ျဖဴျဖဴေထြးက တကယ့္ကို ေအာင္ျမင္ေက်ာ္ၾကားတဲ့ စူပါမင္းသမီးႀကီး ျဖစ္သြားႏိုင္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့တဲ့ ေနထက္လင္း

ပရိသတ္ရင္ကိုထိုးေဖာက္ႏိုင္တဲ့ ဝါရင့္သ႐ုပ္ေဆာင္ေနထက္လင္းကေတာ့ ျဖဴျဖဴေထြးသာ အႏုပညာ ကို ဒီထက္ ပိုေကာင္းေအာင္ ႀကိဳးစားႏိုင္ရင္ တကယ့္ စူပါ မင္းသမီး တစ္ေယာက္ ျဖစ္သြားႏိုင္တယ္”လို႔ဆိုပါတယ္။ ဝါရင့္တစ္ေယာက္အေနနဲ႔ေနထက္လင္းကေတာ့ ျဖဴျဖဴေထြးနဲ႔ပတ္သတ္ၿပီး”သူ႔ကိုဘယ္လိုတိုက္ခိုက္ တိုက္ခိုက္ ေကာင္မေလး ၂ႏွစ္ေလာက္အထိေတာ့ ေအးေဆးခိုင္တယ္ ကိုလြင္မိုးေျပာသလိုပဲ အိုက္တင္ကိုညက္ညက္ေလးျဖစ္ေအာင္လုပ္သြားမယ္ဆိုရင္ ဒီထက္သူ

စူပါမင္းသမီးျဖစ္သြားႏိုင္တယ္ ဒီအေပၚမွာသူအသုံးခ်ၿပီး ႐ုပ္ရွင္ကားႀကီး႐ိုက္သြားႏိုင္ရင္ေကာင္းမွာပါ” လို႔ အင္တာဗ်ဴးမွာ ဆိုခဲ့ပါတယ္။ ဒီကာလအတြင္းမွာ ျဖဴျဖဴေထြး နဲ႔ ေၾကာ္ျငာ (၂) ခု ႐ိုက္ျဖစ္တဲ့အေၾကာင္းေလးကိုေတာ့ “ပထမေတာ့ ေၾကာ္ျငာတစ္ခုပဲ႐ိုက္ထားတာပါ ေနာက္ဒုတိယလႈိင္းဝင္လာေတာ့ ေနာက္ဆုတ္သြားတဲ့အခ်ိန္ ေနာက္ေၾကာ္ျငာတစ္ခုဝင္လာတာ ၂ရက္ခြဲၿပီး႐ိုက္လိုက္တာ အလုပ္လုပ္ရတာေပ်ာ္စရာေကာင္းပါတယ္ ေကာင္မေလးက သြက္သြက္လက္လက္ရွိတယ္ အလုပ္လုပ္ရတာလည္း

အျမင္တူပါတယ္” “သူက ၁ႏွစ္၂ႏွစ္ ၃ႏွစ္ေလာက္ကေတာ့ ေအးေအးေဆးေဆးခိုင္ပါတယ္ သူကိုဘယ္လိုပဲတိုက္ခိုက္တိုက္ခိုက္ေပါ့ေနာ္ စိတ္ထားေလးကေျပာင္းမွာမဟုတ္ဘူး သူ႔ကိုျဖစ္ေစခ်င္ပါတယ္ သမီးကိုရီးယားကားေတြၾကည့္ေပးေနာ္ဆိုေတာ့ ၾကည့္တယ္ ၾကည့္တယ္တဲ့ ဒီေလာက္ေလးပဲေျပာလိုက္တာ သူသေဘာေပါက္ပါတယ္” လို႔ဆိုထားပါတယ္။ေနထက္လင္းကေတာ့ “အခုကြၽန္ေတာ္တို႔က လူမႈဆက္ဆံေရးက ေျပာင္းလဲသြားၿပီေလ ကြၽန္ေတာ္တို႔က အသုံးမခ်တတ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ရဲ႕ဗီဒီယိုေဈးကြက္ကပ်က္သြားတယ္ ႐ုပ္ရွင္ပဲက်န္ေတာ့တာေပါ့ ႐ုပ္ရွင္ေတာင္ ၁၀ကားမွာ ၂ကားပဲေပါက္တယ္ ပရိသတ္စားခ်င္တာကို

မေကြၽးပဲ အရသာမေျပာင္းဘူးေလ သူတို႔စားခ်င္တဲ့မုန္႔ဟင္းခါးအရသာကိုမေကြၽးဘဲ ကြၽန္ေတာ္တို႔ခ်က္တာပဲေကြၽးတယ္ဆိုေတာ့ အရသာမတူဘူးျဖစ္ေနတဲ့အတြက္ သူတို႔မစားခ်င္ဘူးျဖစ္ေနတာေပါ့ ”ျဖဴျဖဴေထြးနဲ႔ပတ္သတ္ၿပီးေတာ့ ေနထင္လင္းက “ပထမသူစိတ္ဓာတ္နဲ႔ေဖာက္တယ္ ေနာက္ေတာ့ အတတ္ပညာနဲ႔ေဖာက္ရတာေပါ့ အသံတို႔သ႐ုပ္ေဆာင္တို႔ အဲ့တာေတြမပါလည္းမရဘူး စိတ္ဓာတ္ေလးကျဖဴတယ္ လူေတြကိုက်ိဳးႏြံတယ္

႐ိုးသားတယ္ သူကအတတ္ပညာပိုင္းလည္းေလ့လာထားတယ္ အဲဒီ့အေပၚမွာအသုံးခ်သြားတာ ေတာ္ပါတယ္” “သူ႐ိုက္တဲ့ဗီဒီယိုဖိုင္ေလးကို တစ္ခါတစ္ေလ ၾကည့္ျဖစ္ပါတယ္ ပရိသတ္လိုခ်င္တာက အျပစ္ကင္းတာေလးပဲ ကန္ေတာ္ပါရဲ႕ ဟိုေဖာ္ဒီေဖာ္ ေတြ မလိုခ်င္ဘူး ပရိသတ္က အဲ့တာကအၾကာႀကီးၾကည့္လို႔မရဘူး လင္မယား သမီးရည္းစားသတ္ၾကမယ့္ကိန္းပဲ အျပစ္ကင္းတာကိုၾကည့္တာက်ေတာ့ တားလို႔မရဘူး ျမန္မာႏိုင္ငံနဲ႔ အင္မတန္လိုက္ဖတ္တဲ့ အႏုပညာပါ” လို႔ ေျဖဆိုခဲ့တာပါ။ေနထက္လင္းကေတာ့

ပရိသတ္ႀကီးအားလုံးအတြက္လည္း က်န္းမာေရးဂ႐ုစိုက္ၾကဖို႔ “တတိယလႈိင္းလာႏိုင္တဲ့အတြက္ က်န္းမာေရးဝန္ႀကီးဌာနၫႊန္ၾကားတဲ့အတိုင္းေနေပးၾကပါ ဒီအေပၚမွာ စိတ္မဆိုးၾကပါနဲ႔ ဘယ္သူမျပဳမိမိမႈပါ ကိုယ္လုပ္ရင္ ကိုယ္ခံရမွာပါ ဗိုင္းယက္စ္က ဘယ္သူ႔ကိုမညႇာမွာမဟုတ္ပါဘူး ကမာၻႀကီးကိုေဆးေၾကာေနပါၿပီ မေကာင္းတဲ့စိတ္ေတြမထားၾကပါနဲ႔ ေဒါသကိုေလွ်ာ့ မာနကိုေလွ်ာ့ တစ္ေယာက္ကိုတစ္ေယာက္ဆဲဆိုတာေတြေလွ်ာ့ၾကပါ အေကာင္းျမင္စိတ္ေလးနဲ႔ ဘုရားတရားလုပ္ႏိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္ ” ဆိုတဲ့ စကားေလးနဲ႔ အသိေပးထားပါေသးတယ္။

Read in UNICODE

ပရိသတ်ရင်ကိုထိုးဖောက်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်နေထက်လင်းကတော့ ဖြူဖြူထွေးသာ အနုပညာ ကို ဒီထက် ပိုကောင်းအောင် ကြိုးစားနိုင်ရင် တကယ့် စူပါ မင်းသမီး တစ်ယောက် ဖြစ်သွားနိုင်တယ်”လို့ဆိုပါတယ်။ ဝါရင့်တစ်ယောက်အနေနဲ့နေထက်လင်းကတော့ ဖြူဖြူထွေးနဲ့ပတ်သတ်ပြီး”သူ့ကိုဘယ်လိုတိုက်ခိုက် တိုက်ခိုက် ကောင်မလေး ၂နှစ်လောက်အထိတော့ အေးဆေးခိုင်တယ် ကိုလွင်မိုးပြောသလိုပဲ အိုက်တင်ကိုညက်ညက်လေးဖြစ်အောင်လုပ်သွားမယ်ဆိုရင် ဒီထက်သူ

စူပါမင်းသမီးဖြစ်သွားနိုင်တယ် ဒီအပေါ်မှာသူအသုံးချပြီး ရုပ်ရှင်ကားကြီးရိုက်သွားနိုင်ရင်ကောင်းမှာပါ” လို့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ဒီကာလအတွင်းမှာ ဖြူဖြူထွေး နဲ့ ကြော်ငြာ (၂) ခု ရိုက်ဖြစ်တဲ့အကြောင်းလေးကိုတော့ “ပထမတော့ ကြော်ငြာတစ်ခုပဲရိုက်ထားတာပါ နောက်ဒုတိယလှိုင်းဝင်လာတော့ နောက်ဆုတ်သွားတဲ့အချိန် နောက်ကြော်ငြာတစ်ခုဝင်လာတာ ၂ရက်ခွဲပြီးရိုက်လိုက်တာ အလုပ်လုပ်ရတာပျော်စရာကောင်းပါတယ် ကောင်မလေးက သွက်သွက်လက်လက်ရှိတယ် အလုပ်လုပ်ရတာလည်း

အမြင်တူပါတယ်” “သူက ၁နှစ်၂နှစ် ၃နှစ်လောက်ကတော့ အေးအေးဆေးဆေးခိုင်ပါတယ် သူကိုဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက်ပေါ့နော် စိတ်ထားလေးကပြောင်းမှာမဟုတ်ဘူး သူ့ကိုဖြစ်စေချင်ပါတယ် သမီးကိုရီးယားကားတွေကြည့်ပေးနော်ဆိုတော့ ကြည့်တယ် ကြည့်တယ်တဲ့ ဒီလောက်လေးပဲပြောလိုက်တာ သူသဘောပေါက်ပါတယ်” လို့ဆိုထားပါတယ်။နေထက်လင်းကတော့ “အခုကျွန်တော်တို့က လူမှုဆက်ဆံရေးက ပြောင်းလဲသွားပြီလေ ကျွန်တော်တို့က အသုံးမချတတ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ဗီဒီယိုဈေးကွက်ကပျက်သွားတယ် ရုပ်ရှင်ပဲကျန်တော့တာပေါ့ ရုပ်ရှင်တောင် ၁၀ကားမှာ ၂ကားပဲပေါက်တယ် ပရိသတ်စားချင်တာကို

မကျွေးပဲ အရသာမပြောင်းဘူးလေ သူတို့စားချင်တဲ့မုန့်ဟင်းခါးအရသာကိုမကျွေးဘဲ ကျွန်တော်တို့ချက်တာပဲကျွေးတယ်ဆိုတော့ အရသာမတူဘူးဖြစ်နေတဲ့အတွက် သူတို့မစားချင်ဘူးဖြစ်နေတာပေါ့ ”ဖြူဖြူထွေးနဲ့ပတ်သတ်ပြီးတော့ နေထင်လင်းက “ပထမသူစိတ်ဓာတ်နဲ့ဖောက်တယ် နောက်တော့ အတတ်ပညာနဲ့ဖောက်ရတာပေါ့ အသံတို့သရုပ်ဆောင်တို့ အဲ့တာတွေမပါလည်းမရဘူး စိတ်ဓာတ်လေးကဖြူတယ် လူတွေကိုကျိုးနွံတယ်

ရိုးသားတယ် သူကအတတ်ပညာပိုင်းလည်းလေ့လာထားတယ် အဲဒီ့အပေါ်မှာအသုံးချသွားတာ တော်ပါတယ်” “သူရိုက်တဲ့ဗီဒီယိုဖိုင်လေးကို တစ်ခါတစ်လေ ကြည့်ဖြစ်ပါတယ် ပရိသတ်လိုချင်တာက အပြစ်ကင်းတာလေးပဲ ကန်တော်ပါရဲ့ ဟိုဖော်ဒီဖော် တွေ မလိုချင်ဘူး ပရိသတ်က အဲ့တာကအကြာကြီးကြည့်လို့မရဘူး လင်မယား သမီးရည်းစားသတ်ကြမယ့်ကိန်းပဲ အပြစ်ကင်းတာကိုကြည့်တာကျတော့ တားလို့မရဘူး မြန်မာနိုင်ငံနဲ့ အင်မတန်လိုက်ဖတ်တဲ့ အနုပညာပါ” လို့ ဖြေဆိုခဲ့တာပါ။နေထက်လင်းကတော့

ပရိသတ်ကြီးအားလုံးအတွက်လည်း ကျန်းမာရေးဂရုစိုက်ကြဖို့ “တတိယလှိုင်းလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားတဲ့အတိုင်းနေပေးကြပါ ဒီအပေါ်မှာ စိတ်မဆိုးကြပါနဲ့ ဘယ်သူမပြုမိမိမှုပါ ကိုယ်လုပ်ရင် ကိုယ်ခံရမှာပါ ဗိုင်းယက်စ်က ဘယ်သူ့ကိုမညှာမှာမဟုတ်ပါဘူး ကမ္ဘာကြီးကိုဆေးကြောနေပါပြီ မကောင်းတဲ့စိတ်တွေမထားကြပါနဲ့ ဒေါသကိုလျှော့ မာနကိုလျှော့ တစ်ယောက်ကိုတစ်ယောက်ဆဲဆိုတာတွေလျှော့ကြပါ အကောင်းမြင်စိတ်လေးနဲ့ ဘုရားတရားလုပ်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ် ” ဆိုတဲ့ စကားလေးနဲ့ အသိပေးထားပါသေးတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *