တြဲလာတာ ရက္(၃၀၀)ရွိၿပီျဖစ္တဲ့ ခ်စ္သူေကာင္မေလးရဲ႕ပံုကို ပရိသတ္ႀကီးကို ခ်ျပခဲ့တဲ့ ေရမြန္

လူငယ္ေတြၾကားမွာ ေရပန္းစား ေက်ာ္ၾကားတဲ့ Idiots Band ရဲ့ ပင္တိုင္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရမြန္ဟာ သီခ်င္းေကာင္းေလးေတြ ကိုယ္တိုင္ခံစားေရးသားသလို သီဆိုခဲ့တာေၾကာင့္ ေအာင္ျမင္မႈေတြရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေရမြန္ရဲ့ သီခ်င္းေတြက လူငယ္ပရိသတ္ေတြျကားမွာ ေရပန္းစားျပီး ဘယ္အခ်ိန္နားေထာင္ေထာင္ မရိုးသြားတဲ့

သီခ်င္းေတြအျဖစ္ ေက်ာ္ၾကားတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ေရမြန္က သူ့ရဲ့ Idiots Band နဲ့အတူတူ သီခ်င္းသစ္ေတြကို ဆက္လက္ဖန္တီးရင္း ဂီတလမ္းေၾကာင္းမွာ ေလွ်ာက္လွမ္းေနဆဲ ျဖစ္ပါတယ္။ လူငယ္အဆိုေတာ္တစ္ေယာက္ျဖစ္သလို ပုဂိၢဳလ္ေရးရာနဲ့ ပက္သတ္ျပီးလည္း

ပြင့္ပြင့္လင္းလင္းရိွတဲ့ ေရမြန္က သူ့ရဲ့ အခ်စ္ေရးကိုလည္း ဖံုးကြယ္ထားေလ့မရိွသူပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေရမြန္က ခ်စ္သူသက္တမ္း ရက္ (၃၀၀) ျပည့္မွာ ခ်စ္သူမိန္းကေလးရဲ့ပံုကို သူ့ရဲ့ ေဖ့စ္ဘုတ္ My Day ကေနျပီး အလင္းျပခဲ့တာကို အခုလိုပဲ ေတြ့ရပါတယ္။ ေရမြန္ကေတာ့ ခ်စ္သူနဲ့

လက္တြဲခဲ့တာ ရက္ေပါင္း (၃၀၀) ေတာင္ရိွျပီး မၾကာခင္မွာ တစ္နွစ္တိတိ ျပည့္ေတာ့မွာပဲ ျဖစ္ပါတယ္။ ေရမြန္တုိ့ ခ်စ္သူနွစ္ေယာက္ ခ်စ္သက္တမ္း ရက္ (၃၀၀) မွသည္ ရက္ေပါင္း၊ လေပါင္း၊ နွစ္ေပါင္းမ်ားစြာ ေပ်ာ္ရႊင္စြာ လက္တြဲသြားနုိင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

လူငယ်တွေကြားမှာ ရေပန်းစား ကျော်ကြားတဲ့ Idiots Band ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ သီချင်းကောင်းလေးတွေ ကိုယ်တိုင်ခံစားရေးသားသလို သီဆိုခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရေမွန်ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ဘယ်အချိန်နားထောင်ထောင် မရိုးသွားတဲ့

သီချင်းတွေအဖြစ် ကျော်ကြားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရေမွန်က သူ့ရဲ့ Idiots Band နဲ့အတူတူ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးရင်း ဂီတလမ်းကြောင်းမှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ လူငယ်အဆိုတော်တစ်ယောက်ဖြစ်သလို ပုဂ္ဂိုလ်ရေးရာနဲ့ ပက်သတ်ပြီးလည်း

ပွင့်ပွင့်လင်းလင်းရှိတဲ့ ရေမွန်က သူ့ရဲ့ အချစ်ရေးကိုလည်း ဖုံးကွယ်ထားလေ့မရှိသူပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရေမွန်က ချစ်သူသက်တမ်း ရက် (၃၀၀) ပြည့်မှာ ချစ်သူမိန်းကလေးရဲ့ပုံကို သူ့ရဲ့ ဖေ့စ်ဘုတ် My Day ကနေပြီး အလင်းပြခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ရေမွန်ကတော့ ချစ်သူနဲ့

လက်တွဲခဲ့တာ ရက်ပေါင်း (၃၀၀) တောင်ရှိပြီး မကြာခင်မှာ တစ်နှစ်တိတိ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ရေမွန်တို့ ချစ်သူနှစ်ယောက် ချစ်သက်တမ်း ရက် (၃၀၀) မှသည် ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Raymond’s Facebook

Add a Comment

Your email address will not be published. Required fields are marked *