မနေ့ညက ရိုက်ကူးရေးမှာ သရဲအခြောက်ခံခဲ့ရတယ်ဆိုတဲ့ ချယ်ရီသင်း




Read in UNICODE
ချယ်ရီသင်းကတော့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားလို့ အချစ်သီချင်းလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်နော်။ချယ်ရီသင်းက အနုပညာလာကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် သူမရဲ့သီချင်းလေးတစ်ပုဒ်ကနေ

ပရိသတ်တွေက စတင်သတိထားမိလာတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ချယ်ရီသင်းက လူငယ်ကြိုက်တဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်နော်။ ချယ်ရီသင်းက လက်ရှိမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့အတွက်

အစစအရာရာပြည့်စုံအောင် ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်။ချယ်ရီသင်းက မနေ့ညကဆိုရင် ပင်ပင်ပန်းပန်းနဲ့ ရိုက်ကူးရေးတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ရိုက်ကူးရေးတွေလုပ်ဆောင်ရင်း ငိုရမလို၊ရီရမလို

အဖြစ်ပျက်လေးနဲ့ကြုံခဲ့တာကို ချယ်ရီသင်းက အောက်ပါအတိုင်းပြောပြထားတာပါနော်။ ချယ်ရီသင်းကတော့”မနေ့ညကရိုက်ကူးရေးလုပ်ရင်း သရဲအခြောက်ခံထိတဲ့သူကထိ ရယ်ရတာပြောမနေနဲ့ ဘာဖြစ်ဖြစ် သရဲတွေလည်း အနမ်းလေးချိုချို သူခြွေတယ်ခြွေတယ်ရင်တွေအေး

ဆိုပြီးတော့လိုက်ကနေလောက်တယ် သီချင်းတော့အလွတ်ရသွားမယ်ထင်တယ် တကယ်ပါ လာကြည့်တဲ့လူတွေကိုလူအစစ်ပဲထင်ခဲ့တာ ပြန်တွေးမှအဲ့နားလူမှမရှိဘဲလေ”ဆိုပြီး သရဲခြောက်ပုံကို ပရိသတ်ကြီးအတွက် ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။
Source : Cherry Thin’s Facebook