ေယာက်ာ္းျဖစ္သူနဲ႔ အိမ္ေထာင္ေရး အဆင္ေျပသာယာတဲ့ အဓိကလွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့တဲ့ ဂြမ္းပံု

ပရိသတ္ႀကီးတို႔ေရ ဇာတ္ပို႔ဇာတ္ရံတစ္ဦးျဖစ္တဲ့ ဟာသမင္းသမီးတကၠသိုလ္ဂြမ္းပုံကေတာ့ သူမရဲ႕ပီျပင္လွတဲ့ ရယ္႐ႊင္ဖြယ္သ႐ုပ္ေဆာင္ခ်က္မ်ားနဲ႔ ခ်စ္စရာအျပဳအမူေလးမ်ားေၾကာင့္ ပရိသတ္ရဲ႕ခ်စ္ခင္ေလးစားမႈကို ႏွစ္ေပါင္းအေတာ္ၾကာ ရယူသိမ္းပိုက္ထားသူ တစ္ဦးလည္းျဖစ္ပါတယ္။  ဒီအင္တာဗ်ဴးေလးမွာေတာ့ တကၠသိုလ္ဂြမ္းပုံက ကိုဗစ္ကာလအတြင္းလႈပ္ရွားမႈေလးေတြနဲ႔ သာယာတဲ့အိမ္ေထာင္ေရးေလးကို တည္ေဆာက္ႏိုင္ခဲ့တဲ့ သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ေလးကိုလည္း အမ်ားသိေအာင္ မွ်ေဝေပးခဲ့ပါတယ္။ 

အင္တာဗ်ဴးအစပိုင္းမွာေတာ့ တကၠသိုလ္ဂြမ္းပုံက သူမရဲ႕ အိမ္ေထာင္ေရးနဲ႔ပတ္သတ္လို႔ ပရိသတ္ေတြရဲ႕ အထင္အျမင္လြဲျခင္း ခံခဲ့ရပုံကို ေျပာျပပါတယ္။ သူမအေနနဲ႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ သူမနဲ႔ခင္ပြန္းျဖစ္သူရဲ႕ လက္ခ်င္းခ်ိတ္ထားၾကတဲ့ပုံေလးေတြ၊ အျခား႐ိုေနၾကတဲ့ ပုံေလးေတြကို ပုံမွန္တင္ေပးတတ္ေပမယ့္ အခ်ိဳ႕ပရိသတ္ေတြက သူမကို အပ်ိဳႀကီးလို႔ ထင္မွတ္ေနဆဲျဖစ္တယ္လို႔ ရယ္ေမာၿပီး ေျပာျပပါတယ္။

မဂြန္းတို႔ရဲ႕ အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္မွာ “လွ်ာနဲ႔သြား” ဆိုသည့္အတိုင္း တစ္ခါတစ္ေလေတာ့ ရန္ျဖစ္ၾကတာ၊ စိတ္အေႏွာင္အယွက္ျဖစ္မိတာေလးေတြ ရွိၾကေပမယ့္ အျပန္အလွန္နားလည္မႈနဲ႔ပဲ အိမ္ေထာင္တစ္ခုကို သာယာေအာင္ တည္ေဆာက္ခဲ့ၾကရတယ္လို႔ ဆိုပါတယ္။”ေယာက်္ားနဲ႔မိန္းမဆိုတည္းက သဘာဝခ်င္းမတူၾကဘူး စိတ္ေတြကလည္းမတူၾကဘူး… ဒါေပမယ့္ အဲ့ဒါကို တကယ္တူေအာင္ ညႇိယူၾကရတဲ့ အိမ္ေထာင္ဖက္ေတြ ျဖစ္တဲ့အတြက္… ႏွစ္ဖက္မိဘေတြလည္း ဆုံၾကရတဲ့ အေျခအေနလည္းျဖစ္တယ္… အဲ့တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ အေရးႀကီးတာက နားလည္မႈပါပဲ”

မိဘနဲ႔သားသမီးျဖစ္ေစ၊ သူငယ္ခ်င္းအခ်င္းခ်င္းျဖစ္ေစ၊ အိမ္ေထာင္သည္ပဲ ျဖစ္ေစ၊ ရည္းစားပဲျဖစ္ေစ အားလုံးဟာ နားလည္မႈနဲ႔ ခ်ီတက္ေနမယ္ဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ေတြမျမင္ပဲ အခ်စ္ေတြသာဝင္ေနၿပီး ဘယ္ေတာ့မွရန္မျဖစ္ပဲ အဆင္ေျပတဲ့ ဆက္ဆံေရး၊ သာယာတဲ့ အိမ္ေထာင္ေရးေလးကို ရၾကမွာျဖစ္တယ္လို႔ ဂြမ္းစိန္က မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။ “ကိုယ္ေရွ႕အရမ္းေရာက္ေနရင္လည္း ေဘးနားကတစ္ေယာက္ကို တြဲေခၚရသလို၊ သူေရွ႕ေရာက္ေနရင္လည္း ကိုယ္ကလည္း မီေအာင္လိုက္ရတယ္… အေရးႀကီးတာက နားလည္မႈပါပဲ”

တကၠသိုလ္ဂြမ္းပုံအေနနဲ႔ လြန္ခဲ့တဲ့ဩဂုတ္လတုန္းက ဒါ႐ိုက္တာကိုခင္လႈိင္႐ိုက္ကူးတဲ့ “ဆိုးေပ” ဇာတ္လမ္းတြဲေလးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ႐ိုက္ကူးေနစဥ္အတြင္းမွာပဲ ကိုဗစ္ဒုတိယလႈိင္း ျပန္လည္ျဖစ္ေပၚလာတဲ့အတြက္ ႐ိုက္ကူးမႈကို ေခတၱရပ္နားထားရတယ္လို႔ သိရပါတယ္။အခုလို ရပ္နားထားတဲ့အခ်ိန္မွာေတာ့ ဂြမ္းပုံအေနနဲ႔ အြန္လိုင္းေရွာ္ပင္လုပ္ငန္းေလးေတြ လုပ္ကိုင္ေနၿပီး ကမ္းလွမ္းလာတဲ့ စိန္ဆိုင္ Live Sales ေတြ၊ အသားအရည္ထိန္းသိမ္းတဲ့ ထုတ္ကုန္ေလးေတြကို အြန္လိုင္းမွတဆင့္ ေရာင္းခ်ေပးေနတယ္လို႔ သိရပါတယ္။ 

ဂြမ္းပုံရဲ႕ ကိုယ္ပိုင္လုပ္ငန္းအေနနဲ႔ ထိုင္းႏိုင္ငံထုတ္ ေကာ္ဖီ၊ collagen နဲ႔ ခ်ိဳင္းျဖဴေဆးေလးေတြကို ေရာင္းခ်ေပးေနတယ္လို႔ ဆိုပါတယ္။ အခုလိုေရာင္းခ်ေပးတယ္ဆိုတာက ကိုဗစ္ကာလမွာ ကိုယ္ပိုင္စီးပြားေရးတစ္ခုကိုလုပ္ကိုင္ႏိုင္ၿပီး အနည္းဆုံးေတာ့ ေဈးဖိုးအတြက္ဖူလုံတယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာျပလာတာပဲ ျဖစ္ပါတယ္။  သူမေရာင္းခ်ေနတဲ့ ေကာ္ဖီနဲ႔ collagen ထုတ္ကုန္ေလးေတြကို သူမကိုယ္တိုင္ အရင္စမ္းသုံးၾကည့္ၿပီး သုံးၿပီးလို႔ ထိေရာက္မႈရွိတယ္ဆိုမွ ပရိသတ္ကို ျပန္လည္ေရာင္းခ်ေပးျခင္းျဖစ္တယ္လို႔ ရွင္းျပပါတယ္။ 

တကၠသိုလ္ဂြမ္းပုံက အသက္အ႐ြယ္ႀကီးလာႏွင့္အမွ် ဘုရားတရားကိုလည္း အခ်ိန္ေပးလုပ္ျဖစ္ေနၿပီး မိခင္ကြယ္လြန္သြားေပမယ့္ ဖခင္ရွိေနေသးတဲ့အတြက္ ဖခင္ႀကီးရဲ႕က်န္းမာေရးကို အနီးကပ္ျပဳစုေစာင့္ေရွာက္ႏိုင္ဖို႔ အိမ္မွာပဲ အြန္လိုင္းေရွာ္ပင္လုပ္ျဖစ္တာျဖစ္တယ္လို႔ ရင္ဖြင့္ေျပာျပပါတယ္။  ပရဟိတလုပ္ငန္းေလးေတြအေနနဲ႔လည္း ဂြမ္းပုံက “ေမတၱာအသေခ်ၤ” လို႔အမည္ရတဲ့ ပရဟိတအသင္းေလးကို သ႐ုပ္ေဆာင္ပြင့္နဒီေမာင္တို႔နဲ႔ စုေပါင္းတည္ေထာင္ထားၿပီး ကိုခင္လႈိင္ဦးေဆာင္တဲ့ “ဇဝန” အသင္းမွာလည္း သက္ႀကီးလူ႐ႊင္ေတာ္ေတြအတြက္ ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတယ္လို႔ ေျပာပါတယ္။

ပရိသတ္ႀကီးတို႔ေရ ျပည္သူ႔အခ်စ္ေတာ္ဂြမ္းစိန္လို႔ အမ်ားကေခၚေဝၚၾကတဲ့ တကၠသိုလ္ဂြမ္းပုံကေတာ့ ႐ုပ္ရွင္ေတြထဲမွာသာ ခ်စ္စရာ၊ ခင္စရာေကာင္းတာမဟုတ္ပဲ ျပင္ပဘဝမွာလည္း စိတ္ႏွလုံးထားလွပတဲ့ သူတစ္ေယာက္ျဖစ္တယ္ဆိုတာ အထက္ပါေျပာၾကားခ်က္မ်ားကို ဖတ္ရႈၿပီး သိရွိႏိုင္ပါတယ္။  တကၠသ္ုလ္ဂြမ္းပုံဟာဆိုရင္ ခင္ပြန္းျဖစ္သူနဲ႔အတူ သာယာတဲ့အိမ္ေထာင္ေရးေလးကို တည္ေဆာက္ထားႏိုင္႐ုံမွ်မက ကိုယ္ပိုင္စီးပြားေရးေလးလုပ္ကိုင္ၿပီး ဖခင္ျဖစ္သူကို ျပဳစုေစာင့္ေရွာက္ေပးေနသူ  တစ္ဦးလည္း ျဖစ္ပါတယ္။ အခုလို ေမတၱာတရားျပည့္ဝၿပီး ပရဟိတလုပ္ငန္းေတြမွာ လက္မေႏွးပဲ ပါဝင္လႉဒါန္းတတ္တဲ့ ဂြမ္းစိန္အတြက္ သာဓုေခၚဆို ဂုဏ္ျပဳေပးခဲ့ၾကပါအုံးေနာ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ ဇာတ်ပို့ဇာတ်ရံတစ်ဦးဖြစ်တဲ့ ဟာသမင်းသမီးတက္ကသိုလ်ဂွမ်းပုံကတော့ သူမရဲ့ပီပြင်လှတဲ့ ရယ်ရွှင်ဖွယ်သရုပ်ဆောင်ချက်များနဲ့ ချစ်စရာအပြုအမူလေးများကြောင့် ပရိသတ်ရဲ့ချစ်ခင်လေးစားမှုကို နှစ်ပေါင်းအတော်ကြာ ရယူသိမ်းပိုက်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။  ဒီအင်တာဗျူးလေးမှာတော့ တက္ကသိုလ်ဂွမ်းပုံက ကိုဗစ်ကာလအတွင်းလှုပ်ရှားမှုလေးတွေနဲ့ သာယာတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်နိုင်ခဲ့တဲ့ သူမရဲ့လျှို့ဝှက်ချက်လေးကိုလည်း အများသိအောင် မျှဝေပေးခဲ့ပါတယ်။ 

အင်တာဗျူးအစပိုင်းမှာတော့ တက္ကသိုလ်ဂွမ်းပုံက သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့ ပရိသတ်တွေရဲ့ အထင်အမြင်လွဲခြင်း ခံခဲ့ရပုံကို ပြောပြပါတယ်။ သူမအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူမနဲ့ခင်ပွန်းဖြစ်သူရဲ့ လက်ချင်းချိတ်ထားကြတဲ့ပုံလေးတွေ၊ အခြားရိုနေကြတဲ့ ပုံလေးတွေကို ပုံမှန်တင်ပေးတတ်ပေမယ့် အချို့ပရိသတ်တွေက သူမကို အပျိုကြီးလို့ ထင်မှတ်နေဆဲဖြစ်တယ်လို့ ရယ်မောပြီး ပြောပြပါတယ်။

မဂွန်းတို့ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ “လျှာနဲ့သွား” ဆိုသည့်အတိုင်း တစ်ခါတစ်လေတော့ ရန်ဖြစ်ကြတာ၊ စိတ်အနှောင်အယှက်ဖြစ်မိတာလေးတွေ ရှိကြပေမယ့် အပြန်အလှန်နားလည်မှုနဲ့ပဲ အိမ်ထောင်တစ်ခုကို သာယာအောင် တည်ဆောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။”ယောကျ်ားနဲ့မိန်းမဆိုတည်းက သဘာဝချင်းမတူကြဘူး စိတ်တွေကလည်းမတူကြဘူး… ဒါပေမယ့် အဲ့ဒါကို တကယ်တူအောင် ညှိယူကြရတဲ့ အိမ်ထောင်ဖက်တွေ ဖြစ်တဲ့အတွက်… နှစ်ဖက်မိဘတွေလည်း ဆုံကြရတဲ့ အခြေအနေလည်းဖြစ်တယ်… အဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အရေးကြီးတာက နားလည်မှုပါပဲ”

မိဘနဲ့သားသမီးဖြစ်စေ၊ သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ အိမ်ထောင်သည်ပဲ ဖြစ်စေ၊ ရည်းစားပဲဖြစ်စေ အားလုံးဟာ နားလည်မှုနဲ့ ချီတက်နေမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေမမြင်ပဲ အချစ်တွေသာဝင်နေပြီး ဘယ်တော့မှရန်မဖြစ်ပဲ အဆင်ပြေတဲ့ ဆက်ဆံရေး၊ သာယာတဲ့ အိမ်ထောင်ရေးလေးကို ရကြမှာဖြစ်တယ်လို့ ဂွမ်းစိန်က မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။ “ကိုယ်ရှေ့အရမ်းရောက်နေရင်လည်း ဘေးနားကတစ်ယောက်ကို တွဲခေါ်ရသလို၊ သူရှေ့ရောက်နေရင်လည်း ကိုယ်ကလည်း မီအောင်လိုက်ရတယ်… အရေးကြီးတာက နားလည်မှုပါပဲ”

တက္ကသိုလ်ဂွမ်းပုံအနေနဲ့ လွန်ခဲ့တဲ့ဩဂုတ်လတုန်းက ဒါရိုက်တာကိုခင်လှိုင်ရိုက်ကူးတဲ့ “ဆိုးပေ” ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရိုက်ကူးနေစဉ်အတွင်းမှာပဲ ကိုဗစ်ဒုတိယလှိုင်း ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် ရိုက်ကူးမှုကို ခေတ္တရပ်နားထားရတယ်လို့ သိရပါတယ်။အခုလို ရပ်နားထားတဲ့အချိန်မှာတော့ ဂွမ်းပုံအနေနဲ့ အွန်လိုင်းရှော်ပင်လုပ်ငန်းလေးတွေ လုပ်ကိုင်နေပြီး ကမ်းလှမ်းလာတဲ့ စိန်ဆိုင် Live Sales တွေ၊ အသားအရည်ထိန်းသိမ်းတဲ့ ထုတ်ကုန်လေးတွေကို အွန်လိုင်းမှတဆင့် ရောင်းချပေးနေတယ်လို့ သိရပါတယ်။ 

ဂွမ်းပုံရဲ့ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ ထိုင်းနိုင်ငံထုတ် ကော်ဖီ၊ collagen နဲ့ ချိုင်းဖြူဆေးလေးတွေကို ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။ အခုလိုရောင်းချပေးတယ်ဆိုတာက ကိုဗစ်ကာလမှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုလုပ်ကိုင်နိုင်ပြီး အနည်းဆုံးတော့ ဈေးဖိုးအတွက်ဖူလုံတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။  သူမရောင်းချနေတဲ့ ကော်ဖီနဲ့ collagen ထုတ်ကုန်လေးတွေကို သူမကိုယ်တိုင် အရင်စမ်းသုံးကြည့်ပြီး သုံးပြီးလို့ ထိရောက်မှုရှိတယ်ဆိုမှ ပရိသတ်ကို ပြန်လည်ရောင်းချပေးခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ 

တက္ကသိုလ်ဂွမ်းပုံက အသက်အရွယ်ကြီးလာနှင့်အမျှ ဘုရားတရားကိုလည်း အချိန်ပေးလုပ်ဖြစ်နေပြီး မိခင်ကွယ်လွန်သွားပေမယ့် ဖခင်ရှိနေသေးတဲ့အတွက် ဖခင်ကြီးရဲ့ကျန်းမာရေးကို အနီးကပ်ပြုစုစောင့်ရှောက်နိုင်ဖို့ အိမ်မှာပဲ အွန်လိုင်းရှော်ပင်လုပ်ဖြစ်တာဖြစ်တယ်လို့ ရင်ဖွင့်ပြောပြပါတယ်။  ပရဟိတလုပ်ငန်းလေးတွေအနေနဲ့လည်း ဂွမ်းပုံက “မေတ္တာအသင်္ချေ” လို့အမည်ရတဲ့ ပရဟိတအသင်းလေးကို သရုပ်ဆောင်ပွင့်နဒီမောင်တို့နဲ့ စုပေါင်းတည်ထောင်ထားပြီး ကိုခင်လှိုင်ဦးဆောင်တဲ့ “ဇဝန” အသင်းမှာလည်း သက်ကြီးလူရွှင်တော်တွေအတွက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။

ပရိသတ်ကြီးတို့ရေ ပြည်သူ့အချစ်တော်ဂွမ်းစိန်လို့ အများကခေါ်ဝေါ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံကတော့ ရုပ်ရှင်တွေထဲမှာသာ ချစ်စရာ၊ ခင်စရာကောင်းတာမဟုတ်ပဲ ပြင်ပဘဝမှာလည်း စိတ်နှလုံးထားလှပတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာ အထက်ပါပြောကြားချက်များကို ဖတ်ရှုပြီး သိရှိနိုင်ပါတယ်။  တက္ကသ်ုလ်ဂွမ်းပုံဟာဆိုရင် ခင်ပွန်းဖြစ်သူနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားနိုင်ရုံမျှမက ကိုယ်ပိုင်စီးပွားရေးလေးလုပ်ကိုင်ပြီး ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ပေးနေသူ  တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို မေတ္တာတရားပြည့်ဝပြီး ပရဟိတလုပ်ငန်းတွေမှာ လက်မနှေးပဲ ပါဝင်လှူဒါန်းတတ်တဲ့ ဂွမ်းစိန်အတွက် သာဓုခေါ်ဆို ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *