ေၾကာ္ျငာဘုရင္မ ထက္ထက္မိုးဦးရဲ႕ တစ္ေက်ာ့ျပန္ေအာင္ျမင္မွဳအေပၚမွာ သူ႔ရဲ႕ အျမင္ေတြ ေျပာျပခဲ့တဲ့ မိတ္ကပ္ ခင္စန္းဝင္း

ေအာင္ျမင္ေက်ာ္ၾကားတဲ့ မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာခဲ့သူ ခင္စန္းဝင္းကေတာ့ မႀကီးစန္းဆိုၿပီး အႏုပညာရွင္ေတြသာမက ပရိသတ္ေတြကပါ အခ်စ္ပိုေနရသူတစ္ေယာက္ပါ။ ေနာက္ပိုင္းမွာ မိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔သာမက အႏုပညာအလုပ္ေတြပါ တစ္စထက္တစ္စလုပ္လာႏိုင္တဲ့အထိ ပရိသတ္အားေပးမႈ ရရွိလာသူလည္း ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ မိတ္ကပ္အေက်ာ္အေမာ္ မႀကီးခင္စန္းဝင္းက ထက္ထက္မိုးဦးအေနနဲ႔ အခုလိုတေၾကာ့ျပန္ ေအာင္ျမင္လာတဲ့အေပၚမွာ အရမ္းဝမ္းသာတယ္ဆိုတဲ့အေၾကာင္း ေျပာျပေပးခဲ့တာပဲ ျဖစ္ပါတယ္။  မႀကီးစန္းက ထက္ထက္ေရာင္းရလို႔ ဝမ္းသာတယ္ဆိုတာ ေရာင္းရတဲ့လုပ္ငန္းရွင္ေတြ ကိုယ္စား ဝမ္းသာတာ မဟုတ္ပဲ ထက္ထက္အတြက္ ဝမ္းသာတာျဖစ္တယ္လို႔ ဒီအင္တာဗ်ဴးေလးရဲ႕ အစပိုင္းမွာ အခုလို ေျပာျပပါတယ္။

“ဝမ္းသာတယ္ဆိုတာ ေရာင္းရတဲ့လူဖက္က မဟုတ္ဘူး… ထက္ထက္အတြက္ ဝမ္းသာတာ… ဘာေၾကာင့္လည္းဆိုေတာ့ ထက္ထက္ေရာင္းရတဲ့အခါ တစ္စတစ္စနဲ႔သူလည္း ပိုပိုၿပီးနာမည္တက္လာတာေပါ့… အခုလည္း ဒီဆိုင္အတြက္ Live ႐ိုက္ဖို႔ ေမးတဲ့အခါမွာ ဒီဇင္ဘာလကုန္အထိ ဒိတ္မရေတာ့ဘူး”

မႀကီးစိုးအေနနဲ႔ ထက္ထက္အတြက္ဝမ္းသာတယ္ဆိုတာက ထက္ထက္အေနနဲ႔ အခုလို Live လႊင့္ၿပီးရတဲ့ အႏုပညာေၾကးနဲ႔အရင္လိုမ်ိဳး လႉဒါန္းခြင့္ သုံးစြဲခြင့္ေလး ျပန္ရေစလိုတဲ့ ေစတနာေၾကာင့္သာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ပိုက္ဆံဆိုတာမ်ိဳးက ဘဝမွာ မရွိမျဖစ္တဲ့ အေျခခံလိုအပ္ခ်က္တစ္ခု ျဖစ္ၿပီး ဘာသာေရးအတြက္ျဖစ္ေစ၊ သာသနာေရးအတြက္ျဖစ္ေစ လႉႏိုင္တန္းႏိုင္ဖို႔ဆိုရင္ ပိုက္ဆံဆိုတာ လိုအပ္တာပဲလို႔ မႀကီးစိုးက ျမင္ပါတယ္။  သ႐ုပ္ေဆာင္ထက္ထက္မိုးဦးဟာဆိုရင္လည္း ယခင္တည္းက စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြ စသည္ျဖင့္ အမ်ားအျပား ေဆာက္လုပ္လႉဒါန္းခဲ့ၿပီး သူ႔ပတ္ဝန္းက်င္၊ ညီအစ္ကိုေမာင္ႏွမေတြက အကူအညီလာေရာက္ေတာင္းခံခဲ့ရင္လည္း ခ်က္ခ်င္းပဲ ကူညီေပးလိုက္တတ္တဲ့လူမ်ိဳး ျဖစ္တယ္လို႔ မႀကီးစိုးက ထက္ထက္ရဲ႕ ေစတနာသဒၵါတရားထက္သန္မႈကို ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

မႀကီးစန္းအေနနဲ႔ ကံဆိုတာမ်ိဳးက မိမိကျပဳလုပ္တဲ့အရာမ်ိဳး ျဖစ္တယ္လို႔ ယူဆၿပီးမိမိရဲ႕လုပ္ရပ္အေပၚမွာ မူတည္ၿပီးေတာ့ အသုံးခ်တတ္ဖို႔ လိုတယ္လို႔ ေျပာပါတယ္။ “ရလာတဲ့အခြင့္အေရးအေပၚမွာ ဂ႐ုစိုက္ဖို႔ လိုတယ္… တန္ဖိုးထားေလးစားဖို႔ လိုတယ္… ၿပီးရင္ တာဝန္ေက်ေအာင္ လုပ္ေပးဖို႔ လိုတယ္” Live ေတြအရမ္းလႊင့္ေနရလို႔ လူေတြကိုယ့္ေနာက္ကို လိုက္လာၾကၿပီဆိုၿပီးေတာ့ ခပ္ေခ်ေခ်ေနေနလို႔မရပဲ လူဆိုတာမ်ိဳးက တစ္ဦးနဲ႔တစ္ဦး ကိုင္းကြၽန္းမွိီကြၽန္းကိုင္းမွီ တစ္ဦးနဲ႔တစ္ဦး ေစတနာေမတၱာအျပန္အလွန္နဲ႔ ထိန္းညႇိတတ္ဖို႔လိုတယ္လို႔ မႀကီးစိုးက အႏုပညာရွင္ေတြအတြက္ မွတ္သားဖြယ္ရာစကားတခ်ိဳ႕ကိုလည္း ေဝမွ်ေပးလိုက္ပါေသးတယ္။ 

မႀကီးစိုးက Live လႊင့္ၿပီး ေစ်းေရာင္းတာမ်ိဳးကို ပုံမွန္မလုပ္ေပးျဖစ္ပဲ ကိုယ့္ကိုေစ်းလာဆစ္ခ်င္နဲ႔ သူေတြနဲ႔ဆိုရင္ ေသခ်ာညႇိႏႈိင္းၿပီးမွသာ လုပ္ရကိုင္ရတာေတြရွိတယ္လို႔ ရင္ဖြင့္ေျပာျပလာပါတယ္။  တခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြဆိုရင္လည္း အႏုပညာရွင္အသစ္ေလးေတြ ကို ေစ်းေခၚေရာင္းခိုင္းရင္ ေပးရတဲ့ ႏႈန္းထားနဲ႔ပဲ မႀကီးတို႔ကို ေစ်းဆစ္ခ်င္ၾကတယ္လို႔ သိရပါတယ္။ မႀကီးစိုးအေနနဲ႔လည္း Live တစ္ခါလႊင့္ရင္ ဝတ္ရတဲ့ အဝတ္အစားဖိုးကပါ ေစ်းမနည္းတာေၾကာင့္ တစ္ေၾကာင္း၊ ဒီကာလမွာက အျခားလုပ္ငန္းလည္း လုပ္စရာမရွိတဲ့အတြက္ ေစ်းေရာင္းေပးတဲ့အလုပ္နဲ႔သာ ေငြေရးေၾကးေရးအဆင္ေျပေနတာ ျဖစ္လို႔ အရမ္းႀကီး ေစ်းေလွ်ာ့ေပးလို႔ေတာ့ အဆင္မေျပဘူးလို႔ ဆိုလာပါတယ္။ 

“စိမ္းတဲ့သူေတြဆိုရင္ေတာ့ ပုံမွန္ပဲယူလိုက္တာေပါ့… ရင္းႏွီးတဲ့သူေတြဆိုရင္ေတာ့ မ်က္ႏွာနာနာနဲ႔ သတ္မွတ္ေစ်းထက္ ေလွ်ာ့ေပးရတာေပါ့ေလ” လူမႈကြန္ရက္ေပၚက သူ႔ကိုေပးတဲ့ ကြန္မန႔္ေတြကိုလည္း မႀကီးအေနနဲ႔ ကိုယ့္ကိုခ်စ္လို႔ ေပးတဲ့မန႔္ေလးေတြကို ဖတ္ၿပီး စိတ္အေႏွာက္အယွက္ျဖစ္စရာ မန႔္ေလးေတြကို ေတြ႕ရရင္ေတာ့ ကိုယ့္အေနနဲ႔လည္း သည္းခံတတ္တဲ့လူမ်ိဳးထဲမွာ မပါေတာ့ ျမင္ေတာ့ေျပာမိရာကေန ေနာက္ပိုင္းမွာ ကိုယ့္ရဲ႕ ျဖစ္တည္မႈကိုေတာင္ ေစာ္ကားေမာ္ကား ေျပာဆိုလာတာကိုေတြ႕ရေတာ့ အဆင္မေျပေတာ့ေၾကာင္း ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ နာမည္ေက်ာ္မိတ္ကပ္ပညာရွင္ ခင္စန္းဝင္းဟာဆိုရင္ျဖင့္ အခုကာလမွာဆိုရင္ ကုန္ပစၥည္းေလးေတြကို Live လႊင့္ၿပီးေရာင္းခ်ေပးေနတာျဖစ္လို႔ သြားေရာက္အားေပးၾကပါအုံးလို႔ တိုက္တြန္းလိုက္ရပါတယ္။ 

Read in UNICODE

အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူ ခင်စန်းဝင်းကတော့ မကြီးစန်းဆိုပြီး အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ အချစ်ပိုနေရသူတစ်ယောက်ပါ။ နောက်ပိုင်းမှာ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့သာမက အနုပညာအလုပ်တွေပါ တစ်စထက်တစ်စလုပ်လာနိုင်တဲ့အထိ ပရိသတ်အားပေးမှု ရရှိလာသူလည်း ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ မိတ်ကပ်အကျော်အမော် မကြီးခင်စန်းဝင်းက ထက်ထက်မိုးဦးအနေနဲ့ အခုလိုတကြော့ပြန် အောင်မြင်လာတဲ့အပေါ်မှာ အရမ်းဝမ်းသာတယ်ဆိုတဲ့အကြောင်း ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။  မကြီးစန်းက ထက်ထက်ရောင်းရလို့ ဝမ်းသာတယ်ဆိုတာ ရောင်းရတဲ့လုပ်ငန်းရှင်တွေ ကိုယ်စား ဝမ်းသာတာ မဟုတ်ပဲ ထက်ထက်အတွက် ဝမ်းသာတာဖြစ်တယ်လို့ ဒီအင်တာဗျူးလေးရဲ့ အစပိုင်းမှာ အခုလို ပြောပြပါတယ်။

“ဝမ်းသာတယ်ဆိုတာ ရောင်းရတဲ့လူဖက်က မဟုတ်ဘူး… ထက်ထက်အတွက် ဝမ်းသာတာ… ဘာကြောင့်လည်းဆိုတော့ ထက်ထက်ရောင်းရတဲ့အခါ တစ်စတစ်စနဲ့သူလည်း ပိုပိုပြီးနာမည်တက်လာတာပေါ့… အခုလည်း ဒီဆိုင်အတွက် Live ရိုက်ဖို့ မေးတဲ့အခါမှာ ဒီဇင်ဘာလကုန်အထိ ဒိတ်မရတော့ဘူး”

မကြီးစိုးအနေနဲ့ ထက်ထက်အတွက်ဝမ်းသာတယ်ဆိုတာက ထက်ထက်အနေနဲ့ အခုလို Live လွှင့်ပြီးရတဲ့ အနုပညာကြေးနဲ့အရင်လိုမျိုး လှူဒါန်းခွင့် သုံးစွဲခွင့်လေး ပြန်ရစေလိုတဲ့ စေတနာကြောင့်သာ ဖြစ်တယ်လို့ ပြောပါတယ်။ ပိုက်ဆံဆိုတာမျိုးက ဘဝမှာ မရှိမဖြစ်တဲ့ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပြီး ဘာသာရေးအတွက်ဖြစ်စေ၊ သာသနာရေးအတွက်ဖြစ်စေ လှူနိုင်တန်းနိုင်ဖို့ဆိုရင် ပိုက်ဆံဆိုတာ လိုအပ်တာပဲလို့ မကြီးစိုးက မြင်ပါတယ်။  သရုပ်ဆောင်ထက်ထက်မိုးဦးဟာဆိုရင်လည်း ယခင်တည်းက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ စသည်ဖြင့် အများအပြား ဆောက်လုပ်လှူဒါန်းခဲ့ပြီး သူ့ပတ်ဝန်းကျင်၊ ညီအစ်ကိုမောင်နှမတွေက အကူအညီလာရောက်တောင်းခံခဲ့ရင်လည်း ချက်ချင်းပဲ ကူညီပေးလိုက်တတ်တဲ့လူမျိုး ဖြစ်တယ်လို့ မကြီးစိုးက ထက်ထက်ရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုကို ချီးကျူးပြောဆိုလိုက်ပါတယ်။

မကြီးစန်းအနေနဲ့ ကံဆိုတာမျိုးက မိမိကပြုလုပ်တဲ့အရာမျိုး ဖြစ်တယ်လို့ ယူဆပြီးမိမိရဲ့လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ အသုံးချတတ်ဖို့ လိုတယ်လို့ ပြောပါတယ်။ “ရလာတဲ့အခွင့်အရေးအပေါ်မှာ ဂရုစိုက်ဖို့ လိုတယ်… တန်ဖိုးထားလေးစားဖို့ လိုတယ်… ပြီးရင် တာဝန်ကျေအောင် လုပ်ပေးဖို့ လိုတယ်” Live တွေအရမ်းလွှင့်နေရလို့ လူတွေကိုယ့်နောက်ကို လိုက်လာကြပြီဆိုပြီးတော့ ခပ်ချေချေနေနေလို့မရပဲ လူဆိုတာမျိုးက တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ တစ်ဦးနဲ့တစ်ဦး စေတနာမေတ္တာအပြန်အလှန်နဲ့ ထိန်းညှိတတ်ဖို့လိုတယ်လို့ မကြီးစိုးက အနုပညာရှင်တွေအတွက် မှတ်သားဖွယ်ရာစကားတချို့ကိုလည်း ဝေမျှပေးလိုက်ပါသေးတယ်။ 

မကြီးစိုးက Live လွှင့်ပြီး ဈေးရောင်းတာမျိုးကို ပုံမှန်မလုပ်ပေးဖြစ်ပဲ ကိုယ့်ကိုဈေးလာဆစ်ချင်နဲ့ သူတွေနဲ့ဆိုရင် သေချာညှိနှိုင်းပြီးမှသာ လုပ်ရကိုင်ရတာတွေရှိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။  တချို့စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်း အနုပညာရှင်အသစ်လေးတွေ ကို ဈေးခေါ်ရောင်းခိုင်းရင် ပေးရတဲ့ နှုန်းထားနဲ့ပဲ မကြီးတို့ကို ဈေးဆစ်ချင်ကြတယ်လို့ သိရပါတယ်။ မကြီးစိုးအနေနဲ့လည်း Live တစ်ခါလွှင့်ရင် ဝတ်ရတဲ့ အဝတ်အစားဖိုးကပါ ဈေးမနည်းတာကြောင့် တစ်ကြောင်း၊ ဒီကာလမှာက အခြားလုပ်ငန်းလည်း လုပ်စရာမရှိတဲ့အတွက် ဈေးရောင်းပေးတဲ့အလုပ်နဲ့သာ ငွေရေးကြေးရေးအဆင်ပြေနေတာ ဖြစ်လို့ အရမ်းကြီး ဈေးလျှော့ပေးလို့တော့ အဆင်မပြေဘူးလို့ ဆိုလာပါတယ်။ 

“စိမ်းတဲ့သူတွေဆိုရင်တော့ ပုံမှန်ပဲယူလိုက်တာပေါ့… ရင်းနှီးတဲ့သူတွေဆိုရင်တော့ မျက်နှာနာနာနဲ့ သတ်မှတ်ဈေးထက် လျှော့ပေးရတာပေါ့လေ” လူမှုကွန်ရက်ပေါ်က သူ့ကိုပေးတဲ့ ကွန်မန့်တွေကိုလည်း မကြီးအနေနဲ့ ကိုယ့်ကိုချစ်လို့ ပေးတဲ့မန့်လေးတွေကို ဖတ်ပြီး စိတ်အနှောက်အယှက်ဖြစ်စရာ မန့်လေးတွေကို တွေ့ရရင်တော့ ကိုယ့်အနေနဲ့လည်း သည်းခံတတ်တဲ့လူမျိုးထဲမှာ မပါတော့ မြင်တော့ပြောမိရာကနေ နောက်ပိုင်းမှာ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုတောင် စော်ကားမော်ကား ပြောဆိုလာတာကိုတွေ့ရတော့ အဆင်မပြေတော့ကြောင်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။ 

ပရိသတ်ကြီးတို့ရေ နာမည်ကျော်မိတ်ကပ်ပညာရှင် ခင်စန်းဝင်းဟာဆိုရင်ဖြင့် အခုကာလမှာဆိုရင် ကုန်ပစ္စည်းလေးတွေကို Live လွှင့်ပြီးရောင်းချပေးနေတာဖြစ်လို့ သွားရောက်အားပေးကြပါအုံးလို့ တိုက်တွန်းလိုက်ရပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *