အြန္လိုင္းမွာ အသံေတြဝင္တဲ့အထိ Live လႊင့္ရင္း ေစ်းေရာင္းၿပီး အလုပ္ေတြႀကိဳးစားေနတယ္ဆိုတဲ့ ေဝလာရီ

ခ်စ္စရာေကာင္းတဲ့ မြန္မေလးလည္းျဖစ္သလို ပရိသတ္ေတြခ်စ္တဲ့ ႐ုပ္သံဇာတ္လမ္းတြဲမင္းသမီးတစ္လက္ျဖစ္တဲ့ ေဝလာရီကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ ေဝလာရီကိုေတာ့ ႏွင္းဆီ ဇာတ္ကားထဲမွာ ပရိသတ္ေတြအသိအမွတ္ျပဳခဲ့ၾကၿပီးလက္ရွိအခ်ိန္မွာအႏုပညာအလုပ္ေတြေတာက္ေလွ်ာက္လုပ္လာတဲ့ သူတစ္ေယာက္ပါ။  အခုရက္ပိုင္းမွာဆိုရင္ေတာ့ ေဝလာရီတစ္ေယာက္ သူမရဲ႕ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေလးျဖစ္တဲ့ J & W Clothing ကေန အဝတ္အထည္ေလးေတြေရာင္းေပးေနတဲ့အျပင္ အျခားကမ္းလွမ္းလာတဲ့ လုပ္ငန္းရွင္ေတြရဲ႕ ကုန္ပစၥည္း​ေလးေတြကိုလည္း ေစတနာေရွ႕ထားၿပီး ေဖ့စ္ဘြတ္ေပၚကေန Live Sales ေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ မင္းသမီးေခ်ာေလးေဝလာရီက မထက္ရဲ႕ Live Sales ေတြကို အၿမဲတမ္း ၾကည့္ရႈေလ့လာျဖစ္ေနၿပီး ကိုယ္တိုင္လည္း အသံေတြဝင္တဲ့အထိ ကုန္ပစၥည္းေလးေတြကို ေရာင္းခ်ေပးေနတယ္ဆိုတဲ့ အေၾကာင္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။ေဝလာရီအေနနဲ႔ကေတာ့ မူလတုန္းကာ သူတို႔ရဲ႕ကိုယ္ပိုင္လုပ္ငန္းျဖစ္တဲ့ J & W Clothing က ေရာင္းခ်ေပးေနတဲ့ ပစၥည္းေလးေတြကို Live လႊင့္ေရာင္းခ်မိရာမွာ အျခားေသာလုပ္ငန္းရွင္ေတြကပါ သတိထားမိၿပီး သူတို႔ရဲ႕ကုန္ပစၥည္းေလးေတြကိုပါ ေရာင္းခ်ေပးဖို႔ လာေရာက္ကမ္းလွမ္းခဲ့ၾကတာျဖစ္တယ္လို႔ ေဝလာရီကဆိုပါတယ္။

ေဝလာရီက ကုန္ပစၥည္းေတြကို လုပ္ငန္းရွင္ေတြ လာေရာက္မိတ္ဆက္တဲ့အခါ အရင္စမ္းသုံးၾကည့္ၿပီး သုံးၾကည့္လို႔အဆင္ေျပမွ ျပန္လည္ေရာင္းခ်ေပးတယ္လို႔ သိရပါတယ္။သူမ်ားပစၥည္းေလးေတြေရာင္းေပးတဲ့အခါ သူမရဲ႕ကိုယ္ပိုင္ပစၥည္းေလးေတြကို ေရာင္းေပးေနသကဲ့သို႔ ေစတနာေရွ႕ထားၿပီးေရာင္းခ်ေပးတယ္လို႔လည္း ေဝလာရီက ဆိုပါတယ္။အလုပ္လုပ္တဲ့အခါ တာဝန္အရလုပ္ေနတယ္လို႔ ယူဆမထားပဲ ေစတနာအရင္းခံၿပီး အရွိအတိုင္းပဲ ေရာင္းခ်ေပးတယ္လို႔ ေဝလာရီက ေျပာျပပါတယ္။ေဝလာရီကိုလာၿပီး ကမ္းလွမ္းၾကတဲ့ လုပ္ငန္းရွင္ေတြကလည္း တစ္ခါေရာင္းခ်ေပးၿပီးရင္ ေနာက္ထပ္ႏွစ္ခါသုံးခါ ျပန္လာအပ္ေလ့ရွိတယ္လို႔ ေဝလာရီက ေဝမွ်လာပါတယ္။

လုပ္ငန္းရွင္ေတြအေနနဲ႔ ကုန္ပစၥည္းေလးေတြေရာင္းခ်ေပးဖို႔ အခုလို ထပ္ခါတစ္လဲလဲ ျပန္လာအပ္ၾကတယ္ ဆိုတာကလည္း သူမရဲ႕ အလုပ္အေပၚမွာထားတဲ့ေစတနာ ေရာင္ျပန္ဟပ္တာျဖစ္တယ္လို႔ ေဝလာရီကယူဆေၾကာင္း ေျပာပါတယ္။ကုန္ပစၥည္းေတြေရာင္းခ်ေပးတဲ့အခါ နဂိုထက္အသံပိုက်ယ္လာၿပီး အားရပါးရေအာ္ဟစ္ၿပီး ေဈးေရာင္းတတ္တဲ့ အေပၚမွာ ေဝလာရီက”ေဝလာတို႔မိသားစုက အားအရမ္းပါတဲ့သူေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ေဈးေရာင္းရင္ ထိုင္ၿပီးမေရာင္းတတ္ဘူး… အထည္ေတြဆိုရင္လည္း မတ္တပ္ရပ္ၿပီးေတာ့ေရာင္းရတာကို ဝါသနာပါတယ္… ေကာမန႔္ေတြလည္း ေက်ာ္ဖတ္ေလ့မရွိပဲ ေတာင္းဆိုလာတဲ့ ပစၥည္းေလးေတြကို အရမ္းျပေပးခ်င္တယ္… စိန္ေ႐ႊရတနာေတြေရာင္းရင္ေတာ့ ေဝလာ ထိုင္ၿပီးေရာင္းပါတယ္… ထၿပီးေရာင္းရတဲ့ပစၥည္းေတြမွာဆို ေရာင္းရင္းနဲ႔ အားပါသြားလို႔ အခုဆို အသံေတြဝင္ေနတယ္… ကိုယ္က အဲ့ဒီ Live လႊင့္ေရာင္းတဲ့အခ်ိန္အတြင္းမွာ ေမ်ာပါသြားတာေပါ့ေနာ္… အဲ့အခ်ိန္မွာ ဗိုက္လည္းမဆာေတာ့ဘူး ထမင္းလည္းမဆာေတာ့ဘူး ေရလည္းမေသာက္ခ်င္ေတာ့ဘူး” လို႔ ေျပာၾကားရင္း အဲ့ဒီလို ထမင္းေမ့ဟင္းေမ့ ေဈးေရာင္းတတ္တဲ့ အတြက္ တစ္ခါတစ္ေလ အားပါၿပီး အသံေတြက်ယ္သြားရင္ ပရိသတ္ႀကီးက နားလည္ေပးပါလို႔ ေဝလာ့အေနနဲ႔ ေမတၱာရပ္ခံထားပါတယ္။

ေဝလာတို႔က လူငယ္ေတြျဖစ္ၾကတဲ့အတြက္ “ပညာရွာ ပမာသူဖုန္းစား” ဆိုသည့္အတိုင္း ကိုယ့္ထက္အသက္ႀကီးသူဆီကျဖစ္ေစ ကိုယ္နဲ႔သက္တူ႐ြယ္တူအခ်င္းခ်င္းဆီကျဖစ္ေစ ကိုယ့္ထက္ငယ္သူထံမွျဖစ္ေစ ပညာကိုေလ့လာသင္ယူတတ္ဖို႔ လိုတယ္လို႔ ေဝလာရီက မွ်ေဝလာပါတယ္။ ေဝလာရီဟာဆိုရင္လည္း ယေန႔ကာလရဲ႕ တစ္ေၾကာ့ျပန္ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးရဲ႕ Live Sales ေတြကို အၿမဲၾကည့္ၿပီး ေလ့လာျဖစ္တယ္လို႔ ဖြင့္ေျပာလာပါတယ္။

“ေဝလာကလည္း မအားဘူးေပါ့ေနာ္… မအားတဲ့အခါက်ေတာ့ ဘယ္လိုမ်ိဳးမွာ ၾကည့္ျဖစ္လည္းဆိုရင္ မိတ္ကပ္လိမ္းတဲ့ အခ်ိန္မွာ အသံနားေထာင္တာေပါ့ေနာ္… အရင္တုန္းကဆို မိတ္ကပ္လိမ္းတဲ့အခ်ိန္မွာ အေတြးေပါင္းစုံနဲ႔ ကိုယ့္ကိုယ္ကို အက်ိဳးမရွိဘူးလို႔ ခံစားရတယ္… အခုက်ေတာ့ မထက္ရဲ႕ Live ေလးကို ေလ့လာျဖစ္ေအာင္ Live ေလးကို ဖြင့္ထားၿပီးေတာ့ ေဝလာ အသံပဲ နားေထာင္တာေပါ့ေနာ္… မိတ္ကပ္ေတြလိမ္းရင္းနဲ႔ေလ ပါးစပ္ႀကီးကၿပဳံးေနမိတယ္ သိလား… မထက္ရဲ႕ အသံေလးကခ်စ္ဖို႔ေကာင္းေတာ့ေလ ပါးစပ္က ေအာ္တိုၿပဳံးေနမိတာေပါ့” လို႔ ေဝလာရီေလးက ရယ္ရယ္ေမာေမာနဲ႔ ေျပာလာပါတယ္။

ေဝလာရီအေနနဲ႔ Live လႊင့္ေဈးေရာင္းတဲ့အခါ ပရိသတ္ေတြကို ပိုၿပီးဆြဲေဆာင္လာႏိုင္ေအာင္ ပရိသတ္ေတာင္းဆိုတဲ့ သီခ်င္းဆိုျပတာေလးေတြ ကျပတာေလးေတြ လုပ္ျပေလ့ရွိတယ္လို႔ ေျပာျပပါတယ္။ အေရာင္း Live ၿပီးသြားတဲ့အခ်ိန္က်ရင္လည္း ပရိသတ္နဲ႔ ေႏြးေႏြးေထြးေထြး ေပါ့ေပါ့ပါးပါး စကားလက္ဆုံေျပာႏိုင္ဖို႔အတြက္ သီးသန႔္ Live တစ္ခု ထပ္လႊင့္ၿပီး make-up tips ေလးေတြ ​ေဝမွ်ေပးေလ့ရွိတယ္လို႔ သိရပါတယ္။

ပရိသတ္ႀကီးတို႔ေရ အဆိုေတာ္လိေမၼာ္သီးရဲ႕ ညီမေတာ္ မင္းသမီးေလး ေဝလာရၤကေတာ့ အခုရက္ပိုင္းမွာ Live Sales ေလးေတြ ခပ္စိတ္စိတ္ျပဳလုပ္လာတာကို ေတြ႕ရပါတယ္။ အခုလိုေရာင္းခ်ေပးစဥ္မွာလည္း ေဝလာရီအေနနဲ႔ ကိုယ္ပိုင္လုပ္ငန္းျဖစ္တဲ့ J & W Clothing က ပစၥည္းေလးေတြကို ေစတနာေရွ႕ထားၿပီး ေရာင္းေပးေန႐ုံမွ်မက အျခားသူေတြလာေရာက္ကမ္းလွမ္းထားတဲ့ ပစၥည္းေလးေတြကိုလည္း ကိုယ္တိုင္ ဆန္းစစ္ၿပီးမွ ေရာင္းခ်ေပးတာ ျဖစ္သည့္အတြက္ အရည္အေသြးပိုင္းအာမခံႏိုင္တာျဖစ္လို႔ ပရိသတ္ႀကီးအေနနဲ႔လည္း သြားေရာက္အားေပးၾကပါအုံးလို႔ ႏႈိးေဆာ္တိုက္တြန္းလိုက္ရပါတယ္။

Read in UNICODE

ချစ်စရာကောင်းတဲ့ မွန်မလေးလည်းဖြစ်သလို ပရိသတ်တွေချစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်တဲ့ ဝေလာရီကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဝေလာရီကိုတော့ နှင်းဆီ ဇာတ်ကားထဲမှာ ပရိသတ်တွေအသိအမှတ်ပြုခဲ့ကြပြီးလက်ရှိအချိန်မှာအနုပညာအလုပ်တွေတောက်လျှောက်လုပ်လာတဲ့ သူတစ်ယောက်ပါ။  အခုရက်ပိုင်းမှာဆိုရင်တော့ ဝေလာရီတစ်ယောက် သူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးဖြစ်တဲ့ J & W Clothing ကနေ အဝတ်အထည်လေးတွေရောင်းပေးနေတဲ့အပြင် အခြားကမ်းလှမ်းလာတဲ့ လုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းလေးတွေကိုလည်း စေတနာရှေ့ထားပြီး ဖေ့စ်ဘွတ်ပေါ်ကနေ Live Sales ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ မင်းသမီးချောလေးဝေလာရီက မထက်ရဲ့ Live Sales တွေကို အမြဲတမ်း ကြည့်ရှုလေ့လာဖြစ်နေပြီး ကိုယ်တိုင်လည်း အသံတွေဝင်တဲ့အထိ ကုန်ပစ္စည်းလေးတွေကို ရောင်းချပေးနေတယ်ဆိုတဲ့ အကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ဝေလာရီအနေနဲ့ကတော့ မူလတုန်းကာ သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ J & W Clothing က ရောင်းချပေးနေတဲ့ ပစ္စည်းလေးတွေကို Live လွှင့်ရောင်းချမိရာမှာ အခြားသောလုပ်ငန်းရှင်တွေကပါ သတိထားမိပြီး သူတို့ရဲ့ကုန်ပစ္စည်းလေးတွေကိုပါ ရောင်းချပေးဖို့ လာရောက်ကမ်းလှမ်းခဲ့ကြတာဖြစ်တယ်လို့ ဝေလာရီကဆိုပါတယ်။

ဝေလာရီက ကုန်ပစ္စည်းတွေကို လုပ်ငန်းရှင်တွေ လာရောက်မိတ်ဆက်တဲ့အခါ အရင်စမ်းသုံးကြည့်ပြီး သုံးကြည့်လို့အဆင်ပြေမှ ပြန်လည်ရောင်းချပေးတယ်လို့ သိရပါတယ်။သူများပစ္စည်းလေးတွေရောင်းပေးတဲ့အခါ သူမရဲ့ကိုယ်ပိုင်ပစ္စည်းလေးတွေကို ရောင်းပေးနေသကဲ့သို့ စေတနာရှေ့ထားပြီးရောင်းချပေးတယ်လို့လည်း ဝေလာရီက ဆိုပါတယ်။အလုပ်လုပ်တဲ့အခါ တာဝန်အရလုပ်နေတယ်လို့ ယူဆမထားပဲ စေတနာအရင်းခံပြီး အရှိအတိုင်းပဲ ရောင်းချပေးတယ်လို့ ဝေလာရီက ပြောပြပါတယ်။ဝေလာရီကိုလာပြီး ကမ်းလှမ်းကြတဲ့ လုပ်ငန်းရှင်တွေကလည်း တစ်ခါရောင်းချပေးပြီးရင် နောက်ထပ်နှစ်ခါသုံးခါ ပြန်လာအပ်လေ့ရှိတယ်လို့ ဝေလာရီက ဝေမျှလာပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းလေးတွေရောင်းချပေးဖို့ အခုလို ထပ်ခါတစ်လဲလဲ ပြန်လာအပ်ကြတယ် ဆိုတာကလည်း သူမရဲ့ အလုပ်အပေါ်မှာထားတဲ့စေတနာ ရောင်ပြန်ဟပ်တာဖြစ်တယ်လို့ ဝေလာရီကယူဆကြောင်း ပြောပါတယ်။ကုန်ပစ္စည်းတွေရောင်းချပေးတဲ့အခါ နဂိုထက်အသံပိုကျယ်လာပြီး အားရပါးရအော်ဟစ်ပြီး ဈေးရောင်းတတ်တဲ့ အပေါ်မှာ ဝေလာရီက”ဝေလာတို့မိသားစုက အားအရမ်းပါတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် ဈေးရောင်းရင် ထိုင်ပြီးမရောင်းတတ်ဘူး… အထည်တွေဆိုရင်လည်း မတ်တပ်ရပ်ပြီးတော့ရောင်းရတာကို ဝါသနာပါတယ်… ကောမန့်တွေလည်း ကျော်ဖတ်လေ့မရှိပဲ တောင်းဆိုလာတဲ့ ပစ္စည်းလေးတွေကို အရမ်းပြပေးချင်တယ်… စိန်ရွှေရတနာတွေရောင်းရင်တော့ ဝေလာ ထိုင်ပြီးရောင်းပါတယ်… ထပြီးရောင်းရတဲ့ပစ္စည်းတွေမှာဆို ရောင်းရင်းနဲ့ အားပါသွားလို့ အခုဆို အသံတွေဝင်နေတယ်… ကိုယ်က အဲ့ဒီ Live လွှင့်ရောင်းတဲ့အချိန်အတွင်းမှာ မျောပါသွားတာပေါ့နော်… အဲ့အချိန်မှာ ဗိုက်လည်းမဆာတော့ဘူး ထမင်းလည်းမဆာတော့ဘူး ရေလည်းမသောက်ချင်တော့ဘူး” လို့ ပြောကြားရင်း အဲ့ဒီလို ထမင်းမေ့ဟင်းမေ့ ဈေးရောင်းတတ်တဲ့ အတွက် တစ်ခါတစ်လေ အားပါပြီး အသံတွေကျယ်သွားရင် ပရိသတ်ကြီးက နားလည်ပေးပါလို့ ဝေလာ့အနေနဲ့ မေတ္တာရပ်ခံထားပါတယ်။

ဝေလာတို့က လူငယ်တွေဖြစ်ကြတဲ့အတွက် “ပညာရှာ ပမာသူဖုန်းစား” ဆိုသည့်အတိုင်း ကိုယ့်ထက်အသက်ကြီးသူဆီကဖြစ်စေ ကိုယ်နဲ့သက်တူရွယ်တူအချင်းချင်းဆီကဖြစ်စေ ကိုယ့်ထက်ငယ်သူထံမှဖြစ်စေ ပညာကိုလေ့လာသင်ယူတတ်ဖို့ လိုတယ်လို့ ဝေလာရီက မျှဝေလာပါတယ်။ ဝေလာရီဟာဆိုရင်လည်း ယနေ့ကာလရဲ့ တစ်ကြော့ပြန်ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးရဲ့ Live Sales တွေကို အမြဲကြည့်ပြီး လေ့လာဖြစ်တယ်လို့ ဖွင့်ပြောလာပါတယ်။

“ဝေလာကလည်း မအားဘူးပေါ့နော်… မအားတဲ့အခါကျတော့ ဘယ်လိုမျိုးမှာ ကြည့်ဖြစ်လည်းဆိုရင် မိတ်ကပ်လိမ်းတဲ့ အချိန်မှာ အသံနားထောင်တာပေါ့နော်… အရင်တုန်းကဆို မိတ်ကပ်လိမ်းတဲ့အချိန်မှာ အတွေးပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကို အကျိုးမရှိဘူးလို့ ခံစားရတယ်… အခုကျတော့ မထက်ရဲ့ Live လေးကို လေ့လာဖြစ်အောင် Live လေးကို ဖွင့်ထားပြီးတော့ ဝေလာ အသံပဲ နားထောင်တာပေါ့နော်… မိတ်ကပ်တွေလိမ်းရင်းနဲ့လေ ပါးစပ်ကြီးကပြုံးနေမိတယ် သိလား… မထက်ရဲ့ အသံလေးကချစ်ဖို့ကောင်းတော့လေ ပါးစပ်က အော်တိုပြုံးနေမိတာပေါ့” လို့ ဝေလာရီလေးက ရယ်ရယ်မောမောနဲ့ ပြောလာပါတယ်။

ဝေလာရီအနေနဲ့ Live လွှင့်ဈေးရောင်းတဲ့အခါ ပရိသတ်တွေကို ပိုပြီးဆွဲဆောင်လာနိုင်အောင် ပရိသတ်တောင်းဆိုတဲ့ သီချင်းဆိုပြတာလေးတွေ ကပြတာလေးတွေ လုပ်ပြလေ့ရှိတယ်လို့ ပြောပြပါတယ်။ အရောင်း Live ပြီးသွားတဲ့အချိန်ကျရင်လည်း ပရိသတ်နဲ့ နွေးနွေးထွေးထွေး ပေါ့ပေါ့ပါးပါး စကားလက်ဆုံပြောနိုင်ဖို့အတွက် သီးသန့် Live တစ်ခု ထပ်လွှင့်ပြီး make-up tips လေးတွေ ဝေမျှပေးလေ့ရှိတယ်လို့ သိရပါတယ်။

ပရိသတ်ကြီးတို့ရေ အဆိုတော်လိမ္မော်သီးရဲ့ ညီမတော် မင်းသမီးလေး ဝေလာင်္ရကတော့ အခုရက်ပိုင်းမှာ Live Sales လေးတွေ ခပ်စိတ်စိတ်ပြုလုပ်လာတာကို တွေ့ရပါတယ်။ အခုလိုရောင်းချပေးစဉ်မှာလည်း ဝေလာရီအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ J & W Clothing က ပစ္စည်းလေးတွေကို စေတနာရှေ့ထားပြီး ရောင်းပေးနေရုံမျှမက အခြားသူတွေလာရောက်ကမ်းလှမ်းထားတဲ့ ပစ္စည်းလေးတွေကိုလည်း ကိုယ်တိုင် ဆန်းစစ်ပြီးမှ ရောင်းချပေးတာ ဖြစ်သည့်အတွက် အရည်အသွေးပိုင်းအာမခံနိုင်တာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့လည်း သွားရောက်အားပေးကြပါအုံးလို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *