ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ယနေ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးကြည်စိုး(IC အိမ်ဘုရင်)





Read in UNICODE

ဇာတ်ပို့သရုပ်ဆောင်ဘဝနဲ့ သရုပ်ဆောင် ဦးကြည်စိုးကတော့ နှစ်ပေါင်းများစွာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါ အိမ်ခြံမြေလောကမှာပါထင်ရှားလှသူဖြစ်တဲ့ဦးကြည်စိုးဟာ ဘုရင်တပါးအဖြစ်ပါ တင်စားခေါ်ဝေါ်ရတဲ့အထိ အိမ်ခြံမြေသင်တန်းတွေနဲ့ အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်ယနေ့မှာတော့ ဆိုးဝါးစွာဖြစ်ပွားနေတဲ့ ကိုဗစ် ကပ်ရောဂါကြီးရဲ့ သေဆုံးသူစာရင်းမှာ

သရုပ်ဆောင်ဦးရန်ပိုင်စိုးပြီးနောက် ဒုတိယမြောက်အဖြစ် ဦးကြည်စိုးပါဝင်လာခဲ့တယ်လို့ ဝမ်းနည်းစွာသိရှိခဲ့ရတာပါ ဒီသတင်းကို ဦးကြည်စိုးရဲ့ခယ်မဖြစ်သူက ယနေ့နေ့လည် ၂ နာရီဝန်းကျင်ကဆုံးပါးသွားခဲ့တယ်လို့ အတည်ပြုပေးခဲ့တာလို့လည်းသိရပါတယ် ကိုဗစ်ရောဂါဆိုးကတော့ အနုပညလောကသားများကိုပါ ဒုက္ခပေးလာခဲ့ပြီပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ဦးကြည်စိုးတစ်ယောက်ကောင်းရာမွန်ရာသို့ရောက်ရှိပါစေကြောင်း

ဆုတောင်းပေးလိုက်ရပါတယ်နော် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အိမ်ခြံမြေသင်တန်းတွေကိုလည်း သင်ကြားပို့သပေးခဲ့တဲ့ သရုပ်ဆောင်ကြီး ဦးကြည်စိုး (IC) ကလည်း ဒီကနေ့ နေ့လည်ခင်းပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ ကျန်ရစ်သူ မိသားစုတွေက ပြောထားပါတယ်။ ဦးကြည်စိုး (IC) က Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ

ဖြစ်တယ်လို့လည်း သိရပါတယ်။ ဦးကြည်စိုး (IC)က ကွယ်လွန်သွားချိန်မှာတော့ အသက် (၇၂) နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဦးကြည်စိုး (IC) တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ညှိုးငယ်စွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *