အမြန်လမ်းဘေးမှာ အခင်းလေးခင်း ပကာသနတွေဘေးဖယ်ပြီး အားရပါးရစားသောက်နေကြတဲ့ ဂွမ်းပုံတို့ ဇနီးမောင်နှံ



Read in UNICODE
ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဂွမ်းပုံကတော့ အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တက္ကသိုလ်ဂွမ်းပုံက ဟာသစွမ်းရည်လည်းရှိပြီး သရုပ်ဆောင်လည်းကောင်းတာကြောင့် ပရိသတ်တွေက တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။ဂွမ်းပုံရဲ့ အနုပညာသက်တမ်းကလည်း

ဆယ်စုနှစ်မကရှိနေပြီဖြစ်လို့ အခုချိန်မှာဆိုရင်တော့ ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်နော်။ ဂွမ်းပုံက နားလည်မှုအပြည့်ပေးတဲ့ ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားလို့ အမြဲစိတ်ချမ်းသာပြီး ပျော်ရွှင်နေရတာဖြစ်ပါတယ်။ဂွမ်းပုံတို့ဇနီးမောင်နှံနှစ်ယောက်က အေးအတူပူအမျှနဲ့

လက်တွဲကြပြီး နှစ်ယောက်သား ကြင်ကြင်နာနာရှိကြပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ဂွမ်းပုံတို့ဇနီးမောင်နှံနှစ်ယောက်က ပြင်ဦးလွင်မှာ အိမ်လေးဆောက်နေတာဖြစ်လို့ မကြာခဏသွားလည်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂွမ်းပုံက ချစ်ခင်ပွန်းနဲ့အတူ

အမြန်လမ်းရဲ့တစ်နေရာမှာ အခင်းလေးခင်းပြီး အားရပါးရစားသောက်နေတာဖြစ်ပါတယ်။ဂွမ်းပုံတို့ဇနီးမောင်နှံကတော့ ပကာသနမရှိကြဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ စားသောက်နေကြတဲ့ပုံလေးက ကြည်နူးစရာပါပဲနော်။ဂွမ်းပုံကတော့ ဟန်ဆောင်မှုကင်းမဲ့တဲ့အပြုံးလေးတွေနဲ့ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ချစ်ရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Source : Goon Sein’s Facebook