ခန္႔စည္သူက ကြယ္လြန္သြားတဲ့ သူမရဲ႕ ခ်စ္သူနဲ႔ ႐ုပ္ခ်င္းဆင္ေၾကာင္း ေျပာျပခဲ့တဲ့ မမေဆာင္း

မင္းသမီးေခ်ာ ေဆာင္းအိေျႏၵထြန္းကေတာ့ ပရိတ္သတ္ခ်စ္ မင္းသမီးတစ္ေယာက္အေနနဲ႔ရပ္တည္ေနသူျဖစ္ၿပီး မိဘအေမြေတြကို တစ္ေယာက္တည္း ရရွိခဲ့တာေၾကာင့္ အလႉအတန္းမ်ားကို မျပတ္ျပဳလုပ္ေနသူပါ။သူမဟာ ”ေဆာင္းအိေျႏၵထြန္း ရဲ႕ခ်စ္သူဟာ ဆရာဝန္လား? စစ္ဗိုလ္လား? ေဘာလုံးဥကၠဌလား? “ဆိုၿပီးေတာ့ ေဝဖန္မႈေတြက ျမင့္တက္လာရာမွ ပရိသတ္စိတ္ဝင္စားခံလာရျခင္းျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာလည္း ပရိသတ္အခ်စ္ေတာ္ မမေဆာင္းတစ္ေယာက္ သူမနဲ႔ သ႐ုပ္ေဆာင္ခန႔္စည္သူနဲ႔ ခင္မင္ရင္းႏွီးပုံကို ေျပာျပၿပီး သူမရဲ႕ ကြန္လြန္သြားတဲ့ခ်စ္သူက ကိုခန႔္နဲ႔ေတာင္႐ုပ္ခ်င္းဆင္တယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ 

မမေဆာင္းနဲ႔ ခန႔္စည္သူတို႔ဟာ ဆိုရင္ အင္မတန္မွခင္မင္ရင္းႏွီးၾကတဲ့ အႏုပညာရွင္ေမာင္ႏွမေတြ ျဖစ္ၾကၿပီး ကိုခန႔္က မမေဆာင္းကိုေတြ႕ရင္ စေနာက္ေနတတ္တယ္လို႔ သိရပါတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းမွာလည္း ကိုခန႔္က မမေဆာင္းကို Facebook ေပၚမွတစ္ဆင့္ စေနာက္ခဲ့တာျဖစ္ၿပီး “သီတင္းကြၽတ္သြားၿပီဆိုေတာ့ နာမည္သုံးလုံးနဲ႔ ဗိုလ္မႉးကို ေ႐ႊးမွာလား၊ နာမည္ႏွစ္လုံးနဲ႔ ျပည္သူ႔အခ်စ္ေတာ္မင္းသားကို ေ႐ြးမွာလား” ဆိုၿပီး ကိုခန႔္က ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။ 

အခုလိုစေနာက္တာကို မမေဆာင္းအေနနဲ႔ ဘယ္လိုမွ စိတ္ထဲမခံစားရပဲ ကိုယ့္ဆရာသမားေတြက ကိုယ့္ကိုခ်စ္လို႔ခင္လို႔စတာျဖစ္လို႔ ကံေကာင္းတယ္လို႔ေတာင္ ယူဆတယ္လို႔ ေျပာပါတယ္။ကိုခန႔္စည္သူနဲ႔ မမေဆာင္းၾကားမွာလည္း အမွတ္တရေတြရွိတယ္လို႔ မမေဆာင္းက ဆိုပါတယ္။ ဘယ္လိုအမွတ္တရမ်ိဳးလဲ ဆိုေတာ့ ကြယ္လြန္သြားတဲ့ မမေဆာင္းရဲ႕ခ်စ္သူဟာဆိုရင္ ကိုခန႔္စည္သူနဲ႔ ႐ုပ္ခ်င္းခြၽတ္စြပ္တူေနတာပဲ ျဖစ္ပါတယ္။ တစ္ခါကဆိုရင္ အဲ့ဒီအေၾကာင္းကို မမေဆာင္းက အင္တာဗ်ဴးတစ္ခုမွာ ေျဖမိၿပီး မသင့္ေတာ္တဲ့အတြက္ အဲ့ဒီအပိုင္းကို ျပန္ဖ်က္ခိုင္းခဲ့ပါတယ္။ 

ကိုခန႔္နဲ႔ေတြ႕တဲ့အခါမွာေတာ့ အဲ့ဒီလိုေျဖထားခဲ့တဲ့အေၾကာင္း ေျပာျပၿပီး အဲ့ဒီအင္တာဗ်ဴးကို ၾကည့္ၾကည့္ဦးလို႔ တိုက္တြန္းၿပီးခါမွ ကိုခန႔္ၾကည့္တဲ့အခါမွာေတာ့ အဲ့ဒီအပိုင္းကို မမေဆာင္းရဲ႕ေတာင္းဆိုမႈအရ ျပန္ဖ်က္လိုက္ၿပီျဖစ္တဲ့အတြက္ အလြဲေတြျဖစ္ခဲ့ရတယ္လို႔ သူမရဲ႕ စိတ္ဂနာမၿငိမ္မႈေၾကာင့္ ျဖစ္ရတဲ့ သူမနဲ႔ကိုခန႔္ၾကားက အမွတ္တရအလြဲေလးေတြကို ရယ္ေမာေျပာျပခဲ့ပါတယ္။

မမေဆာင္းအေနနဲ႔ အိမ္မွာလည္း အငယ္ဆုံးျဖစ္တဲ့အတြက္ စိတ္ဆိုးစ္တ္ေကာက္ဆိုတာမ်ိဳးျဖစ္ေလ့ျဖစ္ထသိပ္မရွိပဲ ကိုယ္က စိတ္ေကာက္ေနၿပီဆိုရင္ေတာင္ အျခားသူေတြက မသိၾကဘူးလို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ “အဓိကက ကိုယ့္ကို အကုန္လုံးက ႐ိုးသားလို႔ ခ်စ္ၾကခင္ၾကတာ… မမေဆာင္းကို ႐ိုးသားလို႔ အ လို႔ စခ်င္ၾကတယ္… မင္းသားကိုရန္ေအာင္တို႔ဆို စခ်င္ၾကတယ္… သူလည္း ကိုခန႔္စေနာက္ၿပီးတင္ထားတဲ့ ပို႔စ္ေအာက္မွာဝင္ေရးထားတယ္… ကိုယ္ေတာင္ မနက္က အဲ့မွာဝင္ေရးထားတယ္… အကိုတို႔ႏွစ္ေယာက္ သမီးကို မစၾကနဲ႔လို႔ ႐ူးသြားမယ္လို႔ေတာင္ စလိုက္ေသးတယ္”

ပရိသတ္ႀကီးတို႔ေရ မမေဆာင္းကေတာ့ လက္ရွိအခ်ိန္မွာ ပရဟိတအသင္းေတြကို ကူညီလႉဒါန္းေပးျဖစ္ေနၿပီး အႏုပညာေမာင္ႏွမေတြဖြဲ႕စည္းထားတဲ့ ေမတၱာအသင္းကို ယုံၾကည္စိတ္ခ်ရတဲ့အတြက္ ပုံမွန္လႉေပးျဖစ္တယ္လို႔ ေဝမွ်လာပါတယ္။ မမေဆာင္းက ေမတၱာအသင္း၊ နာေရးကူညီမႈအသင္း စတဲ့အသင္းအဖြဲ႕ေတြဟာ ျပည္သူေတြထံကို အတိအက်ေရာက္ရွိေအာင္ ကူညီလႉဒါန္းေပးေနတဲ့ အဖြဲ႕အစည္းေတြျဖစ္လို႔ ကုသိုလ္အျပည့္ရေအာင္ အဲ့ဒီအဖြဲ႕ေတြကို ပါဝင္လႉဒါန္းေပးၾကပါအုံးလို႔ ပရိသတ္အားလုံးကို ႏႈိးေဆာ္တိုက္တြန္းလိုက္ပါတယ္။ ပရိသတ္ႀကီးတို႔လည္း ဒီကာလမွာ အရာရာကို သတိနဲ႔ ဆင္ဆင္ျခင္ျခင္ သြားလာေနထိုင္ၿပီး က်န္းမာေပ်ာ္႐ႊင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Read in UNICODE

မင်းသမီးချော ဆောင်းအိန္ဒြေထွန်းကတော့ ပရိတ်သတ်ချစ် မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်နေသူဖြစ်ပြီး မိဘအမွေတွေကို တစ်ယောက်တည်း ရရှိခဲ့တာကြောင့် အလှူအတန်းများကို မပြတ်ပြုလုပ်နေသူပါ။သူမဟာ ”ဆောင်းအိန္ဒြေထွန်း ရဲ့ချစ်သူဟာ ဆရာဝန်လား? စစ်ဗိုလ်လား? ဘောလုံးဥက္ကဌလား? “ဆိုပြီးတော့ ဝေဖန်မှုတွေက မြင့်တက်လာရာမှ ပရိသတ်စိတ်ဝင်စားခံလာရခြင်းဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာလည်း ပရိသတ်အချစ်တော် မမဆောင်းတစ်ယောက် သူမနဲ့ သရုပ်ဆောင်ခန့်စည်သူနဲ့ ခင်မင်ရင်းနှီးပုံကို ပြောပြပြီး သူမရဲ့ ကွန်လွန်သွားတဲ့ချစ်သူက ကိုခန့်နဲ့တောင်ရုပ်ချင်းဆင်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ်။ 

မမဆောင်းနဲ့ ခန့်စည်သူတို့ဟာ ဆိုရင် အင်မတန်မှခင်မင်ရင်းနှီးကြတဲ့ အနုပညာရှင်မောင်နှမတွေ ဖြစ်ကြပြီး ကိုခန့်က မမဆောင်းကိုတွေ့ရင် စနောက်နေတတ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ကိုခန့်က မမဆောင်းကို Facebook ပေါ်မှတစ်ဆင့် စနောက်ခဲ့တာဖြစ်ပြီး “သီတင်းကျွတ်သွားပြီဆိုတော့ နာမည်သုံးလုံးနဲ့ ဗိုလ်မှူးကို ရွှေးမှာလား၊ နာမည်နှစ်လုံးနဲ့ ပြည်သူ့အချစ်တော်မင်းသားကို ရွေးမှာလား” ဆိုပြီး ကိုခန့်က ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ 

အခုလိုစနောက်တာကို မမဆောင်းအနေနဲ့ ဘယ်လိုမှ စိတ်ထဲမခံစားရပဲ ကိုယ့်ဆရာသမားတွေက ကိုယ့်ကိုချစ်လို့ခင်လို့စတာဖြစ်လို့ ကံကောင်းတယ်လို့တောင် ယူဆတယ်လို့ ပြောပါတယ်။ကိုခန့်စည်သူနဲ့ မမဆောင်းကြားမှာလည်း အမှတ်တရတွေရှိတယ်လို့ မမဆောင်းက ဆိုပါတယ်။ ဘယ်လိုအမှတ်တရမျိုးလဲ ဆိုတော့ ကွယ်လွန်သွားတဲ့ မမဆောင်းရဲ့ချစ်သူဟာဆိုရင် ကိုခန့်စည်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူနေတာပဲ ဖြစ်ပါတယ်။ တစ်ခါကဆိုရင် အဲ့ဒီအကြောင်းကို မမဆောင်းက အင်တာဗျူးတစ်ခုမှာ ဖြေမိပြီး မသင့်တော်တဲ့အတွက် အဲ့ဒီအပိုင်းကို ပြန်ဖျက်ခိုင်းခဲ့ပါတယ်။ 

ကိုခန့်နဲ့တွေ့တဲ့အခါမှာတော့ အဲ့ဒီလိုဖြေထားခဲ့တဲ့အကြောင်း ပြောပြပြီး အဲ့ဒီအင်တာဗျူးကို ကြည့်ကြည့်ဦးလို့ တိုက်တွန်းပြီးခါမှ ကိုခန့်ကြည့်တဲ့အခါမှာတော့ အဲ့ဒီအပိုင်းကို မမဆောင်းရဲ့တောင်းဆိုမှုအရ ပြန်ဖျက်လိုက်ပြီဖြစ်တဲ့အတွက် အလွဲတွေဖြစ်ခဲ့ရတယ်လို့ သူမရဲ့ စိတ်ဂနာမငြိမ်မှုကြောင့် ဖြစ်ရတဲ့ သူမနဲ့ကိုခန့်ကြားက အမှတ်တရအလွဲလေးတွေကို ရယ်မောပြောပြခဲ့ပါတယ်။

မမဆောင်းအနေနဲ့ အိမ်မှာလည်း အငယ်ဆုံးဖြစ်တဲ့အတွက် စိတ်ဆိုးစ်တ်ကောက်ဆိုတာမျိုးဖြစ်လေ့ဖြစ်ထသိပ်မရှိပဲ ကိုယ်က စိတ်ကောက်နေပြီဆိုရင်တောင် အခြားသူတွေက မသိကြဘူးလို့ ပျော်ပျော်ရွှင်ရွှင်ပဲ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ “အဓိကက ကိုယ့်ကို အကုန်လုံးက ရိုးသားလို့ ချစ်ကြခင်ကြတာ… မမဆောင်းကို ရိုးသားလို့ အ လို့ စချင်ကြတယ်… မင်းသားကိုရန်အောင်တို့ဆို စချင်ကြတယ်… သူလည်း ကိုခန့်စနောက်ပြီးတင်ထားတဲ့ ပို့စ်အောက်မှာဝင်ရေးထားတယ်… ကိုယ်တောင် မနက်က အဲ့မှာဝင်ရေးထားတယ်… အကိုတို့နှစ်ယောက် သမီးကို မစကြနဲ့လို့ ရူးသွားမယ်လို့တောင် စလိုက်သေးတယ်”

ပရိသတ်ကြီးတို့ရေ မမဆောင်းကတော့ လက်ရှိအချိန်မှာ ပရဟိတအသင်းတွေကို ကူညီလှူဒါန်းပေးဖြစ်နေပြီး အနုပညာမောင်နှမတွေဖွဲ့စည်းထားတဲ့ မေတ္တာအသင်းကို ယုံကြည်စိတ်ချရတဲ့အတွက် ပုံမှန်လှူပေးဖြစ်တယ်လို့ ဝေမျှလာပါတယ်။ မမဆောင်းက မေတ္တာအသင်း၊ နာရေးကူညီမှုအသင်း စတဲ့အသင်းအဖွဲ့တွေဟာ ပြည်သူတွေထံကို အတိအကျရောက်ရှိအောင် ကူညီလှူဒါန်းပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ကုသိုလ်အပြည့်ရအောင် အဲ့ဒီအဖွဲ့တွေကို ပါဝင်လှူဒါန်းပေးကြပါအုံးလို့ ပရိသတ်အားလုံးကို နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ပရိသတ်ကြီးတို့လည်း ဒီကာလမှာ အရာရာကို သတိနဲ့ ဆင်ဆင်ခြင်ခြင် သွားလာနေထိုင်ပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *