ဖေစ့်ဘုတ်မှာ Live လွှင့်ပြီး ကားရောင်းတာ (၂၃)စီးတိတိ ရောင်းထွက်ခဲ့လို အရမ်းပျော်နေတဲ့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦး



Read in UNICODE
တစ်ခေတ်တစ်ခါကကြော်ငြာမင်းသမီးလေးတစ်ယောက်အဖြစ် ထက်ထက်မိုးဦးဟာဆိုရင် လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့သလို ယခုဆိုရင်လည်း အနုပညာလောကကြီးကို တဖန်ပြန်လည်ရောက်ရှိလာပြီး အောင်မြင်မှုသရဖူကိုဆောင်းနိုင်ခဲ့ပြန်ပါပြီ။လတ်တလောမှာတော့Onlineကနေ Liveလွှင့်ပြီးရတနာပစ္စည်းကြော်ငြာတဲ့နေရာမှာလည်း ဘယ်သူမှလိုက်မမှီနိုင်အောင်

အောင်မြင်ကျော်ကြားမှုကိုရရှိထားပြန်ပါတယ်။ ယမန်နေ့က တန်ဖိုးကြီးအိမ်တွေကို ရောင်းချပေးနိုင်ခဲ့သလို ယနေ့မှာလည်း MG Myanmar ကနေ BRAND NEW ကားသစ်ကြီးတွေကို ရောင်းချပေးခဲ့တာပါ ဒီလို ရောင်းချပေးရာမှာတော့ ကား ၂၃ စီးအထိ ရောင်းပြီးပြီဆိုတဲ့အကြောင်း သူမရဲ့

လူမှုကွန်ယက်ကတဆင့် ဝေမျှလာခဲ့တာပါ “ဒီနေ့ ထက် နဲ့ MG Myanmar တို့ Live Sale မှာ ကားတွေအများကြီးရောင်းရတယ်။ 2 နာရီ Live အတွင်းမှာပဲ ကား ၂၁ စီး ရောင်းရတယ်။ထက်ကို နေ့တိုင်းလှအောင် ပြင်ပေးတဲ့ လင်းလင်းကလည်း ၁ စီး ဝယ်သွားတယ်။ လင်း သူငယ်ချင်းတွေကလည်း ၂ စီးထပ်ဝယ်ပေးသေးတယ် ။ ၂၃ စီးရောင်းရပြီ ၂၅ စီးပြည့်အောင် လာအားပေးပါ ထက်လည်း

၆ နာရီထိ ရှိဦးမယ် စောင့်နေမယ်နော်ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်ဖြစ်ကြပါစေရှင် ပရိသတ်ကြီး နဲ့ အတူတူ ကုသိုလ်ယူဖို့ အစီအစဉ်တွေရှိတာမို့ စောင့်ကြည့်ပေးဦးနော်။ ဒီည ထက် Live မရှိတော့ဘူး စောင့်မနေနဲ့တော့နော် မီးထွန်းကြမယ် ။” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ထက်ထက်မိုးဦးကတော့ တကယ့်ကို ကြော်ငြာဘုရင်မလို့ဆိုရလောက်အောင် Live Sale တစ်ခုကို သိန်းသောင်းနဲ့ချီ ရောင်းနေရတာပါ ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ နာမည်ကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်
Source : SY Myanmar