စည္ၿဖိဳးရဲ႕ ဇနီးျဖစ္သူ ခင္လႊမ္းအေပၚမွာလဲ မိခင္အရင္းတစ္ေယာက္လိုျဖစ္ေအာင္ ႀကိဳးစားပါ့မယ္ဆိုတဲ့ အေမျဖစ္သူ ေဒၚသီသီဝင္း

႐ုပ္ရွင္သ႐ုပ္ေဆာင္စည္ၿဖိဳးတို႔မိသားစုေလးကေတာ့ အလႉအတန္းအၿမဲမျပတ္ျပဳလုပ္ေလ့ရွိတဲ့မိသားစုေလးျဖစ္တာေၾကာင့္ စည္ၿဖိဳးကိုသာမက က်န္မိသားစုဝင္ေတြကိုပါ ပရိသတ္ေတြလည္း ရင္းႏွီးေနေလာက္ၿပီထင္ပါတယ္။ မိသားစုလိုအင္မွန္သမွ်ျဖည့္ဆည္းေပးတတ္တဲ့ ေဖေဖ၊ ေမတၱာဓာတ္ႀကီးလြန္းတဲ့ အန္တီေဒၚသီသီဝင္း၊ စည္ၿဖိဳးနဲ႔ ညီငယ္ဖိုးျပည့္တို႔ ကေတာ့ တကယ္ကိုအားက်စရာေကာင္းတဲ့မိသားစုဘဝကို တည္ေဆာက္ထားသူေတြပါ။

သ႐ုပ္ေဆာင္စည္ၿဖိဳးကေတာ့ သူ႔ရဲ႕ခ်စ္သူခင္လႊမ္းဟာ သူ႔ရဲ႕ ပထမဆုံးရင္ေသြးေလးကို လြယ္ေနရၿပီျဖစ္ေၾကာင္း လြန္ခဲ့တဲ့အပတ္ကပဲ အြန္လိုင္းမွတစ္ဆင့္ မွ်ေဝခဲ့တာျဖစ္ၿပီး စည္ၿဖိဳးရဲ႕ မိခင္ျဖစ္သူ ေဒၚသီသီဝင္းဟာဆိုရင္လည္း သူတို႔ဘ၀ရဲ႕ ပထမဆုံး ေျမးဦးေလးကို ခ်ီေပြ႕ခြင့္ရေတာမည့္အေၾကာင္းကို ေပ်ာ္႐ႊင္စြာ ေဝမွ်ခဲ့ပါေသးတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ စည္ၿဖိဳးရဲ႕ မိခင္ျဖစ္သူ ေဒါသီသီဝင္းက သူ႔သားရဲ႕ ဇနီးသည္ခင္လႊမ္းအေပၚမွာ အေမရင္းနဲ႔မျခား ေစာင့္ေရွာက္ႏိုင္ေအာင္ ႀကိဳးစားသြားမယ့္အေၾကာင္းကို ကတိေပးေျပာဆိုသြားတာပဲ ျဖစ္ပါတယ္။ 

ေဒၚသီသီဝင္းအေနနဲ႔ သူ႔သားႀကီးရဲ႕ခ်စ္သူဆိုတာ မည္သူပင္ျဖစ္ေစ သူ႔အေနနဲ႔ လက္ခံခ်စ္ခင္ေပးရမွာ ျဖစ္ၿပီး အရင္ကစည္ၿဖိဳးတို႔ ႏွစ္ေယာက္က ခ်စ္သူရည္းစားေတြသာျဖစ္တဲ့အတြက္ သူ႔မက တရားမဝင္ေယာကၡမသာျဖစ္ေနခဲ့ၿပီး အခုေတာ့တရားဝင္လက္ထပ္လိုက္ၾကၿပီ ျဖစ္တဲ့အတြက္ တရားဝင္ေယာကၡမျဖစ္ခဲ့ၿပီလို႔ ဂုဏ္ယူဝင့္ႂကြားစြာ ရယ္ေမာေျပာဆိုခဲ့ပါတယ္။ 

စည္ၿဖိဳးနဲ႔ခင္လႊမ္းကေတာ့ ဒီကေန႔ ႏိုဝင္ဘာလ (၅) ရက္ေန႔မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲ က်င္းပခဲ့တာျဖစ္ၿပီး ခင္လႊမ္းရဲ႕မိဘေတြအေနနဲ႔ အေဝးမွာေရာက္ရွိေနတာ ျဖစ္တဲ့အတြက္ မဂၤလာပြဲကို တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိခဲ့တဲ့ အေပၚမွာေတာ့ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေဒၚသီသီဝင္းက ဆိုလာပါတယ္။

သူတို႔ႏွစ္ဖက္မိသားစုအခ်င္းခ်င္းဟာဆိုရင္ အရင္တည္းက မိသားစုသဖြယ္ ခင္မင္ရင္းႏွီးခဲ့ၾကၿပီး ကိုဗစ္မတိုင္မီ ကာလေတြတုန္းကဆိုရင္ တစ္ဖက္မိသားစုရဲ႕ အလႉအတန္းအခမ္းအနားေတြကိုလည္း အျခားတစ္ဖက္က ပုံမွန္တက္ေရာက္ခ်ီးျမႇင့္ခဲ့တဲ့ ထုံးစံရွိခဲ့တယ္လို႔လည္း ေဝမွ်ေျပာျပပါတယ္။ 

ကိုဗစ္ကာလအလြန္ ပြင့္လင္းလာတဲ့အခ်ိန္ က်ေရာက္လာခဲ့ရင္လည္း ခင္လႊမ္းတို႔မိသားစုက ေဆာက္လုပ္လႉဒါန္းထားတဲ့ ရတနာေျမသိမ္ေတာ္ႀကီးမွာ မဂၤလာဦးဆြမ္းေကြၽးပုံစံမ်ိဳး အလႉအတန္းေလးေနာက္တစ္ခု ထပ္မံျပဳလုပ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ ခင္လႊမ္းရဲ႕မိခင္ရဲ႕ သူ႔သမီးအေပၚထားတဲ့ ေမတၱာနဲ႔ပတ္သတ္လို႔လည္း ေဒၚသီသီဝင္းကို အခုလို ေဝမွ်ေျပာဆိုလာပါတယ္။

“သူ႔အေမက အေမရင္းဆိုေတာ့ ေမတၱာပို႔ပါတယ္ သမီးရယ္… ေမြးအေမေလ… အန္တီကေတာ့ ေမြးအေမထက္ မပိုရင္သာ ေနမယ္… ေမြးအေမကိုမီေအာင္ေတာ့ အန္တီ ႀကိဳးစားမယ္ေပါ့ေနာ္… အေမရင္းတစ္ေယာက္ရဲ႕ စိတ္ဓာတ္ကို အန္တီေမြးထားႏိုင္ပါတယ္” သူ႔ရဲ႕ဇနီးေလာင္းမွာ ကိုယ္ဝန္ရွိေနၿပီလို႔ စသိသိျခင္းမွာပဲ သားႀကီးျဖစ္သူ စည္ၿဖိဳးတစ္ေယာက္ အံ့ဩဝမ္းသာလြန္းလို႔ စိတ္ဂနာမၿငိမ္ေတြျဖစ္ခဲ့ရတယ္လို႔ ေဒၚသီသီဝင္းက ရယ္ေမာေျပာဆိုပါတယ္။ 

သူမအေနနဲ႔ေတာ့ ခင္လႊမ္းေနမေကာင္းျဖစ္စဥ္က ကိုယ္ဝန္လကၡဏာျပတာေၾကာင့္တစ္ေၾကာင္း၊ သူမကိုယ္တိုင္နဲ႔ စည္ၿဖိဳးရဲ႕ဘြားေအ ကိုယ္တိုင္လည္း အိပ္မက္ျမင္မက္ၿပီးတာ ျဖစ္တာေၾကာင့္တစ္ေၾကာင္းတအံ့တဩမျဖစ္ခဲ့ရေပမယ့္ အဖြားျဖစ္ရေတာ့မယ့္ သူမေရာ၊ သူမခင္ပြန္းသာမက သားငယ္ဖိုးျပည့္ကပါ ဝမ္းသာပီတိျဖစ္မိတယ္လို႔ သိရပါတယ္။

သူမရဲ႕သားျဖစ္သူစည္ၿဖိဳးကေတာ့ ဇနီးသည္ဗိုက္ႀကီးတာလား စည္ၿဖိဳးဗိုက္ႀကီးတာလား မခြဲျခားတတ္ေတာ့ေလာက္ေအာင္ အံ့ဩဝမ္းသာျဖစ္ေနၿပီး လြန္စြာစိတ္လႈပ္ရွားေနတယ္လို႔ ဆိုပါတယ္။  ဘယ္ေလာက္ေတာင္ စိတ္လႈပ္ရွားေနလည္းဆိုရင္ သူ႔အေမကို “ေမေမသားဘာေရွာင္ရမလဲ” လို႔ေတာင္ ေမးျမန္းလာလို႔ သူမက ခင္လႊမ္းရဲ႕မိဘေတြကို ဖုန္းဆက္ၿပီး ” ညီမေလးေရ အခုခင္လႊမ္းဗိုက္ႀကီးတာမဟုတ္ဘူး… စည္ၿဖိဳးဗိုက္ႀကီးတာ” လို႔ေတာင္ စေနာက္ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ ေဒၚသီသီဝင္းတစ္ေယာက္ကေတာ့ ေျမးဦးေလးခ်ီေပြ႕ရေတာ့မယ့္ အေပၚမွာ စိတ္လႈပ္ရွားေပ်ာ္႐ြင္ေနခဲ့တာျဖစ္ပါတယ္။သူမအေနနဲ႔ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သတ္လို႔ ႏိုင္ငံအသီးသီးက ကာကြယ္ေဆးေတြစမ္းသပ္ထုတ္လုပ္လာၾကတဲ့အတြက္ ဒီဇင္ဘာလအကုန္ေလာက္မွာေတာ့ အေနအထားျပန္လည္ေကာင္းမြန္ လာၾကလိမ့္မယ္လို႔ ယူဆပါတယ္။ျမန္မာႏိုင္ငံမွာဆိုရင္လည္း ဗုဒၶဘာသာဝင္ေတြသာမက အျခားဘာသာဝင္ေတြကပါ ဘာသာေရးလိုက္စားၾကတဲ့အတြက္ သက္ဆိုင္ရာဘာသာရဲ႕ ပုဂၢိဳလ္အေစာင့္အေရွာက္ေတြရဲ႕ ကယ္တင္ေဆာင္မမႈေၾကာင့္ အေျခအေနအရမ္းႀကီးဆိုးသြားမွာ မဟုတ္ပါဘူးလို႔ ပရိသတ္အားလုံးအတြက္ အားေပးစကားဆိုခဲ့ပါတယ္။

Read in UNICODE

ရုပ်ရှင်သရုပ်ဆောင်စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းအမြဲမပြတ်ပြုလုပ်လေ့ရှိတဲ့မိသားစုလေးဖြစ်တာကြောင့် စည်ဖြိုးကိုသာမက ကျန်မိသားစုဝင်တွေကိုပါ ပရိသတ်တွေလည်း ရင်းနှီးနေလောက်ပြီထင်ပါတယ်။ မိသားစုလိုအင်မှန်သမျှဖြည့်ဆည်းပေးတတ်တဲ့ ဖေဖေ၊ မေတ္တာဓာတ်ကြီးလွန်းတဲ့ အန်တီဒေါ်သီသီဝင်း၊ စည်ဖြိုးနဲ့ ညီငယ်ဖိုးပြည့်တို့ ကတော့ တကယ်ကိုအားကျစရာကောင်းတဲ့မိသားစုဘဝကို တည်ဆောက်ထားသူတွေပါ။

သရုပ်ဆောင်စည်ဖြိုးကတော့ သူ့ရဲ့ချစ်သူခင်လွှမ်းဟာ သူ့ရဲ့ ပထမဆုံးရင်သွေးလေးကို လွယ်နေရပြီဖြစ်ကြောင်း လွန်ခဲ့တဲ့အပတ်ကပဲ အွန်လိုင်းမှတစ်ဆင့် မျှဝေခဲ့တာဖြစ်ပြီး စည်ဖြိုးရဲ့ မိခင်ဖြစ်သူ ဒေါ်သီသီဝင်းဟာဆိုရင်လည်း သူတို့ဘဝရဲ့ ပထမဆုံး မြေးဦးလေးကို ချီပွေ့ခွင့်ရတောမည့်အကြောင်းကို ပျော်ရွှင်စွာ ဝေမျှခဲ့ပါသေးတယ်။

ဒီအင်တာဗျူးလေးမှာတော့ စည်ဖြိုးရဲ့ မိခင်ဖြစ်သူ ဒေါသီသီဝင်းက သူ့သားရဲ့ ဇနီးသည်ခင်လွှမ်းအပေါ်မှာ အမေရင်းနဲ့မခြား စောင့်ရှောက်နိုင်အောင် ကြိုးစားသွားမယ့်အကြောင်းကို ကတိပေးပြောဆိုသွားတာပဲ ဖြစ်ပါတယ်။ 

ဒေါ်သီသီဝင်းအနေနဲ့ သူ့သားကြီးရဲ့ချစ်သူဆိုတာ မည်သူပင်ဖြစ်စေ သူ့အနေနဲ့ လက်ခံချစ်ခင်ပေးရမှာ ဖြစ်ပြီး အရင်ကစည်ဖြိုးတို့ နှစ်ယောက်က ချစ်သူရည်းစားတွေသာဖြစ်တဲ့အတွက် သူ့မက တရားမဝင်ယောက္ခမသာဖြစ်နေခဲ့ပြီး အခုတော့တရားဝင်လက်ထပ်လိုက်ကြပြီ ဖြစ်တဲ့အတွက် တရားဝင်ယောက္ခမဖြစ်ခဲ့ပြီလို့ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောပြောဆိုခဲ့ပါတယ်။ 

စည်ဖြိုးနဲ့ခင်လွှမ်းကတော့ ဒီကနေ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တာဖြစ်ပြီး ခင်လွှမ်းရဲ့မိဘတွေအနေနဲ့ အဝေးမှာရောက်ရှိနေတာ ဖြစ်တဲ့အတွက် မင်္ဂလာပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့တဲ့ အပေါ်မှာတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ဒေါ်သီသီဝင်းက ဆိုလာပါတယ်။

သူတို့နှစ်ဖက်မိသားစုအချင်းချင်းဟာဆိုရင် အရင်တည်းက မိသားစုသဖွယ် ခင်မင်ရင်းနှီးခဲ့ကြပြီး ကိုဗစ်မတိုင်မီ ကာလတွေတုန်းကဆိုရင် တစ်ဖက်မိသားစုရဲ့ အလှူအတန်းအခမ်းအနားတွေကိုလည်း အခြားတစ်ဖက်က ပုံမှန်တက်ရောက်ချီးမြှင့်ခဲ့တဲ့ ထုံးစံရှိခဲ့တယ်လို့လည်း ဝေမျှပြောပြပါတယ်။ 

ကိုဗစ်ကာလအလွန် ပွင့်လင်းလာတဲ့အချိန် ကျရောက်လာခဲ့ရင်လည်း ခင်လွှမ်းတို့မိသားစုက ဆောက်လုပ်လှူဒါန်းထားတဲ့ ရတနာမြေသိမ်တော်ကြီးမှာ မင်္ဂလာဦးဆွမ်းကျွေးပုံစံမျိုး အလှူအတန်းလေးနောက်တစ်ခု ထပ်မံပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ခင်လွှမ်းရဲ့မိခင်ရဲ့ သူ့သမီးအပေါ်ထားတဲ့ မေတ္တာနဲ့ပတ်သတ်လို့လည်း ဒေါ်သီသီဝင်းကို အခုလို ဝေမျှပြောဆိုလာပါတယ်။

“သူ့အမေက အမေရင်းဆိုတော့ မေတ္တာပို့ပါတယ် သမီးရယ်… မွေးအမေလေ… အန်တီကတော့ မွေးအမေထက် မပိုရင်သာ နေမယ်… မွေးအမေကိုမီအောင်တော့ အန်တီ ကြိုးစားမယ်ပေါ့နော်… အမေရင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ကို အန်တီမွေးထားနိုင်ပါတယ်” သူ့ရဲ့ဇနီးလောင်းမှာ ကိုယ်ဝန်ရှိနေပြီလို့ စသိသိခြင်းမှာပဲ သားကြီးဖြစ်သူ စည်ဖြိုးတစ်ယောက် အံ့ဩဝမ်းသာလွန်းလို့ စိတ်ဂနာမငြိမ်တွေဖြစ်ခဲ့ရတယ်လို့ ဒေါ်သီသီဝင်းက ရယ်မောပြောဆိုပါတယ်။ 

သူမအနေနဲ့တော့ ခင်လွှမ်းနေမကောင်းဖြစ်စဉ်က ကိုယ်ဝန်လက္ခဏာပြတာကြောင့်တစ်ကြောင်း၊ သူမကိုယ်တိုင်နဲ့ စည်ဖြိုးရဲ့ဘွားအေ ကိုယ်တိုင်လည်း အိပ်မက်မြင်မက်ပြီးတာ ဖြစ်တာကြောင့်တစ်ကြောင်းတအံ့တဩမဖြစ်ခဲ့ရပေမယ့် အဖွားဖြစ်ရတော့မယ့် သူမရော၊ သူမခင်ပွန်းသာမက သားငယ်ဖိုးပြည့်ကပါ ဝမ်းသာပီတိဖြစ်မိတယ်လို့ သိရပါတယ်။

သူမရဲ့သားဖြစ်သူစည်ဖြိုးကတော့ ဇနီးသည်ဗိုက်ကြီးတာလား စည်ဖြိုးဗိုက်ကြီးတာလား မခွဲခြားတတ်တော့လောက်အောင် အံ့ဩဝမ်းသာဖြစ်နေပြီး လွန်စွာစိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။  ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလည်းဆိုရင် သူ့အမေကို “မေမေသားဘာရှောင်ရမလဲ” လို့တောင် မေးမြန်းလာလို့ သူမက ခင်လွှမ်းရဲ့မိဘတွေကို ဖုန်းဆက်ပြီး ” ညီမလေးရေ အခုခင်လွှမ်းဗိုက်ကြီးတာမဟုတ်ဘူး… စည်ဖြိုးဗိုက်ကြီးတာ” လို့တောင် စနောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ပရိသတ်ကြီးတို့ရေ ဒေါ်သီသီဝင်းတစ်ယောက်ကတော့ မြေးဦးလေးချီပွေ့ရတော့မယ့် အပေါ်မှာ စိတ်လှုပ်ရှားပျော်ရွင်နေခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သတ်လို့ နိုင်ငံအသီးသီးက ကာကွယ်ဆေးတွေစမ်းသပ်ထုတ်လုပ်လာကြတဲ့အတွက် ဒီဇင်ဘာလအကုန်လောက်မှာတော့ အနေအထားပြန်လည်ကောင်းမွန် လာကြလိမ့်မယ်လို့ ယူဆပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်း ဗုဒ္ဓဘာသာဝင်တွေသာမက အခြားဘာသာဝင်တွေကပါ ဘာသာရေးလိုက်စားကြတဲ့အတွက် သက်ဆိုင်ရာဘာသာရဲ့ ပုဂ္ဂိုလ်အစောင့်အရှောက်တွေရဲ့ ကယ်တင်ဆောင်မမှုကြောင့် အခြေအနေအရမ်းကြီးဆိုးသွားမှာ မဟုတ်ပါဘူးလို့ ပရိသတ်အားလုံးအတွက် အားပေးစကားဆိုခဲ့ပါတယ်။

Source : PP

Add a Comment

Your email address will not be published. Required fields are marked *