မေမွ်ာ္လင့္ဘဲရခဲ့တဲ့ ရင္ေသြးေလးကို ဝမ္းသာအားရနဲ႔ ႀကိဳဆိုေပးၾကတဲ့ မိဘေတြေၾကာင့္ အံၾသေနရတယ္ဆိုတဲ့ စည္ၿဖိဳး

စည္ၿဖိဳးကေတာ့ ခင္လႊမ္းမွာ ကိုယ္ဝန္ရေနၿပီဆိုတာကို ဒီေန႔ (ေအာက္တိုဘာလ ၂၆ ရက္) မနက္ပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ ဓာတ္ပုံေလး တင္ရင္း ပရိသတ္ကို အသိေပးခဲ့တာပါ။ အခုလိုမ်ိဳး သူတို႔ရဲ႕ ဘဝထဲ မေမွ်ာ္လင့္ဘဲ ဝင္လာခဲ့တဲ့ ကေလးေလးကို ဝမ္းပန္းတသာ လက္ခုပ္တီးၿပီး ႀကိဳဆိုေပးခဲ့တဲ့ မိဘေတြကို ေက်းဇူးတင္မဆုံး ျဖစ္လို႔ေနတာကိုလည္း ေတြ႕ရပါတယ္။ “ကြၽန္ေတာ္အံ့ၾသမိတယ္။ကြၽန္ေတာ့္ဘဝ ႀကဳံသမွ်ေျပာင္းလည္းျဖစ္တည္မႈတိုင္းကို..ဟင္ဘယ္လို ျဖစ္တာလည္း ဟာ

ဒုကၡပါပဲလို႔ ဘယ္ေတာ့မွမၿငီးခဲ့တဲ့ အတြက္ ၊မာတာပီတ မိနဲ႔ဘ သူရဲေကာင္းႏွစ္ေယာက္ကို အံ့ၾသဦးခိုက္မိတယ္။အ႐ြယ္ေရာက္လာၾကင္သူပါလာေတာ့လည္း ငါ့သားဟဲ့ငါ့သမီးဟဲ့ဆိုတဲ့ငါအစြဲ သူေတာ္ေကာင္းပါလို႔ေျပာတဲ့သူေတာင္မထိန္းႏိုင္ေပမယ့္.သူစိမ္းလည္းသမီးအရင္းပမာ မုဒိတာပြားေမတၱာထားႏိုင္ေတာ့ထပ္ၿပီး အံ့ၾသဦးခိုက္မိပါတယ္။ ခုလို ကာလႀကီး မေမွ်ာ္လင့္ပဲဝင္လာသူေလးကို လက္ခုတ္တီးလို႔ေတာင္ႀကိဳဆိုေပးေနျပန္တာ့

ပိုလို႔ အံ့ၾသဦးခိုက္မိျပန္တယ္.။ သီတင္းကြၽတ္ခ်ိန္ခါ မိဘေနရာေရာက္မွ မိဘေမတၱာကို..ဒီကေန႔အႀကိမ္ႀကိမ္ အံ့ၾသ ဦးခိုက္ေနမိတယ္.. (ဖခင္ေလာင္းဖိုးစည္)” ဆိုၿပီး မိဘေတြကို ကန္ေတာ့ရင္း သူ႔ရဲ႕ ရင္ထဲက ခံစားခ်က္ေတြကို လူမႈကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့တာပါ။ စည္ၿဖိဳးအေနနဲ႔ ဖခင္တစ္ေယာက္ျဖစ္လို႔ အခြင့္အေရးရလာၿပီျဖစ္တဲ့အတြက္ သူ႔ရဲ႕ မိသားစုဝင္ေတြ၊ အႏုပညာေမာင္ႏွမေတြ

နဲ႔ ပရိသတ္ေတြကလည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္ပို႔စ္ရဲ႕ Comment ေတြမွာ ဂုဏ္ျပဳစကားေတြ ေျပာခဲ့ၾကတာကို ေတြ႕ရပါတယ္။ စည္ၿဖိဳးရဲ႕ ေကာင္မေလးကေတာ့ Social Media ေပၚမွာ လူသိမ်ားခဲ့တဲ့ ခင္လႊမ္း ျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးရဲ႕ အခ်စ္ခရီးလမ္းကေတာ့ ေတာ္ေတာ္ကို ၾကာေနပါၿပီ။ ႏွစ္ဖက္မိဘေတြကလည္း သေဘာတူထားၾကသလို ပရိသတ္ေတြရဲ႕ အခ်စ္ကို ခိုင္ခိုင္မာမာ ရရွိထားတဲ့ အႏုပညာရွင္

စုံတြဲ တစ္တြဲဆိုလည္း မမွားပါဘူး။ မၾကာခင္မွာေတာ့ သူတို႔ႏွစ္ေယာက္ မဂၤလာပြဲကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ စည္ၿဖိဳးက လက္ရွိမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြ ပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူတစ္ေယာက္ပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ဆယ္စုႏွစ္တစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။ လက္ရွိမွာလည္း ကိုယ္ပိုင္ထုတ္လုပ္ေရးနဲ႔အတူ ႐ုပ္ရွင္ကားႀကီးေတြ ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။

Read in UNICODE

စည်ဖြိုးကတော့ ခင်လွှမ်းမှာ ကိုယ်ဝန်ရနေပြီဆိုတာကို ဒီနေ့ (အောက်တိုဘာလ ၂၆ ရက်) မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေး တင်ရင်း ပရိသတ်ကို အသိပေးခဲ့တာပါ။ အခုလိုမျိုး သူတို့ရဲ့ ဘဝထဲ မမျှော်လင့်ဘဲ ဝင်လာခဲ့တဲ့ ကလေးလေးကို ဝမ်းပန်းတသာ လက်ခုပ်တီးပြီး ကြိုဆိုပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်မဆုံး ဖြစ်လို့နေတာကိုလည်း တွေ့ရပါတယ်။ “ကျွန်တော်အံ့သြမိတယ်။ကျွန်တော့်ဘဝ ကြုံသမျှပြောင်းလည်းဖြစ်တည်မှုတိုင်းကို..ဟင်ဘယ်လို ဖြစ်တာလည်း ဟာ

ဒုက္ခပါပဲလို့ ဘယ်တော့မှမငြီးခဲ့တဲ့ အတွက် ၊မာတာပီတ မိနဲ့ဘ သူရဲကောင်းနှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်။အရွယ်ရောက်လာကြင်သူပါလာတော့လည်း ငါ့သားဟဲ့ငါ့သမီးဟဲ့ဆိုတဲ့ငါအစွဲ သူတော်ကောင်းပါလို့ပြောတဲ့သူတောင်မထိန်းနိုင်ပေမယ့်.သူစိမ်းလည်းသမီးအရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ထပ်ပြီး အံ့သြဦးခိုက်မိပါတယ်။ ခုလို ကာလကြီး မမျှော်လင့်ပဲဝင်လာသူလေးကို လက်ခုတ်တီးလို့တောင်ကြိုဆိုပေးနေပြန်တာ့

ပိုလို့ အံ့သြဦးခိုက်မိပြန်တယ်.။ သီတင်းကျွတ်ချိန်ခါ မိဘနေရာရောက်မှ မိဘမေတ္တာကို..ဒီကနေ့အကြိမ်ကြိမ် အံ့သြ ဦးခိုက်နေမိတယ်.. (ဖခင်လောင်းဖိုးစည်)” ဆိုပြီး မိဘတွေကို ကန်တော့ရင်း သူ့ရဲ့ ရင်ထဲက ခံစားချက်တွေကို လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။ စည်ဖြိုးအနေနဲ့ ဖခင်တစ်ယောက်ဖြစ်လို့ အခွင့်အရေးရလာပြီဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစုဝင်တွေ၊ အနုပညာမောင်နှမတွေ

နဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ Comment တွေမှာ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြတာကို တွေ့ရပါတယ်။ စည်ဖြိုးရဲ့ ကောင်မလေးကတော့ Social Media ပေါ်မှာ လူသိများခဲ့တဲ့ ခင်လွှမ်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ခရီးလမ်းကတော့ တော်တော်ကို ကြာနေပါပြီ။ နှစ်ဖက်မိဘတွေကလည်း သဘောတူထားကြသလို ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားတဲ့ အနုပညာရှင်

စုံတွဲ တစ်တွဲဆိုလည်း မမှားပါဘူး။ မကြာခင်မှာတော့ သူတို့နှစ်ယောက် မင်္ဂလာပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *