စားဝတ္ေနေရး ခက္ခဲေနတဲ့ ဝါရင့္လူရႊင္ေတာ္ႀကီး ဦးတိမ္ၫြန္႔ကို အိမ္တိုင္ရာေရာက္ သြားေရာက္ ကန္ေတာ့ကူညီခဲ့တဲ့ မ်ိဳးမ်ိဳးခိုင္

စားဝတ္ေနေရး ခက္ခဲေနတဲ့ ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဦးတိမ္ၫႊန႔္အတြက္ သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္က ကမကထ ျပဳလုပ္ကာရလာတဲ့ ေငြေၾကးမ်ားကို ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္း ကန္ေတာ့ခဲ့ပါတယ္။ “ကိုငယ္ေလး(တင္ထြန္းဝင္း)ရဲ႕အေကာင့္မွာဦးတိမ္ၫႊန႔္ရဲ႕အေၾကာင္းေလးတင္ထားတာေတြ႕ေတာ့စိတ္မေကာင္းျဖစ္မိတယ္…ဒါနဲ႔ဘဲမ်ိဳးမ်ိဳးခိုင္မွကမကထလုပ္‌ၿပီးကိုယ္နီးစပ္ရာမိတ္ေဆြအေပါင္းကိုအပူကပ္အလႉခံလိုက္ၿပီးသြားလႉလိုက္ပါတယ္၊ဦးတိမ္ၫႊန႔္လည္းဝမ္းသာ

ကိုေတြလည္းဝမ္းသာေပါ့.။အလႉရွင္မ်ားကေတာ့ေ႐ႊေမာက္ဖက္ရွင္.50000၊ Director ဩရသ +စိန္ျမတ္မိုး- 50000၊ယြန္းေ႐ြရည္ – 30000၊ရဲရင့္ေသြး+ၿပဳံးမမ 20000၊ေအဏီေဇာ္(သမီးေဖြးေဖြးေမႊးေန႔)…20000၊ အန္တီပယင္း 10000 ၊မ်ိဳးမ်ိဳးခိုင္မွဆန္တစ္အိတ္ၾကက္ငါးၾကင္းၾကက္ဥဆီအာလူးပဲၾကာဆန္အစရွိေသာစားေသာက္ကုန္မ်ိဳးစုံတို႔ကိုသြားေပးခဲ့ပါတယ္။” ဆိုၿပီးသူမရဲ႕ ခင္ပြန္းေဖ့စ္ဘြတ္မွာ တင္ထားတာေတြ႕ရပါတယ္။ သူမကိုယ္တိုင္ စားေသာက္ကုန္မ်ားကို လႉဒါန္းခဲ့သလို အလႉေငြေတြ လိုက္လံေကာက္ခံကာ ဦးတိမ္ၫႊန႔္အတြက္ တက္ႏိုင္သေလာက္ကူညီေပးခဲ့တဲ့ သူမရဲ႕ စိတ္ဓာတ္ေလးကို ပရိသတ္ေတြက ခ်ီးက်ဴးလို႔ေနၾကပါတယ္။ သူမသြားေရာက္ကန္ေတာ့စဥ္မွာလည္း လူ႐ႊင္ေတာ္ႀကီး ဦးတိမ္ၫႊန႔္မွာ ဝမ္းသားပီတိျဖစ္လြန္းလို႔ မ်က္ရည္မ်ားေတာင္

က်တဲ့အထိ ျဖစ္ရတာကိုလည္း သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္တင္ထားတဲ့ ဗီဒီယိုေလးမွာ ေတြ႕ရပါတယ္။ “အခုလိုမ်ိဳး အေဖႀကီးဒုကၡေရာက္ေနတဲ့အခ်ိန္မွာ အႏုပညာအခ်င္းခ်င္းအခုလို လႉဒါန္းၿပီးကုသိုလ္ယူၾကတဲ့ အရမ္းလည္းဝမ္းသာပါတယ္။ေဖႀကီးဘယ္လိုေျပာရမွန္းေတာင္ မသိပါဘူး။အခုလို အက်ိဳးေဆာင္ေပးတဲ့ မ်ိဳးမ်ိဳးခိုင္တို႔ မိသားစုလည္း က်န္းမာခ်မ္းသာပါေစ” ဆိုၿပီး လူ႐ႊင္ေတာ္ႀကီး ဦးတိမ္ၫႊန႔္က ေျပာခဲ့ပါေသးတယ္။သ႐ုပ္ေဆာင္မ်ိဳးမ်ိဳးခိုင္ကေတာ့ ဦးတိမ္ၫႊန႔္အတြက္ လုပ္ေပးႏိုင္တဲ့ဘက္က ကူညီေပးခဲ့ႏိုင္လို႔လည္း ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ မ်ိဳးမ်ိဳးခိုင္ကေတာ့ လက္ရွိမွာအြန္လိုင္းကေန live လႊင့္ၿပီး ေစ်းေရာင္းကာ

ကိုဗစ္ကာလကို ျဖတ္သန္းေနသလို သူမရတဲ့ ေငြေၾကးေတြထဲကလည္း အလႉအတန္းေတြ ျပန္လည္ျပဳလုပ္ေနတာလည္း ေတြ႕ရပါတယ္။ မ်ိဳးမ်ိဳးခိုင္ကိုေတာ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာပါ။ ေပးလာတဲ့ ဇာတ္ေကာင္ကာ႐ိုက္တာကိုလည္း ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ႏွစ္ေပါင္း(၃၀) ေက်ာ္အထိ ပိုင္ဆိုင္ထားႏိုင္တဲ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူမရဲ႕ သမီးေလး ျမင့္ျမတ္ေသာ္တာကေတာ့ “ဆယ္လီ” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ တီဗီေၾကာ္ျငာေတြလည္း႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။

Read in UNICODE

စားဝတ်နေရေး ခက်ခဲနေတဲ့ ဝါရင့်လူရွှင်တော်ကြီး ဦးတိမ်ညွှန့်အတွက် သရုပ်ဆောင် မျိုးမျိုးခိုင်က ကမကထ ပြုလုပ်ကာရလာတဲ့ ငွေကြေးများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ကန်တော့ခဲ့ပါတယ်။ “ကိုငယ်လေး(တင်ထွန်းဝင်း)ရဲ့အကောင့်မှာဦးတိမ်ညွှန့်ရဲ့အကြောင်းလေးတင်ထားတာတွေ့တော့စိတ်မကောင်းဖြစ်မိတယ်…ဒါနဲ့ဘဲမျိုးမျိုးခိုင်မှကမကထလုပ်‌ပြီးကိုယ်နီးစပ်ရာမိတ်ဆွေအပေါင်းကိုအပူကပ်အလှူခံလိုက်ပြီးသွားလှူလိုက်ပါတယ်၊ဦးတိမ်ညွှန့်လည်းဝမ်းသာ

ကိုတွေလည်းဝမ်းသာပေါ့.။အလှူရှင်များကတော့ရွှေမောက်ဖက်ရှင်.50000၊ Director ဩရသ +စိန်မြတ်မိုး- 50000၊ယွန်းရွေရည် – 30000၊ရဲရင့်သွေး+ပြုံးမမ 20000၊အေဏီဇော်(သမီးဖွေးဖွေးမွှေးနေ့)…20000၊ အန်တီပယင်း 10000 ၊မျိုးမျိုးခိုင်မှဆန်တစ်အိတ်ကြက်ငါးကြင်းကြက်ဥဆီအာလူးပဲကြာဆန်အစရှိသောစားသောက်ကုန်မျိုးစုံတို့ကိုသွားပေးခဲ့ပါတယ်။” ဆိုပြီးသူမရဲ့ ခင်ပွန်းဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။ သူမကိုယ်တိုင် စားသောက်ကုန်များကို လှူဒါန်းခဲ့သလို အလှူငွေတွေ လိုက်လံကောက်ခံကာ ဦးတိမ်ညွှန့်အတွက် တက်နိုင်သလောက်ကူညီပေးခဲ့တဲ့ သူမရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေက ချီးကျူးလို့နေကြပါတယ်။ သူမသွားရောက်ကန်တော့စဉ်မှာလည်း လူရွှင်တော်ကြီး ဦးတိမ်ညွှန့်မှာ ဝမ်းသားပီတိဖြစ်လွန်းလို့ မျက်ရည်များတောင်

ကျတဲ့အထိ ဖြစ်ရတာကိုလည်း သရုပ်ဆောင် မျိုးမျိုးခိုင်တင်ထားတဲ့ ဗီဒီယိုလေးမှာ တွေ့ရပါတယ်။ “အခုလိုမျိုး အဖေကြီးဒုက္ခရောက်နေတဲ့အချိန်မှာ အနုပညာအချင်းချင်းအခုလို လှူဒါန်းပြီးကုသိုလ်ယူကြတဲ့ အရမ်းလည်းဝမ်းသာပါတယ်။ဖေကြီးဘယ်လိုပြောရမှန်းတောင် မသိပါဘူး။အခုလို အကျိုးဆောင်ပေးတဲ့ မျိုးမျိုးခိုင်တို့ မိသားစုလည်း ကျန်းမာချမ်းသာပါစေ” ဆိုပြီး လူရွှင်တော်ကြီး ဦးတိမ်ညွှန့်က ပြောခဲ့ပါသေးတယ်။သရုပ်ဆောင်မျိုးမျိုးခိုင်ကတော့ ဦးတိမ်ညွှန့်အတွက် လုပ်ပေးနိုင်တဲ့ဘက်က ကူညီပေးခဲ့နိုင်လို့လည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ မျိုးမျိုးခိုင်ကတော့ လက်ရှိမှာအွန်လိုင်းကနေ live လွှင့်ပြီး ဈေးရောင်းကာ

ကိုဗစ်ကာလကို ဖြတ်သန်းနေသလို သူမရတဲ့ ငွေကြေးတွေထဲကလည်း အလှူအတန်းတွေ ပြန်လည်ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို နှစ်ပေါင်း(၃၀) ကျော်အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ သမီးလေး မြင့်မြတ်သော်တာကတော့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်းရိုက်ကူးထားတာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *