ကိုယ္တိုင္ကိုယ္က် ခိုေတာင္မုန႔္တီေတြလုပ္ၿပီး ျပန္ေရာင္းေနတယ္ဆိုတဲ့ အန္တီ ဝါဝါေအာင္

ျပည္သူခ်စ္အႏုပညာရွင္ ႐ုပ္ရွင္မင္းသမီးႀကီးအန္တီဝါဝါေအာင္ကေတာ့ ယခင္ဗီဒီယိုေခတ္တည္းက ယေန႔တိုင္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ အန္တီဝါဝါေအာင္ဟာဆိုရင္ အေမခန္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္တာကို အေတြ႕ရမ်ားၿပီး ေနာက္ပိုင္းမွာဆိုရင္ေတာ့ ဇာတ္လမ္းတြဲေလးေတြမွာလည္း ပါဝင္လာတာကို ေတြ႕ရပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ အန္တီဝါဝါေအာင္က ကိုဗစ္ဒုတိယလႈိင္းေၾကာင့္ ရပ္နားခဲ့ရတဲ့ ခိုေတာင္မုန႔္တီေရာင္းတဲ့လုပ္ငန္းေလးကို ျပန္လည္စတင္ေနၿပီ ျဖစ္တဲ့အေၾကာင္း ေျပာျပလာတာပဲ ျဖစ္ပါတယ္။

အန္တီဝါတို႔အေနနဲ႔ ဒုတိယလႈိင္းျဖစ္ျဖစ္ခ်င္းမွာ လမ္းပိတ္ဆို႔မႈေတြေၾကာင့္ ဦးေအာင္ခိုင္တို႔အေနနဲ႔လည္း မုန႔္တီပို႔ေဆာင္ေရး အဆင္မေျပတဲ့အတြက္ ခဏတာရပ္နားထားရၿပီး အခုခ်ိန္မွာေတာ့ အမ်ားရဲ႕ေတာင္းဆိုမႈေၾကာင့္ ခိုေတာင္မုန႔္တီကို ကိုယ္တိုင္လုပ္ၿပီး ျပန္လည္ေရာင္းခ်ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ အခုဆိုရင္ အန္တီဝါက မုန႔္တီျပန္လည္ေရာင္းခ်ေနတာဟာဆိုရင္ တစ္ရက္ျခားႏွစ္ရက္ရွိၿပီ ျဖစ္တယ္လို႔ ေျပာပါတယ္။ မုန႔္တီအတြက္လိုအပ္တဲ့ ပဲမုန႔္၊ င႐ုပ္သီးမႈန႔္၊ အႂကြပ္ေၾကာ္ အစရွိသည္မ်ားကို အန္တီ့ညီမျဖစ္သူနဲ႔ အိမ္ရွိေကာင္မေလးႏွစ္ေယာက္က ကူညီလုပ္ကိုင္ေပးၿပီး အျခားေသာ ငါးဖယ္ကိုင္တာတို႔၊ ၾကက္သြန္နီနဲ႔ ဆီနီဆီဝါဆီသတ္တာေလးေတြကိုေတာ့ အန္တီဝါကိုယ္တိုင္ ျပဳလုပ္ေလ့ရွိတယ္လို႔ သိရပါတယ္။ “ကိုယ္ကိုတိုင္လုပ္ေပးမွ ကိုယ္လည္းစိတ္တိုင္းက်သလို ေဘးက စားတဲ့သူေတြလည္း စိတ္တိုင္းက်မယ္လို႔ ထင္တယ္ေလ… အန္တီဝါက ခ်က္တာျပဳတ္တာကို ဝါသနာလည္းပါတယ္… ခိုေတာင္မုန႔္တီကိုလည္း ကိုယ္တိုင္ႀကိဳက္တဲ့အတြက္ လုပ္ျဖစ္တယ္…. အဲ့ေတာ့လည္း ပရိသတ္ေတြကပါ ႀကိဳက္သြားၾကတယ္ေပါ့ေလ”

အန္တီဝါတို႔က ဟင္းခ်က္စားၾကတယ္ဆိုတာ ငယ္စဥ္ဘဝက မိခင္ျဖစ္သူခ်က္ေႂကြးခဲ့တဲ့ လက္ရာေလးေတြကို တစ္ဖန္ခ်က္စားၾကတာျဖစ္ၿပီး မႏၲေလးသူေတြျဖစ္တဲ့အန္တီဝါတို႔အဖို႔ ခိုေတာင္မုန႔္တီဆိုတာကို အျပင္ေတြထြက္လည္ဝယ္စားၾကရင္းနဲ႔ စားဖူးရင္း ႀကိဳက္သြားၾကတာျဖစ္တယ္လို႔လည္း ျပန္ေျပာင္းေျပာျပပါတယ္။ အန္တီဝါရဲ႕ပရိသတ္ေတြက လက္ခံေပးေနတဲ့အခ်ိန္တစ္ခုထိ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္သြားမွာျဖစ္လို႔ ခိုေတာင္မုန႔္တီလုပ္ငန္းေလးကို ဆိုင္နဲ႔ကနားနဲ႔ တင့္တင့္တယ္တယ္ေရာင္းႏိုင္လိမ့္ဦးမယ္မထင္ဘူးလို႔ အန္တီဝါက ေျပာပါတယ္။
အဲ့ဒီလို ဆိုင္နဲ႔ကနားနဲ႔ေရာင္းခ်ႏိုင္ဖို႔လည္း လုံေလာက္နဲ႔ရင္းႏွီးေငြမရွိေသးဘူးလို႔ အန္တီဝါက ရယ္ရယ္ေမာမာနဲ႔ ရင္ဖြင့္ေျပာျပပါတယ္။

ခင္ပြန္းျဖစ္သူဦးေအာင္ခိုင္အေနနဲ႔လည္း မုန႔္ဖတ္ပမာဏခ်ိန္ဆထည့္ေပးၿပီး က်န္တဲ့အဆာပလာေတြျပင္ဆင္ေပးတဲ့ မုန႔္ပြဲျပင္တဲ့ကိစၥေတြမွာ ဝင္ေရာက္ကူညီေပးၿပီး စားသုံးသူေတြဆီကိုလည္း ကိုယ္တိုင္လိုက္ပို႔ေပးတယ္လို႔ သိရပါတယ္။အန္တီဝါတို႔အေနနဲ႔ ပြဲေနပြဲထိုင္မ်ားအတြက္ ေအာ္ဒါမ်ားကိုလည္း လက္ခံေပးေနၿပီး ပြဲ၃၀၀ ေလာက္ထိေတာ့ ရႉတင္ရွိသည့္ေန႔ပင္ျဖစ္ေစ တစ္ႏိုင္တစ္ပိုင္ ျပင္ဆင္ေပးႏိုင္တယ္လို႔ ေျပာပါတယ္။

ပရိသတ္တို႔ေရ အကယ္ဒမီဝါဝါေအာင္ကေတာ့ အခုလိုကိုဗစ္ကပ္ေရာဂါအေျခအေနေၾကာင့္ ႐ိုက္ကူးေရးေတြနားထားရတဲ့အခ်ိန္မွာ တစ္ဖက္တစ္လမ္းမွဝင္ေငြရေအာင္ လူႀကိဳက္မ်ားတဲ့သူမရဲ႕ လက္ရာေလးျဖစ္တဲ့ ခိုေတာင္မုန႔္တီေလးေတြ ေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။ အန္တီဝါေရာင္းခ်ေပးေနတဲ့ မုန႔္တီဟာဆိုရင္ အနံ႔အရသာနဲ႔ ျပည့္စုံလြန္းတာျဖစ္တဲ့အတြက္ ပရိသတ္ႀကီးတို႔လည္း သြားေရာက္အားေပးၾကပါအုံးလို႔ တိုက္တြန္းလိုက္ရပါတယ္။

Read in UNICODE

ပြည်သူချစ်အနုပညာရှင် ရုပ်ရှင်မင်းသမီးကြီးအန်တီဝါဝါအောင်ကတော့ ယခင်ဗီဒီယိုခေတ်တည်းက ယနေ့တိုင်အောင် အောင်မြင်ကျော်ကြားနေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ အန်တီဝါဝါအောင်ဟာဆိုရင် အမေခန်းတွေမှာ ပါဝင်သရုပ်ဆောင်တာကို အတွေ့ရများပြီး နောက်ပိုင်းမှာဆိုရင်တော့ ဇာတ်လမ်းတွဲလေးတွေမှာလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ အန်တီဝါဝါအောင်က ကိုဗစ်ဒုတိယလှိုင်းကြောင့် ရပ်နားခဲ့ရတဲ့ ခိုတောင်မုန့်တီရောင်းတဲ့လုပ်ငန်းလေးကို ပြန်လည်စတင်နေပြီ ဖြစ်တဲ့အကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။

အန်တီဝါတို့အနေနဲ့ ဒုတိယလှိုင်းဖြစ်ဖြစ်ချင်းမှာ လမ်းပိတ်ဆို့မှုတွေကြောင့် ဦးအောင်ခိုင်တို့အနေနဲ့လည်း မုန့်တီပို့ဆောင်ရေး အဆင်မပြေတဲ့အတွက် ခဏတာရပ်နားထားရပြီး အခုချိန်မှာတော့ အများရဲ့တောင်းဆိုမှုကြောင့် ခိုတောင်မုန့်တီကို ကိုယ်တိုင်လုပ်ပြီး ပြန်လည်ရောင်းချဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် အန်တီဝါက မုန့်တီပြန်လည်ရောင်းချနေတာဟာဆိုရင် တစ်ရက်ခြားနှစ်ရက်ရှိပြီ ဖြစ်တယ်လို့ ပြောပါတယ်။ မုန့်တီအတွက်လိုအပ်တဲ့ ပဲမုန့်၊ ငရုပ်သီးမှုန့်၊ အကြွပ်ကြော် အစရှိသည်များကို အန်တီ့ညီမဖြစ်သူနဲ့ အိမ်ရှိကောင်မလေးနှစ်ယောက်က ကူညီလုပ်ကိုင်ပေးပြီး အခြားသော ငါးဖယ်ကိုင်တာတို့၊ ကြက်သွန်နီနဲ့ ဆီနီဆီဝါဆီသတ်တာလေးတွေကိုတော့ အန်တီဝါကိုယ်တိုင် ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ “ကိုယ်ကိုတိုင်လုပ်ပေးမှ ကိုယ်လည်းစိတ်တိုင်းကျသလို ဘေးက စားတဲ့သူတွေလည်း စိတ်တိုင်းကျမယ်လို့ ထင်တယ်လေ… အန်တီဝါက ချက်တာပြုတ်တာကို ဝါသနာလည်းပါတယ်… ခိုတောင်မုန့်တီကိုလည်း ကိုယ်တိုင်ကြိုက်တဲ့အတွက် လုပ်ဖြစ်တယ်…. အဲ့တော့လည်း ပရိသတ်တွေကပါ ကြိုက်သွားကြတယ်ပေါ့လေ”

အန်တီဝါတို့က ဟင်းချက်စားကြတယ်ဆိုတာ ငယ်စဉ်ဘဝက မိခင်ဖြစ်သူချက်ကြွေးခဲ့တဲ့ လက်ရာလေးတွေကို တစ်ဖန်ချက်စားကြတာဖြစ်ပြီး မန္တလေးသူတွေဖြစ်တဲ့အန်တီဝါတို့အဖို့ ခိုတောင်မုန့်တီဆိုတာကို အပြင်တွေထွက်လည်ဝယ်စားကြရင်းနဲ့ စားဖူးရင်း ကြိုက်သွားကြတာဖြစ်တယ်လို့လည်း ပြန်ပြောင်းပြောပြပါတယ်။ အန်တီဝါရဲ့ပရိသတ်တွေက လက်ခံပေးနေတဲ့အချိန်တစ်ခုထိ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်သွားမှာဖြစ်လို့ ခိုတောင်မုန့်တီလုပ်ငန်းလေးကို ဆိုင်နဲ့ကနားနဲ့ တင့်တင့်တယ်တယ်ရောင်းနိုင်လိမ့်ဦးမယ်မထင်ဘူးလို့ အန်တီဝါက ပြောပါတယ်။
အဲ့ဒီလို ဆိုင်နဲ့ကနားနဲ့ရောင်းချနိုင်ဖို့လည်း လုံလောက်နဲ့ရင်းနှီးငွေမရှိသေးဘူးလို့ အန်တီဝါက ရယ်ရယ်မောမာနဲ့ ရင်ဖွင့်ပြောပြပါတယ်။

ခင်ပွန်းဖြစ်သူဦးအောင်ခိုင်အနေနဲ့လည်း မုန့်ဖတ်ပမာဏချိန်ဆထည့်ပေးပြီး ကျန်တဲ့အဆာပလာတွေပြင်ဆင်ပေးတဲ့ မုန့်ပွဲပြင်တဲ့ကိစ္စတွေမှာ ဝင်ရောက်ကူညီပေးပြီး စားသုံးသူတွေဆီကိုလည်း ကိုယ်တိုင်လိုက်ပို့ပေးတယ်လို့ သိရပါတယ်။အန်တီဝါတို့အနေနဲ့ ပွဲနေပွဲထိုင်များအတွက် အော်ဒါများကိုလည်း လက်ခံပေးနေပြီး ပွဲ၃၀၀ လောက်ထိတော့ ရှူတင်ရှိသည့်နေ့ပင်ဖြစ်စေ တစ်နိုင်တစ်ပိုင် ပြင်ဆင်ပေးနိုင်တယ်လို့ ပြောပါတယ်။

ပရိသတ်တို့ရေ အကယ်ဒမီဝါဝါအောင်ကတော့ အခုလိုကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ရိုက်ကူးရေးတွေနားထားရတဲ့အချိန်မှာ တစ်ဖက်တစ်လမ်းမှဝင်ငွေရအောင် လူကြိုက်များတဲ့သူမရဲ့ လက်ရာလေးဖြစ်တဲ့ ခိုတောင်မုန့်တီလေးတွေ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ အန်တီဝါရောင်းချပေးနေတဲ့ မုန့်တီဟာဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလွန်းတာဖြစ်တဲ့အတွက် ပရိသတ်ကြီးတို့လည်း သွားရောက်အားပေးကြပါအုံးလို့ တိုက်တွန်းလိုက်ရပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *