အေႂကြးေတြဆပ္ႏိုင္ဖို႔ The Voice Myanmar ၿပိဳင္ပြဲ ဝင္ၿပိဳင္ခဲ့ေပမယ့္ အခုေတာ့ ျပဳတ္သြားလို႔ ေငြေႂကြးခဲ့ရၿပီ ဆိုတဲ့ ထိုက္ႀကီး

ပရိသတ္တို႔ေရ ႏွစ္စဥ္က်င္းပေနက် The Voice Myanmar အဆိုၿပိဳင္ပြဲႀကီးရဲ႕ ဒီႏွစ္ Season 3 ဟာဆိုရင္ အင္မတန္အရည္အခ်င္းရွိတဲ့ ၿပိဳင္ပြဲဝင္ေတြေၾကာင့္ ဒိုင္ေတြကိုယ္တိုင္ေတာင္ ေ႐ြးခ်ယ္ရခက္ခဲတဲ့ ၿပိဳင္ပြဲတစ္ခုပဲ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ အင္မတန္အားေကာင္းလွတဲ့ အသံပါဝါနဲ႔ ေရာ့ခ္သီခ်င္းေကာင္းေတြကို အားပါးတရ သီဆိုရွင္ၿပိဳင္ႏိုင္လို႔ ပရိသတ္အားေပးမႈကို အထိုက္အေလ်ာက္ရရွိခဲ့သူကေတာ့ ေတးသံရွင္ ၿဖိဳးေက်ာ္ထိုက္(ခ) ထိုက္ႀကီးပဲ ျဖစ္ပါတယ္။ ထိုက္ႀကီးဟာဆိုရင္ အခုလို The Voice Myanmar မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွ ဂီတေလာကနဲ႔ထိေတြ႕ဖူးသူမဟုတ္ပဲ အရင္ေခတ္ေတြတည္းက အတြဲေခြေတြ ေရာ့ခ္သီခ်င္းေခြေတြမွာ ပရိသတ္အားေပးမႈကိုအတန္အသင့္ရရွိခဲ့ဖူးသူတစ္ေယာက္ျဖစ္ၿပီး ၿပိဳင္ပြဲရဲ႕ဒိုင္ေတြျဖစ္ၾကတဲ့ ကိုRႀကီးတို႔၊ မနီနီခင္ေဇာ္တို႔နဲ႔လည္း အသိမိတ္ေဆြေတြ ျဖစ္ၾကပါတယ္။

ဂီတေလာကရဲ႕ ပင္မေရစီးေၾကာင္းေပၚကို ေရာက္ရွိၿပီးသားလူတစ္ေယာက္အေနနဲ႔ ဘာေၾကာင့္ ဒီအဆိုၿပိဳင္ပြဲေတြ လာေရာက္ယွဥ္ၿပိဳင္ခဲ့ရလည္း ဆိုတဲ့အေၾကာင္းျပခ်က္ကို ထိုက္ႀကီးရဲ႕ ယခင္အင္တာဗ်ဴးေတြမွာ ေျဖၾကားခ်က္အရ ထိုက္ႀကီးဟာ စီးပြားေရးအရ သူတစ္ပါးအေပၚအေႂကြးတင္ေနမႈမ်ားရွိေနၿပီး The Voice Myanmar မွာ အႏိုင္ရခဲ့သည္ရွိေသာ္ ရရွိမယ့္ဆုေၾကးေငြနဲ႔ ထိုအေႂကြးမ်ားကို ေၾကေအာင္ဆပ္မယ္လို႔ ဆႏၵရွိခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့ဒီလိုရည္မွန္းခ်က္ႀကီးမားတဲ့ ေတးသံရွင္ထိုက္ႀကီးဟာ The Voice ရဲ႕ ပထမအဆင့္ စံကာတင္ေ႐ြးခ်ယ္မႈျဖစ္တဲ့ Blind Audition နဲ႔ ႏွစ္ေယာက္ၾကားယွဥ္ၿပိဳင္သီဆိုမႈျဖစ္တဲ့ Battle Round မွာ ဒိုင္ျဖစ္သူ Rဇာနည္ရဲ႕ ေနာက္တစ္ဆင့္တက္လွမ္းဖို႔ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ တတိယေျမာက္ယွဥ္ၿပိဳင္မႈျဖစ္တဲ့ The Knockout မွာေတာ့ ဝမ္းနည္းစြာပဲ ေနာက္တစ္ဆင့္တက္လွမ္းဖို႔ ေ႐ြးခ်ယ္ခံရျခင္းမခံခဲ့ရပါဘူး။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ ၿဖိဳးေက်ာ္ထိုက္(ခ) ထိုက္ႀကီးက The Voice ကေနျပဳတ္သြားလို႔ ငိုေႂကြးေနရၿပီျဖစ္ေၾကာင္း စိတ္မေကာင္းစြာပဲ ရင္ဖြင့္ေျပာျပခဲ့တာ ျဖစ္ပါတယ္။  အင္တာဗ်ဴးရဲ႕အစပိုင္းမွာေတာ့ ထိုက္ႀကီးက ျမန္မာတစ္ႏိုင္ငံလုံးရဲ႕ အလွည့္အေျပာင္းႀကီးတစ္ခုကို ျပဳလုပ္ေပးမယ့္ ေ႐ြးေကာက္ပြဲေန႔မွာပဲ သူ႔အေနနဲ႔ The Voice Myanmar အစီအစဥ္ကေန ျပဳတ္သြားခဲ့ရတာျဖစ္တဲ့အတြက္ အမွတ္တရတစ္ခုျဖစ္ခဲ့တယ္လို႔ ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္။ 

Knockout ၿပိဳင္ပြဲရဲ႕ သေဘာတရားအရ သီဆိုယွဥ္ၿပိဳင္ၾကတဲ့ (၄) ေယာက္ထဲမွာမွ ၿပိဳင္ပြဲဝင္(၂) ေယာက္ျပဳတ္ၿပီး က်န္(၂)ေယာက္သာ ေ႐ြးခ်ယ္ခံရမွာ ျဖစ္တဲ့အတြက္ ထိုက္ႀကီးရယ္၊ G ရယ္က ျပဳတ္သြားခဲ့ရၿပီး က်န္ၿပိဳင္ပြဲဝင္ႏွစ္ေယာက္သာ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ေၾကာင္း ထိုက္ႀကီးက ရွင္းျပပါတယ္။  ထိုက္ႀကီးအေနနဲ႔ The Voice စၿပိဳင္တည္းက ယွဥ္ၿပိဳင္ခဲ့တဲ့အဆင့္(၃)ဆင့္လုံးမွာေတာ့ ဒီ Knockout မွာ သီဆိုယွဥ္ၿပိဳင္ခဲ့တာကို အားအရဆုံးျဖစ္တယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာလာပါတယ္။ “ကြၽန္ေတာ့္အေနနဲ႔ စၿပိဳင္တည္းက Blind Audition၊ Battle Round၊ ေနာက္ၿပီး Knockout ဒီသုံးဆင့္လုံးမွာ ကြၽန္ေတာ္အားရခဲ့တဲ့အဆင့္က ဒီအဆင့္ပဲ… ဒီအဆင့္မွာ ဘာလို႔အားရလည္း ေျပာရရင္ ပထမ Blind Audition မွာတုန္းက ကြၽန္ေတာ္အသံနာေနတာ… နာေနတဲ့ဟာကို မရရေအာင္ ကြၽန္ေတာ္ဆိုရတာေပါ့… ဒီဒုတိယအဆင့္ျဖစ္တဲ့ Battle Round က်ေတာ့ ကြၽန္ေတာ့္အတြက္က လုံးဝအားမရပါဘူး… ဘာျဖစ္လို႔လည္းဆိုေတာ့ ကိုယ့္ Key မဟုတ္တဲ့သီခ်င္းကို ဆိုေနရသလို ခံစားရတယ္… ဒီတစ္ေခါက္ Knockout က်ေတာ့  အားရတယ္ဗ်… ဘာလို႔လည္းဆိုေတာ့ ဆရာသုခမိန္လႈိင္ေရးသားၿပီး ဦးစိုးသူသီဆိုခဲ့ဖူးတဲ့ ကိုယ့္ရဲ႕ဘုရင္မ သီခ်င္း ဒစ္စကို ဗားရွင္း ကို ကြၽန္ေတာ္ရဲ႕ ဗားရွင္းပုံစံေလးနဲ႔ အေကာင္းဆုံးသီဆိုခဲ့တာပါ”

အတူယွဥ္ၿပိဳင္ရတဲ့ ၿပိဳင္ပြဲဝင္ညီေလးေတြကလည္း သူ႔ဟာနဲ႔သူ အေကာင္းဆုံးသီဆိုႏိုင္တဲ့အတြက္ တက္သစ္စလူငယ္ၿပိဳင္ပြဲဝင္ေတြကိုပဲ ကိုRဇာနည္အေနနဲ႔ ဦးစားေပးေ႐ြးခ်ယ္ခဲ့တယ္လို႔ ထိုက္ႀကီးက ျမင္ပါတယ္။  တက္သစ္စကို ဦးစားေပးတတ္တဲ့ ကိုRဇာည္နဲ႔ စိတ္ဓာတ္ကိုေလးစားၿပီး ဒီေနရာမွာ ကိုRႀကီးရဲ႕ေ႐ြးခ်ယ္မႈမွန္ကန္တာေၾကာင့္ သူကိုယ္တိုင္ေကာင္းရဲ႕သားနဲ႔ ထြက္ခဲ့ရတယ္ဆိုေပမယ့္ အမ်ားႀကီးေျဖသာပါတယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာလာပါတယ္။ ဒါေပမယ့္ The Voice မွာ ရႈံးနိမ့္ခဲ့ရတဲ့အတြက္ လက္ရွိရည္မွန္းခ်က္ေပ်ာက္သြားၿပီး စိတ္ဓာတ္က်မိတယ္လို႔လည္း ရင္ဖြင့္လာပါတယ္။  “အခုလက္ရွိကိုဗစ္ကာလကလည္း မၿပီးေသးဘူး… စားဝတ္ေနေရးကလည္း က်ပ္တည္းေနတဲ့အခ်ိန္… တစ္ႏိုင္ငံလုံးျဖစ္ေနတဲ့ အခါက်ေတာ့ ေတာ္ေတာ္ေတာ့ ေခါင္းရႈပ္ပါတယ္ဗ်ာ… နည္းနည္းေတာ့ စိတ္ဓာတ္က်တာေပါ့… အားေပးတဲ့ပရိသတ္ေတြရဲ႕ စကား ကိုယ့္မိသားစုရဲ႕စကား ကိုယ့္အေမရဲ႕ စကားေၾကာင့္ လုပ္စရာရွိတာေတာ့ လုပ္ရမွာေပါ့”

ထိုက္ႀကီးအေနနဲ႔ အခုႀကဳံေတြ႕ေနရတဲ့ ဒုကၡဆိုတာက ငယ္စဥ္ဘဝအိမ္ပိုင္ရာပိုင္မရွိပဲ သူမ်ားဆီမွာ စားပြဲထိုးလုပ္ခဲ့ရတဲ့ ဘဝနဲ႔ ႏႈိင္းယွဥ္ရင္ အေသးအမႊားသာျဖစ္လို႔ ဂီတလႈပ္ရွားမႈေတြက ဒီေနရာမွာသာ ရပ္တန႔္သြားမွာမဟုတ္ပဲ ေရွ႕ဆက္ႀကိဳးစားသြားမွာလို႔ ရင္ဖြင့္ေျပာၾကားသြားပါတယ္။  အခုလိုၿပိဳင္ပြဲက ထြက္ခြာခဲ့ရေပမယ့္ ကိုယ့္ရဲ႕ဂ်ဴနီယာညီေလးေတြအေပၚ စီနီယာတစ္ေယာက္အေနနဲ႔ သေဘာထားႀကီးႀကီးေနရာေပးခြင့္ရတယ္လို႔ပဲ ကိုထိုက္ကမွတ္ယူထားခဲ့ပါတယ္။ ဒီအေပၚမွာ ကိုRဇာနည္ရဲ႕ ေ႐ြးခ်ယ္မႈမွန္ကန္တာေၾကာင့္ ကိုRဇာနည္ကိုလည္း အျပစ္မေျပာၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ကိုRႀကီးဆိုတာက သူ႔အတြက္ ျမင္ဆရာ၊ၾကားဆရာတစ္ေယာက္ျဖစ္ၿပီး ဂီတနဲ႔ပတ္သတ္ရင္ အင္မတန္မွအရည္အခ်င္းျပည့္ဝတဲ့ ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့အတြက္ သူ႔မွာအားနည္းခ်က္ေတြရွိေသးလို႔သာ ၿပိဳင္ပြဲကေနထုတ္ပယ္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း မွတ္ယူထားခဲ့တယ္လို႔ ဆိုပါတယ္။  ထိုက္ႀကီးက ေနာက္ေရွ႕ဆက္လုပ္မယ့္ အႏုပညာလုပ္ရွားမႈေတြအတြက္ သီခ်င္းေတြဝယ္ယူထားတာရွိၿပီး ဂီတလမ္းေၾကာင္းေပၚမွာပဲ ႀကိဳးစားၿပီး ဆက္ေလွ်ာက္သြားမယ္လို႔ ေျပာလာပါတယ္။ 

ထိုက္ႀကီးတစ္ေယာက္က အရင္တည္းက ဂီတေလာကရဲ႕ ပင္မေရစီးေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနဆဲလူတစ္ေယာက္ျဖစ္ေပမယ့္ အခုလို ၿပိဳင္ပြဲဝင္တဲ့အခါ ထုတ္ခံလိုက္ရျခင္းအေပၚမွာေတာ့ “အဆိုေတာ္ျဖစ္ၿပီး ေငြေၾကးအခက္အခဲေၾကာင့္ အဆိုၿပိဳင္ပြဲဝင္ၿပိဳင္တယ္… ဝင္ၿပိဳင္မိခါမွ ၿပိဳင္ပြဲကျပဳတ္သြားတဲ့အဆိုေတာ္ဆိုၿပီး မွတ္တမ္းေတာ့ ဝင္သြားတာေပါ့ဗ်ာ” လို႔ ရယ္ရယ္ေမာေမာပဲ ေျပာျပခဲ့ပါတယ္။  ထိုက္ႀကီးအေနနဲ႔ ေနာက္တစ္ဆင့္ျဖစ္တဲ့ Live Round မွာ ကိုယ္ပိုင္သီခ်င္းေတြနဲ႔သီဆိုယွဥ္ၿပိဳင္လိုတဲ့အတြက္ ေနာက္တစ္ဆင့္ေတာ့ တက္ခ်င္စိတ္ျဖစ္မိၿပီး အခုလိုထုတ္ပယ္ခံရဖို႔ကို မေမွ်ာ္မွန္းထားခဲ့ဘူးလို႔ ေျပာပါတယ္။ ထိုက္ႀကီးက ယခင္တည္းက ႏွစ္ေပါင္းမ်ားစြာေလွ်ာက္လွမ္းလာခဲ့တဲ့ သူ႔ရဲ႕အႏုပညာျဖတ္သန္းမႈေပတံတစ္ခုဟာ က်ိဳးသြားၿပီလို႔ ယူဆတဲ့အတြက္ ဒီေပတံကို ဂီတလႈပ္ရွားမႈေတြနဲ႔ပဲ ျပန္ဆက္မွာျဖစ္တယ္လို႔ ကတိေပးေျပာၾကားခဲ့ပါတယ္။ 

ပရိသတ္တို႔ေရ ေတးသံရွင္ထိုက္ႀကီးဟာဆိုရင္ The Voice မွာ စတင္ဝင္ေရာက္ယွဥ္ၿပိဳင္တည္းက ရႉံးခဲ့သည္ရွိေသာ္ ပရိသတ္နဲ႔ မိသားစုအတြက္ ႀကိဳးစားရင္း ရႉံးနိမ့္ခဲ့တာျဖစ္လို႔ အရႈံးကို ရင္ဆိုင္မယ္လို႔ တြက္ဆထားၿပီးသားျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အခုလို မေမွ်ာ္လင့္ထားတဲ့အရႈံးနဲ႔ ရင္ဆိုင္ရတဲ့အခါမွာေတာ့ result က ေတာ္ေတာ္ေလးၾကမ္းတမ္းခဲ့တယ္လို႔ ရင္ဖြင့္ေျပာၾကားခဲ့ၿပီး ပရိသတ္အားေပးသေလာက္ ဂီတအႏုပညာကိုဆက္လုပ္ခြင့္ရဖို႔ကိုပဲ ေမွ်ာ္မွန္းထားတယ္လို႔ ေျပာျပပါတယ္။  ​ထိုက္ႀကီးရဲ႕ ပရိသတ္ကိုေနာက္ဆုံးေျပာၾကားခ်င္တဲ့ စကားအေနနဲ႔ကေတာ့ သူ႔ရဲ႕ဘဝဆိုတာ ထင္သလိုမျဖစ္တတ္တဲ့အတြက္ က်ရႉံးမႈေတြႀကဳံလာတဲ့အခါ ကိုယ့္ရဲ႕ဘဝကို ဘယ္လိုျပန္တည္ေဆာက္မလဲဆိုတဲ့ အေပၚမွာသာ အဖန္တလဲလဲ႐ုန္းကန္လာရသူတစ္ေယာက္ကို ပရိသတ္က နားလည္ေပးၿပီး ေနာက္တက္လာတဲ့ ၿပိဳင္ပြဲဝင္ညီေလးေတြကိုလည္း ႀကိဳဆိုေပးၾကပါအုံးလို႔ ေျပာၾကားရင္း အင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္လိုက္ပါတယ္။

Read in UNICODE

ပရိသတ်တို့ရေ နှစ်စဉ်ကျင်းပနေကျ The Voice Myanmar အဆိုပြိုင်ပွဲကြီးရဲ့ ဒီနှစ် Season 3 ဟာဆိုရင် အင်မတန်အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေကြောင့် ဒိုင်တွေကိုယ်တိုင်တောင် ရွေးချယ်ရခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အင်မတန်အားကောင်းလှတဲ့ အသံပါဝါနဲ့ ရော့ခ်သီချင်းကောင်းတွေကို အားပါးတရ သီဆိုရှင်ပြိုင်နိုင်လို့ ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိခဲ့သူကတော့ တေးသံရှင် ဖြိုးကျော်ထိုက်(ခ) ထိုက်ကြီးပဲ ဖြစ်ပါတယ်။ ထိုက်ကြီးဟာဆိုရင် အခုလို The Voice Myanmar မှာ ဝင်ရောက်ယှဉ်ပြိုင်မှ ဂီတလောကနဲ့ထိတွေ့ဖူးသူမဟုတ်ပဲ အရင်ခေတ်တွေတည်းက အတွဲခွေတွေ ရော့ခ်သီချင်းခွေတွေမှာ ပရိသတ်အားပေးမှုကိုအတန်အသင့်ရရှိခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲရဲ့ဒိုင်တွေဖြစ်ကြတဲ့ ကိုRကြီးတို့၊ မနီနီခင်ဇော်တို့နဲ့လည်း အသိမိတ်ဆွေတွေ ဖြစ်ကြပါတယ်။

ဂီတလောကရဲ့ ပင်မရေစီးကြောင်းပေါ်ကို ရောက်ရှိပြီးသားလူတစ်ယောက်အနေနဲ့ ဘာကြောင့် ဒီအဆိုပြိုင်ပွဲတွေ လာရောက်ယှဉ်ပြိုင်ခဲ့ရလည်း ဆိုတဲ့အကြောင်းပြချက်ကို ထိုက်ကြီးရဲ့ ယခင်အင်တာဗျူးတွေမှာ ဖြေကြားချက်အရ ထိုက်ကြီးဟာ စီးပွားရေးအရ သူတစ်ပါးအပေါ်အကြွေးတင်နေမှုများရှိနေပြီး The Voice Myanmar မှာ အနိုင်ရခဲ့သည်ရှိသော် ရရှိမယ့်ဆုကြေးငွေနဲ့ ထိုအကြွေးများကို ကြေအောင်ဆပ်မယ်လို့ ဆန္ဒရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုရည်မှန်းချက်ကြီးမားတဲ့ တေးသံရှင်ထိုက်ကြီးဟာ The Voice ရဲ့ ပထမအဆင့် စံကာတင်ရွေးချယ်မှုဖြစ်တဲ့ Blind Audition နဲ့ နှစ်ယောက်ကြားယှဉ်ပြိုင်သီဆိုမှုဖြစ်တဲ့ Battle Round မှာ ဒိုင်ဖြစ်သူ Rဇာနည်ရဲ့ နောက်တစ်ဆင့်တက်လှမ်းဖို့ ရွေးချယ်ခံခဲ့ရပေမယ့် တတိယမြောက်ယှဉ်ပြိုင်မှုဖြစ်တဲ့ The Knockout မှာတော့ ဝမ်းနည်းစွာပဲ နောက်တစ်ဆင့်တက်လှမ်းဖို့ ရွေးချယ်ခံရခြင်းမခံခဲ့ရပါဘူး။ 

ဒီအင်တာဗျူးလေးမှာတော့ ဖြိုးကျော်ထိုက်(ခ) ထိုက်ကြီးက The Voice ကနေပြုတ်သွားလို့ ငိုကြွေးနေရပြီဖြစ်ကြောင်း စိတ်မကောင်းစွာပဲ ရင်ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ်။  အင်တာဗျူးရဲ့အစပိုင်းမှာတော့ ထိုက်ကြီးက မြန်မာတစ်နိုင်ငံလုံးရဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲနေ့မှာပဲ သူ့အနေနဲ့ The Voice Myanmar အစီအစဉ်ကနေ ပြုတ်သွားခဲ့ရတာဖြစ်တဲ့အတွက် အမှတ်တရတစ်ခုဖြစ်ခဲ့တယ်လို့ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ 

Knockout ပြိုင်ပွဲရဲ့ သဘောတရားအရ သီဆိုယှဉ်ပြိုင်ကြတဲ့ (၄) ယောက်ထဲမှာမှ ပြိုင်ပွဲဝင်(၂) ယောက်ပြုတ်ပြီး ကျန်(၂)ယောက်သာ ရွေးချယ်ခံရမှာ ဖြစ်တဲ့အတွက် ထိုက်ကြီးရယ်၊ G ရယ်က ပြုတ်သွားခဲ့ရပြီး ကျန်ပြိုင်ပွဲဝင်နှစ်ယောက်သာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း ထိုက်ကြီးက ရှင်းပြပါတယ်။  ထိုက်ကြီးအနေနဲ့ The Voice စပြိုင်တည်းက ယှဉ်ပြိုင်ခဲ့တဲ့အဆင့်(၃)ဆင့်လုံးမှာတော့ ဒီ Knockout မှာ သီဆိုယှဉ်ပြိုင်ခဲ့တာကို အားအရဆုံးဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ “ကျွန်တော့်အနေနဲ့ စပြိုင်တည်းက Blind Audition၊ Battle Round၊ နောက်ပြီး Knockout ဒီသုံးဆင့်လုံးမှာ ကျွန်တော်အားရခဲ့တဲ့အဆင့်က ဒီအဆင့်ပဲ… ဒီအဆင့်မှာ ဘာလို့အားရလည်း ပြောရရင် ပထမ Blind Audition မှာတုန်းက ကျွန်တော်အသံနာနေတာ… နာနေတဲ့ဟာကို မရရအောင် ကျွန်တော်ဆိုရတာပေါ့… ဒီဒုတိယအဆင့်ဖြစ်တဲ့ Battle Round ကျတော့ ကျွန်တော့်အတွက်က လုံးဝအားမရပါဘူး… ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့် Key မဟုတ်တဲ့သီချင်းကို ဆိုနေရသလို ခံစားရတယ်… ဒီတစ်ခေါက် Knockout ကျတော့  အားရတယ်ဗျ… ဘာလို့လည်းဆိုတော့ ဆရာသုခမိန်လှိုင်ရေးသားပြီး ဦးစိုးသူသီဆိုခဲ့ဖူးတဲ့ ကိုယ့်ရဲ့ဘုရင်မ သီချင်း ဒစ်စကို ဗားရှင်း ကို ကျွန်တော်ရဲ့ ဗားရှင်းပုံစံလေးနဲ့ အကောင်းဆုံးသီဆိုခဲ့တာပါ”

အတူယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဝင်ညီလေးတွေကလည်း သူ့ဟာနဲ့သူ အကောင်းဆုံးသီဆိုနိုင်တဲ့အတွက် တက်သစ်စလူငယ်ပြိုင်ပွဲဝင်တွေကိုပဲ ကိုRဇာနည်အနေနဲ့ ဦးစားပေးရွေးချယ်ခဲ့တယ်လို့ ထိုက်ကြီးက မြင်ပါတယ်။  တက်သစ်စကို ဦးစားပေးတတ်တဲ့ ကိုRဇာည်နဲ့ စိတ်ဓာတ်ကိုလေးစားပြီး ဒီနေရာမှာ ကိုRကြီးရဲ့ရွေးချယ်မှုမှန်ကန်တာကြောင့် သူကိုယ်တိုင်ကောင်းရဲ့သားနဲ့ ထွက်ခဲ့ရတယ်ဆိုပေမယ့် အများကြီးဖြေသာပါတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ ဒါပေမယ့် The Voice မှာ ရှုံးနိမ့်ခဲ့ရတဲ့အတွက် လက်ရှိရည်မှန်းချက်ပျောက်သွားပြီး စိတ်ဓာတ်ကျမိတယ်လို့လည်း ရင်ဖွင့်လာပါတယ်။  “အခုလက်ရှိကိုဗစ်ကာလကလည်း မပြီးသေးဘူး… စားဝတ်နေရေးကလည်း ကျပ်တည်းနေတဲ့အချိန်… တစ်နိုင်ငံလုံးဖြစ်နေတဲ့ အခါကျတော့ တော်တော်တော့ ခေါင်းရှုပ်ပါတယ်ဗျာ… နည်းနည်းတော့ စိတ်ဓာတ်ကျတာပေါ့… အားပေးတဲ့ပရိသတ်တွေရဲ့ စကား ကိုယ့်မိသားစုရဲ့စကား ကိုယ့်အမေရဲ့ စကားကြောင့် လုပ်စရာရှိတာတော့ လုပ်ရမှာပေါ့”

ထိုက်ကြီးအနေနဲ့ အခုကြုံတွေ့နေရတဲ့ ဒုက္ခဆိုတာက ငယ်စဉ်ဘဝအိမ်ပိုင်ရာပိုင်မရှိပဲ သူများဆီမှာ စားပွဲထိုးလုပ်ခဲ့ရတဲ့ ဘဝနဲ့ နှိုင်းယှဉ်ရင် အသေးအမွှားသာဖြစ်လို့ ဂီတလှုပ်ရှားမှုတွေက ဒီနေရာမှာသာ ရပ်တန့်သွားမှာမဟုတ်ပဲ ရှေ့ဆက်ကြိုးစားသွားမှာလို့ ရင်ဖွင့်ပြောကြားသွားပါတယ်။  အခုလိုပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် ကိုယ့်ရဲ့ဂျူနီယာညီလေးတွေအပေါ် စီနီယာတစ်ယောက်အနေနဲ့ သဘောထားကြီးကြီးနေရာပေးခွင့်ရတယ်လို့ပဲ ကိုထိုက်ကမှတ်ယူထားခဲ့ပါတယ်။ ဒီအပေါ်မှာ ကိုRဇာနည်ရဲ့ ရွေးချယ်မှုမှန်ကန်တာကြောင့် ကိုRဇာနည်ကိုလည်း အပြစ်မပြောကြဖို့ တောင်းဆိုလိုက်ပါတယ်။ ကိုRကြီးဆိုတာက သူ့အတွက် မြင်ဆရာ၊ကြားဆရာတစ်ယောက်ဖြစ်ပြီး ဂီတနဲ့ပတ်သတ်ရင် အင်မတန်မှအရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် သူ့မှာအားနည်းချက်တွေရှိသေးလို့သာ ပြိုင်ပွဲကနေထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မှတ်ယူထားခဲ့တယ်လို့ ဆိုပါတယ်။  ထိုက်ကြီးက နောက်ရှေ့ဆက်လုပ်မယ့် အနုပညာလုပ်ရှားမှုတွေအတွက် သီချင်းတွေဝယ်ယူထားတာရှိပြီး ဂီတလမ်းကြောင်းပေါ်မှာပဲ ကြိုးစားပြီး ဆက်လျှောက်သွားမယ်လို့ ပြောလာပါတယ်။ 

ထိုက်ကြီးတစ်ယောက်က အရင်တည်းက ဂီတလောကရဲ့ ပင်မရေစီးကြောင်းပေါ်မှာ လျှောက်လှမ်းနေဆဲလူတစ်ယောက်ဖြစ်ပေမယ့် အခုလို ပြိုင်ပွဲဝင်တဲ့အခါ ထုတ်ခံလိုက်ရခြင်းအပေါ်မှာတော့ “အဆိုတော်ဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် အဆိုပြိုင်ပွဲဝင်ပြိုင်တယ်… ဝင်ပြိုင်မိခါမှ ပြိုင်ပွဲကပြုတ်သွားတဲ့အဆိုတော်ဆိုပြီး မှတ်တမ်းတော့ ဝင်သွားတာပေါ့ဗျာ” လို့ ရယ်ရယ်မောမောပဲ ပြောပြခဲ့ပါတယ်။  ထိုက်ကြီးအနေနဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ Live Round မှာ ကိုယ်ပိုင်သီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်လိုတဲ့အတွက် နောက်တစ်ဆင့်တော့ တက်ချင်စိတ်ဖြစ်မိပြီး အခုလိုထုတ်ပယ်ခံရဖို့ကို မမျှော်မှန်းထားခဲ့ဘူးလို့ ပြောပါတယ်။ ထိုက်ကြီးက ယခင်တည်းက နှစ်ပေါင်းများစွာလျှောက်လှမ်းလာခဲ့တဲ့ သူ့ရဲ့အနုပညာဖြတ်သန်းမှုပေတံတစ်ခုဟာ ကျိုးသွားပြီလို့ ယူဆတဲ့အတွက် ဒီပေတံကို ဂီတလှုပ်ရှားမှုတွေနဲ့ပဲ ပြန်ဆက်မှာဖြစ်တယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။ 

ပရိသတ်တို့ရေ တေးသံရှင်ထိုက်ကြီးဟာဆိုရင် The Voice မှာ စတင်ဝင်ရောက်ယှဉ်ပြိုင်တည်းက ရှူံးခဲ့သည်ရှိသော် ပရိသတ်နဲ့ မိသားစုအတွက် ကြိုးစားရင်း ရှူံးနိမ့်ခဲ့တာဖြစ်လို့ အရှုံးကို ရင်ဆိုင်မယ်လို့ တွက်ဆထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို မမျှော်လင့်ထားတဲ့အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ result က တော်တော်လေးကြမ်းတမ်းခဲ့တယ်လို့ ရင်ဖွင့်ပြောကြားခဲ့ပြီး ပရိသတ်အားပေးသလောက် ဂီတအနုပညာကိုဆက်လုပ်ခွင့်ရဖို့ကိုပဲ မျှော်မှန်းထားတယ်လို့ ပြောပြပါတယ်။  ထိုက်ကြီးရဲ့ ပရိသတ်ကိုနောက်ဆုံးပြောကြားချင်တဲ့ စကားအနေနဲ့ကတော့ သူ့ရဲ့ဘဝဆိုတာ ထင်သလိုမဖြစ်တတ်တဲ့အတွက် ကျရှူံးမှုတွေကြုံလာတဲ့အခါ ကိုယ့်ရဲ့ဘဝကို ဘယ်လိုပြန်တည်ဆောက်မလဲဆိုတဲ့ အပေါ်မှာသာ အဖန်တလဲလဲရုန်းကန်လာရသူတစ်ယောက်ကို ပရိသတ်က နားလည်ပေးပြီး နောက်တက်လာတဲ့ ပြိုင်ပွဲဝင်ညီလေးတွေကိုလည်း ကြိုဆိုပေးကြပါအုံးလို့ ပြောကြားရင်း အင်တာဗျူးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *