(၉)ႏွစ္တာေပါင္းသင္းခဲ့တဲ့ ေယာက်္ားျဖစ္သူနဲ႔ ကြဲကြာခဲ့ရတဲ့ အဓိကအေၾကာင္းရင္းကို ေျပာျပခဲ့တဲ့ ၾကဴၾကဴသင္း

သ႐ုပ္ေဆာင္ ၾကဴၾကဴသင္းကေတာ့ ဟာသ ဇာတ္ပို႔သ႐ုပ္ေဆာင္ဘဝနဲ႔ ႏွစ္ေပါင္းမ်ားစြာ ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို ယခုထက္တိုင္ရရွိေနသူတစ္ဦးပါ။ ​အန္တီၾကဴသင္းကို အရင္ဗီဒီယိုကားေတြမွ အေတြ႕ရမ်ားၿပီး ေနာက္ပိုင္းမွာ ႐ုပ္ရွင္နဲ႔ဇာတ္လမ္းတြဲအနည္းငယ္မွာ ပါဝင္႐ိုက္ကူးတာေတြ႕ရေပမယ့္ ကိုယ္တိုင္စီးပြားေရးလုပ္ငန္းေလးေတြကိုလည္း အဆင္ေျပသလို လုပ္ကိုင္ေဆာင္႐ြက္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ အန္တီၾကဴသင္းတစ္ေယာက္ (၉) ႏွစ္တာေပါင္းသင္းခဲ့တဲ့ ေယာက်္ားနဲ႔ကြဲကြာသြားခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကို ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ အန္တီၾကဴသင္းအေနနဲ႔ အိမ္ေထာင္က်ေနစဥ္တည္းက တစ္ေယာက္တစ္ေနရာ တစ္နယ္ျခား ေနၾကရတာျဖစ္တဲ့အတြက္ အခုလို အိမ္ေထာင္ကြဲၿပီး တစ္ေယာက္တည္း ႐ုန္းကန္ရတာမ်ိဳးက သိပ္ၿပီး မထူးျခားလွဘူးလို႔ ေျပာပါတယ္။ 

တခ်ိဳ႕ဆိုသူမကို အိမ္ေထာင္ရွိစဥ္က အိမ္ေထာင္ရွိမွန္းေတာင္ မသိၾကပဲ “အပ်ိဳႀကီးလား” လို႔ ေမးျမန္းၾကတဲ့အခါ ရင္ထဲနင့္သြားေအာင္ ခံစားခဲ့ရဖူးတယ္လို႔ အန္တီၾကဴသင္းက ရင္ဖြင့္ပါတယ္။အန္တီၾကဴသင္းက သူမမွာ အိမ္ေထာင္ရွိေၾကာင္း ျပန္လည္ေျပာဆိုေသာ္ျငားလည္း အမ်ားကေတာ့ သူမရဲ႕ခင္ပြန္းျဖစ္သူကို မျမင္ဖူးၾကတဲ့အတြက္ ဒီလိုဆက္သြားေနမယ္ဆိုရင္ေတာ့ မထူးဘူးလို႔ ယူဆၿပီး ႏွစ္ဦးသေဘာတူ လမ္းခြဲလိုက္ၾကျခင္းျဖစ္တယ္လို႔ သိရပါတယ္။ 

အေဝးမွာခြဲခြာေနရျခင္းက အိမ္ေထာင္ကြဲျခင္းရဲ႕ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ေတာ့ မဟုတ္ပဲ အျခားအဆင္မေျပတာေလးေတြလည္း ရွိခဲ့တယ္လို႔ အန္တီၾကဴသင္းက ပြင့္ပြင့္လင္းလင္း ေျပာျပပါတယ္။ ယခင္ကေတာ့ အန္တီၾကဴသင္းအေနနဲ႔ သူမအိမ္ေထာင္ကြဲခဲ့တဲ့အေၾကာင္းကို ျပန္လည္ေျပာျပရင္ ဝမ္းနည္းလြန္းလို႔ ဆက္မေျပာႏိုင္ခဲ့ေပမယ့္ အခုေတာ့ အဆင္ေျပသြားၿပီလို႔ ေျပာပါတယ္။ 

အန္တီၾကဴသင္းကေတာ့ အခုအခ်ိန္မွာ သူမရဲ႕ အိမ္ေထာင္ဖက္ေဟာင္းဟာ ဘယ္သူျဖစ္တယ္ဆိုတာကို ထုတ္ေဖာ္ေျပာလိုျခင္း မရွိေတာ့ပဲ သူတို႔ႏွစ္ေယာက္ လမ္းခြဲခဲ့ရတာက “မီးေဝးရင္ ခ်ိတ္မာတယ္” ဆိုတဲ့ျမန္မာစကားပုံအတိုင္း အေနေဝးလို႔ ေသြးေအးသြားတဲ့သေဘာမ်ိဳး ျဖစ္တယ္လို႔ သိရပါတယ္။ “သူ႔ကိုလည္း အျပစ္မေျပာပါဘူး… သူ ဘယ္သူဆိုတာလည္း အမနဲ႔ပတ္သတ္ၿပီး သိတဲ့သူေတြေတာ္ေတာ္မ်ားမ်ားက သိတယ္ေလ… ဘယ္သူေမးေမး သူ႔ရဲ႕ေနာက္ေၾကာင္းလည္း မေျပာျပေတာ့ဘူး… ကိုယ္ အိမ္ေထာင္နဲ႔ကြဲသြားတယ္ဆိုတာကိုပဲ ေျပာျဖစ္ေတာ့တယ္” လို႔ ဝမ္းနည္းသံစြက္ၿပီး ရင္ဖြင့္ေျပာျပလာပါတယ္။ 

အန္တီၾကဴသင္းအေနနဲ႔ မိဘေတြမရွိေတာ့တဲ့အခ်ိန္ အသက္ႀကီးမွ အိမ္ေထာင္က်ခဲ့တာျဖစ္လို႔ ထိုအိမ္ေထာင္ကိုၿမဲေစခ်င္ခဲ့ေပမယ့္ ျဖစ္ေပၚလာတဲ့ကံၾကမၼာေပၚမူတည္ၿပီး ေနာက္ဆုတ္လိုက္တဲ့သေဘာ ျဖစ္တယ္လို႔ ေျပာျပပါတယ္။ “သူ႔ကိုကိုယ္က အျပစ္လည္းမေျပာ ဒုကၡလည္းမေပးသလို သူကလည္း အမအေပၚကို ဒုကၡလည္း မေပးဘူး… အျပစ္လည္း မေျပာပါဘူး… တစ္ေယာက္နဲ႔တစ္ေယာက္က နားလည္မႈေတြေတာ့ ရွိၾကပါတယ္”

စစခ်င္းလမ္းခြဲၿပီးေနာက္ပိုင္းမွာေတာ့ “ငါမွ ျဖစ္ရေလျခင္း” ဆိုၿပီး အလြန္ဝမ္းနည္းခဲ့ေပမယ့္ ေအာင္ဇဗၺဴဆရာေတာ္ႀကီးဆီမွာ အဓိဌာန္ဝင္တရားအားထုတ္ၿပီး မိမိစိတ္ကို ျပန္လည္ထိန္းေၾကာင္းခဲ့ရတယ္လို႔ ဆိုပါတယ္။ အစပ္ိုင္းမွာ ေမးခြန္းေတြေမးျမန္းလာမွာကို စိုးရိမ္သည့္အတြက္ လူေတြနဲ႔မေတြ႕ေအာင္ေနထိုင္ခဲ့တယ္လို႔ အန္တီၾကဴသင္းက ဆိုပါတယ္။  “ကိုယ့္ခံစားခ်က္က မ်က္လုံးမွာ ေပၚတယ္ေလ… ပါးစပ္ကရယ္ေနေပမယ့္ မ်က္လုံးမွာ သက္ေသေတြရွိတာကိုး… ကိုယ့္ကိုယ္ကိုလည္း ဂုဏ္သိမ္ငယ္ေနတယ္ေပါ့ေနာ္… သူမ်ားေတြကကိုယ့္ကို ႐ိုး႐ိုးၾကည့္တာေတာင္မွ ငါ့ကိုႏွိမ္ၿပီးၾကည့္တာလား ေပါ့… သူတို႔ဟာသူတို႔ ေျပာဆိုေနၾကရင္ေတာင္ ငါအေၾကာင္းမ်ားသိလို႔ ေျပာေနၾကတာလား” စသည္ျဖင့္ အန္တီၾကဴသင္းအေနနဲ႔ လိပ္ျပာမလုံခဲ့တဲ့အတြက္ ေအာင္ဇဗၺဴေက်ာင္းမွာ တစ္လကိုးသီတင္းသြားေနၿပီး တရားထိုင္၊ အဓိဌာန္ဝင္ခဲ့ရာမွာ ႏွစ္ႏွစ္ေလာက္ထိ ၾကာသြားခဲ့ၿပီးေတာ့မွ လူေတြႏွင့္ျပန္ေတြ႕ၿပီး ကားေတြဘာေတြ ျပန္႐ိုက္ျဖစ္ခဲ့တာလို႔ သိရပါတယ္။

အဲ့ဒီလို အႏုပညာအလုပ္ေတြျပန္လုပ္ျဖစ္ေနတုန္း စစခ်င္းမွာ လုပ္ေဖာ္ကိုင္ဖက္ေတြကို အိမ္ေထာင္ကြဲတဲ့ကိစၥအေၾကာင္း အသိမေပးရေသးတဲ့အတြက္ “ဟိုက လာေသးလား… လိုက္မသြားဘူးလား” စသည္ျဖင့္ ခင္ပြန္းသည္အေၾကာင္း ေမးျမန္းလာတဲ့သူေတြကို လိမ္လည္ေျဖၾကားခဲ့မိတယ္လို႔ ဝမ္းနည္းစြာရင္ဖြင့္ေျပာဆိုပါတယ္။

ေနာက္ပိုင္းတျဖည္းျဖည္းနဲ႔ ဥပုသ္သီလေတြေဆာက္တည္ေနရင္းက မုသားေတြက်ဴးလြန္မိေနတဲ့ သူမရဲ႕စိတ္ကို မသတီေတာ့တဲ့အတြက္ အားလုံးကို အမွန္အတိုင္း ေျပာျပခဲ့တယ္လို႔ သိရပါတယ္။  “ေျပာေျပာခ်င္းတုန္းကေတာ့ အမ မ်က္ရည္က်မိတယ္… မ်က္ရည္က်မိတဲ့အတြက္ အမရဲ႕ ပရိသတ္ေတြေရာ လူႀကီးေတြေရာက ဟယ္နင္ငိုၿပီးေျပာေတာ့ ငါတို႔ေတာင္ မ်က္ရည္က်တယ္ဟယ္လို႔ ေျပာလာေတာ့ ငါ့ေၾကာင့္သူမ်ားေတြမ်က္ရည္က်မိတယ္” လို႔ ခံစားမိၿပီး ဒီအေၾကာင္းကို မေျပာလိုေတာ့တဲ့အတြက္ အင္တာဗ်ဴးေတြက္ိုလည္း သူမကို အိမ္ေထာင္ေရးအေၾကာင္း ေမးျမန္းျခင္းမျပဳဖို႔ ႀကိဳတင္ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ရတယ္လို႔ အန္တီၾကဴသင္းက ဆိုပါတယ္။ 

အခုက်ေတာ့လည္း အသက္အ႐ြယ္အရ ရင့္က်က္သြားၿပီျဖစ္တဲ့အတြက္ ယခုကာလမွာ ကိုယ္တိုင္ရင္ဆိုင္႐ုန္းကန္ေနရတဲ့ဒုကၡဆိုတာ အိမ္ေထာင္ကြဲတဲ့ကိစၥနဲ႔ ႏႈိင္းယွဥ္လွ်င္ ေသးငယ္လြန္းတယ္လို႔ အန္တီၾကဴသင္းက ပြင့္ပြင့္လင္းလင္း ေျပာျပပါတယ္။ ဒါေပမယ့္ အန္တီၾကဴသင္းအေနနဲ႔ သူမ်ားစုံတြဲေလးေတြျမင္ရင္ အားက်မိၿပီး “ငါ အဲ့ဒီလို မျဖစ္ခဲ့ရဘူး” ဆိုၿပီး စိတ္အားငယ္မိေပမယ့္ မျဖစ္ႏိုင္ေတာ့သည့္ ကံကို ထပ္ၿပီးဖန္တီးလို႔မရေတာ့ဘူးလို႔ပဲ စိတ္ဆုံးျဖတ္ရတယ္လို႔ ရင္ဖြင့္လာပါတယ္။

အန္တီၾကဴသင္းက ငယ္စဥ္တည္းက တစ္ဦးတည္းေသာသမီးအေနနဲ႔ ေမြးဖြားလာခဲ့သူျဖစ္ၿပီး ေဆြမ်ိဳးေတြရဲ႕ မိသားစုသိုက္သိုက္ဝန္းဝန္းနဲ႔ ေမာင္ႏွမစုံစုံလင္လင္ ေနထိုင္ၾကတာကို အၿမဲအားက်ခဲ့ရသူ ျဖစ္ပါတယ္။ “ကိုယ္က တစ္ဦးတည္းေသာသမီးဆိုေတာ့ ေဖေဖရယ္ေမေမရယ္ ကိုယ္ရယ္ပဲ ရွိတာေလ… ေဖေဖနဲ႔ေမေမမရွိၾကေတာ့လည္း အခုကိုယ္တစ္ေယာက္တည္းပဲ… ဒါေပမယ့္ အားက်တာေပါ့ေနာ္… ေပ်ာ္ေပ်ာ္ပါးပါးသိုက္သိုက္ဝန္းဝန္းနဲ႔ ေနတဲ့ မိသားစုေလးေတြကို ေတြ႕ရင္ အားက်တယ္… ကိုယ္လည္း အဲ့ဒီလို ေနခ်င္တာေပါ့”ေနာက္ဆုံးမွာေတာ့ အန္တီၾကဴသင္းအေနနဲ႔ ကိုယ့္မိသားစုနဲ႔ကိုယ္၊ ကိုယ့္ဘဝေလးနဲ႔ကိုယ္ ေနခ်င္ၾကေပမယ့္ မျဖစ္လာတဲ့သူေတြအတြက္ ကိုယ္လက္ရွိျဖစ္ေပၚလာတဲ့အေပၚမွာ ရပ္တည္ၿပီးေတာ့ ေကာင္းေအာင္ေနႏိုင္ဖို႔သာ အေရးႀကီးတယ္လို႔ အားေပးစကားေျပာထားပါတယ္။

Read in UNICODE

သရုပ်ဆောင် ကြူကြူသင်းကတော့ ဟာသ ဇာတ်ပို့သရုပ်ဆောင်ဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါ။ အန်တီကြူသင်းကို အရင်ဗီဒီယိုကားတွေမှ အတွေ့ရများပြီး နောက်ပိုင်းမှာ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲအနည်းငယ်မှာ ပါဝင်ရိုက်ကူးတာတွေ့ရပေမယ့် ကိုယ်တိုင်စီးပွားရေးလုပ်ငန်းလေးတွေကိုလည်း အဆင်ပြေသလို လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ အန်တီကြူသင်းတစ်ယောက် (၉) နှစ်တာပေါင်းသင်းခဲ့တဲ့ ယောကျ်ားနဲ့ကွဲကွာသွားခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အန်တီကြူသင်းအနေနဲ့ အိမ်ထောင်ကျနေစဉ်တည်းက တစ်ယောက်တစ်နေရာ တစ်နယ်ခြား နေကြရတာဖြစ်တဲ့အတွက် အခုလို အိမ်ထောင်ကွဲပြီး တစ်ယောက်တည်း ရုန်းကန်ရတာမျိုးက သိပ်ပြီး မထူးခြားလှဘူးလို့ ပြောပါတယ်။ 

တချို့ဆိုသူမကို အိမ်ထောင်ရှိစဉ်က အိမ်ထောင်ရှိမှန်းတောင် မသိကြပဲ “အပျိုကြီးလား” လို့ မေးမြန်းကြတဲ့အခါ ရင်ထဲနင့်သွားအောင် ခံစားခဲ့ရဖူးတယ်လို့ အန်တီကြူသင်းက ရင်ဖွင့်ပါတယ်။အန်တီကြူသင်းက သူမမှာ အိမ်ထောင်ရှိကြောင်း ပြန်လည်ပြောဆိုသော်ငြားလည်း အများကတော့ သူမရဲ့ခင်ပွန်းဖြစ်သူကို မမြင်ဖူးကြတဲ့အတွက် ဒီလိုဆက်သွားနေမယ်ဆိုရင်တော့ မထူးဘူးလို့ ယူဆပြီး နှစ်ဦးသဘောတူ လမ်းခွဲလိုက်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

အဝေးမှာခွဲခွာနေရခြင်းက အိမ်ထောင်ကွဲခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်တော့ မဟုတ်ပဲ အခြားအဆင်မပြေတာလေးတွေလည်း ရှိခဲ့တယ်လို့ အန်တီကြူသင်းက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ ယခင်ကတော့ အန်တီကြူသင်းအနေနဲ့ သူမအိမ်ထောင်ကွဲခဲ့တဲ့အကြောင်းကို ပြန်လည်ပြောပြရင် ဝမ်းနည်းလွန်းလို့ ဆက်မပြောနိုင်ခဲ့ပေမယ့် အခုတော့ အဆင်ပြေသွားပြီလို့ ပြောပါတယ်။ 

အန်တီကြူသင်းကတော့ အခုအချိန်မှာ သူမရဲ့ အိမ်ထောင်ဖက်ဟောင်းဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောလိုခြင်း မရှိတော့ပဲ သူတို့နှစ်ယောက် လမ်းခွဲခဲ့ရတာက “မီးဝေးရင် ချိတ်မာတယ်” ဆိုတဲ့မြန်မာစကားပုံအတိုင်း အနေဝေးလို့ သွေးအေးသွားတဲ့သဘောမျိုး ဖြစ်တယ်လို့ သိရပါတယ်။ “သူ့ကိုလည်း အပြစ်မပြောပါဘူး… သူ ဘယ်သူဆိုတာလည်း အမနဲ့ပတ်သတ်ပြီး သိတဲ့သူတွေတော်တော်များများက သိတယ်လေ… ဘယ်သူမေးမေး သူ့ရဲ့နောက်ကြောင်းလည်း မပြောပြတော့ဘူး… ကိုယ် အိမ်ထောင်နဲ့ကွဲသွားတယ်ဆိုတာကိုပဲ ပြောဖြစ်တော့တယ်” လို့ ဝမ်းနည်းသံစွက်ပြီး ရင်ဖွင့်ပြောပြလာပါတယ်။ 

အန်တီကြူသင်းအနေနဲ့ မိဘတွေမရှိတော့တဲ့အချိန် အသက်ကြီးမှ အိမ်ထောင်ကျခဲ့တာဖြစ်လို့ ထိုအိမ်ထောင်ကိုမြဲစေချင်ခဲ့ပေမယ့် ဖြစ်ပေါ်လာတဲ့ကံကြမ္မာပေါ်မူတည်ပြီး နောက်ဆုတ်လိုက်တဲ့သဘော ဖြစ်တယ်လို့ ပြောပြပါတယ်။ “သူ့ကိုကိုယ်က အပြစ်လည်းမပြော ဒုက္ခလည်းမပေးသလို သူကလည်း အမအပေါ်ကို ဒုက္ခလည်း မပေးဘူး… အပြစ်လည်း မပြောပါဘူး… တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုတွေတော့ ရှိကြပါတယ်”

စစချင်းလမ်းခွဲပြီးနောက်ပိုင်းမှာတော့ “ငါမှ ဖြစ်ရလေခြင်း” ဆိုပြီး အလွန်ဝမ်းနည်းခဲ့ပေမယ့် အောင်ဇဗ္ဗူဆရာတော်ကြီးဆီမှာ အဓိဌာန်ဝင်တရားအားထုတ်ပြီး မိမိစိတ်ကို ပြန်လည်ထိန်းကြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အစပိုင်းမှာ မေးခွန်းတွေမေးမြန်းလာမှာကို စိုးရိမ်သည့်အတွက် လူတွေနဲ့မတွေ့အောင်နေထိုင်ခဲ့တယ်လို့ အန်တီကြူသင်းက ဆိုပါတယ်။  “ကိုယ့်ခံစားချက်က မျက်လုံးမှာ ပေါ်တယ်လေ… ပါးစပ်ကရယ်နေပေမယ့် မျက်လုံးမှာ သက်သေတွေရှိတာကိုး… ကိုယ့်ကိုယ်ကိုလည်း ဂုဏ်သိမ်ငယ်နေတယ်ပေါ့နော်… သူများတွေကကိုယ့်ကို ရိုးရိုးကြည့်တာတောင်မှ ငါ့ကိုနှိမ်ပြီးကြည့်တာလား ပေါ့… သူတို့ဟာသူတို့ ပြောဆိုနေကြရင်တောင် ငါအကြောင်းများသိလို့ ပြောနေကြတာလား” စသည်ဖြင့် အန်တီကြူသင်းအနေနဲ့ လိပ်ပြာမလုံခဲ့တဲ့အတွက် အောင်ဇဗ္ဗူကျောင်းမှာ တစ်လကိုးသီတင်းသွားနေပြီး တရားထိုင်၊ အဓိဌာန်ဝင်ခဲ့ရာမှာ နှစ်နှစ်လောက်ထိ ကြာသွားခဲ့ပြီးတော့မှ လူတွေနှင့်ပြန်တွေ့ပြီး ကားတွေဘာတွေ ပြန်ရိုက်ဖြစ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို အနုပညာအလုပ်တွေပြန်လုပ်ဖြစ်နေတုန်း စစချင်းမှာ လုပ်ဖော်ကိုင်ဖက်တွေကို အိမ်ထောင်ကွဲတဲ့ကိစ္စအကြောင်း အသိမပေးရသေးတဲ့အတွက် “ဟိုက လာသေးလား… လိုက်မသွားဘူးလား” စသည်ဖြင့် ခင်ပွန်းသည်အကြောင်း မေးမြန်းလာတဲ့သူတွေကို လိမ်လည်ဖြေကြားခဲ့မိတယ်လို့ ဝမ်းနည်းစွာရင်ဖွင့်ပြောဆိုပါတယ်။

နောက်ပိုင်းတဖြည်းဖြည်းနဲ့ ဥပုသ်သီလတွေဆောက်တည်နေရင်းက မုသားတွေကျူးလွန်မိနေတဲ့ သူမရဲ့စိတ်ကို မသတီတော့တဲ့အတွက် အားလုံးကို အမှန်အတိုင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။  “ပြောပြောချင်းတုန်းကတော့ အမ မျက်ရည်ကျမိတယ်… မျက်ရည်ကျမိတဲ့အတွက် အမရဲ့ ပရိသတ်တွေရော လူကြီးတွေရောက ဟယ်နင်ငိုပြီးပြောတော့ ငါတို့တောင် မျက်ရည်ကျတယ်ဟယ်လို့ ပြောလာတော့ ငါ့ကြောင့်သူများတွေမျက်ရည်ကျမိတယ်” လို့ ခံစားမိပြီး ဒီအကြောင်းကို မပြောလိုတော့တဲ့အတွက် အင်တာဗျူးတွေကိုလည်း သူမကို အိမ်ထောင်ရေးအကြောင်း မေးမြန်းခြင်းမပြုဖို့ ကြိုတင်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ အန်တီကြူသင်းက ဆိုပါတယ်။ 

အခုကျတော့လည်း အသက်အရွယ်အရ ရင့်ကျက်သွားပြီဖြစ်တဲ့အတွက် ယခုကာလမှာ ကိုယ်တိုင်ရင်ဆိုင်ရုန်းကန်နေရတဲ့ဒုက္ခဆိုတာ အိမ်ထောင်ကွဲတဲ့ကိစ္စနဲ့ နှိုင်းယှဉ်လျှင် သေးငယ်လွန်းတယ်လို့ အန်တီကြူသင်းက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ ဒါပေမယ့် အန်တီကြူသင်းအနေနဲ့ သူများစုံတွဲလေးတွေမြင်ရင် အားကျမိပြီး “ငါ အဲ့ဒီလို မဖြစ်ခဲ့ရဘူး” ဆိုပြီး စိတ်အားငယ်မိပေမယ့် မဖြစ်နိုင်တော့သည့် ကံကို ထပ်ပြီးဖန်တီးလို့မရတော့ဘူးလို့ပဲ စိတ်ဆုံးဖြတ်ရတယ်လို့ ရင်ဖွင့်လာပါတယ်။

အန်တီကြူသင်းက ငယ်စဉ်တည်းက တစ်ဦးတည်းသောသမီးအနေနဲ့ မွေးဖွားလာခဲ့သူဖြစ်ပြီး ဆွေမျိုးတွေရဲ့ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ မောင်နှမစုံစုံလင်လင် နေထိုင်ကြတာကို အမြဲအားကျခဲ့ရသူ ဖြစ်ပါတယ်။ “ကိုယ်က တစ်ဦးတည်းသောသမီးဆိုတော့ ဖေဖေရယ်မေမေရယ် ကိုယ်ရယ်ပဲ ရှိတာလေ… ဖေဖေနဲ့မေမေမရှိကြတော့လည်း အခုကိုယ်တစ်ယောက်တည်းပဲ… ဒါပေမယ့် အားကျတာပေါ့နော်… ပျော်ပျော်ပါးပါးသိုက်သိုက်ဝန်းဝန်းနဲ့ နေတဲ့ မိသားစုလေးတွေကို တွေ့ရင် အားကျတယ်… ကိုယ်လည်း အဲ့ဒီလို နေချင်တာပေါ့”နောက်ဆုံးမှာတော့ အန်တီကြူသင်းအနေနဲ့ ကိုယ့်မိသားစုနဲ့ကိုယ်၊ ကိုယ့်ဘဝလေးနဲ့ကိုယ် နေချင်ကြပေမယ့် မဖြစ်လာတဲ့သူတွေအတွက် ကိုယ်လက်ရှိဖြစ်ပေါ်လာတဲ့အပေါ်မှာ ရပ်တည်ပြီးတော့ ကောင်းအောင်နေနိုင်ဖို့သာ အရေးကြီးတယ်လို့ အားပေးစကားပြောထားပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *