ဦးေက်ာ္သူနဲ႔ ငယ္ဘဝတုန္းက မျကာခဏ ရန္ျဖစ္ခဲ့တဲ့ အေၾကာင္းေတြ ေျပာျပခဲ့တဲ့ ဇနီးျဖစ္သူ ေဒၚေရႊဇီးကြက္

ဦးေက်ာ္သူနဲ႔ ဇနီးျဖစ္သူ အန္တီေ႐ႊဇီးကြက္တို႔ကေတာ့ ေဖ့ဘြက္တစ္ခြင္မွာေရာ လက္ေတြ႕ဘဝမွာပဲ ၾကင္နာတဲ့စုံတြဲအျဖစ္ လူသိမ်ားၾကပါတယ္။ သူတို႔စုံတြဲကၾကင္နာၾကေပမယ့္ ခဏခဏရန္ျဖစ္တဲ့အေၾကာင္းေလးကိုေတာ့ အန္တီေ႐ႊဇီးကြက္က “ခ်စ္ေတာ့ခ်စ္ၾကပါတယ္ သိပ္ေတာ့မတည့္ဘူး ငယ္ငယ္တုန္းကဆို ကြၽန္မတို႔လင္မယားကို ၁၅မိနစ္လင္မယားလို႔ေခၚၾကတယ္ ၁၅မိနစ္တည့္လိုက္ ၁၅မိနစ္ေနရင္ရန္ျဖစ္လိုက္ဆိုေတာ့ ေလ တနလၤာနဲ႔ ၾကာသပေတးျဖစ္ေနေတာ့ ရန္ၿဂိဳဟ္ပဲမို႔လို႔လားပဲ သိပ္ေတာ့အေတြးအေခၚမတူၾကဘူး အခုပိုဆိုးတာေပါ့ သားသမီးေတြကလည္းအနားမရွိေတာ့ ဒီလင္ဒီမယားပဲတည့္ေအာင္ေနရမွာေလ ” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုထားတာပါ။ “ကြၽန္မတို႔က

တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ သိပ္မခ်ဳပ္ခ်ယ္ၾကဘူး တစ္ေယာက္နဲ႔တစ္ေယာက္က အေဖာ္ေလ အနားရွိေနဖို႔ပဲလိုတယ္ ပိုင္ဆိုင္ေနရဖို႔မလိုဘူးေလ အရမ္းႀကီးပိုင္ဆိုင္ခ်င္လို႔ မရဘူး ေသသြားရင္ ဘယ္လိုပိုင္ေတာ့မလဲ ၂ေယာက္လုံးဒါကိုနားလည္ေတာ့ သူလည္းသူသြားစရာရွိတာသြား ကိုယ္လည္း ကိုယ္သြားခ်င္တာကိုယ္လုပ္ေပါ့” “တခ်ိဳ႕သိပ္သဝန္တိုတာသိလား အၿမဲတမ္းပါခ်င္ေနတာေလ တကယ္တမ္းေတာ့လူဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္အၿပီးပိုင္ထားလို႔မွမရတာ အရာရာ ကိုယ့္ခႏၶာေတာင္ကိုယ္ပိုင္လို႔မရဘူး အရာရာကိုယ့္စိတ္တိုင္းက်ျဖစ္ခ်င္ေနရင္ ကိုယ့္အမွား အရင္ကရန္ျဖစ္တယ္ဆိုတာျဖစ္ခ်င္ၾကလို႔ျဖစ္တာ

တစ္ေယာက္ဆႏၵအတိုင္း တစ္ေယာက္ကျဖစ္မွာေတာ့မဟုတ္ဘူး မျဖစ္သင့္တာမျဖစ္ဖို႔ေတာ့ တားရတာေပါ့” လို႔ အန္တီေ႐ႊဇီးကြက္က ဆိုပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္မျဖစ္သင့္တာမျဖစ္ရေအာင္ထိန္းေက်ာင္းေပးတယ္ဆိုတဲ့အေၾကာင္းေလးကိုေတာ့ “ကိုေက်ာ္သူဆိုလည္း ေၾကာ္ျငာစ႐ိုက္ေတာ့ Fantacy ေဖ်ာ္ရည္ ရတဲ့ပိုက္ဆံက ႐ုပ္ရွင္နဲ႔အတူတူပဲဆိုေတာ့ ေၾကာ္ျငာထပ္ယူတယ္ ရတာက အရက္နဲ႔ေဆးလိပ္ဆိုေတာ့ သူ႔ေတာင္မေျပာဘူး အန္တီျငင္းလိုက္တယ္ သူအကုသိုလ္ျဖစ္မယ္ေလ သူအစက အရက္ေဆးလိပ္ေသာက္တယ္ အန္တီမႀကိဳက္ဘူး ကိုယ္မႀကိဳက္တာကို တျခားမိသားစုကို ဒီဟာေကာင္းတယ္ေသာက္ ဒီေဆးလိပ္ေကာင္းတယ္ေသာက္ဆို တျခားမိသားစုစိတ္ဆင္းရဲရင္ သူပဲအက်ိဳးခံစားရမယ္ေလ အဲ့တာကိုခြင့္မျပဳဘူး သူလည္းကြၽန္မဘက္ကိုအဲဒီ့လိုပဲ မေကာင္းတာေတြဆိုတားေပးတယ္ အဓိကက အကုသိုလ္နဲ႔ ကုသိုလ္နဲ႔ေနသြားၾကေပါ့ေနာ္ တစ္ေယာက္နဲ႔တစ္ေယာက္ သတိေပးတယ္” “စယူတုန္းက ေက်ာ္သူက မင္းသားမဟုတ္ဘူး

ယူၿပီးမင္းသားျဖစ္သြားေတာ့ ကြၽန္မဆိုသူ႔ကိုျပည္သူပိုင္ေယာက်္ားလို႔ေတာင္ေခၚတယ္ ကိုယ္မပိုင္ရဘူးေပါ့ေနာ္ အဲဒီ့မွာစၿပီးေျပာင္းရေတာ့တာေပါ့ အပ်ိဳတုန္းကေတာ့ အတၱႀကီးတယ္ သူမင္းသားျဖစ္ၿပီး ဒီအက်င့္မေျပာင္းရင္ အိမ္ေထာင္ေရးမွာအဆင္မေျပဘူးေလ ကြၽန္မက ခပ္စြာစြာ ခပ္ထက္ထက္ကိုး ဒါေပမဲ့ နားလည္သေဘာေပါက္ပါတယ္ ဒီလုပ္ငန္းလုပ္ရင္ ဒီလိုပဲဆိုတာ သူ႔ဘက္ကလည္းကြၽန္မနာေရးအသင္းေတြနဲ႔လုပ္ကိုင္တဲ့အခါ နားလည္ေပးပါတယ္” အိမ္ေထာင္သက္ ႏွစ္၄၀နီးပါးရွိၿပီျဖစ္တဲ့

အန္တီေ႐ႊဇီးကြက္ေတာ့ အခုေခတ္အိမ္ေထာင္ေရးၿပိဳကြဲမႈႏႈန္းမ်ားလာတာနဲ႔ပတ္သတ္ၿပီး “လူေတြကေတာ့ထပ္ရတာေကာင္းမယ္ထင္ၿပီး ကြဲၾကတာေပါ့ တကယ္ကိုလက္တြဲလို႔မရေတာ့ဘူးဆိုရင္ေတာ့ စိတ္ဆင္းရဲၿပီးေနရမယ့္ အစားကြဲတာကိုလက္ခံပါတယ္ ဒါေပမဲ့ မရတဲ့အေနအထားမေရာက္ခင္ ျပင္လို႔ရပါေသးတယ္ ကိစၥတစ္ခုက အၿမဲျဖစ္ေနတာမွမဟုတ္တာ ၿပီးသြားမွာပဲ ဒါကိုလိုက္ျပႆနာရွာေနမယ့္အစားလႊတ္ထားလိုက္ ကိုယ္ေကာင္းတာလုပ္ရင္ ကုသိုလ္ကံက ကယ္သြားမွာပဲ မ်ားေသာအားျဖင့္ စိတ္ဆင္းရဲၾကတာက သူ႔ေၾကာင့္စိတ္ဆင္းရဲရတာမဟုတ္ဘူး ကိုယ္အေနမတတ္လို႔စိတ္ဆင္းရဲရတာ

ကိုယ့္စိတ္ကိုမထားတတ္လို႔ကိုး တႏုံ႔ႏုံ႔ေတြးရင္ ကိုယ္ပဲဒုကၡပိမွာေလမႀကီးက်ယ္တဲ့ကိစၥကို ေတြးရင္းေတြးရင္း ႀကီးက်ယ္မသြားေအာင္ သဘာဝတရားတစ္ခုလို႔ လက္ခံႏိုင္ေအာင္ေနေပါ့ အျဖစ္အပ်က္ေတြက ဒီလိုပဲၿပီးဆုံးသြားမွာပါ”ဦးေက်ာ္သူရဲ႕ေဖ့ဘြက္မွာ ဇနီးသည္အေၾကာင္းေလးေတြေရးတင္တာနဲ႔ပတ္သတ္ၿပီး အန္တီေ႐ႊဇီးကြက္က”သူကမင္းသားဆိုေတာ့လည္း ဖြင့္ေျပာတာမ်ားတာေပါ့ ကြၽန္မကေတာ့သိပ္မေျပာဘူးေပါ့ ကြၽန္မတင္ရင္ အမ်ားအက်ိဳးမ်ားမယ့္ဟာ ေပ်ာ္ရမယ့္ဟာပဲ တင္တာေပါ့ ကိုယ့္ခံစားခ်က္ေတြမတင္တတ္ဘူး သူကလည္း ကားတင္ေျပးခဲ့တဲ့သူဆိုေတာ့ ပိုခ်စ္တာေနမွာေပါ့” “ဒီလိုကိုယ့္ကိုခ်စ္နဲ႔အေၾကာင္းတင္တာနဲ႔ပတ္သတ္ၿပီးေတာ့ သေဘာေတာ့က်တာေပါ့ေနာ္ ” လို႔အင္တာဗ်ဴးမွာ ေျဖၾကားေပးခဲ့တာပါ။

Read in UNICODE

ဦးကျော်သူနဲ့ ဇနီးဖြစ်သူ အန်တီရွှေဇီးကွက်တို့ကတော့ ဖေ့ဘွက်တစ်ခွင်မှာရော လက်တွေ့ဘဝမှာပဲ ကြင်နာတဲ့စုံတွဲအဖြစ် လူသိများကြပါတယ်။ သူတို့စုံတွဲကကြင်နာကြပေမယ့် ခဏခဏရန်ဖြစ်တဲ့အကြောင်းလေးကိုတော့ အန်တီရွှေဇီးကွက်က “ချစ်တော့ချစ်ကြပါတယ် သိပ်တော့မတည့်ဘူး ငယ်ငယ်တုန်းကဆို ကျွန်မတို့လင်မယားကို ၁၅မိနစ်လင်မယားလို့ခေါ်ကြတယ် ၁၅မိနစ်တည့်လိုက် ၁၅မိနစ်နေရင်ရန်ဖြစ်လိုက်ဆိုတော့ လေ တနင်္လာနဲ့ ကြာသပတေးဖြစ်နေတော့ ရန်ဂြိုဟ်ပဲမို့လို့လားပဲ သိပ်တော့အတွေးအခေါ်မတူကြဘူး အခုပိုဆိုးတာပေါ့ သားသမီးတွေကလည်းအနားမရှိတော့ ဒီလင်ဒီမယားပဲတည့်အောင်နေရမှာလေ ” လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာပါ။ “ကျွန်မတို့က

တစ်ယောက်နဲ့တစ်ယောက်တော့ သိပ်မချုပ်ချယ်ကြဘူး တစ်ယောက်နဲ့တစ်ယောက်က အဖော်လေ အနားရှိနေဖို့ပဲလိုတယ် ပိုင်ဆိုင်နေရဖို့မလိုဘူးလေ အရမ်းကြီးပိုင်ဆိုင်ချင်လို့ မရဘူး သေသွားရင် ဘယ်လိုပိုင်တော့မလဲ ၂ယောက်လုံးဒါကိုနားလည်တော့ သူလည်းသူသွားစရာရှိတာသွား ကိုယ်လည်း ကိုယ်သွားချင်တာကိုယ်လုပ်ပေါ့” “တချို့သိပ်သဝန်တိုတာသိလား အမြဲတမ်းပါချင်နေတာလေ တကယ်တမ်းတော့လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်အပြီးပိုင်ထားလို့မှမရတာ အရာရာ ကိုယ့်ခန္ဓာတောင်ကိုယ်ပိုင်လို့မရဘူး အရာရာကိုယ့်စိတ်တိုင်းကျဖြစ်ချင်နေရင် ကိုယ့်အမှား အရင်ကရန်ဖြစ်တယ်ဆိုတာဖြစ်ချင်ကြလို့ဖြစ်တာ

တစ်ယောက်ဆန္ဒအတိုင်း တစ်ယောက်ကဖြစ်မှာတော့မဟုတ်ဘူး မဖြစ်သင့်တာမဖြစ်ဖို့တော့ တားရတာပေါ့” လို့ အန်တီရွှေဇီးကွက်က ဆိုပါတယ်။ တစ်ယောက်ကိုတစ်ယောက်မဖြစ်သင့်တာမဖြစ်ရအောင်ထိန်းကျောင်းပေးတယ်ဆိုတဲ့အကြောင်းလေးကိုတော့ “ကိုကျော်သူဆိုလည်း ကြော်ငြာစရိုက်တော့ Fantacy ဖျော်ရည် ရတဲ့ပိုက်ဆံက ရုပ်ရှင်နဲ့အတူတူပဲဆိုတော့ ကြော်ငြာထပ်ယူတယ် ရတာက အရက်နဲ့ဆေးလိပ်ဆိုတော့ သူ့တောင်မပြောဘူး အန်တီငြင်းလိုက်တယ် သူအကုသိုလ်ဖြစ်မယ်လေ သူအစက အရက်ဆေးလိပ်သောက်တယ် အန်တီမကြိုက်ဘူး ကိုယ်မကြိုက်တာကို တခြားမိသားစုကို ဒီဟာကောင်းတယ်သောက် ဒီဆေးလိပ်ကောင်းတယ်သောက်ဆို တခြားမိသားစုစိတ်ဆင်းရဲရင် သူပဲအကျိုးခံစားရမယ်လေ အဲ့တာကိုခွင့်မပြုဘူး သူလည်းကျွန်မဘက်ကိုအဲဒီ့လိုပဲ မကောင်းတာတွေဆိုတားပေးတယ် အဓိကက အကုသိုလ်နဲ့ ကုသိုလ်နဲ့နေသွားကြပေါ့နော် တစ်ယောက်နဲ့တစ်ယောက် သတိပေးတယ်” “စယူတုန်းက ကျော်သူက မင်းသားမဟုတ်ဘူး

ယူပြီးမင်းသားဖြစ်သွားတော့ ကျွန်မဆိုသူ့ကိုပြည်သူပိုင်ယောကျ်ားလို့တောင်ခေါ်တယ် ကိုယ်မပိုင်ရဘူးပေါ့နော် အဲဒီ့မှာစပြီးပြောင်းရတော့တာပေါ့ အပျိုတုန်းကတော့ အတ္တကြီးတယ် သူမင်းသားဖြစ်ပြီး ဒီအကျင့်မပြောင်းရင် အိမ်ထောင်ရေးမှာအဆင်မပြေဘူးလေ ကျွန်မက ခပ်စွာစွာ ခပ်ထက်ထက်ကိုး ဒါပေမဲ့ နားလည်သဘောပေါက်ပါတယ် ဒီလုပ်ငန်းလုပ်ရင် ဒီလိုပဲဆိုတာ သူ့ဘက်ကလည်းကျွန်မနာရေးအသင်းတွေနဲ့လုပ်ကိုင်တဲ့အခါ နားလည်ပေးပါတယ်” အိမ်ထောင်သက် နှစ်၄၀နီးပါးရှိပြီဖြစ်တဲ့

အန်တီရွှေဇီးကွက်တော့ အခုခေတ်အိမ်ထောင်ရေးပြိုကွဲမှုနှုန်းများလာတာနဲ့ပတ်သတ်ပြီး “လူတွေကတော့ထပ်ရတာကောင်းမယ်ထင်ပြီး ကွဲကြတာပေါ့ တကယ်ကိုလက်တွဲလို့မရတော့ဘူးဆိုရင်တော့ စိတ်ဆင်းရဲပြီးနေရမယ့် အစားကွဲတာကိုလက်ခံပါတယ် ဒါပေမဲ့ မရတဲ့အနေအထားမရောက်ခင် ပြင်လို့ရပါသေးတယ် ကိစ္စတစ်ခုက အမြဲဖြစ်နေတာမှမဟုတ်တာ ပြီးသွားမှာပဲ ဒါကိုလိုက်ပြဿနာရှာနေမယ့်အစားလွှတ်ထားလိုက် ကိုယ်ကောင်းတာလုပ်ရင် ကုသိုလ်ကံက ကယ်သွားမှာပဲ များသောအားဖြင့် စိတ်ဆင်းရဲကြတာက သူ့ကြောင့်စိတ်ဆင်းရဲရတာမဟုတ်ဘူး ကိုယ်အနေမတတ်လို့စိတ်ဆင်းရဲရတာ

ကိုယ့်စိတ်ကိုမထားတတ်လို့ကိုး တနုံ့နုံ့တွေးရင် ကိုယ်ပဲဒုက္ခပိမှာလေမကြီးကျယ်တဲ့ကိစ္စကို တွေးရင်းတွေးရင်း ကြီးကျယ်မသွားအောင် သဘာဝတရားတစ်ခုလို့ လက်ခံနိုင်အောင်နေပေါ့ အဖြစ်အပျက်တွေက ဒီလိုပဲပြီးဆုံးသွားမှာပါ”ဦးကျော်သူရဲ့ဖေ့ဘွက်မှာ ဇနီးသည်အကြောင်းလေးတွေရေးတင်တာနဲ့ပတ်သတ်ပြီး အန်တီရွှေဇီးကွက်က”သူကမင်းသားဆိုတော့လည်း ဖွင့်ပြောတာများတာပေါ့ ကျွန်မကတော့သိပ်မပြောဘူးပေါ့ ကျွန်မတင်ရင် အများအကျိုးများမယ့်ဟာ ပျော်ရမယ့်ဟာပဲ တင်တာပေါ့ ကိုယ့်ခံစားချက်တွေမတင်တတ်ဘူး သူကလည်း ကားတင်ပြေးခဲ့တဲ့သူဆိုတော့ ပိုချစ်တာနေမှာပေါ့” “ဒီလိုကိုယ့်ကိုချစ်နဲ့အကြောင်းတင်တာနဲ့ပတ်သတ်ပြီးတော့ သဘောတော့ကျတာပေါ့နော် ” လို့အင်တာဗျူးမှာ ဖြေကြားပေးခဲ့တာပါ။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *