ပရဟိတေတြလုပ္ဖို႔ေတာင္ ေငြေၾကးအခက္အခဲေတြ ၾကံဳေနရၿပီဆိုတဲ့ ခိုင္ႏွင္းေဝ
|ခိုင္ႏွင္းေဝကေတာ့ ကိုဗစ္ကာလမွာ အႏုပညာအလုပ္ေတြ ရပ္နားထားေပမယ့္ သူမရဲ႕ ပရဟိတအလုပ္ေတြကိုေတာ့ ရပ္နားထားတဲ့သူမဟုတ္ပါဘူး။ ဒီေန႔ ( ႏိုဝင္ဘာလ ၃ရက္)မွာလည္း ေတာင္ဒဂုံၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ စားဝတ္ေနေရး အခက္အခဲႀကဳံေနရတဲ့ အိမ္ေထာင္စု(၂၀၀) စာအတြက္ အလႉအတန္းေတြ လုပ္ေပးခဲ့ပါတယ္။ သူမ အေနနဲ႔ ကိုဗစ္ကာလ စျဖစ္ကတည္းက အလႉအတန္းေတြ ဆက္တိုက္ လုပ္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ေငြအင္အားေရာ၊ လူအင္အားပါ အခက္အခဲႀကဳံေနရၿပီလို႔

အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။ “ အစ္မကေလ ကိုယ့္ဘာသာကိုယ္ တစ္ေယာက္တည္း လႉရတာ မ်ားလာေတာ့ ေငြအားလည္း ပင္ပန္းေနသလို လူအားလည္း ပင္ပန္းေနၿပီ။ ကေလးေတြကလည္းရွိေသးတယ္ေလ။ ဒါေပမယ့္ အခုလို ျဖစ္လာေတာ့ ငါ လႉဦးမယ္ ဆိုၿပီးေတာ့ လိုက္လႉျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္ အစ္မရဲ႕ အလႉေလး အထေျမာက္တယ္။ ဒီေန႔ကေတာ့ မသန္စြမ္းေတြရယ္၊ သက္ႀကီးဘိုးဘြားေတြရယ္ကို အဓိက ထားၿပီး လႉျဖစ္တယ္။ မသန္စြမ္းေတြနဲ႔ သက္ႀကီးဘိုးဘြား (၁၀) ေယာက္ေလာက္ကို စာရင္းေကာက္ၿပီးေတာ့ ေငြက်ပ္(၃) ေသာင္းဆီ

သီးသန႔္ ထပ္လႉေပးပါတယ္။ အိမ္ေထာင္စု (၂၀၀) စာအတြက္ ဆန္၊ ဆီ၊ ၾကက္ဥ၊ ပဲ ေတြ လႉတယ္။ အစ္မနဲ႔ အတူ လိုက္ၿပီး ကုသိုလ္ယူေပးၾကတဲ့ ကုမၼဏီေတြလည္းရွိတယ္ ” လို႔ သူကဆိုပါတယ္။ ဒီေန႔ အလႉမွာေတာ့ ခိုင္ႏွင္းေဝ နဲ႔ အတူ ကုမၼဏီ တခ်ိဳ႕ကလည္း ပါဝင္ကုသိုလ္ယူခဲ့တယ္လို႔ သိရပါတယ္။ သူမ ကိုယ္တိုင္ကလည္း ေငြေၾကးအၾကပ္အတည္းႀကဳံေနရေပမယ့္ မျဖစ္မေန အလႉလုပ္ခြင့္ရခဲ့တဲ့ အမွတ္တရကို ေျပာျပခဲ့ပါေသးတယ္။ “ အစ္မဆီကို အကူအညီလာေတာင္းတဲ့သူက

မ်ားတယ္ ဒါေပမယ့္ လာေတာင္းသမွ်ကိုလည္း ကိုယ္က အကူအညီမေပးႏိုင္ဘူး။ ၿပီးေတာ့ စည္းကမ္းရွိတဲ့ ရပ္ကြက္မ်ိဳးေလာက္ပဲ အစ္မတို႔က လႉေပးႏိုင္တာပါ။ ဒါေပမယ့္ ဒီအလႉနဲ႔ ပတ္သက္ၿပီး အစ္မကို အကူအညီလာေတာင္းတဲ့သူက ဒီရပ္ကြက္မွာ ဘယ္လိုအေျခအေန ရွိတယ္ ဆိုတာကအစ အခ်က္အလက္က်က်နဲ႔ သူ ေျပာျပႏိုင္တယ္၊ သူကိုယ္တိုင္ကလည္း တစ္ကိုယ္ေတာ္ ပရဟိတ သမားပဲ ဆိုေတာ့

ဒီအလႉနဲ႔ ပတ္သက္ၿပီး သူက အကုန္စီစဥ္ေပးတယ္။ အစ္မထက္ သူက ပိုကုသိုလ္ရမွာပါ။ ဒီေနရာမွာက ကေလးေတြ အတြက္ ႏို႔မႈန႔္အခက္အခဲျဖစ္ေနတဲ့သူေတြ အရမ္းမ်ားတယ္ဆိုတဲ့အတြက္ ႏႈိ႕မႈန႔္ ကုမၼဏီတစ္ခုက ႏႈိ႕မႈန႔္ ဗူး (၅၀) လႉျဖစ္တယ္။ ေနာက္ထပ္ အက္ပလီေကးရွင္း ကုမၼဏီတစ္ခုကလည္း အိမ္ေထာင္စု(၅၀) စာအတြက္ သူတို႔ တတ္ႏိုင္တဲ့ အလႉေလးေတြ လုပ္ေပးၾကတယ္” လို႔ ဆက္လက္

ေျပာျပခဲ့ပါတယ္။ ခိုင္ႏွင္းေဝဟာ ကိုဗစ္ကာလမွာ သူမရဲ႕ ရင္ေသြးေလးမ်ား ရိပ္ၿမဳံက ကေလးေတြကို ကိုယ္တိုင္ေစာင့္ေရွာက္ေပးေနတယ္လို႔ သိရပါတယ္။ သူမရဲ႕ပရဟိတလုပ္ငန္းေတြဟာ ျပည္တြင္းမွာသာ မက ထိုင္းႏိုင္ငံ ခိုလၿမိဳ႕ မွာလည္း ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ ထိုင္းႏိုင္ငံမွာ ရွိတဲ့ ပရဟိတအလုပ္ေတြကေတာ့ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ ဖြဲ႕စည္းထားတဲ့ ပရဟိတအဖြဲ႕ ျဖစ္ပါတယ္။
Read in UNICODE
ခိုင်နှင်းဝေကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူမရဲ့ ပရဟိတအလုပ်တွေကိုတော့ ရပ်နားထားတဲ့သူမဟုတ်ပါဘူး။ ဒီနေ့ ( နိုဝင်ဘာလ ၃ရက်)မှာလည်း တောင်ဒဂုံမြို့နယ် အတွင်းမှာရှိတဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အိမ်ထောင်စု(၂၀၀) စာအတွက် အလှူအတန်းတွေ လုပ်ပေးခဲ့ပါတယ်။ သူမ အနေနဲ့ ကိုဗစ်ကာလ စဖြစ်ကတည်းက အလှူအတန်းတွေ ဆက်တိုက် လုပ်ခဲ့ပေမယ့် အခုချိန်မှာတော့ ငွေအင်အားရော၊ လူအင်အားပါ အခက်အခဲကြုံနေရပြီလို့

အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ “ အစ်မကလေ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လှူရတာ များလာတော့ ငွေအားလည်း ပင်ပန်းနေသလို လူအားလည်း ပင်ပန်းနေပြီ။ ကလေးတွေကလည်းရှိသေးတယ်လေ။ ဒါပေမယ့် အခုလို ဖြစ်လာတော့ ငါ လှူဦးမယ် ဆိုပြီးတော့ လိုက်လှူဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အစ်မရဲ့ အလှူလေး အထမြောက်တယ်။ ဒီနေ့ကတော့ မသန်စွမ်းတွေရယ်၊ သက်ကြီးဘိုးဘွားတွေရယ်ကို အဓိက ထားပြီး လှူဖြစ်တယ်။ မသန်စွမ်းတွေနဲ့ သက်ကြီးဘိုးဘွား (၁၀) ယောက်လောက်ကို စာရင်းကောက်ပြီးတော့ ငွေကျပ်(၃) သောင်းဆီ

သီးသန့် ထပ်လှူပေးပါတယ်။ အိမ်ထောင်စု (၂၀၀) စာအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲ တွေ လှူတယ်။ အစ်မနဲ့ အတူ လိုက်ပြီး ကုသိုလ်ယူပေးကြတဲ့ ကုမ္မဏီတွေလည်းရှိတယ် ” လို့ သူကဆိုပါတယ်။ ဒီနေ့ အလှူမှာတော့ ခိုင်နှင်းဝေ နဲ့ အတူ ကုမ္မဏီ တချို့ကလည်း ပါဝင်ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။ သူမ ကိုယ်တိုင်ကလည်း ငွေကြေးအကြပ်အတည်းကြုံနေရပေမယ့် မဖြစ်မနေ အလှူလုပ်ခွင့်ရခဲ့တဲ့ အမှတ်တရကို ပြောပြခဲ့ပါသေးတယ်။ “ အစ်မဆီကို အကူအညီလာတောင်းတဲ့သူက

များတယ် ဒါပေမယ့် လာတောင်းသမျှကိုလည်း ကိုယ်က အကူအညီမပေးနိုင်ဘူး။ ပြီးတော့ စည်းကမ်းရှိတဲ့ ရပ်ကွက်မျိုးလောက်ပဲ အစ်မတို့က လှူပေးနိုင်တာပါ။ ဒါပေမယ့် ဒီအလှူနဲ့ ပတ်သက်ပြီး အစ်မကို အကူအညီလာတောင်းတဲ့သူက ဒီရပ်ကွက်မှာ ဘယ်လိုအခြေအနေ ရှိတယ် ဆိုတာကအစ အချက်အလက်ကျကျနဲ့ သူ ပြောပြနိုင်တယ်၊ သူကိုယ်တိုင်ကလည်း တစ်ကိုယ်တော် ပရဟိတ သမားပဲ ဆိုတော့

ဒီအလှူနဲ့ ပတ်သက်ပြီး သူက အကုန်စီစဉ်ပေးတယ်။ အစ်မထက် သူက ပိုကုသိုလ်ရမှာပါ။ ဒီနေရာမှာက ကလေးတွေ အတွက် နို့မှုန့်အခက်အခဲဖြစ်နေတဲ့သူတွေ အရမ်းများတယ်ဆိုတဲ့အတွက် နှို့မှုန့် ကုမ္မဏီတစ်ခုက နှို့မှုန့် ဗူး (၅၀) လှူဖြစ်တယ်။ နောက်ထပ် အက်ပလီကေးရှင်း ကုမ္မဏီတစ်ခုကလည်း အိမ်ထောင်စု(၅၀) စာအတွက် သူတို့ တတ်နိုင်တဲ့ အလှူလေးတွေ လုပ်ပေးကြတယ်” လို့ ဆက်လက်

ပြောပြခဲ့ပါတယ်။ ခိုင်နှင်းဝေဟာ ကိုဗစ်ကာလမှာ သူမရဲ့ ရင်သွေးလေးများ ရိပ်မြုံက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ သူမရဲ့ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။
Source : Cele YatKwat