ခ်စ္ဇနီးေလး ဆုပန္ထြာကို ရည္းစားဘဝထဲက အၿမဲေျပာခဲ့တဲ့ အမွတ္တရစကားေလးနဲ႔ ဘယ္ေလာက္ထိခ်စ္လဲဆိုတာ ေျပာျပခဲ့တဲ့ ဥကၠာေက်ာ္

ဆုပန္ထြာ ကေတာ့ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ ထိပ္တန္းမင္းသမီးေတြထဲမွာ တစ္ေယာက္အပါအဝင္ပဲ ျဖစ္ပါတယ္။ ဆုပန္ထြာက လက္ရွိမွာ သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ထားၿပီး သားေလးတစ္ေယာက္ကိုလည္း ေမြးထားပါေသးတယ္။ ယခုမွာေတာ့ ဆုပန္ထြာရဲ႕ ခင္ပြန္းသည္ ဥကၠာေက်ာ္က ပရိသတ္ေတြ ခ်စ္ခင္အားက်ေစရမယ့္ ဇနီးသည္နဲ႔ ပတ္သက္တဲ့

အေၾကာင္းေလးကို ေရးသားေဖာ္ျပလာခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူ ရဲ႕ Facebook account မွာေတာ့ “မာမားရဲ႕ Birthday တစ္ခုၿပီးသြားၿပီ…၁ပတ္ေလာက္ေက်ာ္ရင္ အားလုံးေမ့သြားၾကၿပီ…တကယ္ေတာ့ Birthday ေတြဆိုတာ အသက္၁ႏွစ္ထပ္တိုးလာတယ္ဆိုတာကို အထိမ္းအမွတ္ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပၾကတဲ့ေနထူးေနု႔ျမတ္ေလးပါပဲ…..လူေတြဟာ ေမြးေန႔ေတြမ်ားလာတာနဲ႔အမွ် အသက္အလိုက္

ပိုၿပီးရင့္က်က္လာၾကတယ္….. အေတြးအေခၚေတြနက္နဲလာၾကတယ္…. ႐ုပ္ရည္ခႏၶာကိုယ္ဖြဲ႕စည္းပုံ က်န္းမာေရးေတြ လူေနမႈအေျခအေနေတြ ျဖည္းျဖည္းခ်င္း ၁ႏွစ္ၿပီး၁ႏွစ္ ေျပာင္းလဲလာၾကတယ္….တို႔၂ေယာက္ရဲ႕ၾကားမွာ Roar Roar ေလးေတာင္ေရာက္လာၿပီး သူ႔အသက္ေလး ၄ႏွစ္ျပည့္ခဲ့ၿပီ…..ေျပာခ်င္တာ တို႔၂ေယာက္ရဲ႕ဘဝအေျခအေနေတြ ဘာေတြဘယ္ေလာက္ေျပာင္းေျပာင္း ဘယ္သူေတြ

ဘာေတြေျပာေျပာ တို႔ႏွစ္ေယာက္ ဂ႐ုမစိုက္ပဲ အဆိုးအေကာင္း အနိမ္းအျမင့္ေတြၾကားက ခိုင္မာစြာလက္တြဲခဲ့ၾကတယ္။ “ရည္းစားဘဝတုန္းကအၿမဲေျပာခဲ့တဲ့စကားေလးတခြန္း..” အသက္ေတြႀကီးၿပီးမလွေတာ့တဲ့အခ်ိန္ႏုပ်ိဳျခင္းေတြမရွိေတာ့တဲ့အခ်ိန္အထိ သစၥာရွိရွိဇြဲမေရွာ့ပဲ ဟိုမင္းသမီး (အန္တီအေဒၚႀကီး အ႐ြယ္ေရာက္တဲ့အထိ) အရမ္းခ်စ္သြားမယ္ဆိုတာကိုအဲ့ဒီအခ်ိန္ေရာက္မွယုံေတာ့ေနာ္… မင္းသမီးအခန္း၊ အေမအခန္း၊ အဖြားအခန္းထိ ဆက္ခ်စ္ေနမယ္၊ ေစာင့္ေရွာက္ေနမယ္၊

စိတ္ပူေနမယ္….အခုေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ေတြၾကားက ေန႔တိုင္း အၿမဲတိုင္း I loved you, I love you, I will always love you မာမားေရ…ဘာရယ္ေတာ့မဟုတ္ဘူး ဘာသာတရားကိုင္းရႈိင္းတဲ့ မိန္းမကိုခ်စ္လို႔… ခ်စ္တယ္လို႔ေရးထားတဲ့စာေလးပါ။အရမ္းခ်စ္တယ္ Supan Htwar ” ဆိုၿပီး ေရးသားထားပါတယ္။ ပရိသတ္ေတြလည္း ဆုပန္ထြာရဲ႕ ခင္ပြန္ျဖစ္သူ စကားႂကြယ္ႂကြယ္နဲ႔ ေရးသားထားတဲ့ စာေလးကို သေဘာက်မယ္လို႔ေမွ်ာ္လင့္မိပါတယ္။

Read in UNICODE

ဆုပန်ထွာ ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာက လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး သားလေးတစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ ယခုမှာတော့ ဆုပန်ထွာရဲ့ ခင်ပွန်းသည် ဥက္ကာကျော်က ပရိသတ်တွေ ချစ်ခင်အားကျစေရမယ့် ဇနီးသည်နဲ့ ပတ်သက်တဲ့

အကြောင်းလေးကို ရေးသားဖော်ပြလာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ရဲ့ Facebook account မှာတော့ “မာမားရဲ့ Birthday တစ်ခုပြီးသွားပြီ…၁ပတ်လောက်ကျော်ရင် အားလုံးမေ့သွားကြပြီ…တကယ်တော့ Birthday တွေဆိုတာ အသက်၁နှစ်ထပ်တိုးလာတယ်ဆိုတာကို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပကြတဲ့နေထူးနေု့မြတ်လေးပါပဲ…..လူတွေဟာ မွေးနေ့တွေများလာတာနဲ့အမျှ အသက်အလိုက်

ပိုပြီးရင့်ကျက်လာကြတယ်….. အတွေးအခေါ်တွေနက်နဲလာကြတယ်…. ရုပ်ရည်ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကျန်းမာရေးတွေ လူနေမှုအခြေအနေတွေ ဖြည်းဖြည်းချင်း ၁နှစ်ပြီး၁နှစ် ပြောင်းလဲလာကြတယ်….တို့၂ယောက်ရဲ့ကြားမှာ Roar Roar လေးတောင်ရောက်လာပြီး သူ့အသက်လေး ၄နှစ်ပြည့်ခဲ့ပြီ…..ပြောချင်တာ တို့၂ယောက်ရဲ့ဘဝအခြေအနေတွေ ဘာတွေဘယ်လောက်ပြောင်းပြောင်း ဘယ်သူတွေ

ဘာတွေပြောပြော တို့နှစ်ယောက် ဂရုမစိုက်ပဲ အဆိုးအကောင်း အနိမ်းအမြင့်တွေကြားက ခိုင်မာစွာလက်တွဲခဲ့ကြတယ်။ “ရည်းစားဘဝတုန်းကအမြဲပြောခဲ့တဲ့စကားလေးတခွန်း..” အသက်တွေကြီးပြီးမလှတော့တဲ့အချိန်နုပျိုခြင်းတွေမရှိတော့တဲ့အချိန်အထိ သစ္စာရှိရှိဇွဲမရှော့ပဲ ဟိုမင်းသမီး (အန်တီအဒေါ်ကြီး အရွယ်ရောက်တဲ့အထိ) အရမ်းချစ်သွားမယ်ဆိုတာကိုအဲ့ဒီအချိန်ရောက်မှယုံတော့နော်… မင်းသမီးအခန်း၊ အမေအခန်း၊ အဖွားအခန်းထိ ဆက်ချစ်နေမယ်၊ စောင့်ရှောက်နေမယ်၊

စိတ်ပူနေမယ်….အခုတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တွေကြားက နေ့တိုင်း အမြဲတိုင်း I loved you, I love you, I will always love you မာမားရေ…ဘာရယ်တော့မဟုတ်ဘူး ဘာသာတရားကိုင်းရှိုင်းတဲ့ မိန်းမကိုချစ်လို့… ချစ်တယ်လို့ရေးထားတဲ့စာလေးပါ။အရမ်းချစ်တယ် Supan Htwar ” ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဆုပန်ထွာရဲ့ ခင်ပွန်ဖြစ်သူ စကားကြွယ်ကြွယ်နဲ့ ရေးသားထားတဲ့ စာလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Source : Okkar Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *