ဟိန္းေဝယံက ပဌာန္းေတြရြတ္ တရားေတြပဲထိုင္ၿပီး မိန္းမယူဖို႔အစီအစဥ္ရွိေသးပံု မေပၚဘူးလို႔ ေျပာျပခဲ့တဲ့ အေဒၚျဖစ္သူ မိုခမ္း
|သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ မိုခမ္းကေတာ့ အင္တာဗ်ဴးေလးတစ္ခုမွာ တူျဖစ္သူ ဟိန္းေဝယံတစ္ေယာက္ မိန္းမယူဖို႔အစီအစဥ္ရွိေသးပုံမေပၚဘူးလို႔ ဆိုထားပါတယ္။ သားငယ္ေလးတို႔အိမ္ကို တစ္ပတ္တစ္ေခါက္ေလာက္ေတာ့ေရာက္ျဖစ္တယ္ မမကလည္း ခ်ည္ထည္ပိုးထည္ေတြကို အားေပးေတာ့ေလ တစ္ပတ္တစ္ခါေရာက္ျဖစ္တယ္ ဆက္တိုက္ဆိုသလိုေပါ့ သားငယ္ေလးကေတာ့ Stay Home ဆိုေတာ့ ဝတုတ္ေနတယ္ သူလည္းစားေနတယ္ဆိုေတာ့ ပဌာန္းေတြ႐ြတ္ တရားေတြထိုင္

အဲ့တာပဲသူလုပ္ေနတယ္ သူကအစကတည္းကအေနေအးေတာ့ေလ။ အစ္မက ကိုယ့္တူကိုေျပာေလ့ရွိတယ္ နင္ကဘုန္းႀကီးျဖစ္မယ္ေကာင္လို႔ သူ႔အိမ္ေရာက္သြားရင္းလည္း တီမိုဆိုၿပီးႏႈတ္ဆက္ၿပီးတာနဲ႔ သူဝင္စားေရာ အစ္မဟင္းေတြေရာင္းတုန္းကလည္းသူအားေပးတယ္ ဆိတ္သားဟင္းတို႔ ေထာပတ္ပဲထမင္းတို႔ ဒီအခ်ိန္မွာ ဝဝေလးေနမွပဲ ကာကြယ္သလိုျဖစ္မွာေလ။တူေလးက ရည္းစား ရွိတာမရွိတာ အေဒၚကိုတိုင္ပင္ပါတယ္ အခုေတာ့ ရည္းစားမရွိေတာ့ဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာပါတယ္ မမမိုခမ္းကေတာ့

သူကိုယ္တိုင္ေ႐ြးခ်ယ္တာကိုပဲလိုခ်င္ပါတယ္ သူ႔ကိုလည္းေျပာထားတယ္ သားငယ္ေလးကိုခ်စ္ၿပီးေတာ့ သူ႔ကိုsupport လုပ္ႏိုင္တဲ့လူမ်ိဳးပဲလိုခ်င္တယ္ သူ႔ကိုၾကည့္ရတာေတာ့ အခုခ်ိန္ထိ မိန္းမလိုခ်င္စိတ္မရွိဘူးထင္တယ္ အခုခ်ိန္ထိပုံျပင္ေတြေျပာေနရတုန္း ဘုရားပုံျပင္ေတြေျပာရတယ္ သူ႔ကိုေနာက္ေနရတယ္ နင္ကဘုန္းႀကီးဝတ္မွာလားေပါ့ အေမေပးစားရင္ေတာ့ယူမယ့္ပုံပါပဲ။ သူ႔ကို support ေပးႏိုင္မယ့္သူေလးေတာ့ အစ္မတို႔ကျဖစ္ေစခ်င္တာေပါ့ သူမခ်စ္တာလည္းမျဖစ္ေစခ်င္ဘူး ခ်စ္တာလည္းျဖစ္ေစခ်င္တယ္ အသက္လည္း၃၀ေက်ာ္လာၿပီေပါ့

သူ႔ဘာသာသူဆုံးျဖတ္မွာပါ အစ္မအျမင္မွာေတာ့ အခုေတာ့စိတ္မပါေသးဘူး။ Character changes ကေတာ့ျဖစ္သြားတယ္ အရင္တုန္းကဆို သူ႐ုပ္မခ်ခ်င္ဘူး အခုေတာ့႐ုပ္ခ်တာေတြကိုလက္ခံတယ္ သူက ပင္ကိုအေနေအးေတာ့ သြက္တဲ့အခန္းေတြမွာ နည္းနည္းလိုမွာေပါ့ မမလည္းသူ႔ကိုအႀကံေပးေနတယ္ အခုကားႀကီးေတြ႐ိုက္ထားတာမွာ Charcter change

ထားတာေတြ႕ရတယ္။ ပရိသတ္ကိုအားေပးဖို႔လည္းေျပာခ်င္ပါတယ္ အစ္မမိုခမ္းတူေလးက အေနေအးတယ္ စိတ္ထားလည္းေကာင္းတယ္ ပရိသတ္ေပၚမွာျဖစ္ျဖစ္ မိသားစုေပၚမွာပဲျဖစ္ျဖစ္ အဲ့တာအားေပးေပးပါလို႔ေျပာခ်င္ပါတယ္ သူလည္းႀကိဳးစားေနတယ္ changes ျဖစ္ဖို႔ေလ” လို႔တူေလးနဲ႔ပတ္သတ္ၿပီး

ေျပာျပထားတာပါ။ လက္ရွိအႏုပညာလႈပ္ရွားမႈအေနနဲ႔ေတာ့ “မမကအခု MRTV 4 ဇာတ္လမ္းတြဲေလးေတာ့ၿပီးသြားၿပီ မမွီဝဲနဲ႔ကင္းေအာင္ေနဆိုတာ အဲ့တာက ကိုဗစ္မတိုင္ခင္၁လအလိုကၿပီးသြားတာ CHANNEL K ကေတာ့မၿပီးေသးဘူး တူေလးနဲ႔႐ိုက္ေနတာ စိုးျပည့္နဲ႔ ၁လစာေတာ့႐ိုက္ဖို႔က်န္ေသးတယ္ မေလး စင္ကာပူ ထိုင္းက Producer ေတြ႐ိုက္မယ့္ ကိုရန္ေလးနဲ႔အစ္မ လင္မယားအျဖစ္သ႐ုပ္ေဆာင္ရမယ့္ကားေလးဆို

လုံးဝမ႐ိုက္ရေသးဘူး photo shooting ေတြေတာ့ၿပီးၿပီ လက္ရွိေတာ့ online shopping လုပ္ေနပါတယ္ ရက္ကန္းလည္းရွိေတာ့ အထည္ေတြမမ Live လႊင့္ၿပီးေရာင္းေနတယ္ အလကားေနအလကား စားဝတ္ေနေရးအတြက္ စားအိုးေလးရတယ္ေပါ့ လူေတြလည္းရွားပါးေနတဲ့အတြက္ အျမတ္နည္းနည္း တခ်ိဳ႕ဆို အရႈံးခံၿပီးေရာင္းေပးေနပါတယ္ ပရဟိတေဈးသည္ေပါ့” လို႔ဆိုထားပါတယ္။
Read in UNICODE
သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မိုခမ်းကတော့ အင်တာဗျူးလေးတစ်ခုမှာ တူဖြစ်သူ ဟိန်းဝေယံတစ်ယောက် မိန်းမယူဖို့အစီအစဉ်ရှိသေးပုံမပေါ်ဘူးလို့ ဆိုထားပါတယ်။ သားငယ်လေးတို့အိမ်ကို တစ်ပတ်တစ်ခေါက်လောက်တော့ရောက်ဖြစ်တယ် မမကလည်း ချည်ထည်ပိုးထည်တွေကို အားပေးတော့လေ တစ်ပတ်တစ်ခါရောက်ဖြစ်တယ် ဆက်တိုက်ဆိုသလိုပေါ့ သားငယ်လေးကတော့ Stay Home ဆိုတော့ ဝတုတ်နေတယ် သူလည်းစားနေတယ်ဆိုတော့ ပဌာန်းတွေရွတ် တရားတွေထိုင်

အဲ့တာပဲသူလုပ်နေတယ် သူကအစကတည်းကအနေအေးတော့လေ။ အစ်မက ကိုယ့်တူကိုပြောလေ့ရှိတယ် နင်ကဘုန်းကြီးဖြစ်မယ်ကောင်လို့ သူ့အိမ်ရောက်သွားရင်းလည်း တီမိုဆိုပြီးနှုတ်ဆက်ပြီးတာနဲ့ သူဝင်စားရော အစ်မဟင်းတွေရောင်းတုန်းကလည်းသူအားပေးတယ် ဆိတ်သားဟင်းတို့ ထောပတ်ပဲထမင်းတို့ ဒီအချိန်မှာ ဝဝလေးနေမှပဲ ကာကွယ်သလိုဖြစ်မှာလေ။တူလေးက ရည်းစား ရှိတာမရှိတာ အဒေါ်ကိုတိုင်ပင်ပါတယ် အခုတော့ ရည်းစားမရှိတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပါတယ် မမမိုခမ်းကတော့

သူကိုယ်တိုင်ရွေးချယ်တာကိုပဲလိုချင်ပါတယ် သူ့ကိုလည်းပြောထားတယ် သားငယ်လေးကိုချစ်ပြီးတော့ သူ့ကိုsupport လုပ်နိုင်တဲ့လူမျိုးပဲလိုချင်တယ် သူ့ကိုကြည့်ရတာတော့ အခုချိန်ထိ မိန်းမလိုချင်စိတ်မရှိဘူးထင်တယ် အခုချိန်ထိပုံပြင်တွေပြောနေရတုန်း ဘုရားပုံပြင်တွေပြောရတယ် သူ့ကိုနောက်နေရတယ် နင်ကဘုန်းကြီးဝတ်မှာလားပေါ့ အမေပေးစားရင်တော့ယူမယ့်ပုံပါပဲ။ သူ့ကို support ပေးနိုင်မယ့်သူလေးတော့ အစ်မတို့ကဖြစ်စေချင်တာပေါ့ သူမချစ်တာလည်းမဖြစ်စေချင်ဘူး ချစ်တာလည်းဖြစ်စေချင်တယ် အသက်လည်း၃၀ကျော်လာပြီပေါ့

သူ့ဘာသာသူဆုံးဖြတ်မှာပါ အစ်မအမြင်မှာတော့ အခုတော့စိတ်မပါသေးဘူး။ Character changes ကတော့ဖြစ်သွားတယ် အရင်တုန်းကဆို သူရုပ်မချချင်ဘူး အခုတော့ရုပ်ချတာတွေကိုလက်ခံတယ် သူက ပင်ကိုအနေအေးတော့ သွက်တဲ့အခန်းတွေမှာ နည်းနည်းလိုမှာပေါ့ မမလည်းသူ့ကိုအကြံပေးနေတယ် အခုကားကြီးတွေရိုက်ထားတာမှာ Charcter change

ထားတာတွေ့ရတယ်။ ပရိသတ်ကိုအားပေးဖို့လည်းပြောချင်ပါတယ် အစ်မမိုခမ်းတူလေးက အနေအေးတယ် စိတ်ထားလည်းကောင်းတယ် ပရိသတ်ပေါ်မှာဖြစ်ဖြစ် မိသားစုပေါ်မှာပဲဖြစ်ဖြစ် အဲ့တာအားပေးပေးပါလို့ပြောချင်ပါတယ် သူလည်းကြိုးစားနေတယ် changes ဖြစ်ဖို့လေ” လို့တူလေးနဲ့ပတ်သတ်ပြီး

ပြောပြထားတာပါ။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့တော့ “မမကအခု MRTV 4 ဇာတ်လမ်းတွဲလေးတော့ပြီးသွားပြီ မမှီဝဲနဲ့ကင်းအောင်နေဆိုတာ အဲ့တာက ကိုဗစ်မတိုင်ခင်၁လအလိုကပြီးသွားတာ CHANNEL K ကတော့မပြီးသေးဘူး တူလေးနဲ့ရိုက်နေတာ စိုးပြည့်နဲ့ ၁လစာတော့ရိုက်ဖို့ကျန်သေးတယ် မလေး စင်ကာပူ ထိုင်းက Producer တွေရိုက်မယ့် ကိုရန်လေးနဲ့အစ်မ လင်မယားအဖြစ်သရုပ်ဆောင်ရမယ့်ကားလေးဆို

လုံးဝမရိုက်ရသေးဘူး photo shooting တွေတော့ပြီးပြီ လက်ရှိတော့ online shopping လုပ်နေပါတယ် ရက်ကန်းလည်းရှိတော့ အထည်တွေမမ Live လွှင့်ပြီးရောင်းနေတယ် အလကားနေအလကား စားဝတ်နေရေးအတွက် စားအိုးလေးရတယ်ပေါ့ လူတွေလည်းရှားပါးနေတဲ့အတွက် အမြတ်နည်းနည်း တချို့ဆို အရှုံးခံပြီးရောင်းပေးနေပါတယ် ပရဟိတဈေးသည်ပေါ့” လို့ဆိုထားပါတယ်။
Source : SY Myanmar