ညခင္းျကီး ဖုန္းဆက္ၿပီး သားသမီးေတြကို မနက္စာေကြ်းခ်င္လို႔ ပိုက္ဆံ(၉၀၀)အလွဴခံခဲ့တဲ့သူအေၾကာင္း ေျပာျပခဲ့တဲ့ ဒိန္းေဒါင္

ဒိန္းေဒါင္ကေတာ့ ျပည္သူခ်စ္ဟာသအႏုပညာရွင္ႀကီးျဖစ္ၿပီး အႏုပညာေလာကမွာေနရာတစ္ခုကိုအခိုင္အမာရယူထားႏိုင္သူျဖစ္သလို ေအာင္ျမင္ေနတဲ့ ထိပ္တန္း ဇာတ္ပို႔ သ႐ုပ္ေဆာင္တစ္ေယာက္ပဲျဖစ္ပါတယ္။ က်ရာေနရာမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ၿပီး ဟာသဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့တဲ့ ဒိန္းေဒါင္ကေတာ့ ယခုမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနခဲ့ပါတယ္။

ဒိန္းေဒါင္အဓိကေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ခြၽန္တြန္း” ႐ုပ္သံဇာတ္လမ္းတြဲဟာဆိုရင္လည္း ပရိသတ္လက္ခံအားေပးမႈေၾကာင့္ အတိုင္းအတာတစ္ခုထိ ေအာင္ျမင္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုဆိုတာ မမွားပါဘူး။ ဦးဒိန္းေဒါင္ကေတာ့  အဆိုပါ “ခြၽန္တြန္း” ဆိုတဲ့အမည္နဲ႔ ပရဟိတအသင္းေလးတစ္ခုကို တည္ေထာင္ထားၿပီး ကိုဗစ္ကာလအတြင္း အေျခခံလူတန္းစားမ်ားရဲ႕ စားဝတ္ေနေရးေျပလည္ေစဖို႔အဓိကထားကူညီေပးေနပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ သားသမီးေတြကို မနက္စာေကြၽးဖို႔ ပိုက္ဆံမရွိလို႔ ဦးဒိန္းေဒါင္ထံဖုန္းဆက္အကူအညီေတာင္းၿပီး ပိုက္ဆံကိုးရာ လွမ္းအလႉခံခဲ့တဲ့ လူတစ္ေယာက္အေၾကာင္းကို ဦးဒိန္းေဒါင္တစ္ေယာက္ စိတ္မေကာင္းစြာနဲ႔ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ ဦးဒိန္းေဒါင္အေနနဲ႔ ဖုန္းတစ္ေကာလ္ကို လက္ခံေျဖၾကားခဲ့ရာမွာ ပိုက္ဆံကိုးရာလွမ္းအလႉခံတဲ့ သူတစ္ေယာက္ ျဖစ္ေနၿပီး သူ႔ကေလးေတြကို မနက္စာေကြၽးစရာ ပိုက္ဆံမရွိလို႔ အခုလိုအလႉခံရတာ ျဖစ္တယ္လို႔ သိရပါတယ္။ 

အဆိုပါ ပုဂၢိဳလ္ရဲ႕ ဇနီးမယား နာမက်န္းျဖစ္လို႔ ဗဟိုအမ်ိဳးသမီးေဆး႐ုံမွာ ညပိုင္းႀကီး ေဆး႐ုံလာတက္ေနရာမွ ကေလးေတြကို ထမင္းေကြၽးစရာ ပိုက္ဆံမရွိလို႔ အခုလို ဖုန္းဆက္အကူအညီေတာင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ “နယ္ကေနၿပီး ေဆး႐ုံလာတက္တယ္… ကေလးေလး ေသးေသးေလးႏွစ္ေယာက္ပါတယ္… ကြၽန္ေတာ့္မိန္းမကင္ဆာ ျဖစ္ေနတာလို႔ ေျပာတယ္… ေအး ညီေလး ေျပာ ညီေလး ဘာလိုအပ္လဲဆိုေတာ့ ကြၽန္ေတာ့္ကို ပိုက္ဆံကိုးရာေလာက္ လႉပါလား တဲ့… ကြၽန္ေတာ့္ သားသမီးေတြကို ကြၽန္ေတာ္ မနက္စာေကြၽးခ်င္လို႔ တဲ့… ကြၽန္ေတာ္ ရင္ထဲမွာ ေတာ္ေတာ္ထိသြားတယ္.. စိတ္ေတာ္ေတာ္ မေကာင္းဘူး… သူ႔ကို ပိုက္ဆံသုံးေသာင္း ေပးလိုက္တယ္… မိဘေမတၱာေနာ္ အေတာ္သနားစရာေကာင္းတယ္”

တစ္ရက္သားလည္း ဒိန္းေဒါင္တစ္ေယာက္ “ဦးဦးဒိန္းေဒါင္ မီးမီးကို ကူညီေပးပါရွင့္” ဆိုၿပီး လူမႈကြန္ရက္ေပၚမွ တစ္ဆင့္ အကူအညီေတာင္းခံလာတဲ့ ထားဝယ္သူေလးရဲ႕ ပို႔စ္ကို ခဏခဏဖတ္ၿပီး စိတ္မေကာင္းျဖစ္ရလြန္းလို႔ ႏွစ္ခါတိတိ ငိုခဲ့ရတယ္လို႔ ဝမ္းနည္းစြာနဲ႔ပဲ ရင္ဖြင့္လာပါတယ္။  ဒီလိုနဲ႔ ထားဝယ္မွာေနတဲ့ သူ႔မိဘေတြကို ခ်က္ခ်င္းဖုန္းဆက္ေမးျမန္းၾကည့္တဲ့အခါ ဖခင္ျဖစ္သူက ပန္းရန္အလုပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳေနရသူ ျဖစ္ၿပီး သူမ်ားအိမ္မွာေနတဲ့အျပင္ အကူအညီေတာင္းခံတာေတာင္ ကိုယ္ပိုင္ဖုန္းေလးတစ္လုံးေတာင္ မရွိလို႔ သူမ်ားဖုန္းနဲ႔ အကူအညီေတာင္းခံခဲ့ရတာျဖစ္ေၾကာင္း စိတ္မေကာင္းစြာပဲ သိရွိခဲ့ရတယ္လို႔ ေျပာျပပါတယ္။

“သူ႔မိဘေတြနဲ႔ တိုင္ပင္တယ္… အဖြဲ႕အစည္းေတြနဲ႔ တိုင္ပင္တယ္… မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရန္ကုန္ကို ဆင္းလာခိုင္းတယ္… သူတို႔အလႉေငြရထားတာ ေျခာက္သိန္းရွိတယ္… အဲ့ေငြကို ခရီးစရိတ္အျဖစ္သုံးၿပီး ဒီေရာက္ရင္ ကေလးေက်နပ္တဲ့အထိ ေဆးကုေပးမယ္လို႔ ကတိေပးထားတယ္” ဒိန္းေဒါင္အေနနဲ႔လည္း Facebook ေပၚမွာ တစ္ေန႔ကို ပို႔စ္ငါးခုထက္ပိုၿပီး တင္လို႔ မရေတာ့ပဲ ကြန္မန႔္ေပးတာကိုလည္း ကန႔္သတ္ခံထားရတယ္လို႔ Facebook နဲ႔ ပတ္သတ္ၿပီး သူႀကဳံေတြ႕ေနရတဲ့ အခက္အခဲေလးကို ေျပာျပခဲ့ပါတယ္။

ကြၽမ္းက်င္သူေတြကို ေမးျမန္းၾကည့္တဲ့အခါမွာေတာ့ ကြန္မန႔္ေတြမ်ားလြန္းလို႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ ကြန္မန႔္ေပးျခင္းကို ကန႔္သတ္ခံထားရျခင္း ျဖစ္ေၾကာင္း သိရတယ္လို႔ ေျပာပါတယ္။  “အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကို နားလည္ေပးပါ… ကြၽန္ေတာ့္ကို မက္ဆင္ဂ်ာကေနပဲ ဆက္သြယ္ေပးပါ… ကြၽန္ေတာ္တင္ေပးထားတဲ့ ဖုန္းေတြ ဘဏ္အေကာင့္ေတြက စိတ္အခ်ရဆုံးပါပဲ” 

လႈိင္သာယာ အိမ္ေျခတစ္ရာ့တစ္ဆယ္ သြားလႉတဲ့အခါမွာလည္း စိတ္ထဲမေကာင္းစရာေလးေတြ ႀကဳံေတြ႕ခဲ့ရေသးတယ္လို႔ ဒိန္းေဒါင္က ေျပာပါတယ္။ အိမ္ေလးေတြဆိုတာက ေခ်ာင္ခ်ိဳေခ်ာင္ၾကားကေနဝင္သြားမွ ေရာက္တာ ျဖစ္ၿပီး မိသားစုတစ္စုဆိုရင္ စားစရာမရွိလို႔ အ႐ြက္တစ္မ်ိဳးကိုေၾကာ္ၿပီး မိသားစုအားလုံး ဝိုင္းစားၾကရမွာျဖစ္တယ္လို႔ သိလိုက္ရတဲ့အခါ အင္မတန္မွ စိတ္ထဲထိခိုက္သြားတယ္လို႔ ဦးဒိန္းေဒါင္က ေျပာပါတယ္။ 

“အဲ့ဒီဗုန္းေထာင္႐ြက္လား ဘာလား… အဲ့ဒီအ႐ြက္ကိုေၾကာ္ၿပီးေတာ့ ဒီသုံးေယာက္ ထိုင္စားမလို႔တဲ့… အ႐ြက္က လက္သီးဆုပ္ႏွစ္ဆုပ္စာေလာက္ပဲ ရွိတယ္… ဟား… ေၾကာ္သာေၾကာ္တယ္ သူတို႔ကိုၾကည့္တာ ဆီလည္းမပါဘူး… ရင္ထဲကိုထိသြားတယ္” တစ္ရက္မွာေတာ့ ဦးဒိန္းေဒါင္ဆီကို viber ကေန နံပါတ္အစိမ္းနဲ႔ ဖုန္းတစ္လုံး ဝင္လာတဲ့အခါ သူ႔ကိုလာေတြ႕ပါဦးလို႔ အကူအညီေတာင္းခံလာတဲ့ဖုန္းျဖစ္ၿပီး သုံးေလးရက္အတြင္းေသေတာ့မယ့္ လူနာျဖစ္လို႔ ကိုႀကီးဒိန္းေဒါင္ကို ေတြ႕ရရင္ ေသေပ်ာ္ပါၿပီလို႔ ေျပာလာတယ္လို႔ ဝမ္းနည္းပက္လက္နဲ႔ ရင္ဖြင့္ေျပာျပပါတယ္။ 

မိထၱီလာက မိသားစုတစ္စုဆိုရင္လည္း ကေလးေလးကို တိုက္ဖို႔ ႏို႔မႈန႔္ဖိုးမရွိတဲ့အတြက္ ထမင္းရည္တိုက္ေနရတယ္လို႔ ၾကားသိရလို႔ ပိုက္ဆံသုံးေသာင္း လွမ္းလႉလိုက္ရေသးတယ္လို႔လည္း ေဝမွ်ေပးခဲ့ပါတယ္။ ပရိသတ္ႀကီးတို႔ေရ အခုလိုကပ္ေရာဂါက်ေရာက္ေနတဲ့ ကာလမ်ိဳးမွာ ဦးဒိန္းေဒါင္တစ္ေယာက္ မိမိစီးပြားေရးထိခိုက္မွာကိုေတာင္ ပဓာနမထားပဲ လိုအပ္ေနသူေတြကို လိုက္လံကူညီေပးေနတာပဲ ျဖစ္ပါတယ္။ ဦးဒိန္းေဒါင္တို႔ ခြၽန္တြန္းပရဟိတအဖြဲ႕အေနနဲ႔လည္း ဖုန္းေျခာက္လုံးမွ လက္ခံရရွိတဲ့ အကူအညီေတာင္းခံမႈေတြကို ျပန္လည္စီစစ္ၿပီး အမွန္အကန္အကူအညီလိုအပ္ေနတဲ့ သူေတြကိုသာ ဦးစားေပးၿပီးေတာ့ ပိုမိုထိထိေရာက္ေရာက္ျဖစ္တဲ့ လႉဒါန္းမႈမ်ိဳးေတြကိုသာ ေရွ႕ဆက္ျပဳလုပ္သြားမွာျဖစ္လို႔ ဖုန္းဆက္ဆက္ၿပီးခ်င္း ခ်က္ခ်င္းအကူအညီမရေသးရင္ အနည္းငယ္သည္းခံၿပီး ေစာင့္ၾကပါလို႔ အကူအညီေတာင္းခံလာသူေတြက္ို ေမတၱာရပ္ခံလိုက္ပါတယ္။

ဦးဒိန္းေဒါင္ရဲ႕ ခြၽန္တြန္းပရိဟိတအဖြဲ႕ဟာဆိုရင္ တကယ္လိုအပ္ေနသူေတြကို ထိထိေရာက္ေရာက္ လႉဒါန္းေပးေနတာျဖစ္လို႔ ပရိသတ္ႀကီးေနနဲ႔လည္း မိမိတတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းၾကပါအုံးလို႔ ႏႈိးေဆာ္တိုက္တြန္းလိုက္ရပါတယ္။

Read in UNICODE

ဒိန်းဒေါင်ကတော့ ပြည်သူချစ်ဟာသအနုပညာရှင်ကြီးဖြစ်ပြီး အနုပညာလောကမှာနေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်သူဖြစ်သလို အောင်မြင်နေတဲ့ ထိပ်တန်း ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်ပြီး ဟာသဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒိန်းဒေါင်ကတော့ ယခုမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။

ဒိန်းဒေါင်အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချွန်တွန်း” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်လက်ခံအားပေးမှုကြောင့် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုတာ မမှားပါဘူး။ ဦးဒိန်းဒေါင်ကတော့  အဆိုပါ “ချွန်တွန်း” ဆိုတဲ့အမည်နဲ့ ပရဟိတအသင်းလေးတစ်ခုကို တည်ထောင်ထားပြီး ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများရဲ့ စားဝတ်နေရေးပြေလည်စေဖို့အဓိကထားကူညီပေးနေပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ သားသမီးတွေကို မနက်စာကျွေးဖို့ ပိုက်ဆံမရှိလို့ ဦးဒိန်းဒေါင်ထံဖုန်းဆက်အကူအညီတောင်းပြီး ပိုက်ဆံကိုးရာ လှမ်းအလှူခံခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ဦးဒိန်းဒေါင်တစ်ယောက် စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဦးဒိန်းဒေါင်အနေနဲ့ ဖုန်းတစ်ကောလ်ကို လက်ခံဖြေကြားခဲ့ရာမှာ ပိုက်ဆံကိုးရာလှမ်းအလှူခံတဲ့ သူတစ်ယောက် ဖြစ်နေပြီး သူ့ကလေးတွေကို မနက်စာကျွေးစရာ ပိုက်ဆံမရှိလို့ အခုလိုအလှူခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ပုဂ္ဂိုလ်ရဲ့ ဇနီးမယား နာမကျန်းဖြစ်လို့ ဗဟိုအမျိုးသမီးဆေးရုံမှာ ညပိုင်းကြီး ဆေးရုံလာတက်နေရာမှ ကလေးတွေကို ထမင်းကျွေးစရာ ပိုက်ဆံမရှိလို့ အခုလို ဖုန်းဆက်အကူအညီတောင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ “နယ်ကနေပြီး ဆေးရုံလာတက်တယ်… ကလေးလေး သေးသေးလေးနှစ်ယောက်ပါတယ်… ကျွန်တော့်မိန်းမကင်ဆာ ဖြစ်နေတာလို့ ပြောတယ်… အေး ညီလေး ပြော ညီလေး ဘာလိုအပ်လဲဆိုတော့ ကျွန်တော့်ကို ပိုက်ဆံကိုးရာလောက် လှူပါလား တဲ့… ကျွန်တော့် သားသမီးတွေကို ကျွန်တော် မနက်စာကျွေးချင်လို့ တဲ့… ကျွန်တော် ရင်ထဲမှာ တော်တော်ထိသွားတယ်.. စိတ်တော်တော် မကောင်းဘူး… သူ့ကို ပိုက်ဆံသုံးသောင်း ပေးလိုက်တယ်… မိဘမေတ္တာနော် အတော်သနားစရာကောင်းတယ်”

တစ်ရက်သားလည်း ဒိန်းဒေါင်တစ်ယောက် “ဦးဦးဒိန်းဒေါင် မီးမီးကို ကူညီပေးပါရှင့်” ဆိုပြီး လူမှုကွန်ရက်ပေါ်မှ တစ်ဆင့် အကူအညီတောင်းခံလာတဲ့ ထားဝယ်သူလေးရဲ့ ပို့စ်ကို ခဏခဏဖတ်ပြီး စိတ်မကောင်းဖြစ်ရလွန်းလို့ နှစ်ခါတိတိ ငိုခဲ့ရတယ်လို့ ဝမ်းနည်းစွာနဲ့ပဲ ရင်ဖွင့်လာပါတယ်။  ဒီလိုနဲ့ ထားဝယ်မှာနေတဲ့ သူ့မိဘတွေကို ချက်ချင်းဖုန်းဆက်မေးမြန်းကြည့်တဲ့အခါ ဖခင်ဖြစ်သူက ပန်းရန်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရသူ ဖြစ်ပြီး သူများအိမ်မှာနေတဲ့အပြင် အကူအညီတောင်းခံတာတောင် ကိုယ်ပိုင်ဖုန်းလေးတစ်လုံးတောင် မရှိလို့ သူများဖုန်းနဲ့ အကူအညီတောင်းခံခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းစွာပဲ သိရှိခဲ့ရတယ်လို့ ပြောပြပါတယ်။

“သူ့မိဘတွေနဲ့ တိုင်ပင်တယ်… အဖွဲ့အစည်းတွေနဲ့ တိုင်ပင်တယ်… မဖြစ်ဖြစ်တဲ့နည်းနဲ့ ရန်ကုန်ကို ဆင်းလာခိုင်းတယ်… သူတို့အလှူငွေရထားတာ ခြောက်သိန်းရှိတယ်… အဲ့ငွေကို ခရီးစရိတ်အဖြစ်သုံးပြီး ဒီရောက်ရင် ကလေးကျေနပ်တဲ့အထိ ဆေးကုပေးမယ်လို့ ကတိပေးထားတယ်” ဒိန်းဒေါင်အနေနဲ့လည်း Facebook ပေါ်မှာ တစ်နေ့ကို ပို့စ်ငါးခုထက်ပိုပြီး တင်လို့ မရတော့ပဲ ကွန်မန့်ပေးတာကိုလည်း ကန့်သတ်ခံထားရတယ်လို့ Facebook နဲ့ ပတ်သတ်ပြီး သူကြုံတွေ့နေရတဲ့ အခက်အခဲလေးကို ပြောပြခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ ကွန်မန့်တွေများလွန်းလို့ အချိန်အတိုင်းအတာတစ်ခုအထိ ကွန်မန့်ပေးခြင်းကို ကန့်သတ်ခံထားရခြင်း ဖြစ်ကြောင်း သိရတယ်လို့ ပြောပါတယ်။  “အဲ့ဒါကြောင့် ကျွန်တော့်ကို နားလည်ပေးပါ… ကျွန်တော့်ကို မက်ဆင်ဂျာကနေပဲ ဆက်သွယ်ပေးပါ… ကျွန်တော်တင်ပေးထားတဲ့ ဖုန်းတွေ ဘဏ်အကောင့်တွေက စိတ်အချရဆုံးပါပဲ” 

လှိုင်သာယာ အိမ်ခြေတစ်ရာ့တစ်ဆယ် သွားလှူတဲ့အခါမှာလည်း စိတ်ထဲမကောင်းစရာလေးတွေ ကြုံတွေ့ခဲ့ရသေးတယ်လို့ ဒိန်းဒေါင်က ပြောပါတယ်။ အိမ်လေးတွေဆိုတာက ချောင်ချိုချောင်ကြားကနေဝင်သွားမှ ရောက်တာ ဖြစ်ပြီး မိသားစုတစ်စုဆိုရင် စားစရာမရှိလို့ အရွက်တစ်မျိုးကိုကြော်ပြီး မိသားစုအားလုံး ဝိုင်းစားကြရမှာဖြစ်တယ်လို့ သိလိုက်ရတဲ့အခါ အင်မတန်မှ စိတ်ထဲထိခိုက်သွားတယ်လို့ ဦးဒိန်းဒေါင်က ပြောပါတယ်။ 

“အဲ့ဒီဗုန်းထောင်ရွက်လား ဘာလား… အဲ့ဒီအရွက်ကိုကြော်ပြီးတော့ ဒီသုံးယောက် ထိုင်စားမလို့တဲ့… အရွက်က လက်သီးဆုပ်နှစ်ဆုပ်စာလောက်ပဲ ရှိတယ်… ဟား… ကြော်သာကြော်တယ် သူတို့ကိုကြည့်တာ ဆီလည်းမပါဘူး… ရင်ထဲကိုထိသွားတယ်” တစ်ရက်မှာတော့ ဦးဒိန်းဒေါင်ဆီကို viber ကနေ နံပါတ်အစိမ်းနဲ့ ဖုန်းတစ်လုံး ဝင်လာတဲ့အခါ သူ့ကိုလာတွေ့ပါဦးလို့ အကူအညီတောင်းခံလာတဲ့ဖုန်းဖြစ်ပြီး သုံးလေးရက်အတွင်းသေတော့မယ့် လူနာဖြစ်လို့ ကိုကြီးဒိန်းဒေါင်ကို တွေ့ရရင် သေပျော်ပါပြီလို့ ပြောလာတယ်လို့ ဝမ်းနည်းပက်လက်နဲ့ ရင်ဖွင့်ပြောပြပါတယ်။ 

မိထ္တီလာက မိသားစုတစ်စုဆိုရင်လည်း ကလေးလေးကို တိုက်ဖို့ နို့မှုန့်ဖိုးမရှိတဲ့အတွက် ထမင်းရည်တိုက်နေရတယ်လို့ ကြားသိရလို့ ပိုက်ဆံသုံးသောင်း လှမ်းလှူလိုက်ရသေးတယ်လို့လည်း ဝေမျှပေးခဲ့ပါတယ်။ ပရိသတ်ကြီးတို့ရေ အခုလိုကပ်ရောဂါကျရောက်နေတဲ့ ကာလမျိုးမှာ ဦးဒိန်းဒေါင်တစ်ယောက် မိမိစီးပွားရေးထိခိုက်မှာကိုတောင် ပဓာနမထားပဲ လိုအပ်နေသူတွေကို လိုက်လံကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဦးဒိန်းဒေါင်တို့ ချွန်တွန်းပရဟိတအဖွဲ့အနေနဲ့လည်း ဖုန်းခြောက်လုံးမှ လက်ခံရရှိတဲ့ အကူအညီတောင်းခံမှုတွေကို ပြန်လည်စီစစ်ပြီး အမှန်အကန်အကူအညီလိုအပ်နေတဲ့ သူတွေကိုသာ ဦးစားပေးပြီးတော့ ပိုမိုထိထိရောက်ရောက်ဖြစ်တဲ့ လှူဒါန်းမှုမျိုးတွေကိုသာ ရှေ့ဆက်ပြုလုပ်သွားမှာဖြစ်လို့ ဖုန်းဆက်ဆက်ပြီးချင်း ချက်ချင်းအကူအညီမရသေးရင် အနည်းငယ်သည်းခံပြီး စောင့်ကြပါလို့ အကူအညီတောင်းခံလာသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဦးဒိန်းဒေါင်ရဲ့ ချွန်တွန်းပရိဟိတအဖွဲ့ဟာဆိုရင် တကယ်လိုအပ်နေသူတွေကို ထိထိရောက်ရောက် လှူဒါန်းပေးနေတာဖြစ်လို့ ပရိသတ်ကြီးနေနဲ့လည်း မိမိတတ်နိုင်သလောက် ပါဝင်လှူဒါန်းကြပါအုံးလို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *