အမေအရင်းတစ်ယောက်လိုချစ်ရတဲ့ ချစ်သူရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားတာကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတယ်ဆိုတဲ့ အောန်ဆိုင်း






Read in UNICODE

အောန်ဆိုင်းကတော့ ဆယ်စုနှစ်တစ်စုစာ မော်ဒယ်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အောန်ဆိုင်းက သူမရဲ့ အမိုက်စားခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်းနဲ့ ရုပ်ရည်တို့ကြောင့် နိုင်ငံခြားမော်ဒယ်တစ်ယောက်လို ဆွဲဆောင်မှုအပြည့်ရှိတာကြောင့် ပရိသတ်တွေကြားမှာ

နာမည်တစ်လုံးနဲ့ ရပ်တည်နေလျက်ရှိပါတယ်။ အောန်ဆိုင်းကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် မကူးပြောင်းပဲ မော်ဒယ်တစ်ယောက်အဖြစ်သာ စွဲစွဲမြဲမြဲ လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။အောန်ဆိုင်းကတော့ သူမရဲ့ ချစ်သူကို

ပြီးခဲ့တဲ့လပိုင်းကမှ ချပြထားခဲ့တာဖြစ်ပြီး ယခုရက်ပိုင်းမှာတော့ ချစ်သူ ကိုဘုန်းကျော်မိုးမြင့်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမိုးမြင့် ဆုံးပါးသွားခဲ့ရတဲ့အတွက် ဝမ်းနည်းနေတဲ့အကြောင်း လူမှုကွန်ယက်ကတဆင့် အသိပေးလာခဲ့တာဖြစ်ပါတယ်အောန်ဆိုင်းက “ကို ချစ်တဲ့သူ ဆုံရူံးရလို့ အရန်းခံစားရပေမဲ့

သူ့လိုလိုမျိုးနဲ့ ဆုံတွေ့ရင်းနှီခွင့် ရခဲ့တာ သူ့ဆီကအချစ်တွေ အများကြီးရခဲ့တာ ဒါနဲ့တင် ကျွန်မ အရန်းကံကောင်းနေပါပြီ သူဟာကျွန်မအတွက်တော့ ဘုရားပြင်ဆင်ပေးခဲ့တဲ့ အမေတစ်ယောက်လိုပါဘဲ…💔😭 We love you mommy & will always. In our hearts, you are living on forever. God will keep mommy in a special place we pray! 🙏🏼💫💟” လို့

လူမှုကွန်ယက်ကတဆင့်မျှဝေလာခဲ့တာပါ။အောန်ဆိုင်းကတော့ ချစ်သူရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ရလို့ ဝမ်းနည်းနေတဲ့အကြောင်းပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။ဒေါ်ဥမ္မာမိုးမြင့်တစ်ယောက် ကောင်းရာသုဂတိလားပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်နော်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *