သင္ဇာဝင့္ေက်ာ္ရဲ႕ အလုပ္အေပၚမွာထားတဲ့ ဇြဲ နဲ႔ စိတ္ဓာတ္ကို သေဘာက်တယ္ဆိုတဲ့ ညိဳမင္းလြင္

ပရိသတ္ႀကီးေရ သင္ဇာဝင့္ေက်ာ္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းေမာ္ဒယ္နဲ႔ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ညိဳ႕အားျပင္းျပင္းနဲ႔ အမိုက္စား ေဘာ္ဒီေကာက္ေၾကာင္းေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ အထူးေရပန္းစားေအာင္ျမင္ေနတဲ့သူတစ္ေယာက္ပါ ။ ဖက္ရွင္ နဲ႔ပတ္သက္လာရင္ ပရိသတ္ေတြ ၾကားမွာ ေရပန္းစားသလို သူမရဲ႕အႏုပညာလႈပ္ရွားမႈေတြကိုလည္း ပရိသတ္ေတြက အခ်ိန္နဲ႔တေျပးညီေစာင့္ၾကည့္ေနၾကတာပါ။  ဒါ႐ိုက္တာညိဳမင္းလြင္ကေတာ့ သမာ႐ိုးက်ကေန ကြဲထြက္တဲ့ဇာတ္လမ္းဇာတ္အိမ္မ်ိဳးေတြကို ဖန္တီးပုံေဖာ္႐ိုက္ကူးေလ့ရွိသူတစ္ေယာက္ျဖစ္ၿပီး ပရိသတ္အတြက္ အသစ္အဆန္းေတြေပးႏိုင္ဖို႔ အၿမဲႀကိဳးစားေနသူတစ္ေယာက္ပါ။ 

သူတို႔ႏွစ္ဦးကိုေတာ့ ပရိသတ္ေတြက ကိုဗစ္ကာလမတိုင္ခင္က နာမည္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့တဲ့ ျမျမ႐ုပ္ရွင္ဇာတ္ကားအတြက္ အတူတူတြဲၿပီး အလုပ္လုပ္ခဲ့ၾကဖူးတဲ့ ဒါ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္မင္းသမီးအျဖစ္ သိရွိၾကပါတယ္။ ျမျမ ႐ုပ္ရွင္ဇာတ္ကားနဲ႔အႀကီးအက်ယ္ေအာင္ျမင္မႈရခဲ့သလို ေနာက္ထပ္ တစ္ကားအေနနဲ႔ သင္ဇာဝင့္ေက်ာ္နဲ႔ပဲ “Active Now” လို႔အမည္ရတဲ့ ဇာတ္လမ္းတြဲေလးကို ႐ိုက္ကူးသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

သင္ဇာနဲ႔အတူေျဖၾကားခဲ့တဲ့ ဒီအင္တာဗ်ဴးေလးမွာေတာ့ ဒါ႐ိုက္တာညိဳမင္းလြင္က သင္ဇာဝင့္ေက်ာ္ရဲ႕ အႏုပညာအေပၚထားတဲ့ စိတ္ဓာတ္နဲ႔ဇြဲကို အရမ္းသေဘာက်မိၿပီး အလုပ္နဲ႔ ပတ္သတ္ရင္ အနစ္နာခံၿပီးႀကိဳးစားတတ္တဲ့ သင္ဇာဝင့္ေက်ာ္က အရင္အတိုင္းပဲ ဘာမွမေျပာင္းလဲေသးဘူးလို႔ ခ်ီးက်ဴးေျပာဆိုလာပါတယ္။ သင္ဇာနဲ႔ ဒါ႐ိုက္တာညိဳမင္းလြင္ဟာဆိုရင္ “ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပေထာင့္ငါးရာ” လို႔အမည္ရတဲ့ က်ိဳက္ထီး႐ိုးေတာင္ေပၚမွာ အေျခတည္ၿပီး႐ိုက္ကူးထားတဲ့ ဇာတ္ကားေလးမွာ စတင္ေတြ႕ဆုံဖူးတာျဖစ္ၿပီး အဲ့ဒီအခ်ိန္တည္းက ညိဳမင္းလြင္အေနနဲ႔ သင္ဇာဝင့္ေက်ာ္ကို

အရမ္းသေဘာက်သြားခဲ့တယ္လို႔ ဆိုလာပါတယ္။ “အရမ္းအပင္ပန္းခံႏိုင္တယ္ေပါ့ေလ… က်ိဳက္ထီး႐ိုးေတာင္ေပၚတက္တဲ့ကား ႐ိုက္ျပတာေပါ့… ႐ိုက္ျပေတာ့ ကြၽန္ေတာ္တို႔က အားနာတာ… ကြၽန္ေတာ္က ႐ိုက္ခ်င္တာက ေျခလ်င္တက္တာကို ႐ိုက္ခ်င္တာကိုး… ေျခလ်င္တက္ဖို႔ ညီမျဖစ္ရဲ႕လားဆိုေတာ့ ရတယ္အစ္ကိုဆိုၿပီး တစ္ခ်က္မွမနားဘူး… က်န္တဲ့စက္အဖြဲ႕ေတြ ေတာင္မွ နားေသးတယ္… သူက ဒုတ္ေကာက္တစ္ေခ်ာင္းနဲ႔ က်ိဳက္ထီး႐ိုးခုႏွစ္မိုင္ကို ေတာက္ေလွ်ာက္တက္တာ… အဲ့ေတာ့ သူ႔ရဲ႕ဇြဲ႕နဲ႔ သူရဲ႕ ဒီေပၚမွာထားတဲ့စိတ္ကို ကြၽန္ေတာ္အရမ္းခ်ီးက်ဴးသြားတယ္” သင္ဇာဝင့္ေက်ာ္က သူ႔ရဲ႕ အႏုပညာခံယူခ်က္နဲ႔ ပတ္သက္ၿပီးေတာ့လည္း အခုလိုေျပာျပလာပါတယ္။

“အစကေတာ့ သိလို႔လုပ္ခဲ့တာေတာ့ မဟုတ္ဘူးေပါ့… လုပ္ရင္းလုပ္ရင္းနဲ႔ပဲ အေတြ႕အႀကဳံရရင္းနဲ႔ ဒီလိုမ်ိဳးပဲ လုပ္ျဖစ္သြားတာေပါ့ေနာ္… ကိုယ္အေကာင္းဆုံးႀကိဳးစားရင္ အေကာင္းဆုံးျဖစ္မယ္ဆိုတာ သိတယ္ေလ… အဲ့ေတာ့ ဒီအလုပ္ကကိုယ့္အတြက္ အရမ္းအေရးပါတဲ့ အလုပ္တစ္ခု ကိုယ္တစ္ကယ္ျဖစ္ခ်င္မွန္း သိတဲ့အခါက်ေတာ့ ပိုၿပီးေတာ့ႀကိဳးစားျဖစ္တာေပါ့ေနာ္” 

ဒါ႐ိုက္တာညိဳမင္းလြင္ရဲ႕ ေျပာၾကားခ်က္အရေတာ့ အလုပ္အေပၚမွာထားတဲ့ သင္ဇာဝင့္ေက်ာ္ရဲ႕စိတ္ဓာတ္က ခုထိမေျပာင္းလဲပဲရွိေနၿပီး သူနဲ႔စသိခဲ့တည္းကအတိုင္းပဲ အလုပ္အေပၚမွာ အနာခံဆဲ ႀကိဳးစားဆဲပဲ ျဖစ္တယ္လို႔ သိရပါတယ္။ သင္ဇာရဲ႕ေျပာင္းလဲခ်က္ေတြကို ေျပာရမယ္ဆိုရင္ျဖင့္ နည္းနည္းေလး အရင္ကထက္ပို ရင့္က်က္လာၿပီး အေတြ႕အႀကဳံရွိလာတာနဲ႔အမွ် အထိန္းအကြပ္ေလးတစ္ခုရွိလာတာက ေကာင္းတဲ့ေျပာင္းလဲခ်က္ေတြျဖစ္တယ္လို႔လည္း ဒါ႐ိုက္တာညိဳမင္းလြင္က ေျပာပါတယ္။ သင္ဇာ့အေနနဲ႔က်ေတာ့ အလုပ္တစ္ခုကို လုပ္လိုက္လို႔ ေနာက္ဆက္တြဲဆိုးက်ိဳးတစ္ခုခု ျဖစ္သြားမွာကို ေၾကာက္႐ြံ႕ျခင္းမရွိပဲ ဒီအလုပ္ကို သူမလုပ္ႏိုင္ပါဘူး လို႔ သူမ်ားေတြက ကိုယ့္ကိုေျပာမွာ အေၾကာက္ဆုံးပဲလို႔ ေျပာပါတယ္။

ဒါ႐ိုက္တာညိဳမင္းလြင္အေပၚ သူ႔ရဲ႕အျမင္ေလးကိုလည္း သင္ဇာဝင့္ေက်ာ္က အခုလိုပဲ ေျပာျပခဲ့ပါတယ္။  “ကိုညိဳက အရမ္းစိတ္ရွည္တယ္… တစ္ခါတစ္ေလ ဒိုင္ယာေလာ့ခ္ေတြ အရမ္းမွားၿပီး မေျပာႏိုင္ဘူးေပါ့ေနာ္… သင္ေလေမ့ေလျဖစ္ေနရင္ အရမ္းစိတ္ရွည္တယ္… သူစိတ္ရွည္ၿပီးသင္ေတာ့ ကိုယ္က မွန္သြားေရာ… ကိုညိဳေျပာတာကို ပိုၿပီးသေဘာေပါက္လြယ္တယ္… သူတစ္ခ်က္ေျပာလိုက္ရင္ သူဘာလိုခ်င္လည္းဆိုတာကို ကိုယ္ကသိတယ္ေပါ့ေနာ္… ဆိုေတာ့ ကိုညိဳနဲ႔႐ိုက္ရတာ အရမ္းအဆင္ေျပတယ္”

သင္ဇာဝင့္ေက်ာ္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ ပတ္သတ္လို႔လည္း ဒါ႐ိုက္တာညိဳမင္းလြင္က သူ႔ရဲ႕အျမင္ကို အခုလိုပဲ တစ္ဖန္ျပန္ေျပာျပခဲ့ပါတယ္။ “သင္ဇာဝင့္ေက်ာ္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ ပတ္သတ္လို႔ အလုပ္အေပၚမွာထားတဲ့ စိတ္ေနစိတ္ထားရယ္ အလုပ္နဲ႔ပတ္သတ္လို႔ ပါလာတဲ့ ႐ိုက္ကြင္းေပၚက လူေတြအားလုံးနဲ႔ ပတ္သတ္တဲ့ စိတ္ေနစိတ္ထားရယ္ ႏွစ္ခုလုံးသည္ ဘာမွေျပာစရာ မရွိဘူး” 

ပရိသတ္ႀကီးတို႔ေရ သင္ဇာဝင့္ေက်ာ္နဲ႔ ညိဳမင္းလြင္တို႔ သူတို႔ရဲ႕အဖြဲ႕သားေတြနဲ႔အတူ ပူးေပါင္းဖန္တီးအားထုတ္ခဲ့ၾကတဲ့ ျမျမ႐ုပ္ရွင္ဟာဆိုရင္ ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို တခဲနက္ရရွိခဲ့တဲ့ ႐ုပ္ရွင္ကားတစ္ကားျဖစ္ၿပီး အခုဆိုရင္လည္း သင္ဇာဝင့္ေက်ာ္ပါဝင္သ႐ုပ္ေဆာင္မယ့္ “Active Now” လို႔အမည္ရတဲ့ ဇာတ္လမ္းတြဲေလးကိုလည္း ညိဳမင္းလြင္ကိုယ္တိုင္ ႐ိုက္ကူးဖို႔ရွိတယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းေလးမွာေတာ့ ဒါ႐ိုက္တာေရာ သ႐ုပ္ေဆာင္မင္းသမီးေရာက ျမျမဇာတ္ကားတုန္းကထက္ပိုတဲ့ အားစိုက္ထုတ္မႈမ်ိဳးနဲ႔ အရင္ကထက္ ပိုမိုေကာင္းမြန္တဲ့အႏုပညာဖန္တီးမႈတစ္ခု ျဖစ္ဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။ အဆိုပါဇာတ္လမ္းတြဲေလး ထြက္လာခဲ့ရင္လည္း ဝန္းရံအားေပးၾကပါဦးေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အေပါင္းကိုလည္း ေက်းဇူးတင္ပါတယ္။

Read in UNICODE

ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမော်ဒယ်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ညို့အားပြင်းပြင်းနဲ့ အမိုက်စား ဘော်ဒီကောက်ကြောင်းတွေကြောင့် ပရိသတ်တွေကြားမှာ အထူးရေပန်းစားအောင်မြင်နေတဲ့သူတစ်ယောက်ပါ ။ ဖက်ရှင် နဲ့ပတ်သက်လာရင် ပရိသတ်တွေ ကြားမှာ ရေပန်းစားသလို သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အချိန်နဲ့တပြေးညီစောင့်ကြည့်နေကြတာပါ။  ဒါရိုက်တာညိုမင်းလွင်ကတော့ သမာရိုးကျကနေ ကွဲထွက်တဲ့ဇာတ်လမ်းဇာတ်အိမ်မျိုးတွေကို ဖန်တီးပုံဖော်ရိုက်ကူးလေ့ရှိသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အတွက် အသစ်အဆန်းတွေပေးနိုင်ဖို့ အမြဲကြိုးစားနေသူတစ်ယောက်ပါ။ 

သူတို့နှစ်ဦးကိုတော့ ပရိသတ်တွေက ကိုဗစ်ကာလမတိုင်ခင်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ မြမြရုပ်ရှင်ဇာတ်ကားအတွက် အတူတူတွဲပြီး အလုပ်လုပ်ခဲ့ကြဖူးတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသမီးအဖြစ် သိရှိကြပါတယ်။ မြမြ ရုပ်ရှင်ဇာတ်ကားနဲ့အကြီးအကျယ်အောင်မြင်မှုရခဲ့သလို နောက်ထပ် တစ်ကားအနေနဲ့ သင်ဇာဝင့်ကျော်နဲ့ပဲ “Active Now” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သင်ဇာနဲ့အတူဖြေကြားခဲ့တဲ့ ဒီအင်တာဗျူးလေးမှာတော့ ဒါရိုက်တာညိုမင်းလွင်က သင်ဇာဝင့်ကျော်ရဲ့ အနုပညာအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ဇွဲကို အရမ်းသဘောကျမိပြီး အလုပ်နဲ့ ပတ်သတ်ရင် အနစ်နာခံပြီးကြိုးစားတတ်တဲ့ သင်ဇာဝင့်ကျော်က အရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူးလို့ ချီးကျူးပြောဆိုလာပါတယ်။ သင်ဇာနဲ့ ဒါရိုက်တာညိုမင်းလွင်ဟာဆိုရင် “ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေထောင့်ငါးရာ” လို့အမည်ရတဲ့ ကျိုက်ထီးရိုးတောင်ပေါ်မှာ အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးမှာ စတင်တွေ့ဆုံဖူးတာဖြစ်ပြီး အဲ့ဒီအချိန်တည်းက ညိုမင်းလွင်အနေနဲ့ သင်ဇာဝင့်ကျော်ကို

အရမ်းသဘောကျသွားခဲ့တယ်လို့ ဆိုလာပါတယ်။ “အရမ်းအပင်ပန်းခံနိုင်တယ်ပေါ့လေ… ကျိုက်ထီးရိုးတောင်ပေါ်တက်တဲ့ကား ရိုက်ပြတာပေါ့… ရိုက်ပြတော့ ကျွန်တော်တို့က အားနာတာ… ကျွန်တော်က ရိုက်ချင်တာက ခြေလျင်တက်တာကို ရိုက်ချင်တာကိုး… ခြေလျင်တက်ဖို့ ညီမဖြစ်ရဲ့လားဆိုတော့ ရတယ်အစ်ကိုဆိုပြီး တစ်ချက်မှမနားဘူး… ကျန်တဲ့စက်အဖွဲ့တွေ တောင်မှ နားသေးတယ်… သူက ဒုတ်ကောက်တစ်ချောင်းနဲ့ ကျိုက်ထီးရိုးခုနှစ်မိုင်ကို တောက်လျှောက်တက်တာ… အဲ့တော့ သူ့ရဲ့ဇွဲ့နဲ့ သူရဲ့ ဒီပေါ်မှာထားတဲ့စိတ်ကို ကျွန်တော်အရမ်းချီးကျူးသွားတယ်” သင်ဇာဝင့်ကျော်က သူ့ရဲ့ အနုပညာခံယူချက်နဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြလာပါတယ်။

“အစကတော့ သိလို့လုပ်ခဲ့တာတော့ မဟုတ်ဘူးပေါ့… လုပ်ရင်းလုပ်ရင်းနဲ့ပဲ အတွေ့အကြုံရရင်းနဲ့ ဒီလိုမျိုးပဲ လုပ်ဖြစ်သွားတာပေါ့နော်… ကိုယ်အကောင်းဆုံးကြိုးစားရင် အကောင်းဆုံးဖြစ်မယ်ဆိုတာ သိတယ်လေ… အဲ့တော့ ဒီအလုပ်ကကိုယ့်အတွက် အရမ်းအရေးပါတဲ့ အလုပ်တစ်ခု ကိုယ်တစ်ကယ်ဖြစ်ချင်မှန်း သိတဲ့အခါကျတော့ ပိုပြီးတော့ကြိုးစားဖြစ်တာပေါ့နော်” 

ဒါရိုက်တာညိုမင်းလွင်ရဲ့ ပြောကြားချက်အရတော့ အလုပ်အပေါ်မှာထားတဲ့ သင်ဇာဝင့်ကျော်ရဲ့စိတ်ဓာတ်က ခုထိမပြောင်းလဲပဲရှိနေပြီး သူနဲ့စသိခဲ့တည်းကအတိုင်းပဲ အလုပ်အပေါ်မှာ အနာခံဆဲ ကြိုးစားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။ သင်ဇာရဲ့ပြောင်းလဲချက်တွေကို ပြောရမယ်ဆိုရင်ဖြင့် နည်းနည်းလေး အရင်ကထက်ပို ရင့်ကျက်လာပြီး အတွေ့အကြုံရှိလာတာနဲ့အမျှ အထိန်းအကွပ်လေးတစ်ခုရှိလာတာက ကောင်းတဲ့ပြောင်းလဲချက်တွေဖြစ်တယ်လို့လည်း ဒါရိုက်တာညိုမင်းလွင်က ပြောပါတယ်။ သင်ဇာ့အနေနဲ့ကျတော့ အလုပ်တစ်ခုကို လုပ်လိုက်လို့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုခု ဖြစ်သွားမှာကို ကြောက်ရွံ့ခြင်းမရှိပဲ ဒီအလုပ်ကို သူမလုပ်နိုင်ပါဘူး လို့ သူများတွေက ကိုယ့်ကိုပြောမှာ အကြောက်ဆုံးပဲလို့ ပြောပါတယ်။

ဒါရိုက်တာညိုမင်းလွင်အပေါ် သူ့ရဲ့အမြင်လေးကိုလည်း သင်ဇာဝင့်ကျော်က အခုလိုပဲ ပြောပြခဲ့ပါတယ်။  “ကိုညိုက အရမ်းစိတ်ရှည်တယ်… တစ်ခါတစ်လေ ဒိုင်ယာလော့ခ်တွေ အရမ်းမှားပြီး မပြောနိုင်ဘူးပေါ့နော်… သင်လေမေ့လေဖြစ်နေရင် အရမ်းစိတ်ရှည်တယ်… သူစိတ်ရှည်ပြီးသင်တော့ ကိုယ်က မှန်သွားရော… ကိုညိုပြောတာကို ပိုပြီးသဘောပေါက်လွယ်တယ်… သူတစ်ချက်ပြောလိုက်ရင် သူဘာလိုချင်လည်းဆိုတာကို ကိုယ်ကသိတယ်ပေါ့နော်… ဆိုတော့ ကိုညိုနဲ့ရိုက်ရတာ အရမ်းအဆင်ပြေတယ်”

သင်ဇာဝင့်ကျော်ရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သတ်လို့လည်း ဒါရိုက်တာညိုမင်းလွင်က သူ့ရဲ့အမြင်ကို အခုလိုပဲ တစ်ဖန်ပြန်ပြောပြခဲ့ပါတယ်။ “သင်ဇာဝင့်ကျော်ရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သတ်လို့ အလုပ်အပေါ်မှာထားတဲ့ စိတ်နေစိတ်ထားရယ် အလုပ်နဲ့ပတ်သတ်လို့ ပါလာတဲ့ ရိုက်ကွင်းပေါ်က လူတွေအားလုံးနဲ့ ပတ်သတ်တဲ့ စိတ်နေစိတ်ထားရယ် နှစ်ခုလုံးသည် ဘာမှပြောစရာ မရှိဘူး” 

ပရိသတ်ကြီးတို့ရေ သင်ဇာဝင့်ကျော်နဲ့ ညိုမင်းလွင်တို့ သူတို့ရဲ့အဖွဲ့သားတွေနဲ့အတူ ပူးပေါင်းဖန်တီးအားထုတ်ခဲ့ကြတဲ့ မြမြရုပ်ရှင်ဟာဆိုရင် ပရိသတ်ရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး အခုဆိုရင်လည်း သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်မယ့် “Active Now” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲလေးကိုလည်း ညိုမင်းလွင်ကိုယ်တိုင် ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ဒါရိုက်တာရော သရုပ်ဆောင်မင်းသမီးရောက မြမြဇာတ်ကားတုန်းကထက်ပိုတဲ့ အားစိုက်ထုတ်မှုမျိုးနဲ့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့အနုပညာဖန်တီးမှုတစ်ခု ဖြစ်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲလေး ထွက်လာခဲ့ရင်လည်း ဝန်းရံအားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *