အခုေခတ္ ျမန္မာဇာတ္ကားေတြက အျဖစ္သေဘာေလးေတြ ႐ိုက္ထားတာမ်ားတယ္ဆိုၿပီး ေဝဖန္ေျပာဆိုခဲ့တဲ့ ေဒၚႏြဲ႕ႏြဲ႕စန္း

ပရိသတ္ႀကီးတို႔ေရ ျမန္မာ့႐ုပ္ရွင္ေ႐ႊတေခတ္ရဲ႕ နာမည္ေက်ာ္႐ုပ္ရွင္မင္းသမီးႀကီး ျဖစ္သကဲ့သို႔ ျမန္မာဗီဒီယိုေခတ္၊ ႐ုပ္ရွင္ေခတ္တိုင္ေအာင္ အေမခန္း၊ အဘြားခန္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရသူကေတာ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသမီးႀကီး ေဒၚႏြဲ႕ႏြဲ႕စန္းပဲ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဳးေလးမွာေတာ့ ဒီဘက္ေခတ္မွာ ႐ိုက္ကူးလာတဲ့ ဇာတ္ကားတခ်ိဳ႕က မေကာင္းၾကေတာ့ဘူးဆိုတဲ့အေၾကာင္း အေမေဒၚႏြဲ႕ႏြဲ႕ဆန္းက ေဝဖန္ေျပာဆိုလာတာပဲ ျဖစ္ပါတယ္။

အေမႏြဲ႕ႏြဲ႕စန္းရဲ႕ ဘဝတစ္သက္တာမွာ ႐ုပ္ရွင္ကားႀကီး စုစုေပါင္း တစ္ရာ၊ တစ္ရာ့ငါးဆယ္ေလာက္ ႐ိုက္ကူးခဲ့ၿပီး ဗီဒီယိုကေတာ့ မေရမတြက္ႏိုင္ေအာင္ ႐ိုက္ကူးခဲ့ဖူးတယ္ လို႔ သိရပါတယ္။ အေမတို႔ေခတ္ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္က ဇာတ္ကားတစ္ကားကို သုံးေထာင္ေလာက္သာ ရရွိတာျဖစ္ၿပီး အဲ့ဒီေခတ္က ေ႐ႊတစ္က်ပ္သားမွ ႏွစ္ရာ့ငါးဆယ္သာ တန္တာမို႔လို႔ အဲ့ဒီေခတ္က သုံးေထာင္ဆိုတာကလည္း တန္ဖိုးႀကီးတယ္လို႔ အေမႏြဲ႕ႏြဲ႕စန္းက ဆိုပါတယ္။ ဒီဘက္ေခတ္မွာေတာ့ အေမတို႔က တစ္ကားကို သုံးေထာင္ကေန သုံးေသာင္း၊ သုံးေသာင္းကေန ငါးေသာင္း ေနာက္ငါးသိန္း အသီးသီးေစ်းတက္လာခဲ့ရာမွ အခုဆို ၁၅ သိန္းအထိ ရေနခဲ့ၿပီျဖစ္ၿပီး ၁၅ သိန္းရတဲ့အခ်ိန္က်မွ အသက္ကလည္းႀကီး၊ အသက္ႀကီးေပမယ့္ ရတဲ့အခန္းက႐ိုက္မယ္ႀကံေတာ့ ကိုဗစ္ကျဖစ္နဲ႔ ေရွ႕ဆက္ၿပီးလည္း မ႐ိုက္ျဖစ္ေတာ့ဘူး ထင္တယ္လို႔ အေမႏြဲ႕ႏြဲ႕စန္းက ရင္ဖြင့္ေျပာျပလာပါတယ္။

ဒီဘက္ေခတ္႐ုပ္ရွင္ကားေတြနဲ႔ ပတ္သတ္လို႔လည္း အေမႀကီးက အခုလိုပဲ ေဝဖန္ေျပာဆိုလာပါတယ္။ “အခုေခတ္က အျဖစ္ခ်ည္းပဲ မ်ားတယ္ေလ… ဒါ အႏႈတ္ေတြျပေနတာေပါ့… ဒါေတြၾကည့္ၿပီးေတာ့လည္း စိတ္မေကာင္းဘူး.. တခ်ိဳ႕က်ေတာ့လည္း ဘယ္လို႐ိုက္႐ိုက္ မမီဘူးေပါ့… အခ်ိဳ႕က်ေတာ့လည္း ဇာတ္ေကာင္ေတြ အမ်ားႀကီးသုံးၿပီး လူေရာင္းစားတဲ့ ကားေတြလည္း ရွိတယ္” ဒါေပမယ့္ အေမႏြဲ႕ႏြဲ႕စန္းက ေနာက္တက္ဒါ႐ိုက္တာေတြ၊ သ႐ုပ္ေဆာင္ေတြက သူ႔ေခတ္နဲ႔သူ တြင္ၾကယ္ၿပီး ေကာင္းေနၾကတာျဖစ္တဲ့အတြက္ ေနာက္တက္ေတြကိုေတာ့ မေဝဖန္လိုဘူးလို႔ ဆိုပါတယ္။

အရင္တစ္ေခတ္တုန္းကဆို လြင္မိုးတို႔၊ ရန္ေအာင္တို႔၊ ေက်ာ္သူတို႔၊ စိုးသူတို႔ဆိုတာ သူအေမခန္း သ႐ုပ္ေဆာင္ရင္ သားအျဖစ္သ႐ုပ္ေဆာင္ခဲ့ရသူေတြျဖစ္ၿပီး အၿမဲစည္းသည္းလုံးလုံးနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ေမတၱာထားၾကတယ္လို႔ ဆိုပါတယ္။ “မွတ္မိေသးတယ္… ေဒြးရယ္၊ ကိုရန္ေအာင္ရယ္၊ အေမရယ္၊ ထြန္းအိျႏာဗိုလ္ရယ္၊ ထက္ထက္မိုးဦးရယ္၊ ကိုလြင္မိုးရယ္ ဇာတ္ကားတစ္ကားမွာ ဆုံတာ…အဲ့ဒီရႉတင္ႀကီးကေလ အပ္က်သံေတာင္ၾကားရတယ္.. အဲ့တုန္းက ကိုစန္းေအာင္႐ိုက္တာ… အဲ့ဒီလို အေမတို႔က အရသာခံၿပီး ႐ိုက္ခဲ့တာ” အခုေနာက္ကားေတြထဲမွာ ဆိုရင္လည္း အေမတို႔အေနနဲ႔ အရသာခံၿပီး ၾကည့္ရတဲ့ကားေတြရွိသလိုမ်ိဳး ဘယ္လိုမွကို ၾကည့္လို႔မရတဲ့ ကားေတြလည္း ရွိတယ္လို႔ အေမေဒၚႏြဲ႕ႏြဲ႕စန္းက ဒဲ့ေဝဖန္ လိုက္ပါတယ္။

အေမေဒၚႏြဲ႕ႏြဲ႕စန္းရဲ႕ အႏုပညာခရီးက အသက္ခုနစ္ႏွစ္တည္းက အၿငိမ့္သဘင္ကို စဝင္ရင္း စတင္ခဲ့ၿပီး အခုဆိုရင္ပဲ အသက္ရွစ္ဆယ္ေက်ာ္လာၿပီ ျဖစ္တဲ့အတြက္ အႏုပညာအေၾကာင္းေတြ စာမ်ားေရးမယ္ဆိုရင္ ေတာ္ေတာ္ထြက္မွာျဖစ္ေသာ္လည္း မေရးျဖစ္ေလာက္ေတာ့ဘူးလို႔ ဆိုပါတယ္။ “သိတယ္မလား… ေရးလို႔ေကာင္းတာရွိတယ္ မေကာင္းတာရွိတယ္… ေနာက္ၿပီးေတာ့ ကိုယ္ေရးလိုက္တဲ့အခါမွာ သေဘာ႐ိုးနဲ႔ ျမင္တဲ့သူရွိတယ္… တခ်ိဳ႕က်ေတာ့ အျပစ္ျမင္တဲ့သူရွိတယ္… အဲ့က်ရင္ ဒီစာအုပ္က အေကာင္းဆိုတာမ်ိဳး ျဖစ္မွာမဟုတ္ေတာ့ဘူး” ဒီရက္ပိုင္း အႏုပညာရွင္ရန္ပိုင္စိုး ကြယ္လြန္တဲ့ကိစၥမွာလည္း လူအမ်ားက သူကြယ္လြန္ၿပီးမွသာ သူ႔အေၾကာင္းစာတစ္တန္ေပတစ္တန္ ေရးေနၾကတာျဖစ္ၿပီး ရွိေနတုန္းကေတာ့ ဘာမွမေရးၾကဘူးလို႔ ေဝဖန္ေျပာဆိုလိုက္ပါတယ္။

အေမေဒၚႏြဲ႕ႏြဲ႕စန္းအေၾကာင္းကို ေရးမယ္ဆိုရင္လည္း သူအသက္ရွိစဥ္္ေရးၾကပါ… မရွိွေတာ့ သခ်ႋဳင္းပို႔ၿပီး ကေလာင္နဲ႔မဆြၾကပါနဲ႔ လို႔ ေမတၱာရပ္ခံထားပါတယ္။ “ဘယ္ေခတ္ျဖစ္ျဖစ္ေပါ့… မ်က္ႏွာႀကီးရာ ဟင္းဖက္ကေတာ့ ပါခဲ့ၾကတာပဲ… ဒါေပမယ့္ အေမကေတာ့ စိတ္ထဲမထားပါဘူး… အေမ့ကိုခိုင္းတဲ့အလုပ္ကို အေမေက်ပြန္ရမယ္… အေမေက်နပ္ရမယ္… ဘယ္သူေက်နပ္မေက်နပ္ အေမေက်နပ္ရမယ္… ဒါအလုပ္အေပၚမွာထားတဲ့ အေမ့ရဲ႕ ခံယူခ်က္ပဲ” အခုခ်ိန္မွာ ဘယ္သူကပဲ ေဝဖန္ေဝဖန္ အေမကေတာ့ ဝမ္းနည္းမွာမဟုတ္သလို ဝမ္းလည္းသာေနမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ လူဆိုတာမ်ိဳးက မာန္မနာေတြေထာင္လႊားေနၾကတာလို႔ အေမေဒၚႏြဲ႕ႏြဲ႕စမ္းကေျပာပါတယ္။

ပရိသတ္ႀကီးတို႔ေရ ဝါရင့္မင္းသမီးႀကီး အေမေဒၚႏြဲ႕ႏြဲ႕စမ္းကေတာ့ သူတို႔ႀကဳံေတြ႕ခဲ့ရတဲ့ အရင္ေခတ္က ႐ုပ္ရွင္အႏုပညာေလာကနဲ႔ ဒီဘက္ေခတ္႐ုပ္ရွင္ကားေတြရဲ႕အရည္အေသြးအေပၚမွာ ေစတနာေရွ႕ထားၿပီး ႏႈိင္းယွဥ္ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။ အခုလို အႏုပညာခံယူခ်က္ႀကီးမားတဲ့ ေဒၚႏြဲ႕ႏြဲ႕စမ္းတစ္ေယာက္ က်န္းက်န္းမာမာခ်မ္းခ်မ္းသာသာနဲ႔ အသက္ရာေက်ာ္ေနထိုင္ၿပီး အႏုပညာလုပ္ငန္းေတြကိုလည္း လုပ္ႏိုင္သမွ် ဆထက္ပိုး၍ လုပ္ကိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း အထူးပဲေက်းဇူးတင္ရွိပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ မြန်မာ့ရုပ်ရှင်ရွှေတခေတ်ရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးကြီး ဖြစ်သကဲ့သို့ မြန်မာဗီဒီယိုခေတ်၊ ရုပ်ရှင်ခေတ်တိုင်အောင် အမေခန်း၊ အဘွားခန်းတွေမှာ ပါဝင်သရုပ်ဆောင်နေရသူကတော့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ဒေါ်နွဲ့နွဲ့စန်းပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျုးလေးမှာတော့ ဒီဘက်ခေတ်မှာ ရိုက်ကူးလာတဲ့ ဇာတ်ကားတချို့က မကောင်းကြတော့ဘူးဆိုတဲ့အကြောင်း အမေဒေါ်နွဲ့နွဲ့ဆန်းက ဝေဖန်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

အမေနွဲ့နွဲ့စန်းရဲ့ ဘဝတစ်သက်တာမှာ ရုပ်ရှင်ကားကြီး စုစုပေါင်း တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက် ရိုက်ကူးခဲ့ပြီး ဗီဒီယိုကတော့ မရေမတွက်နိုင်အောင် ရိုက်ကူးခဲ့ဖူးတယ် လို့ သိရပါတယ်။ အမေတို့ခေတ် ခေါင်းဆောင်မင်းသမီးတစ်ယောက်က ဇာတ်ကားတစ်ကားကို သုံးထောင်လောက်သာ ရရှိတာဖြစ်ပြီး အဲ့ဒီခေတ်က ရွှေတစ်ကျပ်သားမှ နှစ်ရာ့ငါးဆယ်သာ တန်တာမို့လို့ အဲ့ဒီခေတ်က သုံးထောင်ဆိုတာကလည်း တန်ဖိုးကြီးတယ်လို့ အမေနွဲ့နွဲ့စန်းက ဆိုပါတယ်။ ဒီဘက်ခေတ်မှာတော့ အမေတို့က တစ်ကားကို သုံးထောင်ကနေ သုံးသောင်း၊ သုံးသောင်းကနေ ငါးသောင်း နောက်ငါးသိန်း အသီးသီးဈေးတက်လာခဲ့ရာမှ အခုဆို ၁၅ သိန်းအထိ ရနေခဲ့ပြီဖြစ်ပြီး ၁၅ သိန်းရတဲ့အချိန်ကျမှ အသက်ကလည်းကြီး၊ အသက်ကြီးပေမယ့် ရတဲ့အခန်းကရိုက်မယ်ကြံတော့ ကိုဗစ်ကဖြစ်နဲ့ ရှေ့ဆက်ပြီးလည်း မရိုက်ဖြစ်တော့ဘူး ထင်တယ်လို့ အမေနွဲ့နွဲ့စန်းက ရင်ဖွင့်ပြောပြလာပါတယ်။

ဒီဘက်ခေတ်ရုပ်ရှင်ကားတွေနဲ့ ပတ်သတ်လို့လည်း အမေကြီးက အခုလိုပဲ ဝေဖန်ပြောဆိုလာပါတယ်။ “အခုခေတ်က အဖြစ်ချည်းပဲ များတယ်လေ… ဒါ အနှုတ်တွေပြနေတာပေါ့… ဒါတွေကြည့်ပြီးတော့လည်း စိတ်မကောင်းဘူး.. တချို့ကျတော့လည်း ဘယ်လိုရိုက်ရိုက် မမီဘူးပေါ့… အချို့ကျတော့လည်း ဇာတ်ကောင်တွေ အများကြီးသုံးပြီး လူရောင်းစားတဲ့ ကားတွေလည်း ရှိတယ်” ဒါပေမယ့် အမေနွဲ့နွဲ့စန်းက နောက်တက်ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေက သူ့ခေတ်နဲ့သူ တွင်ကြယ်ပြီး ကောင်းနေကြတာဖြစ်တဲ့အတွက် နောက်တက်တွေကိုတော့ မဝေဖန်လိုဘူးလို့ ဆိုပါတယ်။

အရင်တစ်ခေတ်တုန်းကဆို လွင်မိုးတို့၊ ရန်အောင်တို့၊ ကျော်သူတို့၊ စိုးသူတို့ဆိုတာ သူအမေခန်း သရုပ်ဆောင်ရင် သားအဖြစ်သရုပ်ဆောင်ခဲ့ရသူတွေဖြစ်ပြီး အမြဲစည်းသည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားကြတယ်လို့ ဆိုပါတယ်။ “မှတ်မိသေးတယ်… ဒွေးရယ်၊ ကိုရန်အောင်ရယ်၊ အမေရယ်၊ ထွန်းအိနြာဗိုလ်ရယ်၊ ထက်ထက်မိုးဦးရယ်၊ ကိုလွင်မိုးရယ် ဇာတ်ကားတစ်ကားမှာ ဆုံတာ…အဲ့ဒီရှူတင်ကြီးကလေ အပ်ကျသံတောင်ကြားရတယ်.. အဲ့တုန်းက ကိုစန်းအောင်ရိုက်တာ… အဲ့ဒီလို အမေတို့က အရသာခံပြီး ရိုက်ခဲ့တာ” အခုနောက်ကားတွေထဲမှာ ဆိုရင်လည်း အမေတို့အနေနဲ့ အရသာခံပြီး ကြည့်ရတဲ့ကားတွေရှိသလိုမျိုး ဘယ်လိုမှကို ကြည့်လို့မရတဲ့ ကားတွေလည်း ရှိတယ်လို့ အမေဒေါ်နွဲ့နွဲ့စန်းက ဒဲ့ဝေဖန် လိုက်ပါတယ်။

အမေဒေါ်နွဲ့နွဲ့စန်းရဲ့ အနုပညာခရီးက အသက်ခုနစ်နှစ်တည်းက အငြိမ့်သဘင်ကို စဝင်ရင်း စတင်ခဲ့ပြီး အခုဆိုရင်ပဲ အသက်ရှစ်ဆယ်ကျော်လာပြီ ဖြစ်တဲ့အတွက် အနုပညာအကြောင်းတွေ စာများရေးမယ်ဆိုရင် တော်တော်ထွက်မှာဖြစ်သော်လည်း မရေးဖြစ်လောက်တော့ဘူးလို့ ဆိုပါတယ်။ “သိတယ်မလား… ရေးလို့ကောင်းတာရှိတယ် မကောင်းတာရှိတယ်… နောက်ပြီးတော့ ကိုယ်ရေးလိုက်တဲ့အခါမှာ သဘောရိုးနဲ့ မြင်တဲ့သူရှိတယ်… တချို့ကျတော့ အပြစ်မြင်တဲ့သူရှိတယ်… အဲ့ကျရင် ဒီစာအုပ်က အကောင်းဆိုတာမျိုး ဖြစ်မှာမဟုတ်တော့ဘူး” ဒီရက်ပိုင်း အနုပညာရှင်ရန်ပိုင်စိုး ကွယ်လွန်တဲ့ကိစ္စမှာလည်း လူအများက သူကွယ်လွန်ပြီးမှသာ သူ့အကြောင်းစာတစ်တန်ပေတစ်တန် ရေးနေကြတာဖြစ်ပြီး ရှိနေတုန်းကတော့ ဘာမှမရေးကြဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

အမေဒေါ်နွဲ့နွဲ့စန်းအကြောင်းကို ရေးမယ်ဆိုရင်လည်း သူအသက်ရှိစဉ်ရေးကြပါ… မရှှိတော့ သင်္ချိုင်းပို့ပြီး ကလောင်နဲ့မဆွကြပါနဲ့ လို့ မေတ္တာရပ်ခံထားပါတယ်။ “ဘယ်ခေတ်ဖြစ်ဖြစ်ပေါ့… မျက်နှာကြီးရာ ဟင်းဖက်ကတော့ ပါခဲ့ကြတာပဲ… ဒါပေမယ့် အမေကတော့ စိတ်ထဲမထားပါဘူး… အမေ့ကိုခိုင်းတဲ့အလုပ်ကို အမေကျေပွန်ရမယ်… အမေကျေနပ်ရမယ်… ဘယ်သူကျေနပ်မကျေနပ် အမေကျေနပ်ရမယ်… ဒါအလုပ်အပေါ်မှာထားတဲ့ အမေ့ရဲ့ ခံယူချက်ပဲ” အခုချိန်မှာ ဘယ်သူကပဲ ဝေဖန်ဝေဖန် အမေကတော့ ဝမ်းနည်းမှာမဟုတ်သလို ဝမ်းလည်းသာနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လူဆိုတာမျိုးက မာန်မနာတွေထောင်လွှားနေကြတာလို့ အမေဒေါ်နွဲ့နွဲ့စမ်းကပြောပါတယ်။

ပရိသတ်ကြီးတို့ရေ ဝါရင့်မင်းသမီးကြီး အမေဒေါ်နွဲ့နွဲ့စမ်းကတော့ သူတို့ကြုံတွေ့ခဲ့ရတဲ့ အရင်ခေတ်က ရုပ်ရှင်အနုပညာလောကနဲ့ ဒီဘက်ခေတ်ရုပ်ရှင်ကားတွေရဲ့အရည်အသွေးအပေါ်မှာ စေတနာရှေ့ထားပြီး နှိုင်းယှဉ်ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို အနုပညာခံယူချက်ကြီးမားတဲ့ ဒေါ်နွဲ့နွဲ့စမ်းတစ်ယောက် ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ အသက်ရာကျော်နေထိုင်ပြီး အနုပညာလုပ်ငန်းတွေကိုလည်း လုပ်နိုင်သမျှ ဆထက်ပိုး၍ လုပ်ကိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *