မိဘကို ဆယ္ေက်ာ္သက္အရြယ္ထဲက လုပ္ေကြ်းၿပီး ဘာအပူမွမေပးလို႔ ေရာက္႐ာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားေၾကာင္း ေျပာျပခဲ့တဲ့ ခြန္းဆင့္ေနျခည္

အႏုပညာေလာကမွာ ခြန္းဆင့္ေနျခည္ကေတာ့ ေနရာတစ္ခုကိုေနရာတစ္ခုကို ရယူထားႏိုင္ခဲ့တာပဲျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္တဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူမကေတာ့ ယခုမွာ ဆယ္ေက်ာ္သက္တည္းက မိဘကိုလုပ္​ေကြၽးျပဳစုခဲ့ၿပီး အပူမေပးတက္တဲ့သမီးျဖစ္တာေၾကာင့္ ေရာက္ေလရာအရပ္မွာ လူခ်စ္လူခင္ေပါမ်ားတဲ့အေၾကာင္း ေျပာျပာလခဲ့ပါတယ္။ သူမကေတာ့” ေရာက္ရာအရပ္မွာခ်စ္ခင္သူမ်ား

ဂ႐ုစိုက္သူမ်ားနဲ႔သာ အၿမဲတမ္းေတြ႕ဆုံရပါတယ္ မခ်စ္သူမ်ားလည္းရွိေနႏိုင္ေပမဲ့ ကိုယ့္ဆီကိုေတာ့ ခ်စ္ခင္သူမ်ားရဲ႕Reflection မ်ားသာေရာက္လာေလ့ရွိပါတယ္အခက္အခဲအၾကပ္အတည္းေတြလည္းႀကဳံဖူးေပမဲ့ခဏတာေလးမွ်သာ မွန္ေသာသစၥာစကားကိုေျပာပါမယ္ဒီေန႔ဒီအခ်ိန္ထိမိဘကိုအပူတခါမွမေပးခဲ့ဖူးပါမိဘကိုလည္း အထိမခံပါ လိုအပ္တာျဖည့္ဆည္းေပးခဲ့တာ ေငြရွာႏိုင္တဲ့

ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းကပါ မိဘကလည္း ကြၽန္မကိုက်န္ေသာသားသမီးမ်ားထက္ ပိုယုံၾကည္အားကိုးတယ္စိတ္ခ်တယ္ အေမ့ကိုေမးဖူးတယ္ အေမသမီးကိုစိတ္ပူတာမ်ိဳးေတြျဖစ္ဖူးလားဆိုေတာ့ သမီးကိုအရာရာ စဥ္းစားခ်င့္ခ်ိန္တတ္တဲ့ဦးေႏွာက္ကိုအေမပိုင္ဆိုင္ခြင့္ေပးထားတယ္ ဆိုၿပီးေရးသားထားခဲ့ပါတယ္။ သူမကေတာ့ “သမီးကေဝဖန္ပိုင္ျခားႏိုင္စြမ္းရွိတယ္

သမီးကဆင္ျခင္တုံတရားေတြလည္းပိုင္ဆိုင္ထားသူျဖစ္တယ္သမီးကအေမစိတ္မခ်ျဖစ္ေစရမဲ့လုပ္ရပ္မ်ိဳးေတြလည္းလုပ္ေလ့မရွိဘူး ဒါ့ေၾကာင့္ အေမသမီးအတြက္ မပူေလာင္ခဲ့ရပါဘူးတဲ့ တခါတေလေတြးမိတယ္ အေမ ငါ့မ်ားမခ်စ္လို႔ငါ့ကိုစိတ္မပူေပးတာလားေပါ့ ဆိုၿပီးတခါတေလ အေမငါ့ကိုမခ်စ္ဘူးမခ်စ္ဘူးလို႔ ေတြးခဲ့မိဖူးတယ္

ေနာက္ေတာ့မွငါကမိဘကိုအပူမေပးတဲ့သားသမီးတစ္ေယာက္ျဖစ္ေနပါလားဆိုၿပီး အမွန္ကိုေတြးတတ္သြားခဲ့တာ မိဘကကိုယ့္ကိုအားကိုးအားထားျဖစ္ေလာက္ေအာင္ႀကိဳးစားပါမိဘကိုဂ႐ုစိုက္ေပးပါမိဘကိုေစာင့္ေရွာက္ေပးပါ မိဘကိုနားလည္ေပးပါမိဘျဖစ္ဖို႔မလြယ္ပါဘူးမိဘဆိုတဲ့ေနရာကိုေရာက္ေနၾကတဲ့မိဘတိုင္းကိုခ်စ္ခင္ေလးစားပါတယ္ေနာ္ အေမ့ကိုခ်စ္တဲ့သမီး “ဆိုၿပီးေရးသားထားခဲ့ပါတယ္။

Read in UNICODE

အနုပညာလောကမှာ ခွန်းဆင့်နေခြည်ကတော့ နေရာတစ်ခုကိုနေရာတစ်ခုကို ရယူထားနိုင်ခဲ့တာပဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဆယ်ကျော်သက်တည်းက မိဘကိုလုပ်ကျွေးပြုစုခဲ့ပြီး အပူမပေးတက်တဲ့သမီးဖြစ်တာကြောင့် ရောက်လေရာအရပ်မှာ လူချစ်လူခင်ပေါများတဲ့အကြောင်း ပြောပြာလခဲ့ပါတယ်။ သူမကတော့” ရောက်ရာအရပ်မှာချစ်ခင်သူများ

ဂရုစိုက်သူများနဲ့သာ အမြဲတမ်းတွေ့ဆုံရပါတယ် မချစ်သူများလည်းရှိနေနိုင်ပေမဲ့ ကိုယ့်ဆီကိုတော့ ချစ်ခင်သူများရဲ့Reflection များသာရောက်လာလေ့ရှိပါတယ်အခက်အခဲအကြပ်အတည်းတွေလည်းကြုံဖူးပေမဲ့ခဏတာလေးမျှသာ မှန်သောသစ္စာစကားကိုပြောပါမယ်ဒီနေ့ဒီအချိန်ထိမိဘကိုအပူတခါမှမပေးခဲ့ဖူးပါမိဘကိုလည်း အထိမခံပါ လိုအပ်တာဖြည့်ဆည်းပေးခဲ့တာ ငွေရှာနိုင်တဲ့

ဆယ်ကျော်သက်အရွယ်ကတည်းကပါ မိဘကလည်း ကျွန်မကိုကျန်သောသားသမီးများထက် ပိုယုံကြည်အားကိုးတယ်စိတ်ချတယ် အမေ့ကိုမေးဖူးတယ် အမေသမီးကိုစိတ်ပူတာမျိုးတွေဖြစ်ဖူးလားဆိုတော့ သမီးကိုအရာရာ စဉ်းစားချင့်ချိန်တတ်တဲ့ဦးနှောက်ကိုအမေပိုင်ဆိုင်ခွင့်ပေးထားတယ် ဆိုပြီးရေးသားထားခဲ့ပါတယ်။ သူမကတော့ “သမီးကဝေဖန်ပိုင်ခြားနိုင်စွမ်းရှိတယ်

သမီးကဆင်ခြင်တုံတရားတွေလည်းပိုင်ဆိုင်ထားသူဖြစ်တယ်သမီးကအမေစိတ်မချဖြစ်စေရမဲ့လုပ်ရပ်မျိုးတွေလည်းလုပ်လေ့မရှိဘူး ဒါ့ကြောင့် အမေသမီးအတွက် မပူလောင်ခဲ့ရပါဘူးတဲ့ တခါတလေတွေးမိတယ် အမေ ငါ့များမချစ်လို့ငါ့ကိုစိတ်မပူပေးတာလားပေါ့ ဆိုပြီးတခါတလေ အမေငါ့ကိုမချစ်ဘူးမချစ်ဘူးလို့ တွေးခဲ့မိဖူးတယ်

နောက်တော့မှငါကမိဘကိုအပူမပေးတဲ့သားသမီးတစ်ယောက်ဖြစ်နေပါလားဆိုပြီး အမှန်ကိုတွေးတတ်သွားခဲ့တာ မိဘကကိုယ့်ကိုအားကိုးအားထားဖြစ်လောက်အောင်ကြိုးစားပါမိဘကိုဂရုစိုက်ပေးပါမိဘကိုစောင့်ရှောက်ပေးပါ မိဘကိုနားလည်ပေးပါမိဘဖြစ်ဖို့မလွယ်ပါဘူးမိဘဆိုတဲ့နေရာကိုရောက်နေကြတဲ့မိဘတိုင်းကိုချစ်ခင်လေးစားပါတယ်နော် အမေ့ကိုချစ်တဲ့သမီး “ဆိုပြီးရေးသားထားခဲ့ပါတယ်။

Source : Kunn Sint Nay Chi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *