The Voice Myanmar Season-3 သီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ႕ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္သူ G ကေတာ့ ၿပီးခဲ့တဲ့အပတ္က Battle Round မွာ အာဇာနည္ Steal လုပ္ျခင္းခံခဲ့ရၿပီး ေနာက္တစ္ဆင့္တက္လွမ္းခြင့္ရခဲ့ၿပီ ျဖစ္ပါတယ္။ G ကေတာ့ ကိုဗစ္ကာကြယ္ကုသေရးလုပ္ငန္းေတြမွာ လုပ္အားေပးတာဝန္ထမ္းေဆာင္ေနတာ ခုႏွစ္လခန္႔ရွိေနၿပီျဖစ္ၿပီး ႐ိုးသားျဖဴစင္ၿပီး ပကာသနမရွိတဲ့ G ရဲ႕ပုံစံေလးေၾကာင့္ ခ်စ္သူခင္သူပရိသတ္ေတြ မ်ားစြာရရွိေနၿပီ ဆိုရင္လည္း မမွားပါဘူး။

ဒီအင္တာဗ်ဴးေလးမွာေတာ့ G အေနနဲ႔ အာဇာနည္ ကို ပိုက္ဆံေပးၿပီး Safe လုပ္ခိုင္းခဲ့တယ္ဆိုတဲ့ေဝဖန္မႈေတြကို ျပန္လည္ေျဖရွင္းခဲ့တာပဲ ျဖစ္ပါတယ္။ G အေနနဲ႔ Battle Round မွာ နီနီခင္ေဇာ္က သူမကို မေ႐ြးခ်ယ္ခဲ့ေပမယ့္ သူမ သေဘာက်တဲ့ ကို အာဇာနည္က Steal လုပ္ခဲ့တဲ့အတြက္ အတိုင္းမသိဝမ္းသာတယ္လို႔ ေျပာပါတယ္။ “ခံစားမႈကေတာ့ ေျပာလို႔ေတာင္မထြက္ဘူးေပါ့… မနီနီမေ႐ြးေတာ့လည္း ဘယ္သူမွ steal လုပ္မွာ မဟုတ္ေတာ့ဘူးလို႔ ထင္ခဲ့တာ… ၿပီးေတာ့ steal ေတာ့လည္း သုံးေယာက္ steal လုပ္လို႔ ရတဲ့ဟာကို ညီမအႀကိဳက္ဆုံးလူက steal လုပ္သြားတယ္ဆိုေတာ့ ပိုေပ်ာ္တယ္… တကယ္တမ္း ကိုဗစ္ေၾကာင့္ ထိလို႔မရဘူးလို႔ ေျပာလို႔… ထိလို႔ရရင္ ကိုအာဇာနည္ကို ေနာက္တစ္ေခါက္ သြားဖက္ဦးမွာ”

သူမအေနနဲ႔ ကိုအာဇာနည္ က သူမကို ဘာေၾကာင့္ safe လုပ္ခဲ့မွန္းမသိရွိခဲ့ပဲ ေ႐ြးခ်ယ္ခဲ့တာကိုပဲ အရမ္းေက်းဇူးတင္ပါတယ္လို႔ G ကေျပာပါတယ္။ ကိုအာဇာနည္ကေတာ့ သူမကို အသံကာလာႀကိဳက္တဲ့အတြက္ ေ႐ြးခ်ယ္ခဲ့တယ္လို႔ ေျပာေပမယ့္ သူမထက္ပိုေကာင္းတဲ့ အဆိုရွင္ေတြအမ်ားႀကီးက်န္ရွိေသးေနၿပီး အခုလိုအခြင့္အေရးေပးလာခိုက္မွာ ကိုRႀကီးဆီက သင္ယူစရာရွိတာေတြ သင္ယူရမယ္လို႔ G က ေျပာျပပါတယ္။  “ကိုယ္ကိုတိုင္လည္း ဘာဆိုလို႔ဘာဆိုရမွန္း မသိဘူး…ၿပီးေတာ့ ဗမာသီခ်င္းဆိုဖို႔ နည္းနည္းေလ့က်င္ဖို႔လိုတယ္ေပါ့…ေလ့က်င့္ဖို႔လိုတယ္ဆိုတာ သီဆိုရင္အဆင္ေျပေအာင္လို႔… အဲ့တာေလး သင္ခ်င္တာပါ”

အခုလတ္တေလာထြက္ေပၚလာတဲ့ ေကာလဟာလေတြနဲ႔ ပတ္သတ္လို႔ေတာ့ သူမက  အခုလိုပဲ ေျဖရွင္းခ်က္ေပးပါတယ္။ “ညီမတကယ္တမ္းေတာ့ လိုက္မေျဖရွင္းခ်င္ဘူး… ေျဖရွင္းခဲ့တာေတြလည္း အမ်ားႀကီးပဲ…လူေတြက သူတို႔ထင္ခ်င္တဲ့အတိုင္း ဆက္ထင္ေနၾကတယ္ဆိုေတာ့ ေနာက္ဆုံးေျပာခ်င္တာက ညီမေၾကာင့္ တျခားလူ အဆဲမခံေစခ်င္ဘူး… ညီမကို မႀကိဳက္ရင္ ညီမကိုပဲေျပာကြာ… ကိုအာဇာနည္ကလည္း ညီမလုပ္ေကြၽးမွ ရမယ့္သူလည္း မဟုတ္ဘူး… သူ႔ဟာသူအစတည္းက ေအာင္ျမင္ေနတဲ့သူ… ဒီၿပိဳင္ပြဲႀကီးကလည္း ဘဝမဟုတ္ဘူးကြာ… အရမ္းႀကီးႏိုင္ခ်င္ေနတဲ့သူလည္း မဟုတ္ဘူး… သူ႔ကိုပိုက္ဆံေပးၿပီးေတာ့ အဲ့လိုလုပ္ခိုင္းဖို႔ဆိုတာ အေဝးႀကီးပဲ ကိုယ့္ကိုယ္ကိုေတာင္ မစဥ္းစားဖူးဘူး”

အာဇာနည္အေနနဲ႔ သူမဘယ္သူဘယ္ဝါဆိုတာကိုေတာင္ ထို႐ိုက္ကူးေနစဥ္အခ်ိန္က သိရွိခဲ့ျခင္းမရွိပဲ အခုထုတ္လႊင္တဲ့အခ်ိန္မွသာ လူေတြက ထင္ေၾကးေပးၿပီးေလွ်ာက္ေျပာေနၾကတာျဖစ္တယ္လို႔ ရင္ဖြင့္ေျပာျပပါတယ္။  သူမက ခ်မ္းသာတဲ့မိသားစုက ဆင္းသက္လာသူျဖစ္လို႔ အခုလိုေငြေပးၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းတယ္လို႔ စြတ္စြဲၾကတဲ့အေပၚမွာေတာ့ “ညီမကိုဘယ္သူမွန္း မသိရင္ေတာင္မွ… ဒီမိသားစုက ပိုက္ဆံရွိလား မရွိလား မသိရင္ သူတို႔အေနနဲ႔ ထင္စရာအေၾကာင္းလည္း မရွိဘူး… အဆက္အသြယ္ရွိတယ္လို႔ ထင္လို႔သာ ဒီလိုလုပ္ႏိုင္တယ္လို႔ ထင္ၾကတယ္ေပါ့…အဲ့တာေၾကာင့္လည္း ညီမက မသိေအာင္သြားၿပိဳင္တာ… ဒါေပမယ့္ အဲ့တာက လူေတြကို နည္းနည္းေလွ်ာ့တြက္လိုက္သလို ျဖစ္သြားတယ္ေပါ့… ကိုယ့္ကိုမမွတ္မိဘူးလို႔  ထင္ေနတာ တကယ္တမ္းေတာ့ ခ်က္ခ်င္းေတြ မွတ္မိသြားၾကတယ္” လို႔ ရင္ဖြင့္ေျပာၾကားခဲ့ပါတယ္။

Battle Round မွာ သူမရဲ႕ၿပိဳင္ဘက္ T Kar ေ႐ြးခ်ယ္ခံခဲ့ရတဲ့အေပၚမွာ G အေနနဲ႔ အရမ္းကို ဝမ္းသာေနခဲ့ၿပီး သူမကိုေ႐ြးခ်ယ္ခဲ့ရင္ေတာင္ T Kar ကို အျခား coach တစ္ေယာက္က Save ပါ့မလားဆိုၿပီး စိတ္ပူေနခဲ့မိမွာလို႔ ပြင့္ပြင့္လင္းလင္းေျပာျပပါတယ္။ G ရဲ႕ အိပ္မက္ဆိုတာက ပရဟိတနဲ႔ပဲ ပတ္သတ္ၿပီး ဂီတပိုင္းကိုေတာ့ အားရင္အားသလို အေပ်ာ္သေဘာပဲ လုပ္ျဖစ္မယ္လို႔ သိရပါတယ္။ “ဒီအဆိုတစ္ခုတည္းနဲ႔လည္း အရမ္းႀကီး ပရိသတ္ရမွာ မဟုတ္ဘူး… ညီမကို အဆိုေကာင္းလို႔ ခ်စ္ၾကတာလည္းမဟုတ္ဘူး… အဲ့လို lifestyle ကိုႀကိဳက္တယ္… ပရဟိတလုပ္တာကိုႀကိဳက္တယ္ဆိုေတာ့ အိပ္မက္ကေတာ့ အမ်ိဳးသမီးေတြအတြက္ အင္အားျဖစ္ေစတဲ့ influencer လိုမ်ိဳး ျဖစ္ခ်င္တယ္”

ပရိသတ္တို႔ေရ G ကေတာ့ The Voice Myanmar ၿပိဳင္ပြဲမွာ ဘယ္အဆင့္ထိသြားမယ္ဆိုတဲ့ ေမွ်ာ္မွန္းခ်က္မ်ိဳးမရွိပဲ ဘယ္အဆင့္ထိေရာက္ႏိုင္လဲဆိုတာ သိခ်င္လို႔သာ လာၿပိဳင္ျခင္းျဖစ္တယ္လို႔ ထုတ္ေျပာလာခဲ့ပါတယ္။  သူမကို ခ်စ္တဲ့ပရိသတ္ေတြကိုလည္း သူမအေနနဲ႔ အရမ္းေက်းဇူးတင္ၿပီး မခ်စ္တဲ့ သူေတြကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာခဲ့ပါတယ္။ သူမကိုေဝဖန္တိုက္ခိုက္ၾကတဲ့ ေကာမန႔္ေတြဟာလည္း ဘယ္လိုပဲျဖစ္ျဖစ္ စိတ္ဝင္စားဖို႔ေကာင္းပါတယ္လို႔ သူမက ဒဲ့ေျပာရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ခဲ့ပါတယ္။

Read in UNICODE

The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သူ G ကတော့ ပြီးခဲ့တဲ့အပတ်က Battle Round မှာ အာဇာနည် Steal လုပ်ခြင်းခံခဲ့ရပြီး နောက်တစ်ဆင့်တက်လှမ်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ G ကတော့ ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ လုပ်အားပေးတာဝန်ထမ်းဆောင်နေတာ ခုနှစ်လခန့်ရှိနေပြီဖြစ်ပြီး ရိုးသားဖြူစင်ပြီး ပကာသနမရှိတဲ့ G ရဲ့ပုံစံလေးကြောင့် ချစ်သူခင်သူပရိသတ်တွေ များစွာရရှိနေပြီ ဆိုရင်လည်း မမှားပါဘူး။

ဒီအင်တာဗျူးလေးမှာတော့ G အနေနဲ့ အာဇာနည် ကို ပိုက်ဆံပေးပြီး Safe လုပ်ခိုင်းခဲ့တယ်ဆိုတဲ့ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။ G အနေနဲ့ Battle Round မှာ နီနီခင်ဇော်က သူမကို မရွေးချယ်ခဲ့ပေမယ့် သူမ သဘောကျတဲ့ ကို အာဇာနည်က Steal လုပ်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်လို့ ပြောပါတယ်။ “ခံစားမှုကတော့ ပြောလို့တောင်မထွက်ဘူးပေါ့… မနီနီမရွေးတော့လည်း ဘယ်သူမှ steal လုပ်မှာ မဟုတ်တော့ဘူးလို့ ထင်ခဲ့တာ… ပြီးတော့ steal တော့လည်း သုံးယောက် steal လုပ်လို့ ရတဲ့ဟာကို ညီမအကြိုက်ဆုံးလူက steal လုပ်သွားတယ်ဆိုတော့ ပိုပျော်တယ်… တကယ်တမ်း ကိုဗစ်ကြောင့် ထိလို့မရဘူးလို့ ပြောလို့… ထိလို့ရရင် ကိုအာဇာနည်ကို နောက်တစ်ခေါက် သွားဖက်ဦးမှာ”

သူမအနေနဲ့ ကိုအာဇာနည် က သူမကို ဘာကြောင့် safe လုပ်ခဲ့မှန်းမသိရှိခဲ့ပဲ ရွေးချယ်ခဲ့တာကိုပဲ အရမ်းကျေးဇူးတင်ပါတယ်လို့ G ကပြောပါတယ်။ ကိုအာဇာနည်ကတော့ သူမကို အသံကာလာကြိုက်တဲ့အတွက် ရွေးချယ်ခဲ့တယ်လို့ ပြောပေမယ့် သူမထက်ပိုကောင်းတဲ့ အဆိုရှင်တွေအများကြီးကျန်ရှိသေးနေပြီး အခုလိုအခွင့်အရေးပေးလာခိုက်မှာ ကိုRကြီးဆီက သင်ယူစရာရှိတာတွေ သင်ယူရမယ်လို့ G က ပြောပြပါတယ်။  “ကိုယ်ကိုတိုင်လည်း ဘာဆိုလို့ဘာဆိုရမှန်း မသိဘူး…ပြီးတော့ ဗမာသီချင်းဆိုဖို့ နည်းနည်းလေ့ကျင်ဖို့လိုတယ်ပေါ့…လေ့ကျင့်ဖို့လိုတယ်ဆိုတာ သီဆိုရင်အဆင်ပြေအောင်လို့… အဲ့တာလေး သင်ချင်တာပါ”

အခုလတ်တလောထွက်ပေါ်လာတဲ့ ကောလဟာလတွေနဲ့ ပတ်သတ်လို့တော့ သူမက  အခုလိုပဲ ဖြေရှင်းချက်ပေးပါတယ်။ “ညီမတကယ်တမ်းတော့ လိုက်မဖြေရှင်းချင်ဘူး… ဖြေရှင်းခဲ့တာတွေလည်း အများကြီးပဲ…လူတွေက သူတို့ထင်ချင်တဲ့အတိုင်း ဆက်ထင်နေကြတယ်ဆိုတော့ နောက်ဆုံးပြောချင်တာက ညီမကြောင့် တခြားလူ အဆဲမခံစေချင်ဘူး… ညီမကို မကြိုက်ရင် ညီမကိုပဲပြောကွာ… ကိုအာဇာနည်ကလည်း ညီမလုပ်ကျွေးမှ ရမယ့်သူလည်း မဟုတ်ဘူး… သူ့ဟာသူအစတည်းက အောင်မြင်နေတဲ့သူ… ဒီပြိုင်ပွဲကြီးကလည်း ဘဝမဟုတ်ဘူးကွာ… အရမ်းကြီးနိုင်ချင်နေတဲ့သူလည်း မဟုတ်ဘူး… သူ့ကိုပိုက်ဆံပေးပြီးတော့ အဲ့လိုလုပ်ခိုင်းဖို့ဆိုတာ အဝေးကြီးပဲ ကိုယ့်ကိုယ်ကိုတောင် မစဉ်းစားဖူးဘူး”

အာဇာနည်အနေနဲ့ သူမဘယ်သူဘယ်ဝါဆိုတာကိုတောင် ထိုရိုက်ကူးနေစဉ်အချိန်က သိရှိခဲ့ခြင်းမရှိပဲ အခုထုတ်လွှင်တဲ့အချိန်မှသာ လူတွေက ထင်ကြေးပေးပြီးလျှောက်ပြောနေကြတာဖြစ်တယ်လို့ ရင်ဖွင့်ပြောပြပါတယ်။  သူမက ချမ်းသာတဲ့မိသားစုက ဆင်းသက်လာသူဖြစ်လို့ အခုလိုငွေပေးပြီး နောက်တစ်ဆင့်ကို တက်လှမ်းတယ်လို့ စွတ်စွဲကြတဲ့အပေါ်မှာတော့ “ညီမကိုဘယ်သူမှန်း မသိရင်တောင်မှ… ဒီမိသားစုက ပိုက်ဆံရှိလား မရှိလား မသိရင် သူတို့အနေနဲ့ ထင်စရာအကြောင်းလည်း မရှိဘူး… အဆက်အသွယ်ရှိတယ်လို့ ထင်လို့သာ ဒီလိုလုပ်နိုင်တယ်လို့ ထင်ကြတယ်ပေါ့…အဲ့တာကြောင့်လည်း ညီမက မသိအောင်သွားပြိုင်တာ… ဒါပေမယ့် အဲ့တာက လူတွေကို နည်းနည်းလျှော့တွက်လိုက်သလို ဖြစ်သွားတယ်ပေါ့… ကိုယ့်ကိုမမှတ်မိဘူးလို့  ထင်နေတာ တကယ်တမ်းတော့ ချက်ချင်းတွေ မှတ်မိသွားကြတယ်” လို့ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

Battle Round မှာ သူမရဲ့ပြိုင်ဘက် T Kar ရွေးချယ်ခံခဲ့ရတဲ့အပေါ်မှာ G အနေနဲ့ အရမ်းကို ဝမ်းသာနေခဲ့ပြီး သူမကိုရွေးချယ်ခဲ့ရင်တောင် T Kar ကို အခြား coach တစ်ယောက်က Save ပါ့မလားဆိုပြီး စိတ်ပူနေခဲ့မိမှာလို့ ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။ G ရဲ့ အိပ်မက်ဆိုတာက ပရဟိတနဲ့ပဲ ပတ်သတ်ပြီး ဂီတပိုင်းကိုတော့ အားရင်အားသလို အပျော်သဘောပဲ လုပ်ဖြစ်မယ်လို့ သိရပါတယ်။ “ဒီအဆိုတစ်ခုတည်းနဲ့လည်း အရမ်းကြီး ပရိသတ်ရမှာ မဟုတ်ဘူး… ညီမကို အဆိုကောင်းလို့ ချစ်ကြတာလည်းမဟုတ်ဘူး… အဲ့လို lifestyle ကိုကြိုက်တယ်… ပရဟိတလုပ်တာကိုကြိုက်တယ်ဆိုတော့ အိပ်မက်ကတော့ အမျိုးသမီးတွေအတွက် အင်အားဖြစ်စေတဲ့ influencer လိုမျိုး ဖြစ်ချင်တယ်”

ပရိသတ်တို့ရေ G ကတော့ The Voice Myanmar ပြိုင်ပွဲမှာ ဘယ်အဆင့်ထိသွားမယ်ဆိုတဲ့ မျှော်မှန်းချက်မျိုးမရှိပဲ ဘယ်အဆင့်ထိရောက်နိုင်လဲဆိုတာ သိချင်လို့သာ လာပြိုင်ခြင်းဖြစ်တယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။  သူမကို ချစ်တဲ့ပရိသတ်တွေကိုလည်း သူမအနေနဲ့ အရမ်းကျေးဇူးတင်ပြီး မချစ်တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူမကိုဝေဖန်တိုက်ခိုက်ကြတဲ့ ကောမန့်တွေဟာလည်း ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းပါတယ်လို့ သူမက ဒဲ့ပြောရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ခဲ့ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *