စေတနာထားပြီး လူတိုင်းကို ကူညီခဲ့သမျှ သီတင်းကျွတ်မှာ မေတ္တာရောင်ပြန်ဟပ်တာကိုခံစားခဲ့ရတဲ့ ယုန်လေး
Read in UNICODE
တေးရေးတစ်ယောက်အဖြစ် ယုန်လေးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အခုဆိုရင် အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ယုန်လေးက သူကိုယ်တိုင်လည်း အနုပညာလောကမှာ အောင်မြင်ဖို့ ကြိုးစားခဲ့ရသလို ရွက်ပုန်းသီးအဆိုရှင်တွေကိုလည်း မြေတောင်မြှောက်ပေးနေတာပဲ
ဖြစ်ပါတယ်။ ယုန်လေးက သူမြေတောင်မြှောက်ပေးတဲ့ လူငယ်တွေကို သူ့ရဲ့သီချင်းတွေမှာ ထည့်သွင်းသီဆိုစေသလို ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်စေခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ယုန်လေးက သူမြေတောင်မြှောက်ပေးခဲ့တဲ့ A4, Min Z, MC ကယားလေးတို့ဆီက သီတင်းကျွတ်ကန်တော့ခံခဲ့ရတာကို အခုလိုပဲ
မျှဝေပေးလာခဲ့ပါတယ်။ “အရာရာအဆင်ပြေပါစေ။ ဒီကပ်ကြီးပြီးရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မယ်လို့လည်း ယုံကြည်ပြီးသားပါ။ အနုပညာ လမ်းကြောင်းပေါ် ရေရှည် ရပ်တည်နိုင်ပါစေ။ ပြန်ပြီး လိုအပ်တဲ့သူတွေကို ပြန်ကူနိုင်တဲ့ ညီလေးတွေဖြစ်ပါစေ🙏🙏🙏 ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပီတိတွေကို မျှဝေပေးလာခဲ့ပါတယ်။ ယုန်လေးကတော့ လူတိုင်းကို
မေတ္တာထားပြီး ကူညီပေးခဲ့သမျှ သီတင်းကျွတ်မှာ မေတ္တာတန်ပြန်သက်ရောက်ခြင်းကို လက်တွေ့ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။ ယုန်လေးတစ်ယောက် ဒီထက်မက လူတိုင်းကို ကူညီစောင့်ရှောက်နိုင်သူဖြစ်ပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Yone Lay’s Facebook
Add a Comment
Your email address will not be published. Required fields are marked *