အိမ္ေထာင္ကြဲၿပီး စိတ္ဓာတ္ေတြက်ေနတဲ့အခ်ိန္မွာ ျပန္ေတြ႕ခဲ့တဲ့ ငယ္ခ်စ္ေဟာင္းကို ျပန္လက္ခံဖို႔ စဥ္းစားေနတယ္ဆိုတဲ့ မ်ိဳးစႏၵီေက်ာ္

ပရိသတ္ႀကီးတို႔ေရ တစ္ခ်ိန္တစ္ခါက အခ်စ္ေတာ္ သ႐ုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက အႏုပညာရပ္ဝန္းမွာ အေတြ႕ရနည္းခဲ့ေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ဇာတ္လမ္းတြဲေတြသာမက ႐ုပ္ရွင္ကားႀကီးေတြပါ ႐ိုက္ကူးလာတာကို ေတြ႕ျမင္ေနရတာပဲ ျဖစ္ပါတယ္။သ႐ုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္ဟာ အခုဆိုရင္ ခ်စ္စရာသမီးေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး အိမ္ေထာင္ဖက္ေဟာင္းနဲ႔ကေတာ့ အဆင္မေျပမႈေတြေၾကာင့္ တရားဝင္ကြာရွင္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။ 

အခုရက္ပိုင္းမွာေတာ့မ်ိဳးစႏၵီေက်ာ္က ကိုဗစ္ကာလ အကူအညီလိုအပ္ေနသူအခ်ိဳ႕ကို ကူညီေထာက္ပံ့မႈေလး​ေတြ ဦးေဆာင္ျပဳလုပ္ေနတာကို လူမႈကြန္ရက္ထက္မွာ ေတြ႕ရပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္က အိမ္ေထာင္ကြဲၿပီး စိတ္ဓာတ္ေတြက်ေနတဲ့အခ်ိန္မွာ ျပန္ေတြ႕ခဲ့တဲ့ ငယ္ခ်စ္ေဟာင္းနဲ႔ပတ္သတ္လို႔ ရင္ဖြင့္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးရဲ႕အစပိုင္းမွာေတာ့ မ်ိဳးစႏၵီေက်ာ္က သူမရဲ႕ ငယ္ခ်စ္ဦးနဲ႔ပတ္သတ္ၿပီး တကယ္ခ်စ္တဲ့သူကသူ႔အလိုလို ေျပာင္းလဲတတ္လာတယ္ဆိုတဲ့အေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာဆိုလာတာပဲ ျဖစ္ပါတယ္။

သူမရဲ႕ခ်စ္သူဟာဆိုရင္ ပညာတတ္တစ္ေယာက္ျဖစ္ၿပီး တစ္ခုခုဆိုရင္ အရမ္းေခါင္းမာတတ္သူျဖစ္တဲ့အတြက္ သူ႔ရဲ႕ အက်င့္ဗီဇဟာဆိုရင္ ေျပာင္းလဲလာလိမ့္မွာ မဟုတ္ဘူးလို႔ မ်ိဳးစႏၵီေက်ာ္အေနနဲ႔ ကနဦးပိုင္းမွာ ယူဆခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ခ်စ္သူရဲ႕ျပဳျပင္ေျပာင္းလဲလာမႈေတြကို သူမအေနနဲ႔ သတိျပဳမိလာတယ္လို႔ အခုလို ေျပာျပပါတယ္။ “သူကေလ အမေတြ႕ဖူးတဲ့သူ ေတာ္ေတာ္မ်ားမ်ားနဲ႔မတူဘူး… ေခါင္းမာတယ္… သူယုံၾကည္တဲ့အရာကို လုပ္ရဲတဲ့သတၱိရွိတယ္… ေယာက်္ားစစ္တယ္ေပါ့ေနာ္… သူကိုယ္တိုင္င္ ေျပာင္းလဲခဲ့တယ္လို႔ ထုတ္ေျပာခဲ့တာ မဟုတ္ဘူး… အမက ေအာ္ သူေျပာင္းလဲေနတာပဲဆိုၿပီး သတိထားမိခဲ့တာ”မ်ိဳးစႏၵီေက်ာ္က သူမတို႔စုံတြဲနဲ႔ ပတ္သတ္လို႔ ပရိသတ္ေတြစိတ္ပူရမယ့္ပုံစံမ်ိဳးမဟုတ္ပဲ ေအးေအးေဆးေဆးေႏြးေႏြးေထြးေထြးသာ ျဖစ္တယ္လို႔ ရွင္းလင္းေျပာၾကားထားပါေသးတယ္။

သူမအေနနဲ႔ ေရွ႕ကႀကဳံေတြ႕ဖူးတဲ့ အမွားေတြလည္း ရွိခဲ့တဲ့အတြက္ သမီးေလးကသာ အေရးႀကီးၿပီး ဘာပဲလုပ္လုပ္ သမီးေလးဘက္ကသာ ျဖည့္ေတြးၿပီး ဆုံးျဖတ္မွာျဖစ္တယ္လို႔လည္း ပြင့္ပြင့္လင္းလင္း ေျပာျပပါတယ္။ အခုလိုဆိုလိုက္လို႔ သူမရဲ႕အခ်စ္ေရးကို ေပါ့ျပက္ျပက္သေဘာထားတာမ်ိဳး မဟုတ္ပဲ သူမနဲ႔ခ်စ္သူရဲ႕ အေၾကာင္းကေတာ့ ေျပာရမွာရွည္လ်ားလြန္းတဲ့အတြက္ ေနာက္ထပ္အင္တာဗ်ဴးတစ္ခုနဲ႔ သီးသန႔္ေမးျမန္းမွသာ ျပည့္ျပည့္စုံစုံ ေျဖၾကားႏိုင္မွာ ျဖစ္တယ္လို႔ ရယ္ေမာေျပာဆိုခဲ့ပါတယ္။ လက္ရွိခ်စ္သူနဲ႔ သူမဟာဆိုရင္ အခုမွသိၾကတာမဟုတ္ပဲ ငယ္စဥ္တည္းက သိကြၽမ္းျဖစ္ခဲ့ၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။ေနာက္ပိုင္းမွာ အဆက္အသြယ္ျပတ္သြားခဲ့ၿပီး သူမလည္း အိမ္ေထာင္က်သြားခဲ့သလိုသူမရဲ႕ငယ္ခ်စ္ဦးဟာလည္း သူဟာသူေအးရာေအးေၾကာင္း လုပ္စရာရွိတာလုပ္ရင္း ျဖတ္သန္းေနထိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

သူမအိမ္ေထာင္ဖက္ေဟာင္းနဲ႔ အဆင္မေျပျဖစ္လို႔ တရားဝင္ကြာရွင္းခဲ့ၿပီး အႏုပညာအလုပ္ေတြရပ္နားထားတဲ့အခ်ိန္မွာ ထိုငယ္ခ်စ္ဦးနဲ႔ ျပန္ေတြ႕ခဲ့ရတာျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီအခ်ိန္က သူမအေနနဲ႔ ကား႐ိုက္ေတြေရာ ပြဲတက္ေတြကိုပါ ရပ္နားထားခဲ့ၿပီး စိတ္ဓာတ္ေတြက်ေနခ်ိန္ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ ငယ္ခ်စ္ဦးက အႏုပညာေတြျပန္လုပ္ျဖစ္ဖို႔ နဲ႔ စိတ္ဓာတ္မက်ဖို႔ အားေပးစကားေတြေျပာၿပီး ခြန္အားျဖစ္ေစခဲ့တယ္လို႔ သူမအေနနဲ႔ ရင္ဖြင့္ေျပာျပပါတယ္။ “သူနဲ႔ျပန္ေတြ႕တဲ့အခ်ိန္မွာ အမက အိမ္ေထာင္ကြဲၿပီး စိတ္ဓာတ္က်ေနတဲ့အခ်ိန္ေပါ့… ဘယ္ပြဲမွလည္း မတက္ေတာ့ဘူး… အဲ့ဒီအခ်ိန္မွာ သူက အမကို စိတ္ဓာတ္ခြန္အားေတြေပးတယ္… ဒီအလုပ္ကို ျပန္လုပ္ျဖစ္ေအာင္လည္း တြန္းအားေပးခဲ့တယ္… အကိုတစ္ေယာက္လို ဆရာတစ္ေယာက္လို အစစအရာရာ ကူညီေပးခဲ့လို႔ ဒုတိယအႀကိမ္ျပန္လက္ခံဖို႔ ဆိုတာကို စဥ္းစားျဖစ္တာေပါ့” သူမနဲ႔ ခ်စ္သူတို႔ဟာဆိုရင္ အခုမွ သိတဲ့သူေတြ မဟုတ္တဲ့အတြက္ တစ္ေယာက္အေၾကာင္းကို တစ္ေယာက္က ေကာင္းေကာင္းသိေနၿပီး ခ်စ္သူေမာင္က သူမတစ္ေယာက္တည္းအတြက္သာ မဟုတ္ပဲ သမီးျဖစ္သူအတြက္ပါ ထည့္သြင္းစဥ္းစားေပးတတ္သူမ်ိဳး ျဖစ္တဲ့အတြက္ ျပန္လည္စဥ္းစားေပးခဲ့တာျဖစ္တယ္လို႔ မ်ိဳးစႏၵီေက်ာ္က ေျပာပါတယ္။ 

တစ္ခါတစ္ေလမွာ လူေတြက “အခ်ိန္မွန္ လူမွန္” လို႔ ေျပာၾကတဲ့အေပၚ မ်ိဳးစႏၵီေက်ာ္က အခ်ိန္က်လာလို႔ လူမွန္နဲ႔ေတြ႕ရတာလားေတာ့ မေသခ်ာေပမယ့္ အခုခ်ိန္ထိေတာ့ အဲ့ဒီသေဘာတရားအတိုင္း မွန္ကန္တယ္လို႔ ဆိုပါတယ္။ သူမကနဦးယူဆခဲ့တာက စိတ္ခ်မ္းသာရင္ ဝလာတယ္လို႔ ထင္ျမင္ခဲ့ၿပီး တကယ္ေတာ့ စိတ္ဆင္းရဲမွ stress ေတြမ်ားၿပီး ဝလာတတ္တာျဖစ္တယ္လို႔ ဆိုပါတယ္ အခုဆိုရင္ သူမအေနနဲ႔ ေပါင္(၅၀) ဝိတ္က်ခဲ့တာျဖစ္ၿပီး (၁၃၀) ေပါင္ ကိုယ္အေလးခ်ိန္ပဲ ရွိေတာ့တယ္လို႔ သိရပါတယ္။ သူမအေနနဲ႔ ေလ့က်င့္ခန္းကို ေထြေထြထူးထူး ျပဳလုပ္စရာမလိုပဲ အေျပးေလ့က်င့္တာရယ္ ခ်စ္သူက အရမ္းဂ႐ုစိုက္ေတာ့ စိတ္ခ်မ္းသာတာရယ္ေၾကာင့္ ဝိတ္က်လာတာျဖစ္မယ္လို႔ ဂုဏ္ယူစြာနဲ႔ ေျဖၾကားခဲ့ပါတယ္။

သူမရဲ႕ ခ်စ္သူဟာဆိုရင္လည္း သူမကို အရမ္းဂ႐ုစိုက္ေပးတတ္ၿပီး မ်က္ႏွာကိုတစ္ခ်က္အညႇိဳးမခံတတ္တဲ့ လူစားအမ်ိဳးျဖစ္တယ္လို႔ မ်ိဳးစႏၵီေက်ာ္က ဆိုပါတယ္။  ပရိသတ္ေတြဆို သူ႔ရဲ႕ ခ်စ္သူနဲ႔ဆက္ဆံေရးအေၾကာင္း အခ်ိန္မီမခ်ျပခဲ့တာက ေခ်မိုးေနခ်င္လို႔မဟုတ္ပဲ အခုလို ကိုဗစ္ကပ္ေရာဂါေၾကာင့္ ပရိသတ္ေတြစိတ္ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ သူမရဲ႕ အခ်စ္ေရးသတင္းတစ္ခုေၾကာင့္ မ်က္စိဆံပင္ေမႊးဆူးမယ့္ ကိစၥမ်ိဳး မျဖစ္ေစခ်င္လို႔သာ ဆိတ္ဆိတ္ေနခဲ့တာျဖစ္တယ္လို႔ ရွင္းလင္းေျပာဆိုခဲ့ပါတယ္။  မ်ိဳးစႏၵီေက်ာ္ဟာဆိုရင္ သူမရဲ႕ ခ်စ္သူကို သူမကိုယ္တိုင္ သေကၤတတက္တူး ႏွစ္ပုံထိုးေပးခဲ့တာျဖစ္ၿပီး ကိုယ္တိုင္ကအသားနာမွာေၾကာက္လို႔ တက္တူးမထိုးျဖစ္ေပမယ့္ ခ်စ္သူက ကိုယ္တိုင္ထိုးေပးပါလို႔ ေတာင္းဆိုလာတဲ့အတြက္ ထိုးေပးလိုက္ရတာျဖစ္တယ္လို႔ ေျပာျပပါတယ္။ 

သူမကိုယ္တိုင္ကလည္း ယခင္က တက္တူးကို ႀကိဳက္ႏွစ္သက္ျခင္း မရွိခဲ့ပဲ တက္တူးထိုးထားတဲ့ သူေတြကိုဆိုရင္ လူဆိုးေတြလို႔ထင္မွတ္ခဲ့ၿပီး ပုဆိုးနဲ႔ လည္ကတုံးဝတ္ထားရင္ လူေကာင္းဆိုၿပီး ထင္ခဲ့ဖူးတယ္လို႔ ထုတ္ေျပာလာပါတယ္။တကယ္ေတာ့ အသက္အ႐ြယ္ရလာတဲ့အခါ အဲ့ဒီယူဆခ်က္ေတြက တက္တက္စင္လြဲေနတာကို သတိျပဳမိလာၿပီး ဘယ္အရာမဆို အေပၚယံကိုၾကည့္ၿပီး ဆုံးျဖတ္လို႔မရဘူး ဆိုတာ လက္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ အခုဆိုရင္ မင္းသမီးေခ်ာ သ႐ုပ္ေဆာင္မ်ိဳးစႏၵီေက်ာ္ကေတာ့ အရမ္းကိုဂ႐ုစိုက္ေပးတတ္တဲ့ သူမရဲ႕ခ်စ္သူနဲ႔ ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အခ်စ္ေရးေလးကို ပိုင္ဆိုင္ထားၿပီး သူမရဲ႕ခ်စ္သူအေပၚ သူမရဲ႕ အျမင္ေလးေတြကိုလည္း ပရိသတ္တို႔ၾကားသိခဲ့ရၿပီးျဖစ္လို႔ အခုလိုအရမ္းခ်စ္ၾကတဲ့ခ်စ္သူႏွစ္ေယာက္ အျမန္ဆုံး ေပ်ာ္႐ႊင္စြာ ေ႐ႊလက္တြဲႏိုင္ပါေစလို႔ ဆုေတာင္းသြားေပးၾကပါအုံးေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးခဲ့တဲ့ ပရိသတ္ႀကီးတို႔ကိုလည္း ေက်းဇူးတင္ပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ တစ်ချိန်တစ်ခါက အချစ်တော် သရုပ်ဆောင်မျိုးစန္ဒီကျော်ကတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အနုပညာရပ်ဝန်းမှာ အတွေ့ရနည်းခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးလာတာကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်မျိုးစန္ဒီကျော်ဟာ အခုဆိုရင် ချစ်စရာသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အိမ်ထောင်ဖက်ဟောင်းနဲ့ကတော့ အဆင်မပြေမှုတွေကြောင့် တရားဝင်ကွာရှင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

အခုရက်ပိုင်းမှာတော့မျိုးစန္ဒီကျော်က ကိုဗစ်ကာလ အကူအညီလိုအပ်နေသူအချို့ကို ကူညီထောက်ပံ့မှုလေးတွေ ဦးဆောင်ပြုလုပ်နေတာကို လူမှုကွန်ရက်ထက်မှာ တွေ့ရပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်မျိုးစန္ဒီကျော်က အိမ်ထောင်ကွဲပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ ပြန်တွေ့ခဲ့တဲ့ ငယ်ချစ်ဟောင်းနဲ့ပတ်သတ်လို့ ရင်ဖွင့်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျူးရဲ့အစပိုင်းမှာတော့ မျိုးစန္ဒီကျော်က သူမရဲ့ ငယ်ချစ်ဦးနဲ့ပတ်သတ်ပြီး တကယ်ချစ်တဲ့သူကသူ့အလိုလို ပြောင်းလဲတတ်လာတယ်ဆိုတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်သူဟာဆိုရင် ပညာတတ်တစ်ယောက်ဖြစ်ပြီး တစ်ခုခုဆိုရင် အရမ်းခေါင်းမာတတ်သူဖြစ်တဲ့အတွက် သူ့ရဲ့ အကျင့်ဗီဇဟာဆိုရင် ပြောင်းလဲလာလိမ့်မှာ မဟုတ်ဘူးလို့ မျိုးစန္ဒီကျော်အနေနဲ့ ကနဦးပိုင်းမှာ ယူဆခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ချစ်သူရဲ့ပြုပြင်ပြောင်းလဲလာမှုတွေကို သူမအနေနဲ့ သတိပြုမိလာတယ်လို့ အခုလို ပြောပြပါတယ်။ “သူကလေ အမတွေ့ဖူးတဲ့သူ တော်တော်များများနဲ့မတူဘူး… ခေါင်းမာတယ်… သူယုံကြည်တဲ့အရာကို လုပ်ရဲတဲ့သတ္တိရှိတယ်… ယောကျ်ားစစ်တယ်ပေါ့နော်… သူကိုယ်တိုင်င် ပြောင်းလဲခဲ့တယ်လို့ ထုတ်ပြောခဲ့တာ မဟုတ်ဘူး… အမက အော် သူပြောင်းလဲနေတာပဲဆိုပြီး သတိထားမိခဲ့တာ”မျိုးစန္ဒီကျော်က သူမတို့စုံတွဲနဲ့ ပတ်သတ်လို့ ပရိသတ်တွေစိတ်ပူရမယ့်ပုံစံမျိုးမဟုတ်ပဲ အေးအေးဆေးဆေးနွေးနွေးထွေးထွေးသာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားထားပါသေးတယ်။

သူမအနေနဲ့ ရှေ့ကကြုံတွေ့ဖူးတဲ့ အမှားတွေလည်း ရှိခဲ့တဲ့အတွက် သမီးလေးကသာ အရေးကြီးပြီး ဘာပဲလုပ်လုပ် သမီးလေးဘက်ကသာ ဖြည့်တွေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ အခုလိုဆိုလိုက်လို့ သူမရဲ့အချစ်ရေးကို ပေါ့ပြက်ပြက်သဘောထားတာမျိုး မဟုတ်ပဲ သူမနဲ့ချစ်သူရဲ့ အကြောင်းကတော့ ပြောရမှာရှည်လျားလွန်းတဲ့အတွက် နောက်ထပ်အင်တာဗျူးတစ်ခုနဲ့ သီးသန့်မေးမြန်းမှသာ ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်မှာ ဖြစ်တယ်လို့ ရယ်မောပြောဆိုခဲ့ပါတယ်။ လက်ရှိချစ်သူနဲ့ သူမဟာဆိုရင် အခုမှသိကြတာမဟုတ်ပဲ ငယ်စဉ်တည်းက သိကျွမ်းဖြစ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး သူမလည်း အိမ်ထောင်ကျသွားခဲ့သလိုသူမရဲ့ငယ်ချစ်ဦးဟာလည်း သူဟာသူအေးရာအေးကြောင်း လုပ်စရာရှိတာလုပ်ရင်း ဖြတ်သန်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူမအိမ်ထောင်ဖက်ဟောင်းနဲ့ အဆင်မပြေဖြစ်လို့ တရားဝင်ကွာရှင်းခဲ့ပြီး အနုပညာအလုပ်တွေရပ်နားထားတဲ့အချိန်မှာ ထိုငယ်ချစ်ဦးနဲ့ ပြန်တွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်က သူမအနေနဲ့ ကားရိုက်တွေရော ပွဲတက်တွေကိုပါ ရပ်နားထားခဲ့ပြီး စိတ်ဓာတ်တွေကျနေချိန် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ငယ်ချစ်ဦးက အနုပညာတွေပြန်လုပ်ဖြစ်ဖို့ နဲ့ စိတ်ဓာတ်မကျဖို့ အားပေးစကားတွေပြောပြီး ခွန်အားဖြစ်စေခဲ့တယ်လို့ သူမအနေနဲ့ ရင်ဖွင့်ပြောပြပါတယ်။ “သူနဲ့ပြန်တွေ့တဲ့အချိန်မှာ အမက အိမ်ထောင်ကွဲပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့… ဘယ်ပွဲမှလည်း မတက်တော့ဘူး… အဲ့ဒီအချိန်မှာ သူက အမကို စိတ်ဓာတ်ခွန်အားတွေပေးတယ်… ဒီအလုပ်ကို ပြန်လုပ်ဖြစ်အောင်လည်း တွန်းအားပေးခဲ့တယ်… အကိုတစ်ယောက်လို ဆရာတစ်ယောက်လို အစစအရာရာ ကူညီပေးခဲ့လို့ ဒုတိယအကြိမ်ပြန်လက်ခံဖို့ ဆိုတာကို စဉ်းစားဖြစ်တာပေါ့” သူမနဲ့ ချစ်သူတို့ဟာဆိုရင် အခုမှ သိတဲ့သူတွေ မဟုတ်တဲ့အတွက် တစ်ယောက်အကြောင်းကို တစ်ယောက်က ကောင်းကောင်းသိနေပြီး ချစ်သူမောင်က သူမတစ်ယောက်တည်းအတွက်သာ မဟုတ်ပဲ သမီးဖြစ်သူအတွက်ပါ ထည့်သွင်းစဉ်းစားပေးတတ်သူမျိုး ဖြစ်တဲ့အတွက် ပြန်လည်စဉ်းစားပေးခဲ့တာဖြစ်တယ်လို့ မျိုးစန္ဒီကျော်က ပြောပါတယ်။ 

တစ်ခါတစ်လေမှာ လူတွေက “အချိန်မှန် လူမှန်” လို့ ပြောကြတဲ့အပေါ် မျိုးစန္ဒီကျော်က အချိန်ကျလာလို့ လူမှန်နဲ့တွေ့ရတာလားတော့ မသေချာပေမယ့် အခုချိန်ထိတော့ အဲ့ဒီသဘောတရားအတိုင်း မှန်ကန်တယ်လို့ ဆိုပါတယ်။ သူမကနဦးယူဆခဲ့တာက စိတ်ချမ်းသာရင် ဝလာတယ်လို့ ထင်မြင်ခဲ့ပြီး တကယ်တော့ စိတ်ဆင်းရဲမှ stress တွေများပြီး ဝလာတတ်တာဖြစ်တယ်လို့ ဆိုပါတယ် အခုဆိုရင် သူမအနေနဲ့ ပေါင်(၅၀) ဝိတ်ကျခဲ့တာဖြစ်ပြီး (၁၃၀) ပေါင် ကိုယ်အလေးချိန်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ သူမအနေနဲ့ လေ့ကျင့်ခန်းကို ထွေထွေထူးထူး ပြုလုပ်စရာမလိုပဲ အပြေးလေ့ကျင့်တာရယ် ချစ်သူက အရမ်းဂရုစိုက်တော့ စိတ်ချမ်းသာတာရယ်ကြောင့် ဝိတ်ကျလာတာဖြစ်မယ်လို့ ဂုဏ်ယူစွာနဲ့ ဖြေကြားခဲ့ပါတယ်။

သူမရဲ့ ချစ်သူဟာဆိုရင်လည်း သူမကို အရမ်းဂရုစိုက်ပေးတတ်ပြီး မျက်နှာကိုတစ်ချက်အညှိုးမခံတတ်တဲ့ လူစားအမျိုးဖြစ်တယ်လို့ မျိုးစန္ဒီကျော်က ဆိုပါတယ်။  ပရိသတ်တွေဆို သူ့ရဲ့ ချစ်သူနဲ့ဆက်ဆံရေးအကြောင်း အချိန်မီမချပြခဲ့တာက ချေမိုးနေချင်လို့မဟုတ်ပဲ အခုလို ကိုဗစ်ကပ်ရောဂါကြောင့် ပရိသတ်တွေစိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ သူမရဲ့ အချစ်ရေးသတင်းတစ်ခုကြောင့် မျက်စိဆံပင်မွှေးဆူးမယ့် ကိစ္စမျိုး မဖြစ်စေချင်လို့သာ ဆိတ်ဆိတ်နေခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။  မျိုးစန္ဒီကျော်ဟာဆိုရင် သူမရဲ့ ချစ်သူကို သူမကိုယ်တိုင် သင်္ကေတတက်တူး နှစ်ပုံထိုးပေးခဲ့တာဖြစ်ပြီး ကိုယ်တိုင်ကအသားနာမှာကြောက်လို့ တက်တူးမထိုးဖြစ်ပေမယ့် ချစ်သူက ကိုယ်တိုင်ထိုးပေးပါလို့ တောင်းဆိုလာတဲ့အတွက် ထိုးပေးလိုက်ရတာဖြစ်တယ်လို့ ပြောပြပါတယ်။ 

သူမကိုယ်တိုင်ကလည်း ယခင်က တက်တူးကို ကြိုက်နှစ်သက်ခြင်း မရှိခဲ့ပဲ တက်တူးထိုးထားတဲ့ သူတွေကိုဆိုရင် လူဆိုးတွေလို့ထင်မှတ်ခဲ့ပြီး ပုဆိုးနဲ့ လည်ကတုံးဝတ်ထားရင် လူကောင်းဆိုပြီး ထင်ခဲ့ဖူးတယ်လို့ ထုတ်ပြောလာပါတယ်။တကယ်တော့ အသက်အရွယ်ရလာတဲ့အခါ အဲ့ဒီယူဆချက်တွေက တက်တက်စင်လွဲနေတာကို သတိပြုမိလာပြီး ဘယ်အရာမဆို အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ဆိုတာ လက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပရိသတ်ကြီးတို့ရေ အခုဆိုရင် မင်းသမီးချော သရုပ်ဆောင်မျိုးစန္ဒီကျော်ကတော့ အရမ်းကိုဂရုစိုက်ပေးတတ်တဲ့ သူမရဲ့ချစ်သူနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ချစ်သူအပေါ် သူမရဲ့ အမြင်လေးတွေကိုလည်း ပရိသတ်တို့ကြားသိခဲ့ရပြီးဖြစ်လို့ အခုလိုအရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက် အမြန်ဆုံး ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းသွားပေးကြပါအုံးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *