မိဘနှစ်ပါးကို လုပ်အားခရတဲ့ ပိုက်ဆံသိန်း(၂၀)နဲ့ သီတင်းကျွတ် ကန်တော့ခဲ့တဲ့ ဇွဲနိုင်ဝင်း
Read in UNICODE
ဇွဲနိုင်ဝင်းကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ ပရိသတ်အားပေးမှုများစွာနဲ့ ရပ်တည်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ဇွဲနိုင်ဝင်းက Music Video တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို မင်းသားချောဒွေးနဲ့ဆိုရင်လည်း
အရမ်းကိုအတွဲညီခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဇွဲနိုင်ဝင်းက အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဇွဲနိုင်ဝင်းက ယောက်ျားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး အမြဲတမ်းစတိုင်လ်ကျကျ ဝတ်ဆင်တတ်တာ ဖြစ်ပါတယ် ။ မိဘနှစ်ပါးကို
တန်ဖိုးထားတတ်သူဖြစ်တဲ့ ဇွဲနိုင်ဝင်းက အခုလည်း မွန်မြတ်တဲ့ကုသိုလ်လေးတစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဇွဲနိုင်ဝင်းက သူရှာဖွေထားတဲ့လုပ်အားခလေးတွေနဲ့ ဖေဖေ၊မေမေတို့ကို ကန်တော့ခဲ့တာ ဖြစ်ပါတယ် ။ ဇွဲနိုင်ဝင်းက “ဒီနှစ်သီတင်းကျွတ်အတွက် ကျွန်တော့်
ဖေကြီးနဲ့မေကြီးကို ကျွန်တော့်လုပ်အားနဲ့ ရတဲ့ထဲက ကျပ်သိန်း (၂၀)ကို ကန်တော့ပါတယ် ။ ဖေကြီးနဲ့မေကြီး ကျန်းမာပါစေ ချမ်းသာပါစေ ။ ယခုထက်မက သားကန်တော့နိုင်ပြီး ကျေးဇူးဆပ်ခွင့်ရပါရစေ။ အခုလိုအချိန်ကာလမျိုးမှာ ကျွန်တော့်ကို ယုံကြည်ပေးတဲ့ အလုပ်ရှင်
ကျေးဇူးရှင် မိသားစုများလည်း ကျန်းမာ ချမ်းသာကြပါစေ။ ချစ်တဲ့ သားကြီး (၁၀.၁၁.၂၀၂၀)” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ဖေဖေနဲ့မေမေကို ကန်တော့နေတဲ့ဇွဲနိုင်ဝင်းရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Zwe Naing Win’s Facebook
Add a Comment
Your email address will not be published. Required fields are marked *