မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်းနှစ်(၅၀)ပြည့်လေးမှာ သံဃာတော်အပါး(၆၀၀)တိတိကို ဆွမ်းဆန်စိမ်း လှူဒါန်းခဲ့တဲ့ စိုးမြတ်သူဇာ






Read in UNICODE

အနုပညာအလုပ်တွေကိုလည်း စိုးမြတ်သူဇာကတော့ အခုအသက်အရွယ်ထိတိုင် လုပ်ကိုင်နေဆဲဖြစ်ပါတယ်နော်။စိုးမြတ်သူဇာက ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်လို့ အားပေးချစ်ခင်ကြတဲ့သူတွေလည်း အများကြီးရှိပါတယ်နော်။လတ်တလောမှာ‌တော့ မကြီးစိုးက ရတနာပစ္စည်းတွေကို Live လွှင့်ပြီး

ရောင်းချနေတာဖြစ်လို့ ချစ်တဲ့ပရိသတ်တွေကလည်း အားပေးဝယ်ယူကြပါတယ်။ မကြီးစိုးက ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီးသဘောအရမ်းကောင်းလို့ လူတိုင်းက ချစ်ခင်နေကြတာပဲဖြစ်ပါတယ်။မကြီးစိုး‌ကတော့ မောင်နှမတွေထဲမှာ အကြီးဆုံးလည်ဖြစ်လို့ ဖေဖေနဲ့မေမေ့ကို ပြည့်ပြည့်စုံစုံနဲ့

အမြဲစိတ်ချမ်းသာအောင် ထားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း မကြီးစိုးက ဖေဖေနဲ့မေမေရဲ့ မင်္ဂလာသက်တမ်း နှစ်(၅၀)ပြည့်အတွက် ဘုန်းကြီးကျောင်း(၁၀)ကျောင်းမှာ ဆွမ်းဆန်လှူဒါန်းခဲ့တာဖြစ်ပါတယ်။မကြီးစိုးက”ဒီနေ့တော့ အဖေ နဲ့ အမေ တို့ နှစ်၅၀ပြည့် ရွှေရတုအမှတ်တရ

အနေနဲ့ မကြီးမွေးနေ့တိုင်း ဆွမ်းလောင်းနေတဲ့ ဘုန်းကြီးကျောင်း(၁၀)ကျောင်းက သံဃာအပါး (၆၀၀)အတွက်ဆွမ်းဆန် လှူဒါန်းဖြစ်တယ်။Covid ကာလ အလှူရှင်လည်း အများကြီး မရှိတာမို့ ၊ဆွမ်းအတွက် ဆန် နဲ့ ပဲ အပြင် အချိုပွဲ အတွက် မကြီးနဲ့အတူ ပါရမီဖြည့်နေကျဖြစ်တဲ့Nice Food က ဘတ်တာကိတ်မုန့်ဘူးတွေ ,အထားခံတဲ့

ကိတ်ခြောက် ၊ မုန့်ကြွပ် ၊ မရွေး စတဲ့ မုန့်တွေ အစုံ လှူဖြစ်ခဲ့တယ် မိဘ တွေကို ခုချိန်ထိ မကြီး ပြည့်ပြည့်စုံစုံ စောင့်ရှောက် နိုင်တာ ပရိသတ်တွေ ခုထိ မကြီးကို ချစ်နေကြ လို့ပါ ဒါ့ကြောင့် အခု လှူ တဲ့ အလှူဒါနကို မကြီးပရိသတ်တွေ အတွက် အမျှပေးပါတယ်နော် ချစ်တယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Source : Soe Myat Thu Zar’s Facebook

Add a Comment

Your email address will not be published. Required fields are marked *