ပိုက္ဆံမရွိတဲ့ အခ်ိန္မွာ မလွဴႏိုင္ခဲ့ေတာ့ ပိုက္ဆံရွိလာေတာ့ အလွဴပဲလုပ္ခ်င္ေနတယ္ဆိုတဲ့ ေမကဗ်ာ

မင္းသမီးေခ်ာေလး ေမကဗ်ာကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာ တကယ့္ကိုအရည္အခ်င္းရွိသူေလးျဖစ္ၿပီး ဇာတ္ကားေတြေျမာက္မ်ားစြာ ႐ိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။ အႏုပညာေလာကမွာ အခ်ိန္အေတာ္ၾကာေအာင္ရပ္တည္ေအာင္ျမင္ေနတဲ့ ေမကဗ်ာ့ကို ပရိသတ္ေတြအားလုံးကလည္း ခ်စ္ခင္အားေပးေနရတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိလည္း ေမကဗ်ာက ဇာတ္လမ္းတြဲေတြ ဇာတ္ကားေတြ ႐ိုက္ကူးရင္း အႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနတာျဖစ္ပါတယ္။

သမီးေလးတစ္ေယာက္ပိုင္ဆိုင္ထားရတဲ့ ေမကဗ်ာက ကေလးအေမလို႔မထင္ရေလာက္ေအာင္ ခႏၶာကိုယ္အခ်ိဳးအစားေတြကအစ သြယ္လ်လွပေနတာ ျဖစ္ပါတယ္။ သူမဟာ ဘာသာတရားကိုင္းရႈိင္းသူတစ္ေယာက္လည္းျဖစ္ၿပီး အလုပ္လည္းအင္မတန္ႀကိဳးစားသူတစ္ေယာက္ပါပဲေနာ္။စိတ္ထား ေစတနာေကာင္းတာေတြေၾကာင့္လည္း ျပည္သူခ်စ္မင္းသမီးေလးတစ္လက္အျဖစ္ ပရိသတ္ေတြက သတ္မွတ္ထားၾကတာပါ။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ပရိသတ္အခ်စ္ေတာ္မင္းသမီးေခ်ာေလး ေမကဗ်ာက သူမရဲ႕ ဘာသာတရားကိုင္းရႈိင္းပုံေလးေတြနဲ႔ အခုလို ျပည့္ျပည့္စုံစုံေနေနရခ်ိန္မွာ အလႉအတန္းမ်ားမ်ားလုပ္ဖို႔ ရည္႐ြယ္ထားေၾကာင္း ပရိသတ္သိေအာင္ မွ်ေဝလာတာပဲ ျဖစ္ပါတယ္။ အခုကာလမွာေတာ့ သ႐ုပ္ေဆာင္ေမကဗ်ာတစ္ေယာက္ သူမနဲ႔အတူအလုပ္တြဲလုပ္ဖူးတဲ့ မိတ္ေဆြတခ်ိဳ႕နဲ႔ ပူးေပါင္းၿပီး အပတ္စဥ္အလႉအတန္းေလးေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ အခုလိုအလႉအတန္းျပဳလုပ္ေနတာဟာ ပထမတစ္သုတ္ၿပီးသြားၿပီ ျဖစ္ၿပီး ဒုတိယအသုတ္ကိုေတာ့ ပဲခူးက အကူအညီလိုအပ္ေနတဲ့ ကိုဗစ္စင္တာကို လႉဖို႔ရွိတယ္လို႔ ေျပာပါတယ္။

“ပဲခူးက ကိုဗစ္စင္တာမွာ လႉဖို႔ရွိတယ္… ပဲခူးမွာ ကိုဗစ္လူနာေတြ အရမ္းတိုးလာတယ္လို႔ ေျပာတယ္… ကဗ်ာဒီမွာမလာခင္လည္း ေမာင္ေလးထြန္းကိုကိုက ပဲခူးမွာ ပရဟိတလုပ္ေနေတာ့ သူနဲ႔လႉဖို႔ေတာ့ ေျပာထားတယ္ေပါ့… အခုေမာင္ေလးက Q ဝင္ေနတဲ့ အခါက်ေတာ့ ပဲခူးမွာေနာက္တစ္ေနရာကိုေတာ့ လႉဖို႔ရွိတယ္… ကဗ်ာကလည္း ပဲခူးသူဆိုေတာ့ေလ” မရွိတုန္းက မလႉခဲ့ရေပမယ့္ အခုလို ေႂကြးမရွိ ရန္မရွိနဲ႔ လုပ္ငန္းေလးအဆင္ေျပေနခိုက္မွာ အလႉအတန္းေလးေတြ တတ္ႏိုင္သမွ် လုပ္သြားခ်င္တယ္လို႔ ေမကဗ်ာက ေျပာပါတယ္။ 

“ကိုယ္ရတဲ့ဝင္ေငြနဲ႔ ခုနစ္ရက္သားသမီးကို ကူညီမယ္… ဘုရားတည္မယ္… မိဘကို လုပ္ေႂကြးမယ္… ကဗ်ာ့ရဲ႕စိတ္ထဲမွာေတာ့ ဒါပဲရွိတယ္… ကိုယ္သုံးမယ္ ဘယ္လိုေနလိုက္မယ္ ဘယ္လိုဝယ္လိုက္မယ္ ဘယ္အိတ္ႀကီး ကိုင္လိုက္မယ္ဆိုတဲ့ စိတ္ကေတာ့ ကဗ်ာ့မွာ ငယ္ငယ္တည္းက မရွိဘူး”

ကိုယ္က လူငယ္ျဖစ္လို႔ ရွာႏိုင္ေဖြႏိုင္တုန္းမွာသာ လႉဒါန္းႏိုင္တာျဖစ္ၿပီး တခ်ိဳ႕ကလည္း ေႏွာင္ေရးအတြက္ စုထားေဆာင္းထားဖို႔ တိုက္တြန္းၾကေပမယ့္ လူဆိုတာမ်ိဳးက အခုခ်က္ခ်င္းဆိုသလို ေသသြားႏိုင္တာျဖစ္တဲ့အတြက္ ေနာင္ေရးဆိုတာမ်ိဳးကို တအားႀကီးေတြးမထားဘူးလို႔ ေမကဗ်ာက ပြင့္ပြင့္လင္းလင္း ေျပာျပပါတယ္။ ေမကဗ်ာ့အေနနဲ႔ အလႉအတန္းျပဳလုပ္တယ္ ဆိုတာမ်ိဳးက လႉသားခ်င္းစာနာတဲ့ စိတ္နဲ႔သာ ကူညီတာျဖစ္ၿပီး ကိုယ္လႉလိုက္လို႔ ဘယ္လိုျပန္ရပါေစဆိုတဲ့ စိတ္မ်ိဳး မရွိဘူးလို႔လည္း ဆိုပါတယ္။ေမကဗ်ာက ဘုရားတရားအလုပ္ေတြကို လိုင္းေပၚတင္တယ္ဆိုတာကလည္း ေမာ္ႂကြားခ်င္လို႔ မဟုတ္ပဲ ကိုယ္တင္လိုက္လို႔ တျခားသူေတြကိုယ့္လိုမ်ိဳး လိုက္လုပ္ခ်င္စိတ္ျဖစ္ပါေစဆိုတဲ့ ေဝမွ်လိုစိတ္သက္သက္နဲ႔ တင္ေပးတာျဖစ္တယ္လို႔ ရင္ဖြင့္ေျပာျပလာပါတယ္။ 

“ဘုရားတရားလုပ္တယ္ဆိုတာ မေကာင္းမွာ လုပ္တာမွ မဟုတ္တာ… တခ်ိဳ႕ကလည္း စကားႀကီးစကားၾကယ္ေျပာတယ္ထင္မယ္… အခုေနာက္ပိုင္းဆို ေၾကာက္တယ္သိလား… မီဒီယာလည္း ေၾကာက္တယ္… Facebook မွာဆိုလည္း ေၾကာက္တယ္… ဒါေကာင္းတာလုပ္တာပဲ…ေကာင္းတာပဲေျပာေျပာ မေကာင္းတာပဲ ေျပာေျပာ အမကေတာ့ဘယ္လိုမွ မခံယူဘူး”

ေမကဗ်ာ့အေနနဲ႔ ေလးတန္းအ႐ြယ္ေလာက္တည္းက ဘုရားရွိခိုးဖို႔အတြက္ ဘုရားရွိခိုးခ်ိန္ဆိုတာမ်ိဳးက သက္သက္ရွိၿပီး အားမွရွိခိုးတာမ်ိဳးကို သူမအိမ္ကလည္း လုံးဝခြင့္မျပဳခဲ့ဘူးလို႔ ေျပာျပပါတယ္။ “ဒီေန႔မအားလို႔ မရွိခိုးေတာ့ဘူး… ဒီေန႔မအားလို႔ အဓိဌာန္ဖ်က္လိုက္မယ္ဆိုတာမ်ိဳးကို ေမကဗ်ာက ငယ္ငယ္ေလးတည္းက မလုပ္ခဲ့ဘူး… ဘာသာေရးကို ဘာသာေရးအခ်ိန္ တစ္ခ်ိန္ေပးၿပီး လုပ္တယ္”ေ မကဗ်ာတို႔ ႏိုင္ငံျခားသြားရင္လည္း နံနက္ ၆ နာရီမွာ အလုပ္ရွိတယ္ဆို နံနက္ ၃ နာရီေလာက္တည္းကထၿပီး ဘုရားရွိခိုးတတတ္တဲ့ အေလ့အက်င့္ရွိၿပီး မအားလို႔ဘုရားမရွိခိုးလိုက္ရတာမ်ိဳး မျဖစ္ေစရဘဲ မအားရင္ အားေအာင္ လုပ္ၿပီး ရေအာင္ရွိခိုးတယ္လို႔ ဆိုပါတယ္။

ပရိသတ္ႀကီးတို႔ေရ အခုလို သီတင္းကြၽတ္ အခါသမယမွာ စိတ္ခ်မ္းသာကိုယ္က်န္းမာနဲ႔ ကိုယ့္အိမ္မွာပဲ ကိုယ္ေနၿပီးေတာ့ အားလုံးက်န္းမာေရးဂ႐ုစိုက္ၿပီး လူႀကီးမိဘေတြကို ကန္ေတာ့ခ်င္တယ္ဆိုရင္လည္း ေမကဗ်ာတို႔ လုပ္ေပးေနတဲ့ Live ေလးေတြကတဆင့္ လက္ေဆာင္ျခင္းေလးေတြနဲ႔ အေဝးကပဲ ကန္ေတာ့ၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။ ပရိသတ္အားလုံးကိုလည္း အခ်ိန္ေပးၿပီး ဖတ္ရႈေပးလို႔ ေက်းဇူးတင္ပါတယ္။ 

Read in UNICODE

မင်းသမီးချောလေး မေကဗျာကတော့ သရုပ်ဆောင်ပိုင်းမှာ တကယ့်ကိုအရည်အချင်းရှိသူလေးဖြစ်ပြီး ဇာတ်ကားတွေမြောက်များစွာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာအောင်ရပ်တည်အောင်မြင်နေတဲ့ မေကဗျာ့ကို ပရိသတ်တွေအားလုံးကလည်း ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း မေကဗျာက ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေ ရိုက်ကူးရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာဖြစ်ပါတယ်။

သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားရတဲ့ မေကဗျာက ကလေးအမေလို့မထင်ရလောက်အောင် ခန္ဓာကိုယ်အချိုးအစားတွေကအစ သွယ်လျလှပနေတာ ဖြစ်ပါတယ်။ သူမဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အလုပ်လည်းအင်မတန်ကြိုးစားသူတစ်ယောက်ပါပဲနော်။စိတ်ထား စေတနာကောင်းတာတွေကြောင့်လည်း ပြည်သူချစ်မင်းသမီးလေးတစ်လက်အဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။

ဒီအင်တာဗျူးလေးမှာတော့ ပရိသတ်အချစ်တော်မင်းသမီးချောလေး မေကဗျာက သူမရဲ့ ဘာသာတရားကိုင်းရှိုင်းပုံလေးတွေနဲ့ အခုလို ပြည့်ပြည့်စုံစုံနေနေရချိန်မှာ အလှူအတန်းများများလုပ်ဖို့ ရည်ရွယ်ထားကြောင်း ပရိသတ်သိအောင် မျှဝေလာတာပဲ ဖြစ်ပါတယ်။ အခုကာလမှာတော့ သရုပ်ဆောင်မေကဗျာတစ်ယောက် သူမနဲ့အတူအလုပ်တွဲလုပ်ဖူးတဲ့ မိတ်ဆွေတချို့နဲ့ ပူးပေါင်းပြီး အပတ်စဉ်အလှူအတန်းလေးတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အခုလိုအလှူအတန်းပြုလုပ်နေတာဟာ ပထမတစ်သုတ်ပြီးသွားပြီ ဖြစ်ပြီး ဒုတိယအသုတ်ကိုတော့ ပဲခူးက အကူအညီလိုအပ်နေတဲ့ ကိုဗစ်စင်တာကို လှူဖို့ရှိတယ်လို့ ပြောပါတယ်။

“ပဲခူးက ကိုဗစ်စင်တာမှာ လှူဖို့ရှိတယ်… ပဲခူးမှာ ကိုဗစ်လူနာတွေ အရမ်းတိုးလာတယ်လို့ ပြောတယ်… ကဗျာဒီမှာမလာခင်လည်း မောင်လေးထွန်းကိုကိုက ပဲခူးမှာ ပရဟိတလုပ်နေတော့ သူနဲ့လှူဖို့တော့ ပြောထားတယ်ပေါ့… အခုမောင်လေးက Q ဝင်နေတဲ့ အခါကျတော့ ပဲခူးမှာနောက်တစ်နေရာကိုတော့ လှူဖို့ရှိတယ်… ကဗျာကလည်း ပဲခူးသူဆိုတော့လေ” မရှိတုန်းက မလှူခဲ့ရပေမယ့် အခုလို ကြွေးမရှိ ရန်မရှိနဲ့ လုပ်ငန်းလေးအဆင်ပြေနေခိုက်မှာ အလှူအတန်းလေးတွေ တတ်နိုင်သမျှ လုပ်သွားချင်တယ်လို့ မေကဗျာက ပြောပါတယ်။ 

“ကိုယ်ရတဲ့ဝင်ငွေနဲ့ ခုနစ်ရက်သားသမီးကို ကူညီမယ်… ဘုရားတည်မယ်… မိဘကို လုပ်ကြွေးမယ်… ကဗျာ့ရဲ့စိတ်ထဲမှာတော့ ဒါပဲရှိတယ်… ကိုယ်သုံးမယ် ဘယ်လိုနေလိုက်မယ် ဘယ်လိုဝယ်လိုက်မယ် ဘယ်အိတ်ကြီး ကိုင်လိုက်မယ်ဆိုတဲ့ စိတ်ကတော့ ကဗျာ့မှာ ငယ်ငယ်တည်းက မရှိဘူး”

ကိုယ်က လူငယ်ဖြစ်လို့ ရှာနိုင်ဖွေနိုင်တုန်းမှာသာ လှူဒါန်းနိုင်တာဖြစ်ပြီး တချို့ကလည်း နှောင်ရေးအတွက် စုထားဆောင်းထားဖို့ တိုက်တွန်းကြပေမယ့် လူဆိုတာမျိုးက အခုချက်ချင်းဆိုသလို သေသွားနိုင်တာဖြစ်တဲ့အတွက် နောင်ရေးဆိုတာမျိုးကို တအားကြီးတွေးမထားဘူးလို့ မေကဗျာက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ မေကဗျာ့အနေနဲ့ အလှူအတန်းပြုလုပ်တယ် ဆိုတာမျိုးက လှူသားချင်းစာနာတဲ့ စိတ်နဲ့သာ ကူညီတာဖြစ်ပြီး ကိုယ်လှူလိုက်လို့ ဘယ်လိုပြန်ရပါစေဆိုတဲ့ စိတ်မျိုး မရှိဘူးလို့လည်း ဆိုပါတယ်။မေကဗျာက ဘုရားတရားအလုပ်တွေကို လိုင်းပေါ်တင်တယ်ဆိုတာကလည်း မော်ကြွားချင်လို့ မဟုတ်ပဲ ကိုယ်တင်လိုက်လို့ တခြားသူတွေကိုယ့်လိုမျိုး လိုက်လုပ်ချင်စိတ်ဖြစ်ပါစေဆိုတဲ့ ဝေမျှလိုစိတ်သက်သက်နဲ့ တင်ပေးတာဖြစ်တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ 

“ဘုရားတရားလုပ်တယ်ဆိုတာ မကောင်းမှာ လုပ်တာမှ မဟုတ်တာ… တချို့ကလည်း စကားကြီးစကားကြယ်ပြောတယ်ထင်မယ်… အခုနောက်ပိုင်းဆို ကြောက်တယ်သိလား… မီဒီယာလည်း ကြောက်တယ်… Facebook မှာဆိုလည်း ကြောက်တယ်… ဒါကောင်းတာလုပ်တာပဲ…ကောင်းတာပဲပြောပြော မကောင်းတာပဲ ပြောပြော အမကတော့ဘယ်လိုမှ မခံယူဘူး”

မေကဗျာ့အနေနဲ့ လေးတန်းအရွယ်လောက်တည်းက ဘုရားရှိခိုးဖို့အတွက် ဘုရားရှိခိုးချိန်ဆိုတာမျိုးက သက်သက်ရှိပြီး အားမှရှိခိုးတာမျိုးကို သူမအိမ်ကလည်း လုံးဝခွင့်မပြုခဲ့ဘူးလို့ ပြောပြပါတယ်။ “ဒီနေ့မအားလို့ မရှိခိုးတော့ဘူး… ဒီနေ့မအားလို့ အဓိဌာန်ဖျက်လိုက်မယ်ဆိုတာမျိုးကို မေကဗျာက ငယ်ငယ်လေးတည်းက မလုပ်ခဲ့ဘူး… ဘာသာရေးကို ဘာသာရေးအချိန် တစ်ချိန်ပေးပြီး လုပ်တယ်”ေ မကဗျာတို့ နိုင်ငံခြားသွားရင်လည်း နံနက် ၆ နာရီမှာ အလုပ်ရှိတယ်ဆို နံနက် ၃ နာရီလောက်တည်းကထပြီး ဘုရားရှိခိုးတတတ်တဲ့ အလေ့အကျင့်ရှိပြီး မအားလို့ဘုရားမရှိခိုးလိုက်ရတာမျိုး မဖြစ်စေရဘဲ မအားရင် အားအောင် လုပ်ပြီး ရအောင်ရှိခိုးတယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ အခုလို သီတင်းကျွတ် အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီးတော့ အားလုံးကျန်းမာရေးဂရုစိုက်ပြီး လူကြီးမိဘတွေကို ကန်တော့ချင်တယ်ဆိုရင်လည်း မေကဗျာတို့ လုပ်ပေးနေတဲ့ Live လေးတွေကတဆင့် လက်ဆောင်ခြင်းလေးတွေနဲ့ အဝေးကပဲ ကန်တော့ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ပရိသတ်အားလုံးကိုလည်း အချိန်ပေးပြီး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *