စိန္ထည္ပစၥည္းေတြေရာင္းေပးရင္း အိတ္ထဲ မေတာ္တဆပါလာခဲ့တဲ့ တန္ဖိုးႀကီး စိန္လက္စြပ္ေလးကို ကိုယ္ခ်င္းစာစိတ္နဲ႔ ခ်က္ခ်င္း ပိုင္ရွင္ကိုျပန္ေပးခဲ့တယ္ဆိုတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္

ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ က်ရာဇာတ္႐ုပ္မ်ိဳးစုံကို သဘာဝက်က်နဲ႔ ပီျပင္ေအာင္ ဖန္တီးႏိုင္စြမ္းရွိတာ ျဖစ္ပါတယ္ ။ ႏႈိင္းယွဥ္ျမင့္မိုရ္က သ႐ုပ္ေဆာင္စြမ္းရည္လည္းျပည့္ဝသူျဖစ္လို႔ ပရိသတ္ေတြရဲ႕အားေပးမႈကိုပါ အခိုင္အမာရရွိထားတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္လည္း ႏႈိင္းယွဥ္ျမင့္မိုရ္က ဗီဒီယိုဇာတ္ကားေတြ၊

႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြ အမ်ားအျပားမွာ ပါဝင္သ႐ုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္တဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္က စီးပြားေရးကိုလည္း အာ႐ုံစိုက္လုပ္ကိုင္ေနတာ ျဖစ္ပါတယ္ ။ လတ္တေလာမွာေတာ့ ႏႈိင္းယွဥ္ျမင့္မိုရ္က ရတနာဆိုင္ေတြရဲ႕ပစၥည္းေတြကို Live

လႊင့္ၿပီး ကိုယ္စားေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္ ။ အခုလည္း ႏႈိင္းယွဥ္ျမင့္မိုရ္က သူမရဲ႕အိတ္ထဲကိုပါလာတဲ့ စိန္လက္စြပ္တစ္ကြင္းကို ဆိုင္ပိုင္ရွင္ထံျပန္လည္အပ္ႏွံခဲ့ပုံေလးကို ေျပာျပထားတာ ျဖစ္ပါတယ္။ ႏႈိင္းယွဥ္ျမင့္မိုရ္က “မေန႔က စိန္ေရာင္းေနရင္း လည္ပင္းနာလာေတာ့ အိတ္ကိုေပါင္ေပၚတင္ၿပီး

ငုံေဆးထုတ္စားတာ ဒီလက္စြပ္ေလးက ဘယ္ကဘယ္လို အိတ္ထဲက်သြားမွန္းမသိဘူး အိမ္ျပန္ေရာက္ရင္ အိတ္ထဲကပစၥည္းေတြအၿမဲထုတ္ ေဆးျဖန္းေနေတာ့ လက္စြပ္ေလးထြက္လာတယ္ ဟယ္ ဆိုင္ကပါလာပါလားဆိုၿပီး အန္တီေရဆိုၿပီးဖုန္းဆက္အက်ိဳးအေၾကာင္းေျပာျပေတာ့ သမီးရယ္

အဲ့အသံေလးကို record ေတာင္သြင္းထားရဦးမွာဆိုၿပီး ေက်းဇူးတင္ေၾကာင္းေတြတဖြဖြေျပာတယ္ ေလာကႀကီးမွာ ကိုယ္ခ်င္းစာစိတ္က အေရးႀကီးတာပါ သူ႔ေနရာမွာ ငါဆိုတဲ့စိတ္ဝင္တာနဲ႔ အားလုံးေအးခ်မ္းသြားၾကလိမ့္မယ္ ” ဆိုၿပီး သူမရဲ႕ေလးစားဖြယ္ေကာင္းတဲ့လုပ္ရပ္ေလးတစ္ခုကို ေျပာျပထားတာပဲ ျဖစ္ပါတယ္ ။

Read in UNICODE

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျနဲ့ ပီပြင်အောင် ဖန်တီးနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ နှိုင်းယှဉ်မြင့်မိုရ်က သရုပ်ဆောင်စွမ်းရည်လည်းပြည့်ဝသူဖြစ်လို့ ပရိသတ်တွေရဲ့အားပေးမှုကိုပါ အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နှိုင်းယှဉ်မြင့်မိုရ်က ဗီဒီယိုဇာတ်ကားတွေ၊

ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ အများအပြားမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်က စီးပွားရေးကိုလည်း အာရုံစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ နှိုင်းယှဉ်မြင့်မိုရ်က ရတနာဆိုင်တွေရဲ့ပစ္စည်းတွေကို Live

လွှင့်ပြီး ကိုယ်စားရောင်းချပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့အိတ်ထဲကိုပါလာတဲ့ စိန်လက်စွပ်တစ်ကွင်းကို ဆိုင်ပိုင်ရှင်ထံပြန်လည်အပ်နှံခဲ့ပုံလေးကို ပြောပြထားတာ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “မနေ့က စိန်ရောင်းနေရင်း လည်ပင်းနာလာတော့ အိတ်ကိုပေါင်ပေါ်တင်ပြီး

ငုံဆေးထုတ်စားတာ ဒီလက်စွပ်လေးက ဘယ်ကဘယ်လို အိတ်ထဲကျသွားမှန်းမသိဘူး အိမ်ပြန်ရောက်ရင် အိတ်ထဲကပစ္စည်းတွေအမြဲထုတ် ဆေးဖြန်းနေတော့ လက်စွပ်လေးထွက်လာတယ် ဟယ် ဆိုင်ကပါလာပါလားဆိုပြီး အန်တီရေဆိုပြီးဖုန်းဆက်အကျိုးအကြောင်းပြောပြတော့ သမီးရယ်

အဲ့အသံလေးကို record တောင်သွင်းထားရဦးမှာဆိုပြီး ကျေးဇူးတင်ကြောင်းတွေတဖွဖွပြောတယ် လောကကြီးမှာ ကိုယ်ချင်းစာစိတ်က အရေးကြီးတာပါ သူ့နေရာမှာ ငါဆိုတဲ့စိတ်ဝင်တာနဲ့ အားလုံးအေးချမ်းသွားကြလိမ့်မယ် ” ဆိုပြီး သူမရဲ့လေးစားဖွယ်ကောင်းတဲ့လုပ်ရပ်လေးတစ်ခုကို ပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source : Nhying Shin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *