ညီမဖြစ်သူ စိုးမြတ်နန္ဒာက သိန်း(၂၀)နီးပါးတန်ဖိုးရှိ နောက်ဆုံးပေါ် iPad ကြီး လက်ဆောင်ပေးခဲ့တာကြောင့် အရမ်းပျော်နေရတဲ့ စိုးမြတ်သူဇာ
Read in UNICODE
စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ကိုတော့ မချစ်တဲ့ပရိသတ်တွေ မရှိသလောက်ပါပဲ။ စိုးမြတ်သူဇာကတော့ မင်းသမီးဖြစ်စေချင်တဲ့ မေမေ့ရဲ့ဆန္ဒအတိုင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ညီမငယ်လေး စိုးမြတ်ကလျာနဲ့ စိုးမြတ်နန္ဒာတို့ကိုပါ အနုပညာလောကထဲကို လက်တွဲခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ စိုးမြတ်ကလျာကတော့
အခုဆိုရင် အနုပညာအလုပ်တွေနဲ့ အရမ်းကို အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး စိုးမြတ်နန္ဒာနဲ့ စိုးမြတ်သူဇာတို့ညီအစ်မကတော့ အနုပညာလမ်းမမှာ လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ဓလေ့အတိုင်း လူကြီးမိဘဆရာသမားတွေကို ကန်တော့ကြတဲ့ ဓလေ့ထုံးစံအတိုင်း စိုးမြတ်နန္ဒာကလည်း
သူမရဲ့မိဘနှစ်ပါးနဲ့အတူတူ အစ်မကြီးအစ်မရာ စိုးမြတ်သူဇာကိုလည်း လက်ဆောင်ပစ္စည်းနဲ့ ကန်တော့ခဲ့ပါတယ်။ စိုးမြတ်နန္ဒာကတော့ ဂိမ်းဆော့ရတာကြိုက်တဲ့ မကြီးအတွက် နောက်ဆုံးပေါ် ipad နဲ့ ကန်တော့ခဲ့တာကြောင့် မကြီးခမျာ သဘောတွေ့သွားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ စိုးမြတ်သူဇာကတော့
ချစ်ညီမလေးဆီက လက်ဆောင်ကောင်းတစ်ခုကို ရရှိခဲ့လို့ အရမ်းဝမ်းသာသွားတာ ပရိသတ်ကြီးလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးမြတ်သူဇာတို့ ညီအစ်နှစ်ယောက်ရဲ့ ကြည်နူးစရာမြင်ကွင်းလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Soe Myat Nandar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *