းဖြစ်တာပေါ့မမျှော်လင့်ထားဘူးပေါ့ မလုပ်ပေးလည်းရတယ်ပေါ့ ကျေးဇူးလည်းတင်ပါတယ် “လို့ ဆိုပါတယ်။ “အစ်ကို့အနေနဲ့တော့ သားလေးလိုချင်တယ် သားလေးမဖြစ်လာရင်လည်း

ဟင်ခနဲဖြစ်မှာမဟုတ်ဘူး ဘာလေးဖြစ်ဖြစ် ကိုယ်ကတော့ ချစ်မှာပေါ့ ကလေးဆိုတဲ့စိတ်ပဲပေါ့ ဒါပေမဲ့ စိတ်ကတော့ယောင်ယောင်ပြီးသားလေးလို့ ဗိုက်လေးပွတ်ပြောတာရှိတာပေါ့ စီးများစီးသွားမလားပေါ့ သည်းသည်းလှုပ်ရတဲ့အကြောင်းရင်းကတော့ ကိုယ်က နမော်နမဲ့နေခဲ့တဲ့လူမျိုးပေါ့ ကိုယ့်ရဲ့အေးပေးနေတတ်တဲ့ဟာက ကလေးအတွက်လစ်ဟာသွားတာတွေရှိမလား ကလေးဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာပါ့မလားပေါ့နော် ဉာဏ်ရည်မှီပါ့မလား ခြေလက်အင်္ဂါစုံပါ့မလား အဲဒီ့လိုကြားဖူးနေတာဆိုတော့ အဲဒီ့အတွက် အမှားတတ်နိုင်သလောက်နည်းအောင်ကြိုးစားရင်း ဗျာများသလိုဖြစ်သွားတာပေါ့”

စီးပွားရေးအနေနဲ့ ကျွန်တော်ကျောက်မျက်ရတနာလုပ်ငန်းလည်းလုပ်တယ် တခြားစီးပွားရေးတွေလည်းလုပ်တယ် အဲ့တာကလည်းအဓိကပေါ့ ခန့်မှန်းစိုးရိမ်တဲ့ဟာတစ်ခုအနေနဲ့ တကယ်ဖြစ်လာတာပေါ့ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေးအတူတူရှိနေတော့ ဒီလိုဖြစ်လာရင် အနုပညာအလုပ်နဲ့ပဲလေထဲတိုက်အိမ်ဆောက်နေလို့မဖြစ်ဘူးဆိုပြီး လုပ်ထားတာလေးတွေကခံသာသွားတာပေါ့ ကျန်တာကတော့ ကလေးပေါ့ ကလေးအတွက်ငွေရေးကြေးရေးစိုပြေမှုရှိရမယ်

သူဖြတ်သန်းရမယ့်စာရိတ္တတွေလူမှုကျင့်ဝတ်တွေကို ကိုယ်တွေကဘယ်လိုသွန်သင်ရမလဲ ပြောပြရမလဲပေါ့ ပုံသွင်းမယ်တော့ ကျွန်တော်မပြောဘူးပေါ့ ကိုယ်တိုင်လည်းနေချင်သလိုနေခဲ့တာလေ ပင်လုံvillage အိမ်ရာမှာကိုပဲ block တိုင်း blockတိုင်း အားထားရမယ့် မီနီမတ်ကတ်လေးတစ်ခုတည်ဖို့ကျွန်တော်ကြိုးစားနေတာ နောက်၃ပတ်၄ပတ်ကျရင်တော့ပေါ်လာမှာပေါ့ လက်ဖွဲ့ပေးတဲ့အိမ်ကလည်း အဲဒီ့မီနီမတ်ရဲ့ရှေ့မှာပဲ” ဇနီးဖြစ်သူနဲ့ပတ်သတ်ပြီးတော့ စည်ဖြိုးက“ကျွန်တော်တို့ စီးပွားရေးနယ်ပယ်လုပ်ငန်းခွင်မှာ သူကကိုယ့်ထက် အတွေ့အကြုံလည်းပိုရှိတယ် ကိုယ့်ကိုလည်းချစ်တော့ ကို ဟိုဟာလေးမေ့မယ် ဒီဟာလည်းမေ့မယ်ဆိုပြီး အဲဒီ့လိုတွေပြောရင် လုပ်ငန်းနဲပတ်သတ်ပြီးသူပွားတာပေါ့

ကျန်တဲ့ကိစ္စနဲ့ပတ်သတ်ရင်တော့ တော်တော်ကိုနားအေးပါးအေးနိုင်တယ် အဓိကတော့ ကျွန်တော်မကျွမ်းတဲ့စီးပွားရေးနယ်ပယ်မှာ လွဲချော်မှာစိုးလို့ဖြစ်မှာပါ သူနဲ့စကြိုက်တော့မှ ကျွန်တော်အဖေတို့အမေတို့ကို ပိုဂရုစိုက်ရမှန်းသိလာတယ် အမေကိုဆေးဖိုးတွေဘာတွေထောက်ဖို့သိလာတယ်” လို့ဆိုထားပါတယ်။ စည်ဖြိုးကတော့ “သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ အစောင့်အရှောက် ပရိသတ်တွေအပြင် မိသားစုအလိုက်အားပေးတဲ့သူတွေကိုလည်း ကျွန်တော်နေ့စဉ်မေတ္တာပို့နေပါတယ်လို့ အပြန်အလှန်မေတ္တာခံယူကြတာပေါ့ဗျာ အဲ့တာကတော့ ကျက်သရေမင်္ဂလာ အသက်ထက်ဆုံးရှိတာပေါ့” လို့ အားပေးတဲ့ပရိသတ်တွေကို မေတ္တာပို့ပေးတယ်ဆိုတဲ့အကြောင်းလေးလည်း ပြောပြထားပါသေးတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *