စည်ဖြိုးတို့ စုံတွဲရဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တဲ့ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကို တက်ရောက်ခဲ့တဲ့ နေရဲ
Read in UNICODE
စည်ဖြိုးနဲ့ နေရဲတို့ကတော့ အောင်မြင်တဲ့ အနုပညာနယ်ပယ်မှာ အသီးသီးရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ နေရဲတို့ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ အတူတူ ရိုက်ကူးခဲ့ကြပြီး “သတ်ကွင်း”၊ “နိုင်ငံကြီးသား” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အတွဲညီညီနဲ့ အတူတူ သရုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း
စည်ဖြိုးနဲ့ နေရဲတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တာဖြစ်ပြီး နေရဲကလည်း သူ့ရဲ့ စီနီယာအစ်ကိုကြီးရဲ့
မင်္ဂလာရှိတဲ့ပွဲလေးကို တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ နေရဲက ချစ်ခင်ရတဲ့ အစ်ကိုကြီး စည်ဖြိုးတို့ စုံတွဲလေးကို ချစ်ခင်မှုတွေများစွာနဲ့ “Congratulations 💐 ❤️ ကိုစည် + မဂျူး ❤️ Si Phyo Khin Hlwan ပျော်ရွှင်စရာ မိသားစု ဘဝလေး ပိုင်ဆိုင်ပါစေ 🙏🏻🙏🏻🙏🏻 ” ဆိုပြီး မင်္ဂလာဆုတောင်းစကားလေး ပြောခဲ့ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့
နှစ်ကိုယ်တူဘဝလေးကို အေးချမ်းစွာနဲ့ တည်ဆောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နေရဲတစ်ယောက်လည်း လက်တွဲဖော်လေးနဲ့ ဘယ်အချိန်များ ရွှေလက်တွဲမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Nay Ye’s Facebook
Add a Comment
Your email address will not be published. Required fields are marked *