ျဖဴျဖဴေထြးရဲ႕ လုပ္ရပ္တစ္ခုေၾကာင့္ ခြန္အားျဖစ္ၿပီး အႏုပညာအလုပ္ေတြ ျပန္လုပ္ခ်င္ေနၿပီဆိုတဲ့ လန္ဒန္

ပရိသတ္ႀကီးတို႔ေရ ဟာသသ႐ုပ္ေဆာင္ လန္ဒန္ကေတာ့ ဗီဒီယိုေခတ္ထဲက ရယ္စရာေကာင္းတဲ့ မ်က္ႏွာအမူအယာနဲ႔ သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ လအနည္းငယ္က သ႐ုပ္ေဆာင္လန္ဒန္တစ္ေယာက္ ေလျဖတ္ေဝဒနာကို ခံစားခဲ့ရၿပီးေနာက္ပိုင္းမွာေတာ့ မိသားစုစားဝတ္ေနေရးကို ဆိုင္ကယ္ကယ္ရီဆြဲရင္း ေျဖရွင္းခဲ့ရပါတယ္။

အခုတေလာမွာေတာ့ က်န္းမာေရးအေျခအေနအရ ဆိုင္ကယ္ကယ္ရီဆြဲတဲ့လုပ္ငန္းကို ေခတၱရပ္နားထားတယ္လို႔ သိရပါတယ္။ဒီအင္တာဗ်ဴးေလးမွာေတာ့ သူ႔ကို ျဖဴျဖဴေထြးက ေၾကာ္ျငာဗီဒီယိုတစ္ခုမွာ ေခၚ႐ိုက္တဲ့အတြက္ အႏုပညာလုပ္ခ်င္စိတ္ျပန္ျဖစ္လာတယ္ ဆိုတဲ့အေၾကာင္း ေျဖၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။ လန္ဒန္က သူ႔ကို ျဖဴျဖဴေထြးရဲ႕ ေၾကာ္ျငာဗီဒီယိုေလးမွာ ေခၚ႐ိုက္ခဲ့တဲ့အတြက္ ပရိသတ္ေတြ လိုလားေနတဲ့ အခ်က္တစ္ခ်က္ ျပည့္စုံသြားတယ္လို႔ ေျပာပါတယ္။ 

ပရိသတ္အမ်ားစုက သူ႔ရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ စီးပြားေရးအဆင္မေျပမႈေတြကို ျမင္ေတြ႕ရခဲ့ရၿပီး ဒီလိုအေျခအေနမွာ ျဖဴျဖဴေထြးကသာ သူ႔ကိုေခၚ႐ိုက္ေပးဖို႔အတြက္ အားလုံးက ဆႏၵရွိခဲ့ၾကတယ္လို႔ လန္ဒန္က ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ ျဖဴျဖဴေထြးရဲ႕ ေၾကာ္ျငာဗီဒီယိုထဲက ကာ႐ိုက္တာကလည္း မိမိရဲ႕ ျပင္ပဘဝကဲ့သို႔ ဆိုင္ကယ္ကယ္ရီသမားတစ္ေယာက္ ျဖစ္ေနတဲ့ တိုက္ဆိုင္မႈကို လန္ဒန္က အ႐ႊန္းေဖာက္ၿပီး ေျပာျပခဲ့ပါတယ္။

“အဲ့ေန႔ကလည္း ဒီကေနပဲ အဲ့ဒီေျမာက္ဒဂုံကို ဆိုင္ကယ္နဲ႔ပဲသြားတာ.. အဲ့မွာေရာက္ေတာ့ ဟင္… ငါ့ညီမျဖဴျဖဴရယ္လို႔ အဲ့ ကာ႐ိုက္တာနဲ႔ၿငိလို႔မ်ား ငါ့ကို ေခၚ႐ိုက္တာလားဆိုေတာ့ သူလည္းရယ္တယ္… ကိုႀကီး အဲ့လိုမဟုတ္ဘူးေနာ္. တဲ့… ေအးပါလို႔… သိပါတယ္လို႔… အႏုပညာသမားတစ္ေယာက္က ေဆးစက္က်ရာ တာဝန္ယူႏိုင္ရတယ္”

ျဖဴျဖဴေထြးရဲ႕ ေၾကာ္ျငာဗီဒီယိုေလးကေန တစ္ဆင့္ အႏုပညာျပန္လုပ္ခ်င္တဲ့ ခြန္အားျဖစ္ဖို႔ ျပန္ၿပီးအသက္သြင္းလိုက္သလို ခံစားလိုက္ရတယ္လို႔ လန္ဒန္က ဆိုပါတယ္။  “အႏုပညာကို ကြၽန္ေတာ္ျပန္လုပ္ခ်င္တယ္… ျပန္႐ိုက္ခ်င္တယ္.. အတိုေလးေတြက အစဗ်ာ ကြၽန္ေတာ္ ျပန္႐ိုက္ခ်င္တယ္”ျဖဴျဖဴေထြးနဲ႔႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုေလးနဲ႔ ပတ္သတ္ၿပီး လန္ဒန္က အခုလိုလည္း ခ်ီးက်ဴးထားပါတယ္။ 

“ျမန္ေတာ့ ျမန္တယ္ေနာ္ သူ႔လုပ္ေဆာင္ခ်က္ေတြက… ကြၽန္ေတာ္အဲ့ဒီကေနၿပီးေတာ့ ႐ိုက္ကြင္းကၿပီးလည္းၿပီးေရာ ျပန္လာလို႔ အိမ္ေတာင္ျပန္မေရာက္ေသးဘူး ဗီဒီယိုက လိုင္းေပၚေရာက္ေနၿပီ…ဒါကလည္း သူက သူ႔ရဲ႕တတ္ႏိုင္တဲ့ လုပ္အားဒါနေလးနဲ႔ တစ္ဖက္တစ္လမ္းကေန ကူညီပံ့ပိုးတာပါ… ထာဝရေအာင္ျမင္ပါေစ လိုတဲ့ပန္းတိုင္ ေရာက္ပါေစလို႔ေတာ့ ကြၽန္ေတာ္ ဆုေတာင္းေပးခဲ့တယ္” 

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္အလြန္ေကာင္းလွတဲ့ ဟာသသ႐ုပ္ေဆာင္ လန္ဒန္ကေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြကေန အနားယူခဲ့ရေပမယ့္ အခုအခ်ိန္မွာ ထူထူေထာင္ေထာင္ ျပန္ျဖစ္လာၿပီျဖစ္လို႔ တစ္ခန္းရရ ႏွစ္ခန္းရရ သူ႔ကိုေခၚသုံးေပးၾကပါလို႔ အႏုပညာဖန္တီး႐ိုက္ကူးသူေတြကို ေမတၱာရပ္ခံခဲ့ပါတယ္။ ပရိသတ္ႀကီးတို႔လည္း ဟာသသ႐ုပ္ေဆာင္လန္ဒန္ကို က်န္းမာေရးအေကာင္းဆုံး ျပန္ျဖစ္ၿပီး ဇာတ္ကားေတြမွာလည္း ျပန္လည္ေခၚယူ႐ိုက္ကူးျခင္း ခံရပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းခဲ့ၾကပါအုံး။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကို ေက်းဇူးတင္ပါတယ္ ေနာ္။ 

Read in UNICODE

ပရိသတ်ကြီးတို့ရေ ဟာသသရုပ်ဆောင် လန်ဒန်ကတော့ ဗီဒီယိုခေတ်ထဲက ရယ်စရာကောင်းတဲ့ မျက်နှာအမူအယာနဲ့ သရုပ်ဆောင်ချက်များကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က သရုပ်ဆောင်လန်ဒန်တစ်ယောက် လေဖြတ်ဝေဒနာကို ခံစားခဲ့ရပြီးနောက်ပိုင်းမှာတော့ မိသားစုစားဝတ်နေရေးကို ဆိုင်ကယ်ကယ်ရီဆွဲရင်း ဖြေရှင်းခဲ့ရပါတယ်။

အခုတလောမှာတော့ ကျန်းမာရေးအခြေအနေအရ ဆိုင်ကယ်ကယ်ရီဆွဲတဲ့လုပ်ငန်းကို ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။ဒီအင်တာဗျူးလေးမှာတော့ သူ့ကို ဖြူဖြူထွေးက ကြော်ငြာဗီဒီယိုတစ်ခုမှာ ခေါ်ရိုက်တဲ့အတွက် အနုပညာလုပ်ချင်စိတ်ပြန်ဖြစ်လာတယ် ဆိုတဲ့အကြောင်း ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ လန်ဒန်က သူ့ကို ဖြူဖြူထွေးရဲ့ ကြော်ငြာဗီဒီယိုလေးမှာ ခေါ်ရိုက်ခဲ့တဲ့အတွက် ပရိသတ်တွေ လိုလားနေတဲ့ အချက်တစ်ချက် ပြည့်စုံသွားတယ်လို့ ပြောပါတယ်။ 

ပရိသတ်အများစုက သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် စီးပွားရေးအဆင်မပြေမှုတွေကို မြင်တွေ့ရခဲ့ရပြီး ဒီလိုအခြေအနေမှာ ဖြူဖြူထွေးကသာ သူ့ကိုခေါ်ရိုက်ပေးဖို့အတွက် အားလုံးက ဆန္ဒရှိခဲ့ကြတယ်လို့ လန်ဒန်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဖြူဖြူထွေးရဲ့ ကြော်ငြာဗီဒီယိုထဲက ကာရိုက်တာကလည်း မိမိရဲ့ ပြင်ပဘဝကဲ့သို့ ဆိုင်ကယ်ကယ်ရီသမားတစ်ယောက် ဖြစ်နေတဲ့ တိုက်ဆိုင်မှုကို လန်ဒန်က အရွှန်းဖောက်ပြီး ပြောပြခဲ့ပါတယ်။

“အဲ့နေ့ကလည်း ဒီကနေပဲ အဲ့ဒီမြောက်ဒဂုံကို ဆိုင်ကယ်နဲ့ပဲသွားတာ.. အဲ့မှာရောက်တော့ ဟင်… ငါ့ညီမဖြူဖြူရယ်လို့ အဲ့ ကာရိုက်တာနဲ့ငြိလို့များ ငါ့ကို ခေါ်ရိုက်တာလားဆိုတော့ သူလည်းရယ်တယ်… ကိုကြီး အဲ့လိုမဟုတ်ဘူးနော်. တဲ့… အေးပါလို့… သိပါတယ်လို့… အနုပညာသမားတစ်ယောက်က ဆေးစက်ကျရာ တာဝန်ယူနိုင်ရတယ်”

ဖြူဖြူထွေးရဲ့ ကြော်ငြာဗီဒီယိုလေးကနေ တစ်ဆင့် အနုပညာပြန်လုပ်ချင်တဲ့ ခွန်အားဖြစ်ဖို့ ပြန်ပြီးအသက်သွင်းလိုက်သလို ခံစားလိုက်ရတယ်လို့ လန်ဒန်က ဆိုပါတယ်။  “အနုပညာကို ကျွန်တော်ပြန်လုပ်ချင်တယ်… ပြန်ရိုက်ချင်တယ်.. အတိုလေးတွေက အစဗျာ ကျွန်တော် ပြန်ရိုက်ချင်တယ်”ဖြူဖြူထွေးနဲ့ရိုက်ကူးခဲ့တဲ့ ဗီဒီယိုလေးနဲ့ ပတ်သတ်ပြီး လန်ဒန်က အခုလိုလည်း ချီးကျူးထားပါတယ်။ 

“မြန်တော့ မြန်တယ်နော် သူ့လုပ်ဆောင်ချက်တွေက… ကျွန်တော်အဲ့ဒီကနေပြီးတော့ ရိုက်ကွင်းကပြီးလည်းပြီးရော ပြန်လာလို့ အိမ်တောင်ပြန်မရောက်သေးဘူး ဗီဒီယိုက လိုင်းပေါ်ရောက်နေပြီ…ဒါကလည်း သူက သူ့ရဲ့တတ်နိုင်တဲ့ လုပ်အားဒါနလေးနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးတာပါ… ထာဝရအောင်မြင်ပါစေ လိုတဲ့ပန်းတိုင် ရောက်ပါစေလို့တော့ ကျွန်တော် ဆုတောင်းပေးခဲ့တယ်” 

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်အလွန်ကောင်းလှတဲ့ ဟာသသရုပ်ဆောင် လန်ဒန်ကတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကနေ အနားယူခဲ့ရပေမယ့် အခုအချိန်မှာ ထူထူထောင်ထောင် ပြန်ဖြစ်လာပြီဖြစ်လို့ တစ်ခန်းရရ နှစ်ခန်းရရ သူ့ကိုခေါ်သုံးပေးကြပါလို့ အနုပညာဖန်တီးရိုက်ကူးသူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ ပရိသတ်ကြီးတို့လည်း ဟာသသရုပ်ဆောင်လန်ဒန်ကို ကျန်းမာရေးအကောင်းဆုံး ပြန်ဖြစ်ပြီး ဇာတ်ကားတွေမှာလည်း ပြန်လည်ခေါ်ယူရိုက်ကူးခြင်း ခံရပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြပါအုံး။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ် နော်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *