အေမျဖစ္သူနဲ႔ အိမ္ေထာင္က်သြားရင္ေတာင္ ခြဲမေနဘူးဆိုတဲ့ ေအာင္မင္းခန္႔

မင္းသားေခ်ာေအာင္မင္းခန္႔ကေတာ့ အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ပရိသတ္ကိုဖမ္းစားထားႏိုင္တဲ့ မင္းသားေခ်ာေလးပဲ ျဖစ္ပါတယ္။ ထာရမႏၲေလးဇာတ္လမ္းတြဲမွာ ပရိသတ္အားေပးမႈအခိုင္အမာရရွိလာၿပီး ဇာတ္လမ္းတြဲေတြနဲ႔အတူ ပရိသတ္ေတြရဲ႕အခ်စ္ကို ရရွိထားတာပါ။ အခုဆိုရင္ ပရိသတ္အခ်စ္ေတာ္မင္းသားေခ်ာေတြထဲမွာ အပါအဝင္ျဖစ္ေနပါၿပီ။ ဒီအင္တာဗ်ဴးေလးမွာေတာ့ ေအာင္မင္းခန႔္က သူအိမ္ေထာင္ကက်သြားခဲ့ရင္ေတာင္ အေမနဲ႔ခြဲေနသြားမွာ မဟုတ္တဲ့အေၾကာင္း ေျပာၾကားလာခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္မင္းခန႔္ကေတာ့ သူ႔အေမကို သီတင္းကြၽတ္မွာမွ ကန္ေတာ့တာမဟုတ္ပဲ အားရင္အားသလို ရွိခိုးကန္ေတာ့တတ္သူမ်ိဳး ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုေျပာတာမ်ိဳးက ေလွ်ာက္ေျပာေနတာမဟုတ္ပဲ သူ႔အ႐ြယ္ဟာ အေမကိုျပဳစုရမယ့္အ႐ြယ္ ေရာက္လာၿပီျဖစ္တဲ့အတြက္ အခုလိုဆုံးျဖတ္ခ်က္ခ်လိုက္ရတာျဖစ္တယ္လို႔ သိရပါတယ္။ 

ေအာင္မင္းခန႔္ကိုးကြယ္သည့္ ဗုဒၶျမတ္စြာဘုရားပင္လ်င္ ႏို႔တစ္လုံးဖိုးသာေက်ေအာင္ဆပ္ႏိုင္ခဲ့တာျဖစ္ၿပီး ေအာင္မင္းခန႔္ကေတာ့ သူ႔ရဲ႕အေမကို ေခြၽးႏွဲစာႏွင့္သာ ေက်းဇူးဆပ္တာမဟုတ္ပဲ တရားဓမၼအသိေတြ မွ်ေဝျခင္းျဖင့္လည္း ေက်းဇူးဆပ္တတ္သူတစ္ဦး ျဖစ္တယ္လို႔ ​ေျပာျပပါတယ္။ ေအာင္မင္းခန႔္မသိတဲ့ ပစၥည္းေလးေတြဝယ္စရာရွိရင္လည္း အေမျဖစ္သူကပဲ ကူညီဝယ္ယူေပးတတ္တာျဖစ္ၿပီး အရင္တုန္းကဆို costume designer ေတြလည္း မရွိေသးတဲ့အတြက္ ဆင္းရဲသား scene အတြက္ကအစ သူ႔ရဲ႕မိခင္က ရွာေဖြစီစဥ္ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။ 

သာမန္ရင္ဖြင့္စရာေလးေတြကိုေတာ့ မိခင္ျဖစ္သူကို ေျပာျပေလ့ရွိေပမယ့္ မေျပာျပျဖစ္တာမ်ားတယ္လို႔ ေအာင္မင္းခန႔္က ဆိုပါတယ္။ “ကြၽန္ေတာ့္အေဖမရွိတဲ့ ေနာက္ပိုင္းမွာ ကြၽန္ေတာ့္အေမက သူပဲအမိ သူပဲ အဖပဲဆိုေတာ့ သားေယာက်္ားေလးတစ္ေယာက္အေနနဲ႔ အပူေတြဘာေတြ သိပ္မေပးခ်င္ဘူး… ေျဖရွင္းလို႔ရရင္ ကိုယ့္ဟာကိုပဲ ေျဖရွင္းလိုက္တယ္… ေျပာသင့္ေျပာထိုက္တဲ့ကိစၥေတြကိုေတာ့ ေျပာျပရတာေပါ့” 

ေအာင္မင္းခန႔္အေနနဲ႔ အိမ္ေထာင္ရက္သား က်ခဲ့ရင္လည္း မိခင္ျဖစ္သူကို သူတို႔နဲ႔အတူ ေခၚထားျဖစ္လိမ့္မယ္လို႔ အတိအလင္းေျပာၾကားလာပါတယ္။”ကြၽန္ေတာ္တို႔က မိသားစုနည္းတယ္ေလ…  အားလုံးေပါင္းမွ သုံးေယာက္ပဲရွိတယ္ဆိုေတာ့ ကြၽန္ေတာ့္အကိုလည္း ကြၽန္ေတာ္တို႔နဲ႔အတူေနရမယ္… အေမလည္းတူတူေနရမယ္… ကြၽန္ေတာ္ အိမ္လည္းဝယ္ထားတယ္… ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔က ေက်ာက္ေျမာင္းမွာပဲ ေနတာေပါ့ေနာ္… ဒါေပမယ့္ ကြၽန္ေတာ္အိမ္ဝယ္ထားတယ္… အဲ့ဒီအိမ္မွာလည္း မိသားစုတစ္စုလုံး ေတာ္ေတာ္မ်ားမ်ားေနလို႔ရတဲ့ အိမ္တစ္မ်ိဳးလည္း ျဖစ္ေနတယ္ေပါ့ေနာ္… က်ယ္လည္း ေတာ္ေတာ္က်ယ္တယ္ေလ… တကယ္လို႔ ကြၽန္ေတာ္ အိမ္ေထာင္ရက္သားက်သြားခဲ့သည္ရွိေသာ္ အဲ့ဒီမွာ ျပန္ေျပာင္းေနမွာေပါ့… မာမားနဲ႔ေတာ့ မခြဲဘူး… ကြၽန္ေတာ္အခ်စ္ဆုံးပဲ”

ေနာက္ဆုံးမွာေတာ့ ေအာင္မင္းခန႔္က သူ႔ကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္အားလုံးနဲ႔ တကြ ထမင္းတစ္လုပ္ ေရတစ္မႈတ္ စသည္ျဖင့္ ေထာက္ပံ့ေပးခဲ့တဲ့ လူေတြအားလုံးကို ဂါရဝျပဳတယ္လို႔ ေျပာၾကားရင္း အင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္လိုက္ပါတယ္။

Read in UNICODE

မင်းသားချောအောင်မင်းခန့်ကတော့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားထားနိုင်တဲ့ မင်းသားချောလေးပဲ ဖြစ်ပါတယ်။ ထာရမန္တလေးဇာတ်လမ်းတွဲမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီး ဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတာပါ။ အခုဆိုရင် ပရိသတ်အချစ်တော်မင်းသားချောတွေထဲမှာ အပါအဝင်ဖြစ်နေပါပြီ။ ဒီအင်တာဗျူးလေးမှာတော့ အောင်မင်းခန့်က သူအိမ်ထောင်ကကျသွားခဲ့ရင်တောင် အမေနဲ့ခွဲနေသွားမှာ မဟုတ်တဲ့အကြောင်း ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်ကတော့ သူ့အမေကို သီတင်းကျွတ်မှာမှ ကန်တော့တာမဟုတ်ပဲ အားရင်အားသလို ရှိခိုးကန်တော့တတ်သူမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုပြောတာမျိုးက လျှောက်ပြောနေတာမဟုတ်ပဲ သူ့အရွယ်ဟာ အမေကိုပြုစုရမယ့်အရွယ် ရောက်လာပြီဖြစ်တဲ့အတွက် အခုလိုဆုံးဖြတ်ချက်ချလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

အောင်မင်းခန့်ကိုးကွယ်သည့် ဗုဒ္ဓမြတ်စွာဘုရားပင်လျင် နို့တစ်လုံးဖိုးသာကျေအောင်ဆပ်နိုင်ခဲ့တာဖြစ်ပြီး အောင်မင်းခန့်ကတော့ သူ့ရဲ့အမေကို ချွေးနှဲစာနှင့်သာ ကျေးဇူးဆပ်တာမဟုတ်ပဲ တရားဓမ္မအသိတွေ မျှဝေခြင်းဖြင့်လည်း ကျေးဇူးဆပ်တတ်သူတစ်ဦး ဖြစ်တယ်လို့ ပြောပြပါတယ်။ အောင်မင်းခန့်မသိတဲ့ ပစ္စည်းလေးတွေဝယ်စရာရှိရင်လည်း အမေဖြစ်သူကပဲ ကူညီဝယ်ယူပေးတတ်တာဖြစ်ပြီး အရင်တုန်းကဆို costume designer တွေလည်း မရှိသေးတဲ့အတွက် ဆင်းရဲသား scene အတွက်ကအစ သူ့ရဲ့မိခင်က ရှာဖွေစီစဉ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

သာမန်ရင်ဖွင့်စရာလေးတွေကိုတော့ မိခင်ဖြစ်သူကို ပြောပြလေ့ရှိပေမယ့် မပြောပြဖြစ်တာများတယ်လို့ အောင်မင်းခန့်က ဆိုပါတယ်။ “ကျွန်တော့်အဖေမရှိတဲ့ နောက်ပိုင်းမှာ ကျွန်တော့်အမေက သူပဲအမိ သူပဲ အဖပဲဆိုတော့ သားယောကျ်ားလေးတစ်ယောက်အနေနဲ့ အပူတွေဘာတွေ သိပ်မပေးချင်ဘူး… ဖြေရှင်းလို့ရရင် ကိုယ့်ဟာကိုပဲ ဖြေရှင်းလိုက်တယ်… ပြောသင့်ပြောထိုက်တဲ့ကိစ္စတွေကိုတော့ ပြောပြရတာပေါ့” 

အောင်မင်းခန့်အနေနဲ့ အိမ်ထောင်ရက်သား ကျခဲ့ရင်လည်း မိခင်ဖြစ်သူကို သူတို့နဲ့အတူ ခေါ်ထားဖြစ်လိမ့်မယ်လို့ အတိအလင်းပြောကြားလာပါတယ်။”ကျွန်တော်တို့က မိသားစုနည်းတယ်လေ…  အားလုံးပေါင်းမှ သုံးယောက်ပဲရှိတယ်ဆိုတော့ ကျွန်တော့်အကိုလည်း ကျွန်တော်တို့နဲ့အတူနေရမယ်… အမေလည်းတူတူနေရမယ်… ကျွန်တော် အိမ်လည်းဝယ်ထားတယ်… လောလောဆယ်တော့ ကျွန်တော်တို့က ကျောက်မြောင်းမှာပဲ နေတာပေါ့နော်… ဒါပေမယ့် ကျွန်တော်အိမ်ဝယ်ထားတယ်… အဲ့ဒီအိမ်မှာလည်း မိသားစုတစ်စုလုံး တော်တော်များများနေလို့ရတဲ့ အိမ်တစ်မျိုးလည်း ဖြစ်နေတယ်ပေါ့နော်… ကျယ်လည်း တော်တော်ကျယ်တယ်လေ… တကယ်လို့ ကျွန်တော် အိမ်ထောင်ရက်သားကျသွားခဲ့သည်ရှိသော် အဲ့ဒီမှာ ပြန်ပြောင်းနေမှာပေါ့… မာမားနဲ့တော့ မခွဲဘူး… ကျွန်တော်အချစ်ဆုံးပဲ”

နောက်ဆုံးမှာတော့ အောင်မင်းခန့်က သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်အားလုံးနဲ့ တကွ ထမင်းတစ်လုပ် ရေတစ်မှုတ် စသည်ဖြင့် ထောက်ပံ့ပေးခဲ့တဲ့ လူတွေအားလုံးကို ဂါရဝပြုတယ်လို့ ပြောကြားရင်း အင်တာဗျူးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *