စမိုင္းလ္က သူ႔ဆီက သိန္း (၃၆၀)တန္ စိန္ႀကိဳးႏွစ္ကုံး ဝယ္ယူအားေပးခဲ့တယ္ဆိုတဲ့ ဆုပန္ထြာ

ပရိသတ္ရဲ႕အခ်စ္ေတာ္မင္းသမီးဆုပန္ထြာကေတာ့ အိမ္ေထာင္ျပဳၿပီး ေနာက္ပိုင္းမွာ မိသားစုကိုပဲအခ်ိန္ေပးရင္း ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့မိသားစုဘဝေလးကို တည္ေဆာက္ထားသူပါ။ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ေပမယ့္လည္း အမာခံပရိသတ္ေတြရဲ႕ ဝန္းရံအားေပးမႈကို ယေန႔ထက္တိုင္ ရရွိထားသူတစ္ေယာက္ပါ။

အခုဆိုရင္ေတာ့ သူမအေနနဲ႔ အႏုပညာလုပ္ငန္းေတြမွာ ျပန္လည္ဝင္ေရာက္လုပ္ကိုင္လာတာကို ေတြ႕ရၿပီး သူမကိုယ္တိုင္ “နန္းမို” ဇာတ္ေကာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ရခဲ့သမွ်အရာရာ” ဇာတ္လမ္းတြဲေလးမွာ ဆိုရင္လည္း လြန္ခဲ့တဲ့ႏွစ္လေက်ာ္ေလာက္တည္းက ႐ိုက္ကူးမႈၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္။

အခုလတ္တေလာမွာေတာ့ သ႐ုပ္ေဆာင္ဆုပန္ထြာက အျခားအႏုပညာရွင္မ်ားနည္းတူ ကုန္ပစၥည္းေလးေတြကို Facebook မွ Live Sale ေရာင္းခ်ေပးေနတာပဲ ျဖစ္ပါတယ္။ သူမအေနနဲ႔ ရတနာပစၥည္းေလးကို ေရာင္းခ်ေပးေနတာကို အမ်ားဆုံးေတြ႕ရၿပီး အျခားေသာ လူသုံးကုန္ပစၥည္းေလးေတြကိုလည္း Live လႊင့္ေရာင္းခ်ေပးေနတာကို ေတြ႕ရပါတယ္။

ဒီအင္တာဗ်ဴးေလးကိုေတာ့ မပန္တစ္ေယာက္ LAMBEST Luxury Skincare ပစၥည္းေလးေတြကို ေရာင္းခ်ေပးေနတဲ့ အစီအစဥ္ရဲ႕ အားလပ္ခ်ိန္အခိုက္အတန႔္ေလးမွာ ေမးျမန္းခဲ့တာ ျဖစ္ၿပီး ဒီ Skincare ပစၥည္းကိုေရာင္းခ်ျဖစ္ခဲ့ရျခင္းအေၾကာင္းနဲ႔ လြန္ခဲ့တဲ့ Live Sale ေတြမွာတုန္းက စမိုင္းတစ္ေယာက္ သူ႔ဆီက သိန္း (၃၆၀) တန္ ရတနာပစၥည္းေတြကို ဝယ္ယူအားေပးခဲ့တယ္ဆိုတဲ့အေၾကာင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။

အင္တာဗ်ဴးရဲ႕အစပိုင္းမွာေတာ့ LAMBEST Skincare လုပ္ငန္းဖက္က သူမကို Live Sale ေရာင္းခ်ေပးဖို႔ ကမ္းလွမ္းလာခဲ့တဲ့ အေၾကာင္းကို ရွင္းျပပါတယ္။ ဒီကုပစၥည္းကို ေရာင္းခ်ေပးဖို႔ သူမကို လုပ္ငန္းဖက္က တာဝန္ရွိသူေတြက လာေရာက္ကမ္းလွမ္းတဲ့အခါ သူမအေနနဲ႔ ဒီအသားအေရထိန္းသိမ္းေရးပစၥည္းေလးကို ကိုယ္တိုင္အရင္စမ္းသုံးၾကည့္ၿပီး တကယ္ေကာင္းတယ္ဆိုမွ ေရာင္းေပးဖို႔အဆင္ေျပမယ္လို႔ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။ အေၾကာင္းကေတာ့ ကိုယ္တိုင္က ဒီပစၥည္းရဲ႕ ေကာင္းျခင္း/မေကာင္းျခင္းကို ကိုယ္တိုင္မသိရွိပဲ ေရာင္းခ်ေပးတဲ့အခါ သူမကိုခ်စ္ခင္အားေပးသူေတြက ဝယ္ယူသုံးစြဲမိလို႔ အဆင္မေျပမႈတစ္စုံတစ္ရာ ျဖစ္ေပၚလာမွာကို စိုးရိမ္တဲ့အတြက္ ကိုယ္တိုင္စမ္းသပ္သုံးစြဲၿပီးမွ တကယ္ေကာင္းလို႔ေရာင္းေပးတာ ျဖစ္တယ္လို႔ မပန္က ေဝမွ်လာပါတယ္။

ဒီကုန္ပစၥည္းကိုဆိုရင္ မပန္က သူမတင္မဟုတ္ပဲ သူမရဲ႕အမ်ိဳးသား ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ဂဠဳန္ဦးေစာေနရာကေန ပါဝင္သ႐ုပ္ေဆာင္မယ့္ ကိုဥကၠာေက်ာ္ကိုပါ စမ္းသပ္သုံးစြဲေစခဲ့တာ ျဖစ္ပါတယ္။ မပန္အေနနဲ႔ကေတာ့ သူမရဲ႕အသားအရည္က ပုံမွန္အသားအရည္ျဖစ္တဲ့အတြက္ ဒီကုန္ပစၥည္းေၾကာင့္ ေျပာင္းလဲမႈႀကီးႀကီးမားမားတစ္စုံတစ္ရာ ျဖစ္ေပၚလာခဲ့ျခင္းမရွိေပမယ့္ သူမရဲ႕ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္ရဲ႕ အသားအရည္ကေတာ့ ဝက္ၿခံအထြက္မ်ားတဲ့ အသားအရည္ ျဖစ္တဲ့အတြက္ ဒီ Skincare ပစၥည္းေလးကို သုံးၿပီးတဲ့အခါမွာေတာ့ မ်က္ႏွာအသားအရည္က အနည္းငယ္ျဖဴဝင္းလာၿပီး ၾကည္လင္ေတာက္ပလာတဲ့အတြက္ေၾကာင့္ ဒီကုန္ပစၥည္းဟာ တကယ္ေကာင္းတယ္လို႔ ယူဆၿပီး Live လႊင့္ ေရာင္းခ်ေပးခဲ့ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။

မဆုပန္ထြာအေနနဲ႔ Live လႊင့္ၿပီး ေဈးေရာင္းခ်ေပးရာမွာ စိန္ဆိုင္ေတြအတြက္ ေရာင္းခ်ေပးျဖစ္တာမ်ားၿပီး အသားအရည္ထိန္းသိမ္းမႈပစၥည္းအေနနဲ႔ကေတာ့ ဒီ LAMBEST Skincare က ပထမဆုံးျဖစ္တယ္လို႔ သိရပါတယ္။

မပန္အေနနဲ႔ ရတနာပစၥည္းေလးေတြ ေရာင္းရတာဟာ (၃) နာရီေလာက္ဆက္တိုက္ထိုင္ေနရတာ ျဖစ္တဲ့အတြက္ အနည္းငယ္ေညာင္းညာျခင္းရွိေပမယ့္ ကိုယ့္ေၾကာင့္ကိုယ့္ကို ယုံၾကည္အပ္ႏွံၾကတဲ့ လုပ္ငန္းရွင္ေတြရဲ႕ ပစၥည္းေလးေတြ ေရာင္းထြက္သြားတာရယ္ ကိုယ္တိုင္လည္း ကိုဗစ္ကာလမွာ အႏုပညာလုပ္ငန္းေတြရပ္နားထားရတာ ျဖစ္တဲ့အတြက္ တစ္ဖက္တစ္လမ္းက အပိုဝင္ေငြရႏိုင္တာေၾကာင့္ ကိုယ္အာမခံႏိုင္တဲ့ပစၥည္းေလးေတြကို ေရာင္းေပးျဖစ္ေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

ရတနာပစၥည္းေလးေတြေရာင္းေပးတဲ့အခါမွာလည္း ကိုယ့္ကိုခ်စ္ခင္လို႔ဝယ္ယူသူေတြ မထိခိုက္ရေလေအာင္ အရည္အေသြးကို ကိုယ္တိုင္စစ္ေဆးၿပီးမွ ေရာင္းခ်ေပးျခင္းျဖစ္တယ္လို႔ အာမခံေျပာၾကားလိုက္ပါတယ္။

မပန္က ရတနာပစၥည္းေတြကို ကိုယ္တိုင္ Live လႊင့္ေရာင္းခ်ျခင္း မျပဳလုပ္ဖူးခင္ကေတာ့ သူမ်ားေတြ ေရာင္းခ်ေပးေနတာကို ၾကည့္ၿပီး တကယ္ေရာင္းရတာမွဟုတ္ပါ့မလားလို႔ ယုံမွားသံသယဝင္ခဲ့ဖူးေၾကာင္း ပြင့္ပြင့္လင္းလင္းရင္ဖြင့္ေျပာျပပါတယ္။ အေၾကာင္းကေတာ့ သူမကိုယ္တိုင္လည္း စိန္ထည္ပစၥည္းေလးေတြ ဝယ္ယူၿပီဆိုရင္ ေသခ်ာကိုင္ၾကည့္ စစ္ေဆးၾကည့္ၿပီးမွ ဝယ္ယူတာျဖစ္တဲ့အတြက္ Live Sale မွတဆင့္ ေရာင္းခ်ေနျခင္းကို ဝယ္သူဖက္က ယုံၾကည္မႈရွိပါ့မလားလို႔ သံသယရွိခဲ့တာလို႔ ဆိုပါတယ္။

ကိုယ္တိုင္ေရာင္းခ်ေပးၾကည့္တဲ့အခါမွ သူမကိုခ်စ္ခင္လို႔ ဝယ္ယူအားေပးၾကသူေတြေၾကာင့္ ႀကီးစြာပီတိျဖစ္ခဲ့ရတယ္လို႔ ေျပာပါတယ္။ အခုလို ခ်စ္ခင္ဝယ္ယူအားေပးၾကသူေတြထဲမွာ ျပည္သူခ်စ္အႏုပညာရွင္ စမိုင္းလည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။

စမိုင္းကေတာ့ သူမဆီကေန စုစုေပါင္း သိန္း (၃၆၀) တန္တဲ့ စိန္ႀကိဳးႏွစ္ကုံးကို ဝယ္ယူအားေပးခဲ့တဲ့ အတြက္ မပန္အေနနဲ႔ အံ့ဩဝမ္းသာမဆုံးျဖစ္ခဲ့ရတယ္လို႔ ေက်းဇူးတင္စကားဆိုလာပါတယ္။
စမိုင္းဟာဆိုရင္လည္း သူမကို ခ်စ္ခင္တဲ့အတြက္ ဝယ္ယူအားေပးခဲ့တာျဖစ္ၿပီး “မႀကီးကို ခ်စ္ရတာ ေဈးႀကီးလိုက္တာ” လို႔ေတာင္ စေနာက္ေျပာဆိုခဲ့တယ္လို႔ မပန္က ျပန္ေျပာျပပါတယ္။

ပရိသတ္ႀကီးတို႔ေရ အခုလို အြန္လိုင္းကေန Live လႊင့္ၿပီး အႏုပညာရွင္ေတြက တစ္ဆင့္ အဖိုးတန္ပစၥည္းေတြ ေရာင္းခ်ေပးတယ္ဆိုတာ ကိုဗစ္ကာလ ေဈးကြက္စီးပြားေရးစနစ္အတြင္းမွာ အလ်င္အျမန္ပဲ အရွိန္ရႀကီးထြားလာတဲ့ အေရာင္းျမႇင့္တင္ေရး နည္းဗ်ဴဟာ တစ္ရပ္လို႔ ယူဆရမွာ ျဖစ္ပါတယ္။အႏုပညာရွင္ေတြေရာင္းခ်ေပးေနတဲ့ ပစၥည္းေလးေတြကို အႏုပညာအခ်င္းခ်င္းေသာ္လည္းေကာင္း သူတို႔ကို အားေပးၾကသူေတြကလည္းေကာင္း အသီးသီး ဝယ္ယူေနၾကတာ ျဖစ္ပါတယ္။

ျပည္သူ႔အခ်စ္ေတာ္ဆုပန္ထြာကေတာ့ ကုန္ပစၥည္းေလးေတြကို ေရာင္းခ်ေပးတဲ့အခါ တန္ဖိုးႀကီးပစၥည္းေတြကိုဝယ္ယူသူေတြဖက္က မထိခိုက္ေစလိုတဲ့အတြက္ အရည္အေသြးပိုင္းကို ကိုယ္တိုင္စစ္ေဆးစမ္းသပ္ၿပီးမွ ျပန္လည္ေရာင္းခ်ေပးတာ ျဖစ္တဲ့အတြက္ ပရိသတ္ထဲက ေဘာစိကိုကိုမမတို႔လည္း မပန္ေရာင္းခ်ေပးေနတဲ့ အရည္အေသြးျပည့္ကုန္ပစၥည္းေလးေတြကို ဝယ္ယူအားေပးၾကပါအုံးလို႔ ေစတနာေရွ႕ထားၿပီး ႏႈိးေဆာ္တိုက္တြန္းလိုက္ရပါတယ္။

Read in UNICODE

ပရိသတ်ရဲ့အချစ်တော်မင်းသမီးဆုပန်ထွာကတော့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မိသားစုကိုပဲအချိန်ပေးရင်း ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူပါ။ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း အမာခံပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ယနေ့ထက်တိုင် ရရှိထားသူတစ်ယောက်ပါ။

အခုဆိုရင်တော့ သူမအနေနဲ့ အနုပညာလုပ်ငန်းတွေမှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်လာတာကို တွေ့ရပြီး သူမကိုယ်တိုင် “နန်းမို” ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ “ရခဲ့သမျှအရာရာ” ဇာတ်လမ်းတွဲလေးမှာ ဆိုရင်လည်း လွန်ခဲ့တဲ့နှစ်လကျော်လောက်တည်းက ရိုက်ကူးမှုပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ သရုပ်ဆောင်ဆုပန်ထွာက အခြားအနုပညာရှင်များနည်းတူ ကုန်ပစ္စည်းလေးတွေကို Facebook မှ Live Sale ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ရတနာပစ္စည်းလေးကို ရောင်းချပေးနေတာကို အများဆုံးတွေ့ရပြီး အခြားသော လူသုံးကုန်ပစ္စည်းလေးတွေကိုလည်း Live လွှင့်ရောင်းချပေးနေတာကို တွေ့ရပါတယ်။

ဒီအင်တာဗျူးလေးကိုတော့ မပန်တစ်ယောက် LAMBEST Luxury Skincare ပစ္စည်းလေးတွေကို ရောင်းချပေးနေတဲ့ အစီအစဉ်ရဲ့ အားလပ်ချိန်အခိုက်အတန့်လေးမှာ မေးမြန်းခဲ့တာ ဖြစ်ပြီး ဒီ Skincare ပစ္စည်းကိုရောင်းချဖြစ်ခဲ့ရခြင်းအကြောင်းနဲ့ လွန်ခဲ့တဲ့ Live Sale တွေမှာတုန်းက စမိုင်းတစ်ယောက် သူ့ဆီက သိန်း (၃၆၀) တန် ရတနာပစ္စည်းတွေကို ဝယ်ယူအားပေးခဲ့တယ်ဆိုတဲ့အကြောင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာဗျူးရဲ့အစပိုင်းမှာတော့ LAMBEST Skincare လုပ်ငန်းဖက်က သူမကို Live Sale ရောင်းချပေးဖို့ ကမ်းလှမ်းလာခဲ့တဲ့ အကြောင်းကို ရှင်းပြပါတယ်။ ဒီကုပစ္စည်းကို ရောင်းချပေးဖို့ သူမကို လုပ်ငန်းဖက်က တာဝန်ရှိသူတွေက လာရောက်ကမ်းလှမ်းတဲ့အခါ သူမအနေနဲ့ ဒီအသားအရေထိန်းသိမ်းရေးပစ္စည်းလေးကို ကိုယ်တိုင်အရင်စမ်းသုံးကြည့်ပြီး တကယ်ကောင်းတယ်ဆိုမှ ရောင်းပေးဖို့အဆင်ပြေမယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ ကိုယ်တိုင်က ဒီပစ္စည်းရဲ့ ကောင်းခြင်း/မကောင်းခြင်းကို ကိုယ်တိုင်မသိရှိပဲ ရောင်းချပေးတဲ့အခါ သူမကိုချစ်ခင်အားပေးသူတွေက ဝယ်ယူသုံးစွဲမိလို့ အဆင်မပြေမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာမှာကို စိုးရိမ်တဲ့အတွက် ကိုယ်တိုင်စမ်းသပ်သုံးစွဲပြီးမှ တကယ်ကောင်းလို့ရောင်းပေးတာ ဖြစ်တယ်လို့ မပန်က ဝေမျှလာပါတယ်။

ဒီကုန်ပစ္စည်းကိုဆိုရင် မပန်က သူမတင်မဟုတ်ပဲ သူမရဲ့အမျိုးသား ဗိုလ်ချုပ်ရုပ်ရှင်မှာ ဂဠုန်ဦးစောနေရာကနေ ပါဝင်သရုပ်ဆောင်မယ့် ကိုဥက္ကာကျော်ကိုပါ စမ်းသပ်သုံးစွဲစေခဲ့တာ ဖြစ်ပါတယ်။ မပန်အနေနဲ့ကတော့ သူမရဲ့အသားအရည်က ပုံမှန်အသားအရည်ဖြစ်တဲ့အတွက် ဒီကုန်ပစ္စည်းကြောင့် ပြောင်းလဲမှုကြီးကြီးမားမားတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ခြင်းမရှိပေမယ့် သူမရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ရဲ့ အသားအရည်ကတော့ ဝက်ခြံအထွက်များတဲ့ အသားအရည် ဖြစ်တဲ့အတွက် ဒီ Skincare ပစ္စည်းလေးကို သုံးပြီးတဲ့အခါမှာတော့ မျက်နှာအသားအရည်က အနည်းငယ်ဖြူဝင်းလာပြီး ကြည်လင်တောက်ပလာတဲ့အတွက်ကြောင့် ဒီကုန်ပစ္စည်းဟာ တကယ်ကောင်းတယ်လို့ ယူဆပြီး Live လွှင့် ရောင်းချပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မဆုပန်ထွာအနေနဲ့ Live လွှင့်ပြီး ဈေးရောင်းချပေးရာမှာ စိန်ဆိုင်တွေအတွက် ရောင်းချပေးဖြစ်တာများပြီး အသားအရည်ထိန်းသိမ်းမှုပစ္စည်းအနေနဲ့ကတော့ ဒီ LAMBEST Skincare က ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

မပန်အနေနဲ့ ရတနာပစ္စည်းလေးတွေ ရောင်းရတာဟာ (၃) နာရီလောက်ဆက်တိုက်ထိုင်နေရတာ ဖြစ်တဲ့အတွက် အနည်းငယ်ညောင်းညာခြင်းရှိပေမယ့် ကိုယ့်ကြောင့်ကိုယ့်ကို ယုံကြည်အပ်နှံကြတဲ့ လုပ်ငန်းရှင်တွေရဲ့ ပစ္စည်းလေးတွေ ရောင်းထွက်သွားတာရယ် ကိုယ်တိုင်လည်း ကိုဗစ်ကာလမှာ အနုပညာလုပ်ငန်းတွေရပ်နားထားရတာ ဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တာကြောင့် ကိုယ်အာမခံနိုင်တဲ့ပစ္စည်းလေးတွေကို ရောင်းပေးဖြစ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ရတနာပစ္စည်းလေးတွေရောင်းပေးတဲ့အခါမှာလည်း ကိုယ့်ကိုချစ်ခင်လို့ဝယ်ယူသူတွေ မထိခိုက်ရလေအောင် အရည်အသွေးကို ကိုယ်တိုင်စစ်ဆေးပြီးမှ ရောင်းချပေးခြင်းဖြစ်တယ်လို့ အာမခံပြောကြားလိုက်ပါတယ်။

မပန်က ရတနာပစ္စည်းတွေကို ကိုယ်တိုင် Live လွှင့်ရောင်းချခြင်း မပြုလုပ်ဖူးခင်ကတော့ သူများတွေ ရောင်းချပေးနေတာကို ကြည့်ပြီး တကယ်ရောင်းရတာမှဟုတ်ပါ့မလားလို့ ယုံမှားသံသယဝင်ခဲ့ဖူးကြောင်း ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောပြပါတယ်။ အကြောင်းကတော့ သူမကိုယ်တိုင်လည်း စိန်ထည်ပစ္စည်းလေးတွေ ဝယ်ယူပြီဆိုရင် သေချာကိုင်ကြည့် စစ်ဆေးကြည့်ပြီးမှ ဝယ်ယူတာဖြစ်တဲ့အတွက် Live Sale မှတဆင့် ရောင်းချနေခြင်းကို ဝယ်သူဖက်က ယုံကြည်မှုရှိပါ့မလားလို့ သံသယရှိခဲ့တာလို့ ဆိုပါတယ်။

ကိုယ်တိုင်ရောင်းချပေးကြည့်တဲ့အခါမှ သူမကိုချစ်ခင်လို့ ဝယ်ယူအားပေးကြသူတွေကြောင့် ကြီးစွာပီတိဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ အခုလို ချစ်ခင်ဝယ်ယူအားပေးကြသူတွေထဲမှာ ပြည်သူချစ်အနုပညာရှင် စမိုင်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

စမိုင်းကတော့ သူမဆီကနေ စုစုပေါင်း သိန်း (၃၆၀) တန်တဲ့ စိန်ကြိုးနှစ်ကုံးကို ဝယ်ယူအားပေးခဲ့တဲ့ အတွက် မပန်အနေနဲ့ အံ့ဩဝမ်းသာမဆုံးဖြစ်ခဲ့ရတယ်လို့ ကျေးဇူးတင်စကားဆိုလာပါတယ်။
စမိုင်းဟာဆိုရင်လည်း သူမကို ချစ်ခင်တဲ့အတွက် ဝယ်ယူအားပေးခဲ့တာဖြစ်ပြီး “မကြီးကို ချစ်ရတာ ဈေးကြီးလိုက်တာ” လို့တောင် စနောက်ပြောဆိုခဲ့တယ်လို့ မပန်က ပြန်ပြောပြပါတယ်။

ပရိသတ်ကြီးတို့ရေ အခုလို အွန်လိုင်းကနေ Live လွှင့်ပြီး အနုပညာရှင်တွေက တစ်ဆင့် အဖိုးတန်ပစ္စည်းတွေ ရောင်းချပေးတယ်ဆိုတာ ကိုဗစ်ကာလ ဈေးကွက်စီးပွားရေးစနစ်အတွင်းမှာ အလျင်အမြန်ပဲ အရှိန်ရကြီးထွားလာတဲ့ အရောင်းမြှင့်တင်ရေး နည်းဗျူဟာ တစ်ရပ်လို့ ယူဆရမှာ ဖြစ်ပါတယ်။အနုပညာရှင်တွေရောင်းချပေးနေတဲ့ ပစ္စည်းလေးတွေကို အနုပညာအချင်းချင်းသော်လည်းကောင်း သူတို့ကို အားပေးကြသူတွေကလည်းကောင်း အသီးသီး ဝယ်ယူနေကြတာ ဖြစ်ပါတယ်။

ပြည်သူ့အချစ်တော်ဆုပန်ထွာကတော့ ကုန်ပစ္စည်းလေးတွေကို ရောင်းချပေးတဲ့အခါ တန်ဖိုးကြီးပစ္စည်းတွေကိုဝယ်ယူသူတွေဖက်က မထိခိုက်စေလိုတဲ့အတွက် အရည်အသွေးပိုင်းကို ကိုယ်တိုင်စစ်ဆေးစမ်းသပ်ပြီးမှ ပြန်လည်ရောင်းချပေးတာ ဖြစ်တဲ့အတွက် ပရိသတ်ထဲက ဘောစိကိုကိုမမတို့လည်း မပန်ရောင်းချပေးနေတဲ့ အရည်အသွေးပြည့်ကုန်ပစ္စည်းလေးတွေကို ဝယ်ယူအားပေးကြပါအုံးလို့ စေတနာရှေ့ထားပြီး နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

Source : SJ

Add a Comment

Your email address will not be published. Required fields are marked *