သီတင်းကျွတ်ကန်တော့ရင်း တစ်သောင်းတန်တွေ အထပ်လိုက်ကြီး မုန့်ဖိုးရလို့ ပျော်နေတဲ့ သမီးလေးကို စနောက်ခဲ့တဲ့ ခိုင်သင်းကြည်
Read in UNICODE
အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးက ချစ်ခင်ရပြီး ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်နော်..။ မခိုင်လေးရဲ့သမီးလေး
စံထိပ်ထားဦးကလည်း အရွယ်ရောက်ကာ လှသွေးကြွယ်လာပြီး ချစ်စရာကောင်းတာမို့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါသေးတယ်နော်..။ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ မခိုင်လေးတို့မိသားစုလေးကတော့
အခုလို သီတင်းကျွတ်အချိန်အခါလေးမှာလည်း မိသားစုလိုက် ဂါဝရပြုကန်တော့ကြရင်း ကြည်နူးအေးချမ်းစွာ ဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။ “သီတင်းကျွတ်မှာ ကျေးဇူးရှင်မိဘနှစ်းပါးကို
ကန်တော့ပါတယ်.. ထိပ်လေးကလည်း ဖေဖေမေမေကို ကန်တော့ပါတယ်ရှင်..” ဆိုပြီး မိဘတွေကို သီတင်းကျွတ်ဂါဝရပြုကန်တော့နေတဲ့ မိသားစုပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။ “မုန့်ဖိုးရလို့ဖြစ်နေတဲ့ရုပ် San Htate Htar Oo – စံထိပ်ထားဦး..” ဆိုပြီးတော့လည်း မုန့်ဖိုးတွေရလို့ ပျော်နေတဲ့
သမီးလေးရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်မဝဖြစ်နေတာကိုလည်း ဝေမျှထားပါသေးတယ်နော်..။ ပရိသတ်တွေကလည်း မခိုင်လေးတို့ မိသားစုလေးရဲ့ ကြည်နူးပျော်စရာ သီတင်းကျွတ်ပုံရိပ်လေးတွေကို အချစ်ပိုသဘောကျနေကြကာ ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။
Source : Khine Thin Kyi’s Facebook