အသက္အရြယ္ မတိမ္းမယိမ္းေလးျဖစ္ေအာင္ သားသမီးေတြကိုေမြးထားရတဲ့ အဓိကအေၾကာင္းအာင္းကို ေျပာျပခဲ့တဲ့ ႏိုင္ႏိုင္း

ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္အျဖစ္ရပ္တည္ခဲ့တဲ့မင္းသားႏိုင္းႏိုင္းကေတာ့အခုအခ်ိန္မွာ မိသားစုဘဝကို ခိုင္ခိုင္မာမာတည္ေဆာက္ထားတဲ့ မင္းသားႀကီးပဲျဖစ္ပါတယ္။ေ အာင္ျမင္ေနခ်ိန္အိမ္ေထာင္ျပဳလိုက္တဲ့အေၾကာင္းေလးကို ေမးျမန္းရာမွာေတာ့ ႏိုင္းႏိုင္းက“ကိုယ္အိမ္ေထာင္က်တဲ့အခ်ိန္က အမွန္ဆိုမေစာဘူး ၃၀ထဲေရာက္ေနၿပီ ဆိုေတာ့ ေသေသခ်ာခ်ာလည္း စဥ္းစားဆုံးျဖတ္ၿပီးမွ အိမ္ေထာင္ျပဳခဲ့တာ ပရိသတ္အျမင္မွာေတာ့ ႏွေျမာမွာပဲေလ

ကိုယ္လည္းပရိသတ္ေနရမွာဆို အဲဒီ့လိုပဲျဖစ္မွာေပါ့ ဒါေပမဲ့ ကိုယ့္မွာလည္း လူျဖစ္ေနတယ္ေလ လူျဖစ္ေနေတာ့ လူ႔တာဝန္ေတြ လူ႔ဝတၱရားေတြရွိေသးတယ္ ဒီအသက္အ႐ြယ္မွဆိုရင္ အစ္ကို႔အေနနဲ႔ အိမ္ေထာင္ျပဳဖို႔ခဲယဥ္းသြားလိမ့္မယ္ ကေလးေတြနဲ႔လည္း အသက္အ႐ြယ္အမ်ားႀကီးကြာဟသြားလိမ့္မယ္ အဲ့တာေတြကိုလည္း စဥ္းစားၿပီးေတာ့ အစ္ကိုလုပ္ခဲ့တာေပါ့” လို႔ဆိုပါတယ္။ ႏိုင္းႏိုင္းကေတာ့ “အဲဒီ့လိုႏွေျမာေပးၾကတဲ့ပရိသတ္ေတြေရာ စိတ္မေကာင္းေပးၾကတဲ့ပရိသတ္ေတြေရာ အစ္ကိုတကယ္ေက်းဇူးတင္ပါတယ္

အစ္ကို႔အေနနဲ႔အခုမွမဟုတ္ပါဘူး အရင္ကတည္းက အစကတည္းက အစ္ကိုပရိသတ္ကို ေလးစားမႈရွိပါတယ္” ” ပထမဆုံး သမီးရတုန္းဆို အရမ္းေပ်ာ္တယ္ ဒုတိယကမေပ်ာ္ဘူးမဟုတ္ဘူး ေပ်ာ္တယ္ တတိယလည္း ေပ်ာ္တာပဲ ငါစႀကိဳးစားရေတာ့မယ္ေပါ့ ဒီမိသားစုplan မွာ gap ျဖစ္သြားရင္ ကေလးေတြလည္းတစ္ေယာက္နဲ႔တစ္ေယာက္မရင္းႏွီးသလို လူႀကီးေတြလည္းအစကေနျပန္လုပ္ရတာ ပင္ပန္းတယ္ အစ္ကို႔ရဲ႕plan ေလးကကြက္တိဝင္သြားတယ္ အခုအခ်ိန္မွာဆိုရင္ ကေလးေတြလည္း ေက်ာင္းသြားၿပီ အစ္ကိုတို႔လည္း လုပ္စရာရွိတဲ့အလုပ္ကိုလုပ္လို႔ရသြားၿပီ အခုအခ်ိန္မွသာ ကေလးေမြးတယ္ဆိုရင္ အစ္ကိုဘယ္လိုမွ လြန္ခဲ့တဲ့ ၁၀ႏွစ္က energyမ်ိဳးနဲ႔ ျပန္လုပ္ႏိုင္မွာမဟုတ္ဘူးေလ

အဲ့တာေတြလည္းပါပါတယ္” လို႔ အိမ္ေထာင္ျပဳခဲ့တဲ့အေၾကာင္းအရင္းေလး ပရိသတ္ကိုေျပာျပခဲ့တာပါ။ “ပထမကေလးတုန္းကဆိုရင္ ကေလးလိုခ်င္တာ အရမ္းလိုခ်င္တာ သူအ႐ုပ္ေတြခ်ည္းပဲ ကင္မရာထဲမွာလည္း သူ႔ပုံေတြခ်ည္းပဲ ေနာက္ကေလးေတြက်ေတာ့ နည္းနည္း နည္းလာတယ္ ကေလးေတြကလည္းမ်ားလာေတာ့ family က ကေလးမ်ားတဲ့အခ်ိန္မွာ ပင္ပန္းတာေတြေတာ့ရွိပါတယ္ သူ႔ရဲ႕ေပ်ာ္႐ႊင္မႈအရသာကို ဘာနဲ႔မွလဲလို႔မရပါဘူး” “အစ္ကိုကေတာ့ လူထဲကလူပါပဲ လူရယ္လို႔ျဖစ္လာရင္ လူ႔တာဝန္ရွိတယ္ေလ အစ္ကိုအေနနဲ႔ အႏုပညာအလုပ္ကိုခ်စ္သလို အစ္ကိုဖန္တီးခ်င္တဲ့ မိသားစုဘဝကိုလည္းလိုခ်င္တယ္

အဲဒီ့အတြက္ Balance မွ်ေအာင္လုပ္ဖို႔ဆိုတာကလည္းေတာ္ေတာ္အခ်ိန္ယူရသလို ေတာ္ေတာ္ႀကိဳးစားရပါတယ္” ” ပိုဆိုးတာက မိသားစုကဒီမွာမရွိတဲ့အတြက္ ဘာပဲျဖစ္ျဖစ္ ဟိုဘက္ဒီဘက္မွ်ေအာင္လုပ္ရတာေပါ့ တစ္ခုကိုေစာင္းေပးရင္တစ္ခုလြတ္သြားတာေပါ့ တစ္ခ်ိဳ႕လြတ္တဲ့အပိုင္းေတြလည္းရွိပါတယ္ အစ္ကိုဆို အခုကေလးေတြဆိုရင္ ကေလးျဖစ္တဲ့အခ်ိန္ကာလကိုအစ္ကိုမရလိုက္ဘူးေပါ့ ရလည္း ခဏပဲ သြားတဲ့ခ်ိန္ ေနတဲ့အခ်ိန္ရတယ္ ဒီမွာအလုပ္လုပ္ရင္လြတ္သြားတယ္ ဆုံးရႈံးသြားတာေတြရွိတာေပါ့” လို႔

မိသားစုနဲ႔ႏိုင္ငံျခားေနတဲ့ ႏိုင္းႏိုင္းကရင္ဖြင့္ေျပာျပခဲ့ပါတယ္။ ပရိသတ္ကိုအစဥ္ေလးစားလ်က္ရွိတဲ့ ႏိုင္းႏိုင္းကေတာ့“ကြၽန္ေတာ့္ကိုသ႐ုပ္ဆာင္တစ္ေယာက္အေနနဲ႔ခ်စ္ေပးသူေတြေရာကြၽန္ေတာ့္မိသားစုကိုခ်စ္ေပးသူေတြေရာ အားလုံး အားလုံးကို ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ့္ရဲ႕ Actor 99 pageမွာဆိုလည္း ကြၽန္ေတာ့္ကိုအားေပးတဲ့ပရိသတ္ေတြေရာ မိသားစုလိုခ်စ္တဲပရိသတ္ေတြေရာကို ေက်းဇူးတင္ပါတယ္ ေရွ႕ေလ်ာက္လည္းကြၽန္ေတာ့္ရဲ႕အႏုပညာအရ ဖန္တီးခ်င္တာေတြ ပရိသတ္ႀကိဳက္မယ့္အရာေတြ လုပ္သြားပါမယ္” လို႔ဆိုထားပါတယ္။

Read in UNICODE

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ရပ်တည်ခဲ့တဲ့မင်းသားနိုင်းနိုင်းကတော့အခုအချိန်မှာ မိသားစုဘဝကို ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ မင်းသားကြီးပဲဖြစ်ပါတယ်။ေ အာင်မြင်နေချိန်အိမ်ထောင်ပြုလိုက်တဲ့အကြောင်းလေးကို မေးမြန်းရာမှာတော့ နိုင်းနိုင်းက“ကိုယ်အိမ်ထောင်ကျတဲ့အချိန်က အမှန်ဆိုမစောဘူး ၃၀ထဲရောက်နေပြီ ဆိုတော့ သေသေချာချာလည်း စဉ်းစားဆုံးဖြတ်ပြီးမှ အိမ်ထောင်ပြုခဲ့တာ ပရိသတ်အမြင်မှာတော့ နှမြောမှာပဲလေ

ကိုယ်လည်းပရိသတ်နေရမှာဆို အဲဒီ့လိုပဲဖြစ်မှာပေါ့ ဒါပေမဲ့ ကိုယ့်မှာလည်း လူဖြစ်နေတယ်လေ လူဖြစ်နေတော့ လူ့တာဝန်တွေ လူ့ဝတ္တရားတွေရှိသေးတယ် ဒီအသက်အရွယ်မှဆိုရင် အစ်ကို့အနေနဲ့ အိမ်ထောင်ပြုဖို့ခဲယဉ်းသွားလိမ့်မယ် ကလေးတွေနဲ့လည်း အသက်အရွယ်အများကြီးကွာဟသွားလိမ့်မယ် အဲ့တာတွေကိုလည်း စဉ်းစားပြီးတော့ အစ်ကိုလုပ်ခဲ့တာပေါ့” လို့ဆိုပါတယ်။ နိုင်းနိုင်းကတော့ “အဲဒီ့လိုနှမြောပေးကြတဲ့ပရိသတ်တွေရော စိတ်မကောင်းပေးကြတဲ့ပရိသတ်တွေရော အစ်ကိုတကယ်ကျေးဇူးတင်ပါတယ်

အစ်ကို့အနေနဲ့အခုမှမဟုတ်ပါဘူး အရင်ကတည်းက အစကတည်းက အစ်ကိုပရိသတ်ကို လေးစားမှုရှိပါတယ်” ” ပထမဆုံး သမီးရတုန်းဆို အရမ်းပျော်တယ် ဒုတိယကမပျော်ဘူးမဟုတ်ဘူး ပျော်တယ် တတိယလည်း ပျော်တာပဲ ငါစကြိုးစားရတော့မယ်ပေါ့ ဒီမိသားစုplan မှာ gap ဖြစ်သွားရင် ကလေးတွေလည်းတစ်ယောက်နဲ့တစ်ယောက်မရင်းနှီးသလို လူကြီးတွေလည်းအစကနေပြန်လုပ်ရတာ ပင်ပန်းတယ် အစ်ကို့ရဲ့plan လေးကကွက်တိဝင်သွားတယ် အခုအချိန်မှာဆိုရင် ကလေးတွေလည်း ကျောင်းသွားပြီ အစ်ကိုတို့လည်း လုပ်စရာရှိတဲ့အလုပ်ကိုလုပ်လို့ရသွားပြီ အခုအချိန်မှသာ ကလေးမွေးတယ်ဆိုရင် အစ်ကိုဘယ်လိုမှ လွန်ခဲ့တဲ့ ၁၀နှစ်က energyမျိုးနဲ့ ပြန်လုပ်နိုင်မှာမဟုတ်ဘူးလေ

အဲ့တာတွေလည်းပါပါတယ်” လို့ အိမ်ထောင်ပြုခဲ့တဲ့အကြောင်းအရင်းလေး ပရိသတ်ကိုပြောပြခဲ့တာပါ။ “ပထမကလေးတုန်းကဆိုရင် ကလေးလိုချင်တာ အရမ်းလိုချင်တာ သူအရုပ်တွေချည်းပဲ ကင်မရာထဲမှာလည်း သူ့ပုံတွေချည်းပဲ နောက်ကလေးတွေကျတော့ နည်းနည်း နည်းလာတယ် ကလေးတွေကလည်းများလာတော့ family က ကလေးများတဲ့အချိန်မှာ ပင်ပန်းတာတွေတော့ရှိပါတယ် သူ့ရဲ့ပျော်ရွှင်မှုအရသာကို ဘာနဲ့မှလဲလို့မရပါဘူး” “အစ်ကိုကတော့ လူထဲကလူပါပဲ လူရယ်လို့ဖြစ်လာရင် လူ့တာဝန်ရှိတယ်လေ အစ်ကိုအနေနဲ့ အနုပညာအလုပ်ကိုချစ်သလို အစ်ကိုဖန်တီးချင်တဲ့ မိသားစုဘဝကိုလည်းလိုချင်တယ်

အဲဒီ့အတွက် Balance မျှအောင်လုပ်ဖို့ဆိုတာကလည်းတော်တော်အချိန်ယူရသလို တော်တော်ကြိုးစားရပါတယ်” ” ပိုဆိုးတာက မိသားစုကဒီမှာမရှိတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဟိုဘက်ဒီဘက်မျှအောင်လုပ်ရတာပေါ့ တစ်ခုကိုစောင်းပေးရင်တစ်ခုလွတ်သွားတာပေါ့ တစ်ချို့လွတ်တဲ့အပိုင်းတွေလည်းရှိပါတယ် အစ်ကိုဆို အခုကလေးတွေဆိုရင် ကလေးဖြစ်တဲ့အချိန်ကာလကိုအစ်ကိုမရလိုက်ဘူးပေါ့ ရလည်း ခဏပဲ သွားတဲ့ချိန် နေတဲ့အချိန်ရတယ် ဒီမှာအလုပ်လုပ်ရင်လွတ်သွားတယ် ဆုံးရှုံးသွားတာတွေရှိတာပေါ့” လို့

မိသားစုနဲ့နိုင်ငံခြားနေတဲ့ နိုင်းနိုင်းကရင်ဖွင့်ပြောပြခဲ့ပါတယ်။ ပရိသတ်ကိုအစဉ်လေးစားလျက်ရှိတဲ့ နိုင်းနိုင်းကတော့“ကျွန်တော့်ကိုသရုပ်ဆာင်တစ်ယောက်အနေနဲ့ချစ်ပေးသူတွေရောကျွန်တော့်မိသားစုကိုချစ်ပေးသူတွေရော အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့ Actor 99 pageမှာဆိုလည်း ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေရော မိသားစုလိုချစ်တဲပရိသတ်တွေရောကို ကျေးဇူးတင်ပါတယ် ရှေ့လျောက်လည်းကျွန်တော့်ရဲ့အနုပညာအရ ဖန်တီးချင်တာတွေ ပရိသတ်ကြိုက်မယ့်အရာတွေ လုပ်သွားပါမယ်” လို့ဆိုထားပါတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *