ေယာက်ာ္းပီသလြန္းတဲ့ စည္ၿဖိဳးရဲ႕ စိတ္ဓာတ္ကို ခ်ီးက်ဴးခဲ့တဲ့ ခင္လွိုင္

ခင္လႈိင္တို႔ ဇနီးေမာင္ႏွံကေတာ့ ႏိုဝင္ဘာလ (၅) ရက္ေန႔တုန္းက ျပဳလုပ္ခဲ့တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို႔ရဲ႕ မဂၤလာဆြမ္းေကြၽးကို တက္ေရာက္ခဲ့ၾကပါတယ္။ စည္ၿဖိဳးတို႔ ဇနီးေမာင္ႏွံအေနနဲ႔ ကိုယ္ဝန္ရေနၿပီလို႔ သိၿပီးမွ မဂၤလာပြဲ ျပဳလုပ္ခဲ့တဲ့ အေပၚ ခင္လႈိင္က အခုလို ခ်ီးက်ဴးစကားဆိုထားပါတယ္။ “ သူတို႔ရဲ႕ စိတ္ဓာတ္ေလးက အရမ္းခ်စ္စရာေကာင္းပါတယ္။ အမွန္ဆို ကေလးကိစၥက ကိုယ့္သာသာကိုယ္ ၾကည့္ရွင္းလိုက္လို႔ရတာပဲေလ။ ဒါေပမယ့္ ႏွစ္ေယာက္စလုံးက ဘာသာတရားကိုင္းရႈိင္းလြန္းတဲ့ မိသားစုကေန

ေပါက္ဖြားလာတဲ့ ကေလးေတြ ျဖစ္တယ္။ အခုခ်ိန္မွာ ယူမွျဖစ္ေတာ့မယ္ဆိုၿပီးေတာ့ သူတို႔ ခ်က္ခ်င္း အေကာင္အထည္ေဖာ္လိုက္တယ္။ အခုလည္း ယူမွာ ေနာက္လည္း ယူၾကမယ့္ သူေတြဆိုတာ အကုန္သိပါတယ္။ ဒီလိုပဲ ျဖစ္ရမယ္ ဒါက ေယာက်ၤားေကာင္းတစ္ေယာက္ရဲ႕ လုပ္ရပ္လို႔ ျမင္တယ္၊ သမီးေလးဆိုလည္း အမ်ိဳးသမီးေကာင္း တစ္ေယာက္ရဲ႕ လုပ္ရပ္လို႔ ျမင္တယ္။ ေအာင္ျမင္ဖို႔ ႀကိဳးစားတဲ့ အႏုပညာရွင္ဆိုတာ ကအေရးမႀကီးဘူး တျဖည္းျဖည္းခ်င္းသြားလို႔ရတယ္။ ဒီေလာကမွာ အိမ္ေထာင္ရွင္

အႏုပညာရွင္ေတြ အမ်ားႀကီးပါ” လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။ စည္ၿဖိဳးတို႔ မိသားစုရဲ႕ ေခြၽးမ တစ္ဦးျဖစ္လာတဲ့ ခင္လႊမ္းကလည္း ကေလးခ်စ္တတ္သူျဖစ္သလို တကယ္ကို လိမၼာယဥ္ေက်းတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တယ္လို႔ ခင္လႈိင္က ဆိုပါတယ္။ ေခြၽးမကို သမီးတစ္ေယာက္လို ခ်စ္ၾကတဲ့ စည္ၿဖိဳးတို႔ရဲ႕ မိသားစုဝင္ေတြေၾကာင့္ ခင္လႊမ္းဟာ တကယ္ကို ကံေကာင္းတယ္လို႔ ခင္လႈိင္ ေျပာပါတယ္။ “ ခင္လႊမ္းတို႔ စည္ၿဖိဳးတို႔ကလည္း တကယ္ကို ကေလးခ်စ္တတ္တယ္။ ကြၽန္ေတာ္တို႔ ေျမးေလးေတြကိုေတာင္ သူတို႔ ေတာ္ေတာ္ကို ခ်စ္ၾကတာ။ ခင္လႊမ္းက

တကယ္ကံေကာင္းတဲ့သူပါ။ ေယာကၡမနဲ႔ ေခြၽးမဆိုတဲ့ အတားအဆီး အုတ္တံတိုင္းေတြက ဒီေခတ္မွာ မရွိသင့္ေတာ့ဘူးလို႔ ျမင္တယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္နားလည္မႈရွိရမယ္။ တကယ္ကို ခ်စ္တတ္တဲ့ ႏွလုံးသားနဲ႔ ခ်စ္မယ္ဆိုရင္ ေခြၽးမေတြ၊ ေယာကၡမေတြ၊ သားမက္ေတြ ဆိုတာ မရွိပါဘူး။ ေယာကၡမေတြဘက္က ကိုယ့္သမီး၊ ကိုယ့္သားေလးလို႔ ျမင္ရင္ တစ္ဖက္ကလည္း အေဖတစ္ေယာက္၊ အေမ တစ္ေယာက္လိုေတာ့ ျမင္ဖို႔လိုတာေပါ့” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္ ခင္လႈိင္ဟာ

႐ုပ္ရွင္ဘက္မွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ရပ္တည္လာရင္း အခုဆိုရင္ ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးေတြေတာင္ရွိေနပါၿပီ။ အႏုပညာေလာကသားအားလုံးနဲ႔လည္း အရမ္းကို ရင္းရင္းႏွီးႏွီး ရွိသူ တစ္ဦးပါ။ သူဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႔ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလႉေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလႉေငြမ်ားေကာက္ခံကာ သြားေရာက္လႉ ဒါန္းခဲ့တာ ကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

ခင်လှိုင်တို့ ဇနီးမောင်နှံကတော့ နိုဝင်ဘာလ (၅) ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို တက်ရောက်ခဲ့ကြပါတယ်။ စည်ဖြိုးတို့ ဇနီးမောင်နှံအနေနဲ့ ကိုယ်ဝန်ရနေပြီလို့ သိပြီးမှ မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ အပေါ် ခင်လှိုင်က အခုလို ချီးကျူးစကားဆိုထားပါတယ်။ “ သူတို့ရဲ့ စိတ်ဓာတ်လေးက အရမ်းချစ်စရာကောင်းပါတယ်။ အမှန်ဆို ကလေးကိစ္စက ကိုယ့်သာသာကိုယ် ကြည့်ရှင်းလိုက်လို့ရတာပဲလေ။ ဒါပေမယ့် နှစ်ယောက်စလုံးက ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ မိသားစုကနေ

ပေါက်ဖွားလာတဲ့ ကလေးတွေ ဖြစ်တယ်။ အခုချိန်မှာ ယူမှဖြစ်တော့မယ်ဆိုပြီးတော့ သူတို့ ချက်ချင်း အကောင်အထည်ဖော်လိုက်တယ်။ အခုလည်း ယူမှာ နောက်လည်း ယူကြမယ့် သူတွေဆိုတာ အကုန်သိပါတယ်။ ဒီလိုပဲ ဖြစ်ရမယ် ဒါက ယောင်္ကျားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လို့ မြင်တယ်၊ သမီးလေးဆိုလည်း အမျိုးသမီးကောင်း တစ်ယောက်ရဲ့ လုပ်ရပ်လို့ မြင်တယ်။ အောင်မြင်ဖို့ ကြိုးစားတဲ့ အနုပညာရှင်ဆိုတာ ကအရေးမကြီးဘူး တဖြည်းဖြည်းချင်းသွားလို့ရတယ်။ ဒီလောကမှာ အိမ်ထောင်ရှင်

အနုပညာရှင်တွေ အများကြီးပါ” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ စည်ဖြိုးတို့ မိသားစုရဲ့ ချွေးမ တစ်ဦးဖြစ်လာတဲ့ ခင်လွှမ်းကလည်း ကလေးချစ်တတ်သူဖြစ်သလို တကယ်ကို လိမ္မာယဉ်ကျေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်လို့ ခင်လှိုင်က ဆိုပါတယ်။ ချွေးမကို သမီးတစ်ယောက်လို ချစ်ကြတဲ့ စည်ဖြိုးတို့ရဲ့ မိသားစုဝင်တွေကြောင့် ခင်လွှမ်းဟာ တကယ်ကို ကံကောင်းတယ်လို့ ခင်လှိုင် ပြောပါတယ်။ “ ခင်လွှမ်းတို့ စည်ဖြိုးတို့ကလည်း တကယ်ကို ကလေးချစ်တတ်တယ်။ ကျွန်တော်တို့ မြေးလေးတွေကိုတောင် သူတို့ တော်တော်ကို ချစ်ကြတာ။ ခင်လွှမ်းက

တကယ်ကံကောင်းတဲ့သူပါ။ ယောက္ခမနဲ့ ချွေးမဆိုတဲ့ အတားအဆီး အုတ်တံတိုင်းတွေက ဒီခေတ်မှာ မရှိသင့်တော့ဘူးလို့ မြင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုရှိရမယ်။ တကယ်ကို ချစ်တတ်တဲ့ နှလုံးသားနဲ့ ချစ်မယ်ဆိုရင် ချွေးမတွေ၊ ယောက္ခမတွေ၊ သားမက်တွေ ဆိုတာ မရှိပါဘူး။ ယောက္ခမတွေဘက်က ကိုယ့်သမီး၊ ကိုယ့်သားလေးလို့ မြင်ရင် တစ်ဖက်ကလည်း အဖေတစ်ယောက်၊ အမေ တစ်ယောက်လိုတော့ မြင်ဖို့လိုတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ သရုပ်ဆောင် ခင်လှိုင်ဟာ

ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ အနုပညာလောကသားအားလုံးနဲ့လည်း အရမ်းကို ရင်းရင်းနှီးနှီး ရှိသူ တစ်ဦးပါ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *