အမေဖြစ်သူကို တန်ဖိုးကြီး စိန်နားကပ်တစ်စုံနဲ့ သီတင်းကျွတ်ကန်တော့ခဲ့တဲ့ သံသာမိုးသိမ့်
Read in UNICODE
မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ယုံကြည်မှုရှိရှိ လျှောက်လှမ်းလာတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲ ထဲမှာပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း
သံသာမိုးသိမ့်ကတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဇာတ်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သံသာမိုးသိမ့်က တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး
စိတ်သဘောထားပြည့်ဝကာ စကားပြောရင်လည်းပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူပဲဖြစ်ပါတယ်။ လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာတော့ သံသာမိုးသိမ့်က အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတာတွေ့ရပါတယ်။ ယခုမှာတော့ သံသာမိုးသိမ့်က ပရိသတ်တွေကြည်နူးပီတိဖြစ်မယ့်
ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ သံသာမိုးသိမ့်က သီတင်းကျွတ်ကာလလေးဖြစ်တာကြောင့် တန်ဖိုးကြီး စိန်နားကပ်တစ်ရံနဲ့ သူမရဲ့မေမေကို ကန်တော့ခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း သံသာမိုးသိမ့်က ” ဒီနှစ်သီတင်းကျွတ်ကတော့ ကိုယ်တက်နိုင်သလောက်လေး.. နောက်နှစ်တွေဒီထက်ပိုပိုပေါ့နော်
သေချာစိတ်ရှည်ရှည်နဲ့ရွေးပေးတဲ့အပြင်..ဈေးလည်းလျှော့ပေးလို့ကျေးဇူးတင်ပါတယ်ရွှေသင်းရေ.. အမေလည်းအရမ်းသဘောကျတော့ကျေနပ်နေတာ” ဆိုပြီးရေးသားထားပါတယ်။ ပရိသတ်ကြီးရေ မိဘကို သိတတ်တဲ့ သမီးလိမ္မာလေး သံသာမိုးသိမ့်ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။
Source : Than Thar Moe Theint’s Facebook
Add a Comment
Your email address will not be published. Required fields are marked *