အခြားအနုပညာရှင်တွေလို ဖေစ့်ဘွတ်မှာ ဘာလို့ Live လွှင့်ပြီး ဈေးမရောင်းလဲဆိုတာ ပြောပြခဲ့တဲ့ ဖြူဖြူထွေး
Read in UNICODE
ပရဟိတမင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ရှိသူပါ။ သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။ ယခုလို ကာလမှာတောင် သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်နော်။ ယခုကိုဗစ်ကာလမှာတော့
အနုပညာရှင်အများစုဟာ Live Sale ရောင်းချနေကြတာဖြစ်ပေမယ့် ဖြူဖြူထွေးကတော့ ကြော်ငြာ ဇာတ်လမ်းတိုများသာရိုက်ကူးနေခဲ့တာပါ ဒီလို မျိုး Live Sale မရောင်းဖြစ်တဲ့ အဓိက အကြောင်းအရင်းကို ဖြူဖြူထွေးကအခုလို ပြောလာခဲ့တာပါ” ဇာတ်ညွှန်းတွေကဒါတောင်မှ ခုရိုက်နေတာတွေက ရှေ့ ၂ လ ၃ လလောက်က လာအပ်ထားတဲ့လူတွေလည်းပါတယ်ပေါ့နော် ချက်ချင်းလာအပ်တာမျိုးဆိုလည်း ဟိုးနောက်နှစ်ကြမှပဲရတာရှိတယ် ကြော်ငြာတွေကတော့ အခုသေချာလေး လုပ်ရတာပေါ့
ဇာတ်ညွှန်းလည်းမထပ်အောင်ပေါ့ အဲ့တော့အိပ်ရေးလည်းပျက်တယ်ပေါ့ Live နဲ့က ဟိုးအရင်စနာမည်ကြီးကတည်းက Live လုပ်ဖို့ ကမ်းလှမ်းကြတယ် ဒါပေမယ့် အကုန်လုံးကို ငြင်းခဲ့တယ်ပေါ့ Live မလွှင့်ဘူးဆိုပြီးတော့ ဘာဖြစ်လို့လည်းဆိုတော့ ကြော်ငြာတွေလက်ခံထားတဲ့အခါမှာ ဒီလို Live ထပ်ထည့်လိုက်ရင် ကြော်ငြာတွေ နောက်ကျသွားမှာဆိုးလို့ပါ သူကရက်တွေပြောင်းကုန်မှာ
အဲ့လိုရက်တွေလည်း မပြောင်းနိုင်ဘူး ဇာတ်ညွှန်းပိုင်းမှာပဲသေချာအာရုံစိုက်ပြီး လုပ်တယ် အခုဆိုလည်း ကမ်းလှမ်းတာတွေများတယ်ပေါ့နော် တချို့ဆိုရင် သမီး Page ကနေ လွှင့်ချင်တာ သမီးကတော့မဟုတ်ဘူး မီဒီယာတစ်ခုကနေ Live လွှင့် ဘာညာပေါ့ သူတို့က နှစ်ခုဆိုတော့လည်း မတတ်နိုင်ကြဘူး သမီး Page
ကနေပဲ တခါတည်း Live လွှင့်ချင်တယ်ဆိုတော့မဖြစ်ဘူးပေါ့ အရင်တုန်းကတည်းကကြာပြီ Live လွှင့်ဖို့ ကမ်းလှမ်းတာ ၅၀ လောက်ရှိမယ်ထင်တယ် ရွှေဆိုင်တွေရော မုန့်တွေရော အချိုရည်တွေရော အများကြီးပဲ Live လွှင့်ရောင်းရမယ်ပေါ့ ရောင်းတာထက် Live လွှဇင့်ပြီး Promotion ဆင်းတဲ့သဘောပေါ့ အဲ့လိုမျိုးလေးတွေလုပ်ဖို့အတွက် အဲ့ဒါမလုပ်ခဲ့တာတင် အခု ၅၀ လောက်ရှိတယ်
အဓိကလက်မခံဖြစ်တာတော့ ကိုယ်ကိုတိုင်ဖန်တီးရတာပိုကြိုက်လို့ပါ ဇာတ်ညွန်းလေးလည်း သေချာလေးရေးပြီးဖန်တီးရတာကို ပိုသဘောကျတယ် အဲ့ဒါကြောင့်လက်မခံဖြစ်တာပါ” လို့ ဖြူဖြူထွေးကဆိုသွားခဲ့တာပါ ပရိသတ်ကြီးရေဖြူဖြူထွေးကတော့ သူမအနေနဲ့ Live Sale မလုပ်ရတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
Source : SY Myanmar