ကိုယ္တိုင္ကလဲ အေဖမရွိခဲ့သူဆိုေတာ့ မိဘမဲ့ကေလးေတြကို ကိုယ္ခ်င္းစာၿပီး ေမြးစားျဖစ္တာလို႔ ရင္ဖြင့္ခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ရဲ႕အခ်စ္ေတာ္ ပရဟိတမင္းသမီးခိုင္ႏွင္းေဝကေတာ့ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာတည္ေထာင္ကာ ကေလးေတြကို ေစာင့္ေရွာက္ေပးေန႐ုံမက လတ္တေလာကိုဗစ္ကာလမွာ အခက္အခဲရင္ဆိုင္ေနရသူေတြကိုလည္း ေန႔စဥ္နဲ႔အမွ် သူတတ္ႏိုင္သေလာက္လႉဒါန္းေပးေနပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ ပရိသတ္ရဲ႕အခ်စ္ေတာ္မင္းသမီးခိုင္ႏွင္းေဝဟာ ကိုယ္ကိုယ္တိုင္လည္းအေမ့ကိုယ္ဝန္ႏွစ္လမွာအေဖမဲ့ခဲ့တဲ့အတြက္မိဘမဲ့ကေလးေတြကိုကိုယ္ခ်င္းစာၿပီးေမြးစားျဖစ္တယ့္အေၾကာင္းကိုရင္ဖြင့္ေျပာျပခဲ့တာပဲျဖစ္ပါတယ္။

ခိုင္းႏွင္းေဝဟာမိဘေက်ာင္းေတြဟာလည္းျမန္မာႏိုင္ငံမွာအမ်ားႀကီးရွိၿပီး အခ်ိဳ႕မိဘမဲ့ေက်ာင္းေတြဆိုရင္ကေလးေတြရာခ်ီေထာင္ခ်ီရွိကာ အဲ့ဒီကေလးေတြမွာဆိုရင္လည္းသူတို႔ရဲ႕ ေနာက္ေၾကာင္းေတြအမ်ားႀကီးရွိၾကတယ္လို႔ ဒီအင္တာဗ်ဴးေလးရဲ႕စအစပိုင္းမွာေျဖၾကားထားပါတယ္။
ခိုင္ႏွင္းေဝရဲ႕ ေဂဟာေလးမွာဆိုရင္ ကေလးနည္းနည္းပဲ ရွိရတာက ဘယ္သူလာေပးေပး ေပးတဲ့ကေလးကို လက္ခံထားျခင္းမရွိပဲ စီစစ္ၿပီးမွ လက္ခံေပးတာျဖစ္ၿပီး လာသမွ် လက္ခံထားတဲ့သေဘာမ်ိဳး မဟုတ္ဘူးလို႔ သိရပါတယ္။

“တခ်ိဳ႕က်ေတာ့ေလ ၿပီးၿပီးေရာ ကေလးယူလိုက္တယ္… ၿပီးမွမေကြၽးႏိုင္လို႔ဆိုၿပီး ကေလးလာေပးတယ္… ဒါမ်ိဳးေတြ အစ္မလက္မခံဘူး”

ခိုင္ႏွင္းေဝကိုယ္တိုင္ေတာင္မွ ကေလးေမြးဖူးတဲ့သူမဟုတ္ေပမယ့္ သူမ်ားသားသမီးေလးေတြကို ကိုယ့္သားသမီးတစ္ေယာက္လို ခ်စ္ေပးၿပီးေတာ့ ေစာင့္ေရွာက္ေပးေနတာျဖစ္ၿပီး ကေလးတစ္ေယာက္ခ်င္းစီရဲ႕ ေနာက္ေၾကာင္းေတြကို သိရတဲ့အခါ ရင္ဘတ္ေတြေအာင့္ရလို႔ ၾကာလာရင္လည္း ႏွလုံးေရာဂါရႏိုင္တယ္လို႔ ရင္ဖြင့္ေျပာျပလာပါတယ္။ အခုေခတ္မွာ ေခတ္ႀကီးကတိုးတက္ေနတာျဖစ္တဲ့အတြက္ အသိမိုက္မဲၿပီး မွားသြားၾကတဲ့ အခါ ေယာက်္ားေဘးဘက္က တာဝန္မယူႏိုင္လို႔ျဖစ္ေစ ဆက္မေမြးႏိုင္ေတာ့လို႔ျဖစ္ေစ လာေရာက္စြန႔္ပစ္ခံခဲ့ၾကရတဲ့ ကေလးငယ္ေလးေတြကို စာနာေထာက္ထားၿပီးေတာ့ မိန္းကေလးငယ္ေတြ ဆင္ျခင္ႏိုင္ဖို႔ကိုလည္း အသိပညာေပး ေျပာျပခဲ့ပါတယ္။

ကေလးဆိုတာက ဘယ္ေလာက္ပင္ ဆင္းဆင္းရဲရဲေနေနရသည္ျဖစ္ေစ၊ ဆီနဲ႔ဆားနဲ႔သာစားရသည္ျဖစ္ေစ မိဘလက္ေအာက္မွာပဲ ေနခ်င္တာျဖစ္ၿပီး အမခိုင္ႏွင္းေဝဆိုရင္လည္း ငယ္စဥ္တည္းက ဖခင္နဲ႔မိခင္ကြဲေနၿပီး မိစုံဖစုံနဲ႔ ေနခဲ့ရတဲ့သူမ်ိဳးမဟုတ္တဲ့အတြက္ ဒီလိုကိစၥမ်ိဳးကို ကိုယ္ခ်င္းစာေပးႏိုင္တယ္လို႔ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ မိစုံဖစုံမေနခဲ့ရတဲ့ကေလးေတြမွာက သိမ္ငယ္စိတ္ျဖစ္ေပၚလာတတ္ၿပီး အဲ့ဒီသိမ္ငယ္စိတ္က အကန္စိတ္ျဖစ္ေပၚလာတဲ့အခါ အရမ္းဆိုးတဲ့ကေလးေတြ ျဖစ္လာႏိုင္တယ္လို႔ ရွင္းျပေပးခဲ့ပါေသးတယ္။

“အဲ့တာေၾကာင့္အမက မိဘမဲ့ကေလးေတြကို ဆိုရင္လည္း ကိုယ္ခ်င္းစာစိတ္နဲ႔ လိုက္လိုက္လႉတယ္… ဟိုးအရင္တည္းက တျခားေက်ာင္းေတြမွာ လိုက္လႉေပးတယ္… အခုေတာ့ဒီမွာ ကိုယ္တိုင္ေစာင့္ေရွာက္ရတာေပါ့ေလ”

ခိုင္ႏွင္းေဝအေနနဲ႔ ဒီဘက္ေခတ္ေဆးပညာမွာက တားေဆးေတြအစုံရွိတဲ့အတြက္ မေကြၽးႏိုင္ဘူးဆိုရင္ ကေလးမယူသင့္ေသးပဲ ကေလးယူမိသြားေတာ့မွ အျပစ္မဲ့တဲ့ကေလးတစ္ေယာက္ကို လူ႔ေလာကထဲေခၚသြင္းၿပီး ဆင္းရဲဒုကၡေရာက္ေစတာက အရမ္းဝဠ္ႀကီးတယ္လို႔ သူမရဲ႕ အျမင္ကိုလည္း မွ်ေဝေပးခဲ့ပါေသးတယ္။

“မိဘကေမြးလိုက္လို႔ သူတို႔လူျဖစ္သြားတာက ကုသိုလ္အမ်ားႀကီးရေပမယ့္ ကေလးကို စြန႔္ပစ္လိုက္တာကလည္း မိဘေတြမွာ အရမ္းငရဲႀကီးတယ္”

ေဂဟာက ကေလးေတြကို ျပဳစုေစာင့္ေရွာက္ရာမွာလည္း ေဘးမွာအၿမဲသြန္သင္ဆုံးမေပးမယ့္သူေတြ ရွိေနဖို႔လိုအပ္ၿပီး တစ္ခ်ိန္မွာ ဒီကေလးေတြက သူတို႔ကို သူတို႔မိဘေတြက စြန႔္ပစ္ခဲ့တယ္ဆိုတဲ့ သူတို႔ရဲ႕ အတိတ္ဘဝဇာတ္ေၾကာင္းကို သိသြားတဲ့အခါမွာ ငါတို႔ဟာမိဘမဲ့ေတြပဲဆိုတဲ့ အားငယ္မႈမ်ိဳးဝင္လာမွာကို မလိုလားပဲ သူတို႔ရဲ႕ မိဘေနရာမွာ ခိုင္ႏွင္းေဝရွိတယ္ဆိုတဲ့ အသိမ်ိဳးကို ဒီအ႐ြယ္မွာတည္းက ကေလးေတြကို ႐ိုက္သြင္းဖို႔ႀကိဳးစားထားတယ္လို႔လည္း သိရပါတယ္။

“ငါတို႔ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာမွာ ႀကီးျပင္းလာတာ ဂုဏ္ယူဖို႔ေကာင္းတယ္… ငါတို႔ေတြ အႀကီးအကဲေတြျဖစ္လာႏိုင္တယ္… လူေတာ္လူေကာင္းေတြျဖစ္လာႏိုင္တယ္… အမရဲ႕ရင္ေသြးျဖစ္ရတာ သူတို႔ကိုယ္သူတို႔ ဂုဏ္ယူတတ္ေစရမယ္ဆိုတဲ့ စိတ္မ်ိဳးျဖစ္ရေအာင္ အမေခါင္းထဲမွာ ထည့္ထားတယ္… သူတို႔ေခါင္းထဲမွာလည္း ငယ္ငယ္တည္းက ထည့္ထားမယ္”

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ ပရဟိတမင္းသမီးေလးခိုင္ႏွင္းေဝက သူမရဲ႕ ရင္ေသြးေလးမ်ားေဂဟာမွာ ရွိတဲ့ ကေလးေတြရဲ႕ ဘဝဇာတ္ေၾကာင္းနဲ႔ သူတို႔ေလးေတြရဲ႕ အနာဂတ္လမ္းေၾကာင္း ညီညာျပန႔္ျပဴးၿပီး လိမၼာေရးျခားရွိေအာင္ ဘယ္လိုမ်ိဳး အနီးကပ္ကူညီေစာင့္ေရွာက္ေပးေနလည္း ဆိုတာကို ပရိသတ္သိေအာင္ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။

ကေလးေပါင္းမ်ားစြာတို႔ရဲ႕ အားကိုးရာ မိခင္အျဖစ္ ရပ္တည္ေပးေနတဲ့ မင္းသမီးခိုင္ႏွင္းေဝရဲ႕ ေမတၱာစိတ္ကေတာ့ သူမတူေအာင္ကို ေလးစားအတုယူဖြယ္ ေကာင္းလွပါတယ္။

Read in UNICODE

ပရိသတ်ရဲ့အချစ်တော် ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ကာ ကလေးတွေကို စောင့်ရှောက်ပေးနေရုံမက လတ်တလောကိုဗစ်ကာလမှာ အခက်အခဲရင်ဆိုင်နေရသူတွေကိုလည်း နေ့စဉ်နဲ့အမျှ သူတတ်နိုင်သလောက်လှူဒါန်းပေးနေပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ ပရိသတ်ရဲ့အချစ်တော်မင်းသမီးခိုင်နှင်းဝေဟာ ကိုယ်ကိုယ်တိုင်လည်းအမေ့ကိုယ်ဝန်နှစ်လမှာအဖေမဲ့ခဲ့တဲ့အတွက်မိဘမဲ့ကလေးတွေကိုကိုယ်ချင်းစာပြီးမွေးစားဖြစ်တယ့်အကြောင်းကိုရင်ဖွင့်ပြောပြခဲ့တာပဲဖြစ်ပါတယ်။

ခိုင်းနှင်းဝေဟာမိဘကျောင်းတွေဟာလည်းမြန်မာနိုင်ငံမှာအများကြီးရှိပြီး အချို့မိဘမဲ့ကျောင်းတွေဆိုရင်ကလေးတွေရာချီထောင်ချီရှိကာ အဲ့ဒီကလေးတွေမှာဆိုရင်လည်းသူတို့ရဲ့ နောက်ကြောင်းတွေအများကြီးရှိကြတယ်လို့ ဒီအင်တာဗျူးလေးရဲ့စအစပိုင်းမှာဖြေကြားထားပါတယ်။
ခိုင်နှင်းဝေရဲ့ ဂေဟာလေးမှာဆိုရင် ကလေးနည်းနည်းပဲ ရှိရတာက ဘယ်သူလာပေးပေး ပေးတဲ့ကလေးကို လက်ခံထားခြင်းမရှိပဲ စီစစ်ပြီးမှ လက်ခံပေးတာဖြစ်ပြီး လာသမျှ လက်ခံထားတဲ့သဘောမျိုး မဟုတ်ဘူးလို့ သိရပါတယ်။

“တချို့ကျတော့လေ ပြီးပြီးရော ကလေးယူလိုက်တယ်… ပြီးမှမကျွေးနိုင်လို့ဆိုပြီး ကလေးလာပေးတယ်… ဒါမျိုးတွေ အစ်မလက်မခံဘူး”

ခိုင်နှင်းဝေကိုယ်တိုင်တောင်မှ ကလေးမွေးဖူးတဲ့သူမဟုတ်ပေမယ့် သူများသားသမီးလေးတွေကို ကိုယ့်သားသမီးတစ်ယောက်လို ချစ်ပေးပြီးတော့ စောင့်ရှောက်ပေးနေတာဖြစ်ပြီး ကလေးတစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းတွေကို သိရတဲ့အခါ ရင်ဘတ်တွေအောင့်ရလို့ ကြာလာရင်လည်း နှလုံးရောဂါရနိုင်တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ အခုခေတ်မှာ ခေတ်ကြီးကတိုးတက်နေတာဖြစ်တဲ့အတွက် အသိမိုက်မဲပြီး မှားသွားကြတဲ့ အခါ ယောကျ်ားဘေးဘက်က တာဝန်မယူနိုင်လို့ဖြစ်စေ ဆက်မမွေးနိုင်တော့လို့ဖြစ်စေ လာရောက်စွန့်ပစ်ခံခဲ့ကြရတဲ့ ကလေးငယ်လေးတွေကို စာနာထောက်ထားပြီးတော့ မိန်းကလေးငယ်တွေ ဆင်ခြင်နိုင်ဖို့ကိုလည်း အသိပညာပေး ပြောပြခဲ့ပါတယ်။

ကလေးဆိုတာက ဘယ်လောက်ပင် ဆင်းဆင်းရဲရဲနေနေရသည်ဖြစ်စေ၊ ဆီနဲ့ဆားနဲ့သာစားရသည်ဖြစ်စေ မိဘလက်အောက်မှာပဲ နေချင်တာဖြစ်ပြီး အမခိုင်နှင်းဝေဆိုရင်လည်း ငယ်စဉ်တည်းက ဖခင်နဲ့မိခင်ကွဲနေပြီး မိစုံဖစုံနဲ့ နေခဲ့ရတဲ့သူမျိုးမဟုတ်တဲ့အတွက် ဒီလိုကိစ္စမျိုးကို ကိုယ်ချင်းစာပေးနိုင်တယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ မိစုံဖစုံမနေခဲ့ရတဲ့ကလေးတွေမှာက သိမ်ငယ်စိတ်ဖြစ်ပေါ်လာတတ်ပြီး အဲ့ဒီသိမ်ငယ်စိတ်က အကန်စိတ်ဖြစ်ပေါ်လာတဲ့အခါ အရမ်းဆိုးတဲ့ကလေးတွေ ဖြစ်လာနိုင်တယ်လို့ ရှင်းပြပေးခဲ့ပါသေးတယ်။

“အဲ့တာကြောင့်အမက မိဘမဲ့ကလေးတွေကို ဆိုရင်လည်း ကိုယ်ချင်းစာစိတ်နဲ့ လိုက်လိုက်လှူတယ်… ဟိုးအရင်တည်းက တခြားကျောင်းတွေမှာ လိုက်လှူပေးတယ်… အခုတော့ဒီမှာ ကိုယ်တိုင်စောင့်ရှောက်ရတာပေါ့လေ”

ခိုင်နှင်းဝေအနေနဲ့ ဒီဘက်ခေတ်ဆေးပညာမှာက တားဆေးတွေအစုံရှိတဲ့အတွက် မကျွေးနိုင်ဘူးဆိုရင် ကလေးမယူသင့်သေးပဲ ကလေးယူမိသွားတော့မှ အပြစ်မဲ့တဲ့ကလေးတစ်ယောက်ကို လူ့လောကထဲခေါ်သွင်းပြီး ဆင်းရဲဒုက္ခရောက်စေတာက အရမ်းဝဠ်ကြီးတယ်လို့ သူမရဲ့ အမြင်ကိုလည်း မျှဝေပေးခဲ့ပါသေးတယ်။

“မိဘကမွေးလိုက်လို့ သူတို့လူဖြစ်သွားတာက ကုသိုလ်အများကြီးရပေမယ့် ကလေးကို စွန့်ပစ်လိုက်တာကလည်း မိဘတွေမှာ အရမ်းငရဲကြီးတယ်”

ဂေဟာက ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာလည်း ဘေးမှာအမြဲသွန်သင်ဆုံးမပေးမယ့်သူတွေ ရှိနေဖို့လိုအပ်ပြီး တစ်ချိန်မှာ ဒီကလေးတွေက သူတို့ကို သူတို့မိဘတွေက စွန့်ပစ်ခဲ့တယ်ဆိုတဲ့ သူတို့ရဲ့ အတိတ်ဘဝဇာတ်ကြောင်းကို သိသွားတဲ့အခါမှာ ငါတို့ဟာမိဘမဲ့တွေပဲဆိုတဲ့ အားငယ်မှုမျိုးဝင်လာမှာကို မလိုလားပဲ သူတို့ရဲ့ မိဘနေရာမှာ ခိုင်နှင်းဝေရှိတယ်ဆိုတဲ့ အသိမျိုးကို ဒီအရွယ်မှာတည်းက ကလေးတွေကို ရိုက်သွင်းဖို့ကြိုးစားထားတယ်လို့လည်း သိရပါတယ်။

“ငါတို့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ ကြီးပြင်းလာတာ ဂုဏ်ယူဖို့ကောင်းတယ်… ငါတို့တွေ အကြီးအကဲတွေဖြစ်လာနိုင်တယ်… လူတော်လူကောင်းတွေဖြစ်လာနိုင်တယ်… အမရဲ့ရင်သွေးဖြစ်ရတာ သူတို့ကိုယ်သူတို့ ဂုဏ်ယူတတ်စေရမယ်ဆိုတဲ့ စိတ်မျိုးဖြစ်ရအောင် အမခေါင်းထဲမှာ ထည့်ထားတယ်… သူတို့ခေါင်းထဲမှာလည်း ငယ်ငယ်တည်းက ထည့်ထားမယ်”

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ ပရဟိတမင်းသမီးလေးခိုင်နှင်းဝေက သူမရဲ့ ရင်သွေးလေးများဂေဟာမှာ ရှိတဲ့ ကလေးတွေရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့လေးတွေရဲ့ အနာဂတ်လမ်းကြောင်း ညီညာပြန့်ပြူးပြီး လိမ္မာရေးခြားရှိအောင် ဘယ်လိုမျိုး အနီးကပ်ကူညီစောင့်ရှောက်ပေးနေလည်း ဆိုတာကို ပရိသတ်သိအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကလေးပေါင်းများစွာတို့ရဲ့ အားကိုးရာ မိခင်အဖြစ် ရပ်တည်ပေးနေတဲ့ မင်းသမီးခိုင်နှင်းဝေရဲ့ မေတ္တာစိတ်ကတော့ သူမတူအောင်ကို လေးစားအတုယူဖွယ် ကောင်းလှပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *