ရည္းစားေဟာင္းျဖစ္သူ ေနျခည္ဦးရဲ႕ အိုက္တင္ေတြ ပိုေကာင္းလာတယ္လို႔ ေဝဖန္ခ်ီးက်ဴးခဲ့တဲ့ ေအာင္ရဲလင္း

ပရိသတ္တို႔​ေရ ဒီေန႔ေခတ္ရဲ႕နာမည္ေက်ာ္ သ႐ုပ္ေဆာင္မင္းသမီး ေနျခည္ဦးဟာဆိုရင္ သ႐ုပ္ေဆာင္ေလာကထဲ ဝင္ေရာက္မလာခင္မွာ Beauty Blogger တစ္ေယာက္အေနနဲ႔ လူသိမ်ားခဲ့သူတစ္ဦး ျဖစ္ပါတယ္။ သူမရဲ႕ Beauty Blogger ဘဝဟာဆိုရင္လည္း သူမရဲ႕ မိတ္ကပ္အစမ္းျပင္ဗီဒီယိုမ်ားေၾကာင့္သာမက ထိုစဥ္ကသူမရဲ႕ခ်စ္သူေအာင္ရဲလင္းေၾကာင့္လည္း လူသိမ်ားထင္ရွားလာခဲ့တယ္ဆိုတာ မမွားပါဘူးေနာ္။ လြန္ခဲ့တဲ့တစ္လေလာက္က ေအာင္ရဲလင္းနဲ႔ ေနျခည္ဦးတို႔ႏွစ္ေယာက္လုံးက အဆိုေတာ္ထက္ယံရဲ႕ ေတးသ႐ုပ္ေဖာ္တစ္ပုဒ္မွာ အတူပါဝင္ထားၿပီး ဒီေတးသ႐ုပ္ေဖာ္ဟာဆိုရင္ သူတို႔ႏွစ္ေယာက္ လမ္းခြဲၿပီးေနာက္ပိုင္း ပထမဆုံးအတူတြဲသ႐ုပ္ေဆာင္ရတဲ့ အႏုပညာလႈပ္ရွားမႈတစ္ခုပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ေအာင္ရဲလင္းက ရည္းစားေဟာင္းျဖစ္သူေနျခည္ဦးရဲ႕ အိုက္တင္ေတြပိုေကာင္းလာတယ္လို႔ ပြင့္ပြင့္လင္းလင္း ေဝဖန္ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။ ​အင္တာဗ်ဴးအစပိုင္းမွာေတာ့ ေအာင္ရဲလင္းက သူနဲ႔ ေနျခည္ဦးတို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ထက္ယံရဲ႕ေတးသ႐ုပ္ေဖာ္ဗီဒီယိုေလးကို ပရိသတ္အားေပးမႈျမင့္တက္လာတာ ျမင္ရတဲ့အတြက္ ဝမ္းသာတယ္လို႔ ေျပာလာပါတယ္။ ထက္ယံဆိုသည္မွာလည္း အျပင္မွာ စကားေျပာၾကည့္တဲ့အခါမွ တကယ္ကို ေအးေဆးတဲ့လူငယ္တစ္ေယာက္ျဖစ္တယ္လို႔ ေျပာျပပါတယ္။

​႐ိုက္ကူးေနစဥ္မွာ အမွတ္တရရယ္လို႔ ေထြေထြထူးထူးမရွိခဲ့ေပမယ့္ သူနဲ႔ရည္းစားေဟာင္းျဖစ္သူ ေနျခည္ဦးတို႔ ပထမဆုံးအေနနဲ႔ အတူတကြပါဝင္သ႐ုပ္ရတဲ့ အႏုပညာလႈပ္ရွားမႈတစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။ ပရိသတ္အမ်ားစုဆီကလည္း အေပါင္းလကၡဏာေဆာင္တဲ့ မွတ္ခ်က္တခ်ိဳ႕ေတြ႕ရၿပီး အခုလို အလုပ္လုပ္ရတာအဆင္ေျပတဲ့အျပင္ ပရိသတ္ႀကိဳက္ၾကတဲ့အႏုပညာလႈပ္ရွားမႈတစ္ခုမွာ ပါဝင္ပတ္သတ္ရတဲ့အတြက္ ေအာင္ရဲလင္းအေနနဲ႔ ဝမ္းသာပီတိျဖစ္မိတယ္လို႔ သိရပါတယ္။

ဒီေတးသ႐ုပ္ေဖာ္ဟာ ေနျခည္ဦးနဲ႔သူ႔ရဲ႕ပုံရိပ္ေၾကာင့္လည္း ဒီေလာက္ထိေပါက္လိမ့္မယ္လို႔ ႐ိုက္ကူးမႈမစခင္တည္းက ေမွ်ာ္မွန္းထားခဲ့တယ္လို႔ ေအာင္ရဲလင္းက ဆိုပါတယ္။ေနျခည္ဦးနဲ႔ သူ႔ရဲ႕ၾကားက ဆက္ဆံေရးကိုလည္း ေအာင္ရဲလင္းက အခုလိုေျပာဆိုရွင္းျပပါတယ္။ “သူနဲ႔ကေတာ့ ဒီၾကားထဲ မေတြ႕ျဖစ္ဖူးဗ်… မေတြ႕ျဖစ္ဖူးဆိုတာ ဟိုဟာေလ… ႐ိုက္တုန္းပဲ ေတြ႕ျဖစ္လိုက္တာ… တစ္ေခါက္ေတာ့ bar တစ္ခုမွာ ေတြ႕တယ္ေပါ့ေနာ္… အဲ့တုန္းကေတာ့ ဒီဟာေတြလည္း မထြက္ေသးဘူးေလ… မထြက္ေသးဘူးဆိုေတာ့ သိပ္လည္းမေျပာျဖစ္ဘူး”ေတးသ႐ုပ္ေဖာ္ထဲမွာဆိုရင္ ေနျခည္ဦးရဲ႕ အိုက္တင္ေတြက တမင္လုပ္ယူထားတာမ်ိဳး မဟုတ္ပဲ ေပါ့ေပါ့ပါးပါးနဲ႔ သဘာဝက်က် သ႐ုပ္ေဆာင္ခ်က္ေတြမ်ားတယ္လို႔ ေအာင္ရဲလင္းက ေျပာျပပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြအေပၚမွာ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေတြက အေကာင္းဘက္ကိုသြားေနၾကတဲ့အတြက္ ေနာက္အတူတြဲလုပ္မယ့္အလုပ္ေတြမွာလည္း ဒီထက္ေကာင္းေအာင္လုပ္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ထားျဖစ္တယ္လို႔ ဆိုပါတယ္။

ေနျခည္ဦးရဲ႕ ေနထိုင္မႈပုံစံဟာဆိုရင္ သူနဲ႔တြဲေနစဥ္တည္းကႏွင့္ ေျပာင္းလဲျခင္းမရွိပဲ အိုက္တင္ေတြကေတာ့ အမ်ားႀကီးပိုေကာင္းလာတယ္လို႔ ေအာင္ရဲလင္းက ေဝဖန္ခ်ီးက်ဴးခဲ့ပါတယ္။ “ဒီအလုပ္ေတြမွာ သူပ္ိုၿပီးေတာ့နားလည္လာတယ္လို႔ ကြၽန္ေတာ္ခံစားရတယ္… ပိုၿပီးေတာ့လည္း မုဒ္ေတြပိုေကာင္းလာတယ္လို႔လည္း ကြၽန္ေတာ္ထင္ပါတယ္… သူက ပါရမီရွိၿပီးသားသူတစ္ေယာက္ ျဖစ္တဲ့အတြက္ ေနာင္လည္းဒီထက္ ပိုေကာင္းလာလိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္” သ႐ုပ္ေဆာင္ေနရတာျဖစ္တဲ့အတြက္ အဲ့ဒီထဲက ဇာတ္ေကာင္ေနရာမွာ ဝင္ခံစားၿပီးေတာ့ သ႐ုပ္ေဆာင္တာျဖစ္ၿပီး ေနျခည္ဦးနဲ႔မွ မဟုတ္ပဲ အျခားဘယ္မင္းသမီးနဲ႔မဆို ဒီလိုခ်စ္ခန္းႀကိဳက္ခန္းေတြမွာ ဒီလိုပဲ သ႐ုပ္ေဆာင္တာျဖစ္တယ္လို႔ရွင္းျပပါတယ္။

ပရိသတ္ႀကီးတို႔ေရ တစ္ခ်ိန္က သိပ္ခ်စ္ရတဲ့ခ်စ္သူေတြျဖစ္ခဲ့တဲ့ ေအာင္ရဲလင္းနဲ႔ ေနျခည္ဦးတို႔ဟာဆိုရင္ အခုလိုခ်စ္ခန္းႀကိဳက္ခန္းၾကည္ႏူးခန္းေလးေတြအျပည့္နဲ႔ ထက္ယံရဲ႕ေတးသ႐ုပ္ေဖာ္ဗီဒီယိုေလးကို သဘာဝက်က် သ႐ုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ေအာင္ရဲလင္းရဲ႕ ေနျခည္ဦးအေပၚေဝဖန္မႈကို ပရိသတ္ရဲ႕အျမင္ေလးကိုလည္း ေျပာသြားၾကပါအုံးေနာ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း​ ေက်းဇူးတင္ပါတယ္။

Read in UNICODE

ပရိသတ်တို့ရေ ဒီနေ့ခေတ်ရဲ့နာမည်ကျော် သရုပ်ဆောင်မင်းသမီး နေခြည်ဦးဟာဆိုရင် သရုပ်ဆောင်လောကထဲ ဝင်ရောက်မလာခင်မှာ Beauty Blogger တစ်ယောက်အနေနဲ့ လူသိများခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ Beauty Blogger ဘဝဟာဆိုရင်လည်း သူမရဲ့ မိတ်ကပ်အစမ်းပြင်ဗီဒီယိုများကြောင့်သာမက ထိုစဉ်ကသူမရဲ့ချစ်သူအောင်ရဲလင်းကြောင့်လည်း လူသိများထင်ရှားလာခဲ့တယ်ဆိုတာ မမှားပါဘူးနော်။ လွန်ခဲ့တဲ့တစ်လလောက်က အောင်ရဲလင်းနဲ့ နေခြည်ဦးတို့နှစ်ယောက်လုံးက အဆိုတော်ထက်ယံရဲ့ တေးသရုပ်ဖော်တစ်ပုဒ်မှာ အတူပါဝင်ထားပြီး ဒီတေးသရုပ်ဖော်ဟာဆိုရင် သူတို့နှစ်ယောက် လမ်းခွဲပြီးနောက်ပိုင်း ပထမဆုံးအတူတွဲသရုပ်ဆောင်ရတဲ့ အနုပညာလှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်အောင်ရဲလင်းက ရည်းစားဟောင်းဖြစ်သူနေခြည်ဦးရဲ့ အိုက်တင်တွေပိုကောင်းလာတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။ အင်တာဗျူးအစပိုင်းမှာတော့ အောင်ရဲလင်းက သူနဲ့ နေခြည်ဦးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ထက်ယံရဲ့တေးသရုပ်ဖော်ဗီဒီယိုလေးကို ပရိသတ်အားပေးမှုမြင့်တက်လာတာ မြင်ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောလာပါတယ်။ ထက်ယံဆိုသည်မှာလည်း အပြင်မှာ စကားပြောကြည့်တဲ့အခါမှ တကယ်ကို အေးဆေးတဲ့လူငယ်တစ်ယောက်ဖြစ်တယ်လို့ ပြောပြပါတယ်။

ရိုက်ကူးနေစဉ်မှာ အမှတ်တရရယ်လို့ ထွေထွေထူးထူးမရှိခဲ့ပေမယ့် သူနဲ့ရည်းစားဟောင်းဖြစ်သူ နေခြည်ဦးတို့ ပထမဆုံးအနေနဲ့ အတူတကွပါဝင်သရုပ်ရတဲ့ အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်အများစုဆီကလည်း အပေါင်းလက္ခဏာဆောင်တဲ့ မှတ်ချက်တချို့တွေ့ရပြီး အခုလို အလုပ်လုပ်ရတာအဆင်ပြေတဲ့အပြင် ပရိသတ်ကြိုက်ကြတဲ့အနုပညာလှုပ်ရှားမှုတစ်ခုမှာ ပါဝင်ပတ်သတ်ရတဲ့အတွက် အောင်ရဲလင်းအနေနဲ့ ဝမ်းသာပီတိဖြစ်မိတယ်လို့ သိရပါတယ်။

ဒီတေးသရုပ်ဖော်ဟာ နေခြည်ဦးနဲ့သူ့ရဲ့ပုံရိပ်ကြောင့်လည်း ဒီလောက်ထိပေါက်လိမ့်မယ်လို့ ရိုက်ကူးမှုမစခင်တည်းက မျှော်မှန်းထားခဲ့တယ်လို့ အောင်ရဲလင်းက ဆိုပါတယ်။နေခြည်ဦးနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးကိုလည်း အောင်ရဲလင်းက အခုလိုပြောဆိုရှင်းပြပါတယ်။ “သူနဲ့ကတော့ ဒီကြားထဲ မတွေ့ဖြစ်ဖူးဗျ… မတွေ့ဖြစ်ဖူးဆိုတာ ဟိုဟာလေ… ရိုက်တုန်းပဲ တွေ့ဖြစ်လိုက်တာ… တစ်ခေါက်တော့ bar တစ်ခုမှာ တွေ့တယ်ပေါ့နော်… အဲ့တုန်းကတော့ ဒီဟာတွေလည်း မထွက်သေးဘူးလေ… မထွက်သေးဘူးဆိုတော့ သိပ်လည်းမပြောဖြစ်ဘူး”တေးသရုပ်ဖော်ထဲမှာဆိုရင် နေခြည်ဦးရဲ့ အိုက်တင်တွေက တမင်လုပ်ယူထားတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ သရုပ်ဆောင်ချက်တွေများတယ်လို့ အောင်ရဲလင်းက ပြောပြပါတယ်။ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေအပေါ်မှာ ပရိသတ်တွေရဲ့ မှတ်ချက်တွေက အကောင်းဘက်ကိုသွားနေကြတဲ့အတွက် နောက်အတူတွဲလုပ်မယ့်အလုပ်တွေမှာလည်း ဒီထက်ကောင်းအောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားဖြစ်တယ်လို့ ဆိုပါတယ်။

နေခြည်ဦးရဲ့ နေထိုင်မှုပုံစံဟာဆိုရင် သူနဲ့တွဲနေစဉ်တည်းကနှင့် ပြောင်းလဲခြင်းမရှိပဲ အိုက်တင်တွေကတော့ အများကြီးပိုကောင်းလာတယ်လို့ အောင်ရဲလင်းက ဝေဖန်ချီးကျူးခဲ့ပါတယ်။ “ဒီအလုပ်တွေမှာ သူပိုပြီးတော့နားလည်လာတယ်လို့ ကျွန်တော်ခံစားရတယ်… ပိုပြီးတော့လည်း မုဒ်တွေပိုကောင်းလာတယ်လို့လည်း ကျွန်တော်ထင်ပါတယ်… သူက ပါရမီရှိပြီးသားသူတစ်ယောက် ဖြစ်တဲ့အတွက် နောင်လည်းဒီထက် ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” သရုပ်ဆောင်နေရတာဖြစ်တဲ့အတွက် အဲ့ဒီထဲက ဇာတ်ကောင်နေရာမှာ ဝင်ခံစားပြီးတော့ သရုပ်ဆောင်တာဖြစ်ပြီး နေခြည်ဦးနဲ့မှ မဟုတ်ပဲ အခြားဘယ်မင်းသမီးနဲ့မဆို ဒီလိုချစ်ခန်းကြိုက်ခန်းတွေမှာ ဒီလိုပဲ သရုပ်ဆောင်တာဖြစ်တယ်လို့ရှင်းပြပါတယ်။

ပရိသတ်ကြီးတို့ရေ တစ်ချိန်က သိပ်ချစ်ရတဲ့ချစ်သူတွေဖြစ်ခဲ့တဲ့ အောင်ရဲလင်းနဲ့ နေခြည်ဦးတို့ဟာဆိုရင် အခုလိုချစ်ခန်းကြိုက်ခန်းကြည်နူးခန်းလေးတွေအပြည့်နဲ့ ထက်ယံရဲ့တေးသရုပ်ဖော်ဗီဒီယိုလေးကို သဘာဝကျကျ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလိုမျိုး အောင်ရဲလင်းရဲ့ နေခြည်ဦးအပေါ်ဝေဖန်မှုကို ပရိသတ်ရဲ့အမြင်လေးကိုလည်း ပြောသွားကြပါအုံးနော်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *