အိမ်ရှင်မတွေဘဝကို အိမ်အလုပ်တွေလုပ်ရင်း နားလည်လာလို့ ယူမယ့်မိန်းမအတွက် စဉ်းစားထားတဲ့ အကြောင်းလေးတွေ ပြောပြခဲ့တဲ့ ကျော်ကျော်
Read in UNICODE
ကျော်ကျော်က လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်နဲ့ နေထိုင်တတ်သူဖြစ်ပြီး စကားပြောဆိုတဲ့နေရာမှာလည်း ပွင့်လင်းသူ ဖြစ်ပါတယ် ။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတဲ့ ကျော်ကျော်က အနုပညာမောင်နှမတွေအားလုံးနဲ့ ချစ်ခင်ရင်းနှီးနေတာ ဖြစ်ပါတယ် ။ကျော်ကျော်က
အစအနောက်သန်သလို သူငယ်ချင်းတွေနဲ့လည်း အမြဲတမ်းအရွှန်းဖောက်ကာ ရယ်မောနေတတ်တာ ဖြစ်ပါတယ် ။ အထူးသဖြင့် ကျော်ကျော်က ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးတို့နဲ့အတူ အခွီဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်ပေးတတ်တာ
ဖြစ်ပါတယ် ။ အခုလည်း ကျော်ကျော်က Stay Home ရင်း အိမ်အလုပ်တွေလုပ်နေရတော့မှ အိမ်ထောင်ရှင်မတွေရဲ့ဘဝကို နားလည်လာမိကြောင်း ပြောပြလာတာ ဖြစ်ပါတယ် ။ကျော်ကျော်က “အိမ်မှာနေတော့
အိမ်အလုပ်တွေလုပ်ရတာ ပြီးကိုမပြီးနိုင်ဘူး…ဒါကြောင့် အိမ်ရှင်မတစ်ယောက်ရဲ့ဘဝကို နားလည်လာတယ်…ကိုယ်ချင်းစာတတ်လာတယ်ဆုံးဖြတ်ချက်တစ်ခုလည်း ချမိလိုက်တယ်..အဲ့ဒါကတော့ ကျွန်တော်ယူမယ့်မိန်းမကို
အိမ်အလုပ်နဲ့ပတ်သက်တာတွေ အကုန်လုပ်ခိုင်းမယ်…ကျွန်တော်ကတော့ ဘာမှ မလုပ်ချင်တော့လို့ပါပဲ “လို့ဟာသနှောကာ ပြောပြလိုက်တာဖြစ်ပြီး ချစ်ပရိသတ်တွေလည်း ရယ်မောစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Kyaw Naing Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *